ဘောလုံးပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း Vs စပါး [31 Aug 22 - 01:15 AM]

ဘောလုံးပွဲကြိုသုံးသပ်ချက် အိမ်ရှင်ဝက်စ်ဟမ်းအသင်း အခုတလော အခြေနေအရမ်းဆိုးနေပြီး လိဂ်ရဲ့အောက်ဆုံးအဆင့်မှာ ရောက်ရှိနေပါတယ် အခုအချိန် ၄ ပွဲဆက်တိုက် ရှုံးနိမ့်နေပါတယ် ဒီပွဲအမှတ်ရသွားမယ့်ကိစ္စ မလွယ်ပါဘူး သူတို့ရဲ့ အဓိက ဒဏ်ရာရထားတဲ့ကစားသမားတွေမရှိပေမယ့် ဘာလို့ Form က အဲ့လောက်ထိညံ့နေရတာလည်းဆိုတာ တော်တော်ထူးဆန်းနေပါတယ် ဝက်စ်ဟမ်းရဲ့ ပုံမှန်အခြေခံအတိုင်းပြောရင် ပြီးခဲ့တဲ့ လိဂ်ပွဲ ၃ ပွဲထဲမှာ အနည်းဆုံး အမှတ် ၄ မှတ်လောက်တော့ သိမ်းနိုင်သင့်ပါတယ် လိဂ်ပွဲစဉ်ထဲက ၃ ပွဲမှာ အမှတ်မသိမ်းနိုင်တဲ့အပြင် ဂိုးပါ တစ်လုံးမှမသွင်းနိုင်သေးဘူးဖြစ်နေတယ် တိုက်စစ်ပိုင်းက သွင်းချင်ရာသွင်း ကန်ချင်ရာကန်နေကြတယ် ဖောရက်စ်နဲ့တွေ့တုန်းက အနည်းဆုံး ဂိုး ၃ လုံးလောက်တော့ ရသွားသင့်ပါတယ် ဒါပေမယ့် တစ်လုံးမှမရခဲ့ပါဘူး ဘရိုက်တန်နဲ့ပွဲတုန်းကဆိုရင် ဂိုးသွင်းဖို့ ၁၁ ကြိမ်တောင် ဖန်တီးနိုင်ပြီး တစ်လုံးမှရင်မခုန်လိုက်ရပါဘူး တော်တော်ဆိုးနေတယ် ထောင့်ကန်ဘောလည်း ၅ ခါရတယ် ဂိုးကျတော့ တစ်လုံးမှ မသွင်းနိုင်ခဲ့ကြပါဘူး သူတို့က Antonio ကိုပဲ အရမ်းအားကိုးလွန်းတယ် အခုမှ အသင်းထဲရောက်လာတဲ့ Scamacca ကလည်း ထင်သလောက် ကွင်းထဲဆင်းကန်ခွင့်သိပ်မရသေးပါဘူး ဒီနေ့တော့ ပထမ ကစားသမားအနေနဲ့ ဆင်းကစားရလိမ့်မယ်ထင်တယ် Antonio နဲ့တွဲပြီး ခြေစွမ်းပြချင်ပြလိမ့်မယ်

စပါးတို့ကျတော့ အခုလက်ရှိ လက်ထဲမှာ အမှတ် ၇ မှတ်ရှိပါတယ် ၃ ပွဲကစားခဲ့ပြီး အနိုင် ၂ ပွဲနဲ့ သရေ ၁ ပွဲ လုပ်နိုင်တယ် Form အသီးသီးကတော့ ကောင်းတဲ့ထဲရှိပါတယ် လွယ်လွယ်လေးနဲ့ မမှားတတ်တော့ဘူး တိုက်စစ်ပိုင်းကလည်း တော်တော်ကြည့်ကောင်းလာတယ် အရှေ့ဆုံး တိုက်စစ်မှူး ၃ ယောက်ရဲ့ ချိတ်တွယ်ကစားခြင်းက တော်တော်ထိရောက်တယ် ကွင်းလယ်နေရာမှာလည်း တာဝန်ကျေကြတယ် Wing-back ၂ ယောက်ကိုတောင် ဘာမှပြောစရာမလိုတော့ဘူး အဲ့ Position ကို ကြိုက်တဲ့ကစားသမား ရွေးဆင်းခိုင်းလို့ရတယ် စပါးအသင်းရဲ့ အင်အားက တော်တော်ပြည့်စုံနေပါတယ် position တိုင်း လူစားအသုံးပြုလို့ရတယ် အရံနဲ့ အဓိက တွေက ခြေစွမ်းသိပ်မကွာကြဘူး အခုလက်ရှိစပါးအသင်းက မန်စီးတီးနဲ့တောင် ဘောလုံးပွဲကြိုသုံးသပ်ချက် ချန်ပီယံယှဉ်လုလို့ရနေပါပြီ စပါးတို့ရဲ့ကစားပုံကစားနည်းက အရမ်းထိုးဖောက်တတ်တယ် ဝုလ်ဗ်နဲ့တွေ့တုန်းကတစ်ပွဲ စိတ်ဖိအားအရမ်းဖြစ်ပေမယ့် အနိုင်ရလာခဲ့သေးတယ် ဟိုးအရင်က အခြေနေနဲ့ဆိုရင်တော့ အဲ့ပွဲ သရေကျသွားတာကြာပြီ ဒါက စပါးတို့ရဲ့ ပြောင်းလဲမှုပဲ အဲ့တော့ Form အသုံးမကျသေးတဲ့အသင်းနဲ့တွေ့ရမှာဆိုတော့ အမှတ် ၃ မှတ်ရဖို့ အရမ်းသေချာနေပါတယ်

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်တုန်းက စပါးဘက်က အနိုင်ပိုရထားပါတယ် ဒီပွဲ စပါးဘက်က အကျော ၀.၅ ပေးထားပါတယ် ကျွန်တော့်အတွက်ကတော့ အေးဆေးပါဗျ ဘာလို့လည်းဆိုတော့ အိမ်ရှင်အသင်းရဲ့ Form က အရမ်းညံ့နေလို့လေ စပါးနဲ့တခြားစီပဲ စပါးတို့ ရာသီစတင်ကတည်းက စကြမ်းနေပြီ ပြီးတော့ အသင်းရဲ့ တိုးတက်မှုကလည်း ပိုမိုကြီးမားလာပါပြီ တိုက်စစ်ပိုင်းလည်း နည်းဗျူဟာအမျိုးမျိုး အသုံးပြုလို့ရနေတယ် ဝက်စ်ဟမ်းတို့ကျတော့ အခုထိ ကိုယ့်အခြေခံခြေစွမ်းကို မထိန်းနိုင်သေးပါဘူး ဥရောပတိုက်ပွဲထဲမှာ ဆန်ကာတင်သွားပေမယ့် လိဂ်ထဲက Form ကျတော့ စပါးထက် အများကြီးညံ့နေပါတယ် အဲ့တော့ ဒီပွဲ ဘယ်လိုပဲကြည့်ကြည့် စပါးဘက်ပဲ ပိုအားပါတယ် ဒီလန်ဒန်ဒါဘီပွဲစဉ်က တော်တော်ကြည့်ကောင်းကြပြီး နောက်ဆုံး စပါးတို့ပဲ အနိုင်ရသွားမှာဖြစ်ပါတယ် ဝက်စ်ဟမ်းတို့ ဂိုးတစ်လုံးမှတောင် ပြန်မသွင်းနိုင်ပဲ ရှုံးသွားလိမ့်မယ်

11 Players –

West Ham United (4-2-3-1) –  Fabianski – Cresswell – Kehrer – Zouma – Coufal – Rice – Soucek – Antonio – Bowen – Fornals – Scamacca

Tottenham Hotspurs (3-4-2-1) – Lloris – Davies – Sanchez – Dier – hojbjerg – Bentancur – Emerson – Sessegnon – Son – Kulusevski – Kane

Missing Players –

West Ham United – Nayef Aguerd (Ankle Injury)

Tottenham Hotspur – Oliver Skipp (Foot Injury), Cristian Romero (Adductor problems)

ဘောလုံးပွဲကြိုသုံးသပ်ချက် လီဗာပူးလ်တို့ နောက်ဆုံးတစ်ပွဲတုန်းက ဘုန်းမောက်အပေါ် ပက်ပက်စက်စက်ကြုံးလာခဲ့ပါတယ် အဲ့ပွဲ ၉-၀ နဲ့ အနိုင်ရလာတယ် အဲ့ပွဲ လီဗာပူးလ်ဘက်က မျက်စိမှိတ်ပြီးဂိုးသွင်းတာတောင် ဝင်တယ် ဘုန်းမောက်တို့ ဘယ်လိုမှ ပြန်မခုခံနိုင်ဘူး အဲ့ပွဲ Firmino က MOM တောင်ရသွားတယ် သူက ဒီတိုင်းပဲရပ်စောင့်နေတာတောင် ဘောလုံးက လိမ့်ဝင်လာတယ် Wing-back ၂ ယောက်က အရမ်းကြမ်းခဲ့ပါတယ် တိုက်စစ်ဆင်တိုင်း ပြိုင်ဘက်ရဲ့ ဂိုးရှေ့အမြဲရောက်သွားနိုင်တယ် Diaz ဆိုတဲ့တစ်ယောက်ကလည်း အကွက်တွေ မတရားထုတ်တယ် နောက်တစ်ယောက်ကျတော့ Elliot ပဲ ငြိမ်ငြိမ်မနေဘူး ပတ်ပြေးနေတာတွေ့ခဲ့ရတယ် တကယ်အားကောင်းတဲ့ကလေးပါဗျာ ဘောလုံးပို့ပေးတဲ့နေရာပဲ နည်းနည်းပြုပြင်ရလိမ့်မယ် ဆာလက်ကြတော့ အဲ့နေ့က သူ့နေ့မဟုတ်ဘူးနဲ့တူတယ် ဂိုးတစ်လုံးမှမသွင်းနိုင်ခဲ့ဘူး အဲ့ပွဲ လီဗာပူးလ်တို့ရဲ့ Pressing က တော်တော်အသက်ဝင်တယ် မှားယွင်းမှုလျော့နည်းလာတယ် ဘောလုံးအပို့အယူ ပိုတိကျလာတယ် ခံစစ်ပိုင်းက Clean-sheet ကောက်နိုင်ပြီး Van Dijk ရဲ့ခြေစွမ်းက အရင်အတိုင်း ပြန်ဖြစ်သွားပါပြီ အစစအရာရာက ကြိုးကြာနီပြန်ဖြစ်သွားပါပြီ

နယူးကာဆယ်တို့ကျတော့ ဒီအသင်းက အချမ်းသာဆုံးအသင်းဖြစ်တယ် အခုမှ New Zlatan ဆိုတဲ့ နာမည်ပြောင်ရထားတဲ့ Alexander Isaac ကိုဝယ်ယူထားတယ် ဒီလက်တွဲမှုက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ် သူတို့ FM စနစ်ကို အသုံးပြုရင် ဒီကစားသမားကို အသုံးပြုလို့ရနေပြီ သူက အရပ်ရှည်ပြီး အရမ်းလျင်မြန်တယ် Haaland ရဲ့ စစ်မှန်တဲ့ပြိုင်ဘက်လို့တောင် သတ်မှတ်လို့ရပါတယ် Isaac က အသက် ၁၆-၁၇ ကတည်းကစပြီး နာမည်ကျော်ကြားလာတယ် အခု အသက် ၂၂ နှစ်ထဲပဲရှိနေသေးတော့ အကြာကြီးပဲ အသုံးပြုလို့ရနေသေးတယ် Isaac က နယူးကာဆယ်နဲ့ တော်တော်အဆင်ပြေလိမ့်မယ် နယူးကာဆယ်အသင်းက အခုမှတည်ဆောက်တုန်းပါ အဲ့တော့ Isaac က ဆင်းကစားဖို့ အခွင့်ရေးရနိုင်ပါတယ် ဒီကြားထဲမှာ အာဆင်နယ်တို့လည်း သူ့ကိုစောင့်ကြည့်နေပါတယ် ဒါပေမယ့် သူက နယူးကာဆယ်ကိုပဲ ရွေးယူလိုက်ပါတယ် သူ့အနာဂတ်က တော်တော်ကောင်းစားလိမ့်မယ် နယူးကာဆယ်တို့ရဲ့ ဒီရာသီ Form က ကောင်းကောင်းလေးစတင်နိုင်ပေမယ့် လီဗာပူးလ်နဲ့ စောစောစီးစီးတွေ့နေရပြီဆိုတော့ အဆင်ပြေမယ်မထင်ပါဘူး သူတို့ အန်ဖီးလ်ကွင်းအထိ ခရီးစဉ်ရမှာဖြစ်ပြီး လက်အလွတ်ကြီးနဲ့ ပြန်ရဖို့ရှိပါတယ် နယူးကာဆယ်တို့က ဒီ ၄-၃-၃ စနစ်ကိုပဲ ၃ ပွဲဆက်တိုက် အသုံးပြုလာတယ် မန်စီးတီးနဲ့တွေ့တုန်းကလည်း ဒီစနစ်ပဲသုံးတယ် လီဗာပူးလ်နဲ့တွေ့ပြီး ဒီစနစ်ကိုပဲ အသုံးပြုမယ်ဆိုရင်တော့ လီဗာပူးလ်ရဲ့ဂွင်ထဲ ကျရောက်လိမ့်မယ် လီဗာပူးလ်နဲ့ တိုက်စစ်ယှဉ်လို့မရသေးပါဘူး ဆော်ခံထိလိမ့်မယ် Trippier ၊ Guimaraes နဲ့ Maximaint တို့ ပြေးပေါက် ပိတ်ခံထိရင် ရှုံးဖို့သာပြင်ထားပါတော့

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်တုန်းက အိမ်ရှင် လီဗာပူးလ်တို့ အနိုင်ရသွားတာပိုများပါတယ် ဒါပေမယ့် ပေါက်ကြေးတွေဘာတွေပါထည့်တွက်ရင်တော့ မနိုင်မရှုံးလောက်ပါပဲ ဒီပွဲ လီဗာပူးလ်ဘက်က အကျော ၁.၅ ပေးထားတယ် ဈေးနည်းနည်းကြီးပါတယ် ဒါပေမယ့် လီဗာပူးလ်ရဲ့ အခုလက်ရှိအခြေနေကိုကြည့်ပြီး‌ ပြောရင်တော့ လုပ်နိုင်ကိန်းရှိပါတယ် ဘာလို့လည်းဆိုတော့ ဘုန်းမောက်အပေါ် ၉-၀ နဲ့အနိုင်ရလာတုန်းက သူတို့ရဲ့တိုက်စစ်ပိုင်းဟာ အရင်လို ပြန်ကြမ်းပြီလို့ ပြသခဲ့ပြီမို့လို့ပါ ကွင်းလယ်မှာ Fabinho က တာဝန်ယူပေးနေတော့ တောင့်တင်းမှုပိုရှိသွားပါပြီ ဒဏ်ရာရထားတဲ့အဓိကကစားသမားတွေလည်း တော်တော်များများပြန်လည်ရောက်ရှိလာပါပြီ ဧည့်သည်အသင်းကျတော့ အခြေနေတော်တော်ကောင်းပြီး ၃ ပွဲဆက်တိုက် အရှုံးတစ်ပွဲမှမရှိသေးပါဘူး မန်စီးတီးနဲ့တွေ့ခဲ့ရတာတောင် မရှုံးပဲ အနိုင်တောင် ရသွားတော့မလို့ပါ ဒါပေမယ့် နောက်ဆုံး သရေကျသွားခဲ့ပါတယ် ဒီပွဲ နယူးကာဆယ်တို့က မန်စီးတီးနဲ့တွေ့တုန်းကထက် ပိုခက်လိမ့်မယ် ဘာလို့လည်းဆိုတော့ လီဗာပူးလ်ဘက်က အရမ်းတက်ကြွနေလို့ပါ ဒီပွဲ နယူးကာဆယ်ဘက်က ဘာစပရိုက်မှမရှိပါဘူး သရေကျသွားမယ်ညာညာလည်း လုံးဝမဖြစ်နိုင်ပါ နယူးကာဆယ်အသင်းက အခုနောက်ပိုင်း ခံစစ်ပိတ်ကစားမနေတော့ဘူး မန်စီးတီးနဲ့တွေ့တုန်းကတောင် တိုက်စစ်ဆင်ကစားခဲ့သေးတယ် အဲ့တော့ လီဗာပူးလ်နဲ့ တည့်တည့်ကြီးဝင်လုံးသွားမှာဆိုတော့ တော်တော်ခံရလိမ့်မယ်

11 Players

Liverpool (4-3-3) – Allison – Trent Arnold – Robinson – Van Dijk – Gomez – Fabinho – Henderson – Elliot – Firmino – Salah – Diaz

Newcastle United (4-3-3) – Pope – Botman – Schar – Trippier – Burn – Guimaraes – Joelington – Willock – Almiron – Sanit Maximaint – Wilson

Missing Players

Liverpool FC  – Darwin Núñez (Red card suspension), Thiago (Hamstring Injury), Alex Oxlade-Chamberlain (Hamstring Injury), Jota (Hamstring Injury), Keita (Hamstring Injury)

Newcastle United – Ryan Fraser (Groin Injury), Jonjo Shelvey (Hamstring Injury)