fafa855

ဘိုင်ယန် vs မန်စီးတီး [19 Apr 23 - 01:30 hrs]

fafa855 ဂျာမနီမှ ခြေစွမ်းကောင်းဘိုင်ယန်အသင်း အခုတလော ဘွန်ဒက်လီဂါရဲ့ချန်ပီယံဖြစ်ဖို့ ပြိုင်ဆိုင်နေရပါတယ်။ သူတို့ရဲ့ရမှတ်က ဒေါ့မွန်ထက် ၂ မှတ် ပိုသာပါတယ်။ ဘိုင်ယန်တို့ရဲ့ လက်ရှိစွမ်းဆောင်ရည်က အရင်တုန်းကဟာနဲ့ယှဉ်ကြည့်ရင် ကျဆင်းနေတယ်လို့ ပြောနိုင်ပါတယ်။ လီဝန်ဒေါ့စကီးလို အသင်းရဲ့ဂိုးဖန်တီးရှင်အသစ်ကိုလည်း အခုထိ ရှာလို့မတွေ့သေးပါဘူး။ ဘိုင်ယန်တို့ရဲ့အစစအရာရာကြည့်ပြီး ပြောရင် သူတို့မှာ တိုက်စစ်မှူးပဲလိုအပ်နေပါတယ်။ အခု အသုံးပြုနေတဲ့ false nine စနစ်က သူတို့နဲ့သိပ်အဆင်မပြေပါဘူး။ မာနေးနဲ့ Serge Gnabry တို့က Striker မဟုတ်ပါဘူး။ အဲ့ဒီတော့ အရင်လို ဂိုးပြတ်သားမှုရဖို့ဆိုတာ မဖြစ်နိုင်ပါ။ အခု အသင်းရဲ့ဂိုးဖန်တီးရှင်က Musiala ကြီးဖြစ်နေတယ်။ အခုအချိန်မှာ ဂိုး ၁၁ လုံး သွင်းထားနိုင်ပြီးပြီ။ ပြီးခဲ့တဲ့တစ်ပွဲတုန်းက စိတ်တွေအရမ်းပူပြီး Muller ကို မဆင်းခိုင်းခဲ့ပါဘူး။ တန်ပြန်တိုက်စစ်ဆင်ဖို့ စနစ်ချထားတာမှန်ပေမယ့် ဘောလုံးနားနေလို့ရတဲ့ကစားသမားကျတော့ မရှိပဲဖြစ်သွားပါတယ်။ ပြီးတော့ သူတို့ရဲ့ကစားသမားက ဘောလုံးသိပ်မခေါ်ဆောင်နိုင်ခဲ့ကြပါဘူး။ မန်စီးတီးရဲ့ ကစားသမားကို မကျော်နိုင်ဘူးဖြစ်သွားပါတယ်။ ဒီပွဲကတော့ သူငယ်ချင်းနဲ့ ရန်ဖြစ်ခဲ့တဲ့မာနေး ပါဖို့ရှိမလားမသိသေးဘူး။ မာနေးနဲ့ ရန်ဖြစ်တဲ့သူကတော့ သူ့မှာ ရန်စလိုက်တာမဟုတ်တဲ့အတွက် ဆင်းကစားခွင့်ရှိလောက်ပါတယ်။ ဘိုင်ယန်အသင်းဟာ တူချယ်လ်နည်းပြလက်ထဲကျရောက်လာကတည်းက အခုထိ အကောင်အထည်မဖော်နိုင်သေးပါဘူး။ ဒီဖလားပွဲကနေ အပယ်ခံထိသွားမှာ တော်တော်သေချာနေပါတယ်။ အရင်နည်းပြကို ရာသီကုန်သွားတော့မှ အလုပ်ထုတ်သင့်ပါတယ်။ ဘိုင်ယန်အသင်းဆိုတာ ဘယ်နည်းပြမဆို လာပြီး အုပ်ချုပ်ချင်ကြမှာပဲ။ ဒါပေမယ့် အဖွဲ့ချုပ်က အရမ်းလောပြီး စနစ်တကျ မဖြစ်တော့ပဲ ဖြစ်သွားပါတယ်။ ဒီပွဲ ဘိုင်ယန်ဘက်က ၄-၂-၃-၁ စနစ်နဲ့ကစားမယ်ထင်တယ်။ ကွင်းလယ်ခံစစ်က ဒီပွဲ တော်တော်အလုပ်လုပ်ရလိမ့်မယ်။ Kimmich နဲ့ Goretzka တို့က ဘောလုံးအရှေ့ကို ပို့ပေးနိုင်ဖို့လိုလိမ့်မယ်။ တိုက်စစ်ပိုင်းကျတော့ အလှည့်ကျ အဆင်ပြေသလို ဝင်ထိန်းခဲ့ကြလိမ့်မယ်။ free form စတိုင်လေးနဲ့ပေါ့။ ဒီပွဲ ကလေးတွေကို ထိန်းချုပ်ဖို့ Muller ကို ဆင်းခိုင်းလောက်တယ်။ ပထမကျော့တုန်းက မန်စီးတီးကို ၃ လုံး သွင်းခံထိထားတဲ့အတွက် ဒီပွဲ ဂိုးစောစောစီးစီးပြန်ယူဖို့ စီစဉ်ထားလောက်ပါတယ်။ ဒါပေမယ့် မလွယ်ပါဘူး။

မန်စီးတီးတို့ကျတော့ ဘိုင်ယန်ထက် တော်တော်ပဲအကျောရထားပါတယ်။ ပြီးခဲ့တဲ့ ပထမကျော့တုန်းက အိမ်ကွင်းနဲ့ ဘိုင်ယန်အပေါ် ၃-၀ နိုင်ထားတယ်။ အဲ့ဒီတော့ ဒီပွဲ သူတို့ အေးအေးဆေးဆေးလေးပဲ ကစားခဲ့ကြလိမ့်မယ်။ အခွင့်ရေးကြုံရင်ကြုံသလို ဂိုးသွင်းသွားလိမ့်မယ်။ မကြုံရင်လည်း ဒီတိုင်းကစားရုံပဲ ရှိလိမ့်မယ်။ ဒီပွဲ ဘိုင်ယန်ဘက်က တစ်ချိန်လုံး Pressing ဆွဲဖို့ရှိပါတယ်။ အဲ့နေရာ မန်စီးတီးနဲ့ယှဉ်ပြီး မှားယွင်းခဲ့ရင်တော့ စီးတီးကိုထပ်ပြီး ခံရဖို့ရှိသွားလိမ့်မယ်။ ဒီပွဲ စီးတီးတို့မှာ ဘာပြသာနာမှမရှိပါဘူး။ ဟာလန်းက ပြန်ဆင်းနိုင်ပါပြီ။ ဒီဘရိုင်းနဲ့ ဆေးလ်ဗား ပြီးတော့ Gundogan နဲ့ ရိုဒရီတို့လည်း အဆင်သင့် ဖြစ်နေကြပါတယ်။ Grealish က အခုတလော သူငယ်ချင်းတွေနဲ့ အရမ်းအဆင်ပြေလာတယ်။ နောက် အခုနာမည်တော်တော်ကျော်ကြားနေတဲ့တစ်ယောက်ဆိုရင် Stones ပဲ ဖြစ်ပါတယ်။ သူက ကွင်းအလယ်ကြီးမှာပဲ နေတာမျိုးမဟုတ်ပါဘူး။ inverted wingback ပုံစံနဲ့ ဘောလုံးက ပြိုင်ဘက်ဆီရောက်သွားရင် လှုပ်ရှားမှုကူလုပ်ပေးတယ်။ ခံစစ်ပိတ်ဖို့အချိန်ရောက်လာပြီဆိုရင် စည်းဘေးကို ပြန်သွားတယ်။ တိုက်စစ်ပိုင်းကို သူ့ဟာနဲ့သူ ကစားဖို့ လွတ်ပေးလိုက်တာမျိုးပေါ့။ ဒီပွဲ ပက်က ဘယ် position ကိုမှ သိပ်ပြောင်းလဲမယ်မထင်ပါဘူး။ ၃-၄-၂-၁ စနစ်နဲ့ပဲ ကစားမယ်ထင်တယ်။ ဒီစနစ်နဲ့ တော်တော်အဆင်ပြေနေတယ်။ စီးတီးတို့ရဲ့အခြေနေက လောလောဆယ် တက်ကြွမှုရှိနေပါတယ်။ ချန်ပီယံ ၃ ခုနဲ့ ရင်ခုန်နေရပါတယ်။ ဒီဖလားပွဲထဲ ချန်ပီယံဖြစ်ဖို့ တော်တော်များသလို FA ဖလားမှာလည်း ရင်ခုန်လို့ရပါသေးတယ်။ ပရီးမီးယားလိဂ်ထဲမှာဆိုရင်လည်း ကိုယ့်ဘဝကို ကြိုက်သလို ဖန်တီးလို့ရနေပါတယ်။ UCL တိုက်ပွဲထဲမှာ နောက်ဆုံး ၄ သင်းအဆင့်ထဲ ပါဖို့လုပ်နေပြီး ရီးရဲလ်နဲ့ သွားတွေ့ရမှာဖြစ်ပါတယ်။ စီးတီးတို့ရဲ့ လက်ရှိစွမ်းဆောင်ရည်က ဘိုင်ယန်ထက် တော်တော်သာပါတယ်။ နောက်ဆုံး ၈ သင်းအဆင့်မှာ အခြားအသင်းတွေနဲ့ယှဉ်ရင် သူတို့က တကယ့်ချန်ပီယံဖြစ်မယ့်အသင်းကြီးဖြစ်နေပါတယ်။ ဒီပွဲကတော့ ဘိုင်ယန်တို့ရဲ့ ဖန်ရှေ့မှာ ဘိုင်ယန်ကို ထောင်းပြလိမ့်မယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မနိုင်မရှုံးလေးဖြစ်ပါတယ်။ ဒါပေမယ့် ပထမကျော့တုန်းက စီးတီးတို့ ၃-၀ နဲ့ အရင်နိုင်ထားပါတယ်။ ပြောမယ်ဆိုရင် စီးတီးတို့က နောက်တစ်ဆင့်ကို တစ်ဝက်လောက်တော့ ဝင်‌ရောက်သွားနေပါပြီ။ အဲ့ပွဲ ကံကောင်းလို့နိုင်သွားတာမဟုတ်ပါဘူး။ နှစ်သင်းစလုံးရဲ့ ကစားပုံကစားနည်းကလည်း ကွာဟမှုရှိကြပါတယ်။ စီးတီးအသင်းဆိုတာ အိမ်ကွင်းဖြစ်ဖြစ် အဝေးကွင်းဖြစ်ဖြစ် သူတို့ရဲ့ possession ball style က ဘိုင်ယန်ကို လုံးဝထိန်းချုပ်နိုင်ပါတယ်။ ပြောမယ်ဆိုရင် ဘိုင်ယန်တို့ ကစားချင်သလို မကစားနိုင်ဘူးဖြစ်သွားတယ်။ အဲ့တာနဲ့ပဲ ပထမပွဲတုန်းက စီးတီးတို့ပဲ ဘောလုံးပိုပြီး ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အနိုင်ဂိုးတွေ ရသွားတော့မှ ဘိုင်ယန်ကို ဘောလုံးပြန်ပေးခဲ့တယ်။ အဲ့တာကြောင့် တစ်ပွဲလုံးရဲ့စံချိန်မှာ စီးတီးဘက်က ဘောလုံးပိုင်ဆိုင်မှု ပိုများပေမယ့် ဂိုးသွင်းတဲ့စံချိန်ကျတော့ ဘိုင်ယန်ထက် နည်းပါတယ်။ စီးတီးတို့ရဲ့ ရင်ခုန်စရာကောင်းတဲ့ ဂိုးသွင်းချက်တွေ တော်တော်ဖြစ်ပေါ်ခဲ့ပါတယ်။ စီးတီးတို့က Position တိုင်းကို သေသေချာချာစီစဉ်ထားပါတယ်။ ဒီပွဲ အဝေးကွင်းဆိုပေမယ့် ကစားပုံကစားနည်းကတော့ အရင်အတိုင်းပဲ ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူတို့မှာ လောပြီးကစားစရာမလိုတော့ပါဘူး။ ထိန်းကစားရုံနဲ့ နောက်တစ်ဆင့်ကို အေးအေးဆေးဆေး ဝင်ရောက်သွားနိုင်ပါတယ်။ ဘိုင်ယန်နဲ့ တည့်တည့်ကြီး ဝင်လုံးစရာမလိုဘူး။ ဘိုင်ယန်တို့ကျတော့ ဒီပွဲ မဖြစ်မနေ ဝင်လုံးရမှာပါပဲ။ အနိုင်ရအောင် အဓိက စံချိန်တင်ထားလောက်ပါတယ်။ ပြီးတော့ ဂိုးတွေ ထပ်ပြီး သွင်းခံထိလို့မရတော့ပါဘူး။ အဲ့တာ အရမ်းပဲခက်ပါတယ်။ သူဘက်က ကွင်းအလယ်မှာ ဘောလုံးဖြတ်ချုပ်ခံခဲ့ရရင် ပွဲချက်ချင်းသိမ်းပါတယ်။ ဒီပွဲ သူတို့ဘက်က တိုက်စစ်ဆင်းပြီး ဝင်လုံးရမှာဖြစ်တဲ့အတွက် တန်ပြန်တိုက်စစ်ဆင်ခံထိသွားနိုင်ပါတယ်။ နှစ်သင်းစလုံးရဲ့ အားကိုရာကတော့ ဘိုင်ယန်ဘက်က ကစားပွဲဖန်တီးပေးတဲ့ Musiala ရှိမယ် ပြီးတော့ Serge Gnabry နဲ့ မာနေးတို့က စည်းဘေးကနေ ကစားပွဲဖန်တီးနိုင်ပါတယ်။ စီးတီးတို့မှာကျတော့ တန်ပြန်တိုက်စစ်ဆင်တဲ့အခါမှာ ဟာလန်းရဲ့ သွက်လက်မှုကို အားကိုးခဲ့ရလိမ့်မယ်။ အသင်းထဲက အခွင့်ရေးဖန်တီးနိုင်တဲ့ဒီဘရိုင်းတို့ ဆေးလ်ဗားတို့လည်း ရှိနေကြတယ်။ အဲ့တော့ ဒီပွဲ ဘိုင်ယန်တို့ အိမ်ကွင်းနဲ့ ထပ်ရှုံးသွားလောက်ပါတယ်။

11 Players

Bayern Munich (4-2-3-1) – Sommer – Davies – Ligt – Upamecano – Pavard – Kimmich – Goretzka – Musiala – Sane – Coman – Muller

Manchester City (3-4-2-1) – Ederson – Dias – Ake – Akanji – Stones – Rodri – Grealish – Silva – De Bruyne – Gundogan – Haaland

Missing Players

Bayern Munich – Paul Wanner (Adductor problems), Manuel Neuer (Fracture of the lower leg), Lucas Hernández (Cruciate Ligament Rupture)

Manchester City – ဒဏ်ရာနဲ့ ဘန်းခံထိထားတဲ့ကစားသမားမရှိပါ။

Facebook

Simone Inzaghi နည်းပြလက်ထဲက အင်တာအသင်း နောက်ဆုံး ၆ ပွဲတုန်းက အနိုင် ၁ ပွဲ သရေ ၂ ပွဲနဲ့ အရှုံး ၃ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ ဂိုး၄ လုံးသွင်းနိုင်ပြီး ၆ လုံး ပြန်သွင်းခံထိခဲ့ပါတယ်။ နောက်ဆုံးတစ်ပွဲ Monza ကို ၀-၁ နဲ့ ရှုံးလာပါတယ်။ ဒီအစီစဉ်ထဲကအခြေနေကျတော့ အကျောတော်တော်ရထားပါတယ်။ ပထမကျော့တုန်းကဆိုရင် ၂-၀ နဲ့ အရင်နိုင်ထားလို့ပါ။ လက်ထဲမှာ သွင်းဂိုး ၂ လုံးရှိပြီး အိမ်ကွင်းနဲ့ပါကစားရမှာဖြစ်တဲ့အတွက် စိတ်ဖိအားတွေမရှိပါဘူး။ ပြိုင်ဘက်အပေါ် အကျောတော်တော်ရထားပါတယ်။ ဆီမီးဖိုင်နယ်ပွဲအထိ တက်ရောက်ဖို့အခြေနေ ရှိနေပါတယ်။ အခုတလော ခြေထောက်တစ်ဖက်က ဝင်ရောက်သွားနေပါပြီ။ အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ သူတို့မှာ Milan Skriniar ကို အသုံးပြုလို့မရသေးပါဘူး။ Stefan de Vrij နဲ့တစ်ယောက်မှာလည်း အခြေနေစစ်ဆေးဖို့လိုပါသေးတယ်။ ဒီပွဲ သူတို့ဘက်က အပီကစားဖို့ရှိပါတယ်။ ၃-၅-၂ စနစ်နဲ့ ကစားမယ်ထင်တယ်။ ကွင်းလယ်ပိုင်းမှာ ပထမကျော့တုန်းက ကစားသမားတွေကိုပဲ ဆက်ပြီး အသုံးပြုသွားလောက်ပါတယ်။ Barella၊ Brozovic နဲ့ Mkhitaryan တို့ကျတော့ ကစားပွဲတွေ အတူဖန်တီးပြီး အရှေ့ဆုံးမှာ Dzeko နဲ့ Martinez တို့ကို တာဝန်ပေးထားပါတယ်။

fafa855 ဘင်ဖီကာတို့ကျတော့ နောက်ဆုံး ၆ ပွဲတုန်းက အနိုင် ၃ ပွဲ သရေ ၀ နဲ့ အရှုံး ၃ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ ဂိုး ၁၀ လုံး သွင်းနိုင်ပြီး ၆ လုံး ပြန်သွင်းခံထိခဲ့ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အရှုံးရလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘင်ဖီကာရဲ့ လက်ရှိ စွမ်းဆောင်ရည်သိပ်မကောင်းပေမယ့် ပေါ်တူဂီလိဂ်မှာ အဆင့် ၁ ဖြစ်နေတုန်းဖြစ်ပါတယ်။ သူတို့ရဲ့ဦးတည်ချက်ကတော့ ဒီထက်ကောင်းအောင်ကြိုးစားချင်နေကြပါတယ်။ ဒီပွဲ ယူဖာချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်ရောက်သွားမယ့်အသင်းကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ပထမကျော့တုန်းက အိမ်ကွင်းနဲ့ အင်တာကို ၀-၂ အရင်ရှုံးထားတဲ့အတွက် ဒီပွဲ တော်တော်ဒုက္ခရောက်လိမ့်မယ်။ အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ Mihailo Ristić၊ Alexander Bah နဲ့ Julian Draxler တို့ကို အသုံးပြုလို့မရသေးပါဘူး။ ၃ ယောက်စလုံး ဒဏ်ရာရရှိထားပါတယ်။ ဒီပွဲ ဘင်ဖီကာတို့ ၄-၂-၃-၁ စနစ်နဲ့ကစားမယ်ထင်တယ်။ Mario၊ R.Silva ပြီးတော့ Aursnes တို့နဲ့ ဦးဆောင်ခဲ့ပြီး ကစားပွဲဖန်တီးပေးသွားလိမ့်မယ်။ Ramos ဆိုတဲ့ Striker ကြီးကို ဘောလုံးဖန်တီးပေးခဲ့ကြလိမ့်မယ်။

ဒီပွဲ ယူဖာချန်ပီယံလိဂ် နောက်ဆုံး ၈ သင်အဆင့် ဒုတိယအကျော့ပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်းနှစ်သင်းမှာ အင်တာနဲ့ ဘင်ဖီကာတို့ပဲ ဖြစ်ပါတယ်။ ဘင်ဖီကာဘက်က ပေါ်တူဂီလိဂ်မှ နံပါတ် ၁ အသင်းဖြစ်နေပေမယ့် ကစားသမားတွေရဲ့ အရည်အချင်းကို ယှဉ်ကြည့်တဲ့အခါမှာ အင်တာဘက်က ပိုသာပါတယ်။ ပြီးတော့ ဘင်ဖီကာတို့ရဲ့ အခုနောက်ပိုင်းစွမ်းဆောင်ရည်တွေ တော်တော်ကျဆင်းနေပါတယ်။ ပွဲစုံထဲက ၃ ပွဲကစားပြီး ၃ ပွဲစလုံး ရှုံးနိမ့်ထားပါတယ်။ အင်တာတို့မှာလည်း နောက်ဆုံး ၃ ပွဲတုန်းက အရှုံး ၂ ပွဲ ရရှိသွားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခံစစ်ပိုင်းက အားကောင်းနေတုန်းဖြစ်ပါတယ်။ ပထမကျော့တုန်းက အနိုင်ရထားတဲ့အတွက် ဒီပွဲ ဖိအားတွေသိပ်မရှိပါဘူး။ ခံစစ်ပိတ်ပြီး စောင့်နေရုံနဲ့ အဆင်ပြေပါတယ်။ အင်တာတို့ရဲ့  လိဂ်ထဲက အခုနောက်ပိုင်းစွမ်းဆောင်ရည် တော်တော်ပဲဆိုးနေပါတယ်။ အခုတလော ၅ ပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ သူတို့က ဒီဖလားပွဲကိုပဲ တကယ်ဦးစားပေးနေပါတယ်။ အင်တာတို့က လိဂ်တိုက်ပွဲဖြစ်ရင် ခြေစွမ်းသိပ်မပြနိုင်ကြပါဘူး။ ဒီပွဲ သူတို့ရဲ့ကစားပုံကစားနည်းက အရင်ပွဲတွေထက် ပြောင်းလဲမသွားလောက်ဘူး။ ပထမကျော့တုန်းက ဂိုး ၂ လုံး သွင်းထားနိုင်တဲ့အတွက် ဒီပွဲ ထိန်းကစားရုံပဲရှိလိမ့်မယ်။ ဘင်ဖီကာတို့ကျတော့ တိုက်စစ်ဆင်ပြီး ဝင်လုံးဖို့ရှိပါတယ်။ ဒီပွဲကတော့ နှစ်သင်းစလုံး ဂိုးသွင်းနိုင်ကြလောက်ပါတယ်။ နောက်ဆုံးမှာတော့ သရေကျရုံပဲ ပြီးသွားမယ်ထင်တယ်။

11 Players

Inter Millan (3-5-2): Onana; Darmian, Acerbi, Bastoni; Dumfries, Barella, Mkhitaryan, Brozovic, Dimarco; Dzeko, Martinez

Benfica (4-2-3-1): Vlachodimos; Gilberto, A. Silva, Otamendi, Grimaldo; Florentino, Aursnes; Neres, R. Silva, Mario; Ramos

Missing Players

Inter Millan : Stefan de Vrij (Unknown Injury), Alessandro Fontanarosa (Unknown Injury), Milan Skriniar (Back trouble), Dalbert (Cruciate Ligament Injury)

Benfica : Mihailo Ristić (Hamstring Injury), Alexander Bah (Knee Injury), Julian Draxler (Ankle Surgery)

Facebook