football prediction

ပေါ်တူဂီ Vs ဂါနါ [24 Nov 22 - 22:30 hrs]

football prediction ပေါ်တူဂီအသင်း ကစားသမားအသီးသီးကို တော်တော်ပြန်ပြင်ထားခဲ့ရပါတယ်။ ခံစစ်ပိုင်း အလယ်တည့်တည့်နေရာ Ruben Dias နဲ့ Pepe ကို တွဲထားတယ်။ ပြီးရင် သူတို့နှစ်ယောက်ရဲ့ဘေးနား Joao Cancelo နဲ့ Nuno Mendes တို့ကို ချထားပါတယ်။ ကွင်းလယ်ပိုင်းကျတော့ William Carvalho ကို ကွင်းလယ်ခံစစ်အနေနဲ့ နေခိုင်းလောက်တယ်။ အခွင့်ရေးအသီးသီးဖန်တီးပေးဖို့ကျတော့ Bruno Fernandes နဲ့ Ruben Neves တို့ကို တာဝန်ပေးထားလောက်တယ်။ တိုက်စစ်ပိုင်းကျတော့ ၃ ယောက်ချထားပါတယ်။ ဒီပွဲ Gonzalo မှာ ပထမကစားသမားအနေနဲ့ မဆင်းရလောက်ဘူးထင်တယ်။

ဂါနါတို့ကျတော့ အသင်းထဲက အဆင်မပြေမှုတွေ မရှိပါဘူး။ ကစားသမားတိုင်းပဲ ၁၀၀% ဖြစ်နေကြပါတယ်။ သူတို့ရဲ့ ခံစစ်ပိုင်းမှကစားသမား တော်တော်များများက အင်္ဂလန်ကျွန်းထဲမှာ ကြေးစားနေကြပါတယ်။ ခံစစ်မှူးအတွဲ Daniel Amartey နဲ့ Mohammed Salisu တို့ကို ချထားလောက်တယ်။ က္ငင်းလယ်ပိုင်းကျတော့ အာဆင်နယ်အသင်းမှ Thomas Partey ရယ်နဲ့ Mohammed Kudus တို့ကို တွဲထားလောက်တယ်။ တိုက်စစ်ပိုင်းကျတော့ Ayew မျိုးနွယ်ထဲက ညီအစ်ကိုနှစ်ယောက်ကို စီစဉ်ထားလောက်တယ်။ ညီဖြစ်တဲ့သူက ဘယ်ဘက်ခြမ်းတောင်ပံမှာနေပြီး အစ်ကိုဖြစ်သူက ညာလက်ခြမ်းတောင်ပံ့ပေါ့ဗျာ။ အရှေ့ဆုံးတစ်ယောက်ကျတော့ ဘီဘာအိုအသင်းမှ Inaki Williams ကို အသုံးပြုထားလောက်တယ်။

ဖီဖာအဆင့်သတ်မှတ်ချက်အရ နံပါတ် ၉ ဖြစ်တဲ့ ပေါ်တူဂီအသင်းဟာ မက်ဆီဒိုးနီးယားအပေါ် ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီအဆင့်ကို တက်ရောက်လာပါတယ်။ လက်ရွေးစဉ်ရွေးပွဲတုန်းက ၈ ပွဲကစားပြီး အနိုင် ၅ ပွဲ သရေ ၂ ပွဲနဲ့ အရှုံး ၁ ပွဲလေးပဲရရှိခဲ့တယ်။ ဂရုရဲ့ နံပါတ် ၂ အနေနဲ့ ဝင်‌ရောက်လာပါတယ်။ ဂါနါတို့ကျတော့ ဒီအဆင့်ကိုမရောက်ဖြစ်တာ ၈ နှစ်တောင်ကြာသွားပါပြီ။ အခုမှပဲ ပြန်လာတော့တယ်။ လက်ရွေးစဉ်ရွေးပွဲတုန်းက ၆ ပွဲကစားပြီး အနိုင် ၄ ပွဲနဲ့ အရှုံး ၂ ပွဲ ရရှိခဲ့တယ်။ နောက်ဆုံးတစ်ပွဲ နိုင်ဂျီးရီးယားအပေါ် အနိုင်ရရှိလာပြီး ဒီအဆင့်ကို တက်ရောက်လာပါတယ်။ ပေါ်တူဂီရဲ့ လက်ရှိကစားသမားအဖွဲ့အစုဟာ တကယ်တောင့်တင်းမှူရှိတယ်။ တိုက်စစ်ပိုင်းက ဂိုးတွေမတရားသွင်းနိုင်နေကြတယ်။ ပြီးတော့ ဒီနှစ် CR7 ရဲ့ နောက်ဆုံးအကြိမ်ပါဖြစ်တော့ ပိုပြီး အားစိုက်လိမ့်မယ်။ ဂါနာတို့မှာလည်း တောင့်တင်းမှုရှိပါတယ်။ ဒါပေမယ့် ပေါ်တူဂီလောက်တော့ မကြမ်းပါဘူး။

11 Player –

Portugal (4-3-3): Diogo Costa; Joao Cancelo, Ruben Dias, Pepe, Nuno Mendes; Bruno Fernandes, William Carval. Yo, Ruben Neves – Bernardo Silva, Cristiano Ronaldo, Rafael Leao

Ghana (4-2-3-1): Laurens Arti-Ziki; Tariq Lamptey, Daniel Amartey, Mohamed Salisu, Gidea. Nmensah – Thomas Partey, Salis Abdul Samed – Camaldine Sulemana, Inaki Williams, Andre Ayew – Jordan Ah. Jew

Missing Player-

Protugal :-

Ghana:-

ဘရာဇီးအသင်း Position တိုင်းပဲ အဆင်သင့် ဖြစ်နေကြပါတယ်။ မန်ယူအသင်းမှ အန်တိုနီနေရာလောက်ပဲ ဒဏ်ရာရထားတော့ အဆင်မပြေသေးပါဘူး။ ဒီပွဲ Anderson ထက် Alisson ဖြစ်ဖို့များပါတယ်။ ခံစစ်ပိုင်း ၄ ယောက်မှာကျတော့ Thiago Silva, Danilo, Marquinhos နဲ့ Alex Sandro တို့ပဲ ဖြစ်လိမ့်မယ်။ ကွင်းလယ်မှာ Cacemiro နဲ့ Paqueta တို့ကို ခံစစ်ပိတ်ဖို့ စီစဉ်ထားလောက်တယ်။ တိုက်စစ်ကစားသမားကတော့ နေမာပေါ့။ နေမာရဲ့ဘေးနားမှာ Rafinha နဲ့ Vinicius ကို ချထားလိမ့်မယ်။ Striker ကျတော့ Richardson ပဲ ဖြစ်လိမ့်မယ်။

ဆားဗီးယားတို့ကျတော့ ဖူဟမ်အသင်းမှ တိုက်စစ်ကစားသမား Aleksandar Mitrovic ရဲ့အခြေနေကို စောင့်ကြည့်ရဦးမယ်။ ဒီပွဲ ဆားဗီးယားတို့ ဗဟိုနောက်ခံ ၃ ယောက်စနစ် အသုံးပြုလောက်တယ်။ Stefan Mitrovic, Stainja Pavlovich နဲ့ Nikola Milinkovic တို့ကို ချထားလောက်တယ်။ ခံစစ်ပိုင်းရဲ့ စည်းဘေးကိုကျတော့ Zivkovic နဲ့ Filip Kostic တို့ကို ချထားလောက်တယ်။ ကွင်းလယ်ပိုင်းကိုကျတော့ လာဇီယိုအသင်းမှ Linkovic Savic နဲ့ အေဂျက်ဇ်အသင်းမှ Dusan Tadic တို့ကို တွဲထားလောက်တယ်။ တိုက်စစ်ပိုင်းကျတော့ Menanya Goodelj ရယ် Luka Jovic နဲ့ Dusan Vlaovic တို့ကို တာဝန်ပေးထားလိမ့်မယ်။

football prediction ၁၉၃၀ ခုနှစ်ကတည်းက ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားပွဲထဲမပါပဲမနေဖူးသေးပါဘူး။ ဒီတစ်ကြိမ်ပါထည့်တွက်ရင် ၂၂ ကြိမ်မြောက်ရှိသွားပါပြီ။ ဂရုအဆင့်ပွဲတုန်းကလည်း ၁၅ ပွဲဆက်တိုက် အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ အဲ့ဒီ ၁၅ ပွဲထဲမှာ အနိုင် ၁၂ ပွဲတောင်ရရှိခဲ့တယ်။ ကမ္ဘာ့ဖလားရဲ့ အဆင့်သတ်မှတ်ချက်အရ ဘရာဇီးအသင်းက နံပါတ် ၁ ဖြစ်ပါတယ်။ သူတို့ရဲ့ ကစားသမား Position တိုင်းက ခြေစွမ်းကောင်းပြီး တောင့်တင်းမှုရှိနေကြကုန်တယ်။ Position တစ်ခုမှာ ရွေးသုံးစရာကစားသမား ၁ ယောက်မှအထက် ရှိနေတယ်။ တစ်ယောက်နဲ့တစ်ယောက် အစားထိုးပြီး ကစားနိုင်နေကြပါတယ်။ ဒါပေမယ့် ဆားဗီးယားတို့ရဲ့ လက်ရွေးစဉ်ရွေးပွဲတုန်းကစွမ်းဆောင်ရည်တွေ မဆိုးပါဘူးနော်။ တော်တော်ပဲတက်ကြွပါတယ်။ ၈ ပွဲကစားပြီး အနိုင် ၆ ပွဲနဲ့ သရေ ၂ ပွဲလုပ်နိုင်တယ်။ ဂရုရဲ့အဆင့် ၁ နဲ့ တက်ရောက်လာပါတယ်။ ဆားဗီးယားရဲ့အားသာချက်ကတော့ တိုက်စစ်ပိုင်းပါပဲ၊ တော်တော်ထိရောက်ပါတယ်။ ကစားသမားတော်တော်များများ အကောင်ကြီးတယ်။ အရမ်းအားသာတဲ့အပိုင်းကတော့ မြောက်ဘောပေါ့။ အချင်းချင်းတွေ့ဖူးတဲ့ ၂ ပွဲတုန်းက ၂ ပွဲစလုံး ဘရာဇီးအနိုင်သိမ်းသွားပါတယ်။ ဘရာဇီးတို့က လိမ့်ဘောနေရာ တော်တော်ကောင်းတယ်။ ကစားသမားတွေရဲ့ ကိုယ်ပိုင်အရည်ချင်းလည်း တော်တော်မြင့်တယ်။ ဒီပွဲ ဆားဗီးယားတို့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စီစဉ်ထားလောက်တယ်။ အဲ့တော့ အစစအရာရာကြည့်ပြီး ဘရာဇီးတို့ ပိုစိတ်ဝင်စားဖို့ကောင်းလိမ့်မယ်။

11 plyaer –

Brazil (4-2-3-1): Alisson; Danilo, Marquinhos, Thiago Silva, Alex Sandro ; Paqueta, Casemiro ; Neymar, Vinicius, Rafinha ; Richardson.

Serbia (3-4-1-2): Vanya Milinkovic-Savic, Stefan Mitrovic, Strahinja Pavlovic, Nikola Milinkovic, Andriya Zivkovic, Sergej Milinkovic-Savic, Nemanja Goodelj, Filip Kostic, Dusan Tadic, Luka Jovic, Dusan Vlahovic.

Missing Player –

Brazil : Antony

Serbia:-