fafa191 mm အိမ်ရှင် လိဒ်စ်ယူနိုင်တက်အသင်း နောက်ဆုံးတစ်ပွဲတုန်းက နော်တင်ဟမ်ဖောရက်စ်အပေါ် ၂-၁ နဲ့ အနိုင်ရရှိလာပြီး အိမ်ကွင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ သူတို့ရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ Maximilian Wöber နဲ့ Stuart Dallas တို့နှစ်ယောက် မရှိသေးပါဘူး။ သူတို့နှစ်ယောက်က ဒဏ်ရာရထားခဲ့ကြလို့ပါ။ ပြီးတော့ T.Adams မှာလည်း ရာသီကုန်တဲ့အထိ အနားယူခဲ့ရလောက်တယ်။ A Forshaw နဲ့တစ်ယောက်ကျတော့ ဒီပွဲ ဆင်းဖို့အဆင်သင့် မဖြစ်လောက်သေးပါဘူး။ ကျန်တဲ့ Luke Eiling, Junior Firpo, Weston McKennie, Jack Harrison, Brendan Aaronsson, Wilfried Nonto နဲ့ Patrick Bamford တို့ကျတော့ အားလုံးပဲ အဆင်သင့် ဖြစ်နေလောက်ပါတယ်။ လိဒ်စ်တို့ ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားမယ်ထင်တယ်။ ပထမ ၁၁ ယောက်ကို ဖောရက်စ်အပေါ် အနိုင်ရသွားတဲ့ အဖွဲ့အစုကိုပဲ ဆက်ပြီးအသုံးပြုသွားလောက်ပါတယ်။ ဂိုးဖန်တီးဖို့နေရာ Patrick Bamford ကိုပဲ တာဝန်ပေးထားပြီး Harrison၊ Aaronson နဲ့ Sinisterra တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ အထောက်အကူလုပ်ဖို့အတွက် စီစဉ်ထားလောက်ပါတယ်။
ခရစ်စတယ်ပဲလေစ့်တို့ကျတော့ အခုမှ တကျော့ပြန်ပြီး လက်စတာအပေါ် ၂-၁ နဲ့ အနိုင်ရရှိလာပါတယ်။ အသင်းနည်းပြ ပြောင်းလဲခဲ့တဲ့ပါဝါက နောက်ဆုံးမှပဲ ပြသပါတော့တယ်။ အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ အရေးကြီးတဲ့ W.Zaha မပါနိုင်သေးပါဘူး။ နောက်ထပ် ၃ ပတ် ၄ ပတ်လောက်တော့ အနားယူခဲ့ရလိမ့်မယ်။ သူ့အပြင် ဒဏ်ရာရထားတဲ့ကစားသမားတွေကတော့ Chris Richards နဲ့ N.Ferguson တို့ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ Joel Ward, Mark Guehi, Tyric Mitchell, Sheikh Doucure, Jeffrey Schlupp, Eberechi Eze, Michael Olise နဲ့ Odsonne Édouard တို့ကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ ခရစ်စတယ်ပဲလေစ့်တို့ ဒီပွဲ ၄-၃-၃ စနစ်နဲ့ ကစားမယ်ထင်တယ်။ တိုက်စစ်ပိုင်းနေရာ အရင်တစ်ပွဲမှ ပြောင်းလဲမှုနည်းနည်းရှိလိမ့်မယ်။ တိုက်စစ်ပိုင်းနေရာ Michael Olise၊ Odsonne Édouard နဲ့ Ayew တို့ကိုပဲ တာဝန်ပေးထားလောက်တယ်။ ပြီးရင် ကွင်းလယ်ပိုင်းနေရာကျတော့ Doucoure ကိုပဲ အဓိက တာဝန်ပေးထားလောက်ပါတယ်။
ဒီပွဲ ဘယ်အသင်းက အနိုင်ရသွားမလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ ဘာလို့လည်းဆိုတော့ နှစ်သင်းစလုံးရဲ့ အစစအရာရာက ထပ်တူထပ်မျှ ရှိနေကြလို့ပါ။ အမှတ်ဇယားအပြင် ကစားသမားအရည်သွေးနဲ့ စွမ်းဆောင်ရည်တွေကလည်း ကွားခြားမှုမရှိဘူး။ ဒါပေမယ့် အိမ်ရှင်ဘက်က အိမ်ကွင်းနဲ့တော့ အကျောပိုရထားပါတယ်။ အမှတ်ဇယားထဲက အခြေနေကတော့ လိဒ်စ်ဘက်က ၂၉ မှတ်လေးနဲ့ အဆင့် ၁၃ မှာ ရောက်ရှိနေပါတယ်။ အတန်းဆင်းမယ့်ဇုန်ထက် ၂ မှတ်ပဲ ပိုသာနေတယ်။ ပဲလေစ့်တို့ကျတော့ အမှတ် ၃၀ လေးနဲ့ အဆင့် ၁၂ မှာ ရောက်ရှိနေတယ်။ အတန်းဆင်းမယ့်ဇုန်ထက် ၃ မှတ်သာပါတယ်။ ပြိုင်ပွဲအရေအတွက်ကလည်း အတူတူပဲ။ ဒီပွဲက နှစ်သင်းစလုံးအတွက် ပရီးမီးယားလိဂ်ထဲမှာ အသက်ဆက်ရှင်ဖို့အရေး အရမ်းပဲအရေးကြီးပါတယ်။ ဒါပေမယ့် လိဒ်စ်ဘက်က တကယ့်ဆင်းပြိုင်ရပြီဆိုတာနဲ့ တည်ငြိမ်မှုတွေ သိပ်မရှိကြဘူး။ တစ်ခါတစ်လေ လွယ်လွယ်လေးနဲ့ မှားတတ်တယ်။ နောက်ဆုံးမှာတော့ ပဲလေစ့်တို့ပဲ ခြေစွမ်းပြပြီး အနိုင်ကောက်ရသွားလိမ့်မယ်။ ဒီပွဲကတော့ လိဒ်စ်ဘက်က တိုက်စစ်ဆင်တဲ့စနစ်နဲ့ ပရိသတ်တွေဆီက အားပေးသံ တောင်းလိမ့်မယ်။ ပြီးတော့ ကစားသမားတွေကို ၃ မှတ်ရအောင် ပရိသတ်တွေရဲ့ အားပေးသံကို အသုံးချလိမ့်မယ်။ ပဲလေစ့်တို့ကျတော့ ခံစစ်ပိတ်ပြီး စောင့်နေလိမ့်မယ်။ ပြီးရင် တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ်။ နောက်ဆုံးမှာတော့ ပဲလေစ့်တို့ပဲ အနိုင်ရသွားမယ်ထင်ပါတယ်။
11 Players
Leeds United (4-2-3-1) : Meslier; Kristensen, Koch, Struijk, Firpo; McKennie, Roca; Harrison, Aaronson, Sinisterra; Bamford
Crystal Palace (4-3-3): Johnstone; Ward, Andersen, Guehi, Mitchell; Schlupp, Doucoure, Eze; Olise, Mateta, Ayew
Missing Players
Leeds United : Stuart Dallas (Femoral Fracture), Maximilian Wöber (Hamstring Injury),A Forshaw (Hip Injury),T.Adams (Hamstring Injury)
Crystal Palace :W.Zaha (Muscle Injury), N.Ferguson(Muscle Injury), Chris Richards(Muscle Injury)
လီဗာပူးလ်အသင်း north-west တိုက်ပွဲတုန်းက မတရားအောင်မြင်တဲ့အတွက် အပြောအဆိုတော်တော်ဖြစ်ခဲ့ပါတယ်။ ဘာလို့လည်းဆိုရင် အဲ့ပွဲပြီးသွားတော့ အနိုင်ပွဲတွေ လုံးဝပေါ်မလာတော့ပါဘူး။ အဆင့် ၁၉ အသင်းဖြစ်တဲ့ ဘုန်းမောက်ကို စရှုံးပြီး မန်စီးတီးကိုပါ ထပ်ရှုံးသွားပါတယ်။ အဲ့ပွဲ အဲ့ထက် ဂိုးသွင်းခံမထိတာ တော်တော်ကံကောင်းပါတယ်။ ပြီးရင် သူတို့အင်အားကို လန်ဒန်မြို့ထဲ ထိုးတက်ပြီး မိနစ် ၉၀ အတွင်း သွင်းဂိုးမရှိပဲ သရေ ၆ ပွဲဆက်တိုက် ရရှိလာပါတယ်။ ချယ်လ်ဆီးနဲ့ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် Alison ဆိုတဲ့ ဂိုးသမားကြီးက အသက်ကယ်ပေးလို့သာ မရှုံးပဲကျော်ဖြတ်လာပါတယ်။ အဲ့ပွဲ Alison က မတရားတွေ ဘောလုံးဖမ်းပြီး အသင်းကပ္ပတိန်ဖြစ်တဲ့ ဟင်ဒိုနဲ့ပါ စကားများသွားသေးတယ်။ ပွဲပြီးသွားတဲ့အချိန် တောင်းပန်စကားတွေဘာတွေတော့ ပြောသွားခဲ့ကြပါတယ်။ လီဗာပူးလ်ရဲ့ လက်ရှိစွမ်းဆောင်ရည်က ဘယ်လိုမှအဆင်မပြေဘူး။ တိုက်စစ်ပိုင်းက အခွင့်ရေးကို အရမ်းပဲဖြုန်းပစ်တယ်။ ကွင်လယ်ပိုင်းကတော့ တကယ့်ဖန်တီးရှင်ပဲ။ ပြိုင်ဘက်ကို အခွင့်ရေးတော်တော်ဖန်တီးပေးတာနော်။ တစ်နှစ်လုံးလုံး အဆင်မပြေသေးဘူး။ ကွင်းလယ်ပိုင်းကလည်း အခုအချိန်မှာ တော်တော်ပျော့သွားပါတယ်။ VAR မကယ်ပေးလို့ကတော့ ခေါင်းတောင်ဖော်နိုင်မှာမဟုတ်တော့ဘူး။ ၄-၅ ခါထက် ဆော်ခံထိဖို့ရှိတယ်။ အဆင့်ဇယားထဲမှာ အဆင့် ၈ မှာပဲ တော်တော်ကြာကြာနေခဲ့ရလိမ့်မယ်။ UEFA Conference League ပွဲစဉ်ထဲတောင် ပါဖို့မရှိလောက်ဘူး။ ပါချင်ရင်တော့ အနိုင်ရမှဖြစ်မယ်။ ဒီပွဲ သူတို့ရဲ့အားကိုးရာကတော့ ဆာလက်ပဲ ဖြစ်လိမ့်မယ်။ ဒီပွဲ ကလော့ပ်မှာ အရင်တုန်းက စနစ်ကိုပဲ ဆက်သုံးမယ်ထင်တယ်။ ဒါပေမယ့် အချို့ကစားသမားကို အနားယူခိုင်းလောက်တယ်။ Gakpo နဲ့ နူးနက်ဇ်တို့ကျတော့ ဒီပွဲ ပြန်ဆင်းရလောက်ပါတယ်။ Pressing အားကောင်းရင်တော့ ရင်ခုန်ရလောက်ပါတယ်။ ဒါပေမယ့်လည်း Pressing ညံ့ရင်တော့ သွားပြီ။
fafa191 mm အာဆင်နယ်တို့ကျတော့ အခု လိဂ်ရဲ့အဆင့် ၁ မှာပဲ ရပ်တည်နေတုန်းဖြစ်ပါတယ်။ မန်စီးတီးက သူတို့ရဲ့အနောက်ကနေ ဓါးနဲ့ မတရားလိုက်ထိုးနေပါတယ်။ ဒီပွဲ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်နဲ့ရင်ဆိုင်ရတဲ့အတွက် တော်တော်ခက်လိမ့်မယ်။ လီဗာပူးလ်ရဲ့ လက်နက်ကြီးက သူတို့ကွင်းထဲမှာရှိတဲ့ သူတို့ပရိသတ်ရဲ့ အားပေးသံပဲလို့ ပြောဖူးပါတယ်။ ဒါပေမယ့် လီဗာပူးလ်ရဲ့ လက်ရှိစွမ်းဆောင်ရည်ကို ကြည့်ပြီးပြောရင် အာဆင်နယ်လောက်မကောင်းပါဘူး။ အာဆင်နယ်တို့ ဒီပွဲ တိုက်စစ်ပိုင်းကစ Pressing ဆွဲပြီး တစ်ချိန်လုံးထိုးတက်လိမ့်မယ်။ ပြိုင်ဘက်ကို လွယ်လွယ်လေးနဲ့ ပေးမကစားလောက်ဘူး။ သူတို့ဘက်က မှားပြီး လီဗာပူးလ်ဘက်က တန်ပြန်တိုက်စစ်ဆင်ခဲ့ရရင်လည်း ဒုတိယဂိတ် တတိယဂိတ်ကို ထောင်ပြီးစောင့်နေလောက်တယ်။ အဲ့တော့ အာတီတာက ၄-၂-၃-၁ စနစ်နဲ့ပဲ ရောက်လာမယ်ထင်တယ်။ သူ့ကစားသမားအားလုံးက ဦးတည်ချက်ရှိရှိနဲ့ ကစားနေကြပါတယ်။ အာကြီးရဲ့အားကိုးရာက ဒီပွဲ စည်းဘေးနှစ်ဖက်ပဲဖြစ်လိမ့်မယ်။ လောလောဆယ် စွမ်းဆောင်ရည်တွေအရမ်းကောင်းပြီး ကစားသမားအသီးသီးက အာတီတာရဲ့နည်းစနစ်ကို တော်တော်ယုံကြည်ကြပါတယ်။ အာတီတာက အခု အသင်းထဲမှာ ဂိုးဖန်တီးရှင်ကြီးကို ဖန်ဆင်းထားပြီးပါပြီ။ Martinelli၊ Odegaard နဲ့ Saga တို့က လောလောဆယ် ခြေစွမ်းတွေအရမ်းပဲတက်ကြွနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက လိဒ်စ်အပေါ် အေးအေးဆေးဆေးပဲ ၄-၁ နဲ့ အနိုင်ရလာပါတယ်။ စွမ်းဆောင်ရည်က တည်ငြိမ်မှုရှိပြီး ဂိုးအရင်သွင်းခံထိတဲ့ပွဲဆိုရင်လည်း သရေဂိုးပြန်သွင်းပြီး အနိုင်ဂိုးရသွားတဲ့အထိ လုပ်နိုင်ခဲ့ကြပါတယ်။ ချန်ပီယံဖြစ်မယ့် အချက်လက် အပြည့်အစုံရှိနေပါတယ်။ ဒီပွဲကတော့ တော်တော်လေးကြည့်ကောင်းလိမ့်မယ်။ နောက်ဆုံးမှာတော့ Team work ရှိရှိနဲ့ သွက်လက်ချက်ကြောင်း လီဗာပူးလ်အပေါ် အနိုင်ရသွားလောက်ပါတယ်။
အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်က ပိုသာခဲ့ဖူးပါတယ်။ အဓိက နောက်ဆုံး ၁၀ ပွဲ တုန်းကဆိုရင် လီဗာပူးလ်ဘက်က အနိုင် ၅ ပွဲတောင် ရရှိသွားပါတယ်။ မိနစ် ၉၀ အတွင်း သရေ ၃ ပွဲကျပြီး အာဆင်နယ်ကို ၂ ပွဲလေးပဲ ရှုံးသွားပါတယ်။ ဒါပေမယ့် လက်ရှိရာသီမှာကျတော့ ပထမကျော့တုန်းက အာဆင်နယ်တို့ အိမ်ကွင်းနဲ့ ၃-၂ အရင်နိုင်သွားပါတယ်။ နှစ်သင်းစလုံးရဲ့ လက်ရှိအခြေနေက လုံးဝကွာခြားပါတယ်။ အိမ်ရှင်ဘက်က ဒီနှစ်အတွင်း စွမ်းဆောင်ရည်တော်တော်ညံ့ပါတယ်။ အရမ်းပဲ စိတ်ပျက်ဖို့ကောင်းတယ်။ နောက်နှစ် UCL တိုက်ပွဲထဲပါဖို့တောင် မရှိလောက်တော့ပါဘူး။ UCL တိုက်ပွဲထဲ ပါဖို့မရှိရင်တော့ နွေရာသီဈေးကျရင် ကစားသမားအသစ် ခေါ်ယူဖို့ ပြင်ဆင်ကြလောက်တယ်။ ဒီနှစ် အခြေနေပြန်ကောင်းချင်တယ်ဆိုရင် ပေါင်သန်း ၃၀၀ အထိ အသုံးပြုဖို့လိုလောက်တယ်။ UCL ထဲ မပါလိုက်ရတဲ့အတွက် ငွေတွေ အများကြီးပဲ သုံးရလိမ့်မယ်။ အာဆင်နယ်တို့ကျတော့ အခုတလော တော်တော်သာယာနေပါတယ်။ အခု စွမ်းဆောင်ရည်ပိုင်း တည်ငြိမ်မှုအရှိဆုံးအသင်းပဲလို့တောင် ယူဆနိုင်ပါတယ်။ ချန်ပီယံဖြစ်ချင်တဲ့ အချက်လက်တွေလည်း အပြည့်အစုံရှိနေပါတယ်။ ဒါပေမယ့် ဒီညပွဲမှာ သူတို့အနာဂတ်ကို ဆုံးဖြတ်မယ့်ပွဲပဲ ဖြစ်လိမ့်မယ်။ လုပ်နိုင်ရင်တော့ ချန်ပီယံဖြစ်ဖို့ တော်တော်သေချာသွားလိမ့်မယ်။ အာကြီးရဲ့ အားကိုးရာကတော့ ဘယ်သူမှမဟုတ်ဘူး Bukayo Saka ပဲ ဖြစ်ပါတယ်။ အခုတလော သူ့ရဲ့ ခြေစွမ်းက အရမ်းကောင်းနေတယ်။ သွက်လက်မှုနဲ့ ပြတ်သားမှု အစုံပဲရှိနေပါတယ်။ အာကြီးနဲ့ ဘယ်လောက်ကြာကြာ နေသွားဦးနလဲမသိသေးပါဘူး။ သူက ဒီမှာပဲ တစ်သက်လုံးတော့ နေမသွားလောက်ပါဘူး။ ဘယ်အချိန် သွားမလဲပဲ စောင့်ကြည့်ရလိမ့်မယ်။ နောက်တစ်ယောက်ကကျတော့ Martinelli ပါပဲ။ ဒီပွဲ သူက လီဗာပူးလ်ရဲ့ အာနိုးကို တိုင်ပတ်အောင်လုပ်လိမ့်မယ်။ လီဗာပူးလ်တို့ရဲ့ အားကိုးရာကတော့ အန်ဖီးလ်ကွင်းကြီးပါပဲ။ အားပေးသံကစ အာကြီးထက်သာလိမ့်မယ်။ လီဗာပူးလ်တို့ရဲ့ လက်ရှိကစားသမားအဖွဲ့အစုက ဦးတည်ချက် ပျောက်ဆုံးနေပါတယ်။ အဲ့တော့ အားပေးသံတွေကိုပဲ အားကိုးရလိမ့်မယ်။ ဒီပွဲကတော့ အာဆင်နယ်ဘက်ကပဲ ၃ မှတ်ရသွားလောက်ပါတယ်။ နှစ်သင်းစလုံးရဲ့တိုက်ခိုက်မှုကတော့ အတော်ကြည့်ကောင်းလောက်ပါတယ်။ တိုက်စစ်ဆင်တဲ့စနစ်ရဲ့ တိုက်ခိုက်မှုဆိုတော့ တော်တော်ရင်ခုန်ခဲ့ရလိမ့်မယ်။ အရင်က ကြမ်းဖူးတဲ့အသင်းနဲ့ လက်ရှိ ကြမ်းနေတဲ့အသင်းတို့ ရင်ဆိုင်ရမယ့်နေရာမှာ လက်ရှိကြမ်းနေတဲ့အသင်းဘက်က အနိုင်ရသွားမှာ ပိုသေချာပါတယ်။
11 Players
Liverpool (4-3-3) – Alison – Gomez – Konate – Van dijk – Roberton – Fabinho – Henderson – Elliot – Firmino – Salah – Gakpo – Nunez
Arsenal (3-4-2-1) – Ramsdale – Zincheko – Holding – White – Magalhaese – Partey – Odegaard – Xhaxa – Martinelli – Trossard – Gebriel Jesus
Missing Players
Liverpool FC – Thiago (Problems with the hip flexor), Darwin Núñez(Unknown Injury), Joe Gomez (Muscle Injury), Luis Díaz (Knee Injury), Stefan Bajcetic (Tear in the abductor muscle), Calvin Ramsay (Knee Surgery)
Arsenal FC – Mohamed Elneny (Knee Injury), Eddie Nketiah (Ankle Injury), Takehiro Tomiyasu (Knee Surgery)