fafa117

ဝက်စ်ဟမ်း Vs လီဗာပူးလ် [26 Apr 23 - 01:15 hrs]

fafa117 အိမ်ရှင်ဝက်စ်ဟမ်းအသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေပြန်ကောင်းပြီး ပွဲစုံ ၁၀ ပွဲတုန်းက တစ်ပွဲလေးပဲရှုံးနိမ့်ထားပါတယ်။ အဲ့ဒီ ၁၀ ပွဲထဲမှာ ဂိုး ၁၀ လုံး သွင်းနိုင်ခဲ့ပါတယ်။ နောက်ဆုံး ၃ ပွဲတုန်းက ၃ ပွဲထဲနဲ့ ဂိုး ၁၀ လုံးတောင် သွင်းနိုင်တယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဘုန်းမောက်နဲ့တွေ့ပြီး ၀-၄ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့ဒီတော့ သူတို့ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၃ အထိ တက်ရောက်သွားပါပြီ။ အတန်းဆင်းမယ့်ဇုန်ထက် ၆ မှတ် သာသွားပါပြီ။ ဒီပွဲအတွက် အဆင်သင့်ပိုင်းကတော့ G.Scamacca ပဲမရှိသေးပါဘူး သူ့မှာ ဒူးခေါင်းဒဏ်ရာရထားပါတယ်။ Angelo Ogbonna နဲ့တစ်ယောက်ကျတော့ ဒဏ်ရာသက်သာလာပြီး အခြေနေပြန်စစ်ဆေးဖို့ပဲလိုတော့တယ်။ ကျန်တဲ့ Naif Agerd, Vladimir Kufal, Emerson, Tomas Soucek, Declan Rice, Lucas Paqueta, Jarrod Bowen, Said. Benrahma နဲ့ Mikhail Antonio တို့ကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ ဒီပွဲ အသင်းနည်းပြက ၄-၂-၃-၁ စနစ်နဲ့ စီစဉ်ထားလောက်ပါတယ်။ ဂိုးသွင်းဖို့နေရာ Mikhail Antonio ကိုပဲ တာဝန်ပေးထားပြီး Jarrod Bowen, Lucas Paqueta နဲ့ Pablo Fornals တို့ ၃ ယောက်ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ စီစဉ်ထားလောက်ပါတယ်။

လီဗာပူးလ်တို့ကျတော့ လိဂ်ထဲမှာ ၄ ပွဲဆက်တိုက် ရှုံးနိမ့်မှုမရှိသေးတဲ့အတွက် စွမ်းဆောင်ရည် နည်းနည်းပြန်ကောင်းလာပါတယ်။ အဲ့ဒီ ၄ ပွဲထဲက နောက်ဆုံး ၂ ပွဲမှာ အနိုင်ပွဲဖြစ်ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဖောရက်စ်အပေါ် အိမ်ကွင်းနဲ့ ၃-၂ အနိုင်ရလာပါတယ်။ လက်ထဲမှာ ရမှတ် ၅၀ လေးနဲ့ အဆင့် ၇ မှာ ရောက်ရှိနေပါတယ်။ Top4 နောရာထက် ၉ မှတ် နည်းနေသေးတယ်။ ဒီပွဲ အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ Stefan Bajcetic အပြင် Firmino၊ N.Keita နဲ့ Calvin Ramsay တို့မှာလည်း ဒီပွဲ ပါဝင်ကစားလို့မရသေးပါဘူး။ ကျန်တဲ့ Alisson Becker, Virgil van Dijk, Diogo Jota, Luis Diaz, Darwin Nunez, Cody Gakpo နဲ့ Mohamed Salah တို့ကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ ဒီပွဲ ကလော့ပ်က ၄-၃-၃ စနစ်နဲ့ စီစဉ်ထားလောက်တယ်။ ဆာလက်နဲ့ နူးနက်ဇ် ပြီးတော့ ဂျိုတာတို့ကို ဂိုးသွင်းဖို့ စီစဉ်ထားပြီး ကွင်းလယ်ပိုင်းကနေ ခံစစ်ပိတ်ဖို့ ဖာဘင်ဟိုကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

ဒီပွဲ တွေ့ဆုံခြင်းနေရာ အချိန်မှန် နေရာမှန် ဖြစ်တယ်လို့ယူဆနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ အခုလက်ရှိ နှစ်သင်းစလုံးရဲ့အခြေနေက ကောင်းတာချင်းတူနေလို့ပါ။ လီဗာပူးလ်ရဲ့တိုက်စစ်ပိုင်းက အရမ်းကြမ်းပြီး နောက်ဆုံး ၂ ပွဲထဲနဲ့ ဂိုး ၉ လုံးတောင် သွင်းနိုင်ကြပါတယ်။ ဒါပေမယ့် စိတ်ပူစရာနေရာကတော့ ခံစစ်ပိုင်းပဲ လွတ်ပေါက်တွေရှိနေပါတယ်။ ပွဲတိုင်းပဲ ဂိုးသွင်းခံရမှာကို ရင်ခုန်နေရပါတယ်။ သူတို့ရဲ့ Top4 နေရာ ရင်ခုန်ချင်သေးတယ်ဆိုရင် ဒီပွဲ ၃ မှတ်ရအောင်တော့ လုပ်မှရမယ်။ ဝက်စ်ဟမ်းတို့ကျတော့ အခုမှ UEFA Conference League အစီစဉ်ထဲက နောက်တစ်ဆင့် ဆန်ကာတင်သွားပါတယ်။ အခုတလော စွမ်းဆောင်ရည်တွေကောင်းပြီး နောက်ဆုံးတစ်ပွဲကမှ ဘုန်းမောက်အပေါ် ၄-၀ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့ဒီလိုနဲ့ လီဗာပူးလ်တို့က သူတို့ကို လွယ်လွယ်လေး နိုင်သွားမယ်မထင်ပါဘူး။ ဒီပွဲ လီဗာပူးလ်ဘက်က တိုက်စစ်ဆင်ပြီး ဝင်လုံးသွားလိမ့်မယ်။ ဝက်စ်ဟမ်းတို့ကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ်။ အဲ့ဒီ တန်ပြန်တိုက်စစ်ဆင်ကစားတဲ့နေရာ ဝက်စ်ဟမ်းရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။ သူတို့မှာ သွက်လက်တဲ့ Benrahma၊ Bowen နဲ့ Antonio တို့ ၃ ယောက်ရှိနေတဲ့အတွက် မြောက်ဘောနဲ့ တန်ပြန်တိုက်စစ်ဆင်လို့ရပါတယ်။ ပြီးတော့ Set play ဘောလည်း ကစားလို့ တော်တော်အဆင်ပြေကြတယ်။ အဲ့နေရာ လီဗာပူးလ်တို့ အားနည်းပါတယ်။ ဒီပွဲကတော့ တော်တော်ကြည့်ကောင်းလိမ့်မယ်။ အစစအရာရာကတော့ လီဗာပူးလ်ဘက်က ပိုသာပြီး အနိုင်ရသွားမယ့်အခွင့်ရေး ပိုများပါတယ်။ ဒါပေမယ့် သရေကျသွားဖို့အခြေနေလည်း ရှိပါတယ်။

11 Players

West ham United (4-2-3-1): Fabianski; Coufal, Zouma, Aguerd, Cresswell; Soucek, Rice, Paqueta; Bowen, Antonio, Benrahma

Liverpool (4-3-3): Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Jones, Fabinho, Henderson; Salah, Nunez, Jota

Missing Players

West ham United : G.Scamacca (Knee Injury)

Liverpool :  Calvin Ramsay (Knee Surgery), Stefan Bajcetic (Tear in the abductor muscle),N.Keita (Muscle Injury), Firmino (Muscle Injury)

မန်စီးတီးအသင်း ဒီနောက်ဆုံး ၅ နှစ်အတွင်းထဲက ဒီနှစ်မှာ မှားယွင်းမှုအများဆုံးပဲဖြစ်ပါတယ်။ ဒါပေမယ့် မှားယွင်းမှု ခန ခန ဖြစ်ပေါ်ပေမယ့် ဖလား ၃ လုံးရဖို့အခွင့်ရေးတော့ ရှိနေတုန်းဖြစ်ပါတယ်။ ပထမတစ်လုံး EPL ဖလားဖြစ်ပြီး အခြေနေတော်တော်ကောင်းနေပါတယ်။ ဒုတိယဖလားကျတော့ FA ဖလားဖြစ်ပြီး တစ်မြို့တည်းသောရန်သူနဲ့ ဖလားတက်လုရမှာဖြစ်တဲ့အတွက် ပိုတောင်သာယာသေးတယ်။ UCL တိုက်ပွဲမှာကျတော့ လီဗာပူးလ်နဲ့ ချယ်လ်ဆီးကို တက်ထောင်းခဲ့တဲ့ ရီးရဲလ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အစစအရာရာ စီးတီးဘက်က ပိုကြည့်ကောင်းပါတယ်။ ဖလား ၃ ခုစလုံးပိုင်ဆိုင်ဖို့အခြေနေကို ပြောမယ်ဆိုရင် ဖြစ်နိုင်ချေတော်တော်များပါတယ်။ ဒီပွဲ အာဆင်နယ်အပေါ် အနိုင်ရရှိခဲ့လို့ရှိရင်တော့ EPL ဖလားရဖို့ ယုံကြည်မှုတွေ အသက်ကုန်ထိုးတက်သွားလိမ့်မယ်။ ပြီးတော့ အာဆင်နယ်တို့ရဲ့ ယုံကြည်မှုကို တစ်ခါတည်းဖျက်ဆီးသွားလိမ့်မယ်။ အဲ့ဒီတော့ ဒီပွဲ ပက်က နည်းစနစ်ကို သေသေချာချာ စီစဉ်ထားလောက်ပါတယ်။ ပြီးတော့ ဒီလိုပွဲကြီးပွဲကောင်းဆိုရင် ပက်က နည်းစနစ်အသစ် တီထွင်တတ်တယ်။ ဒါပေမယ့် ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်သလို သူတို့မှာလည်း ပြန်ခံနိုင်တဲ့အနေအထားပါပဲ။ ဒါပေမယ့်လည်း လက်ရှိ စီးတီးရဲ့အခြေနေနဲ့ဆိုရင် ဘယ်အသင်းမှသူတို့ကို ယှဉ်လို့မရပါဘူး။ Position တိုင်းပဲ အားကောင်းနေတယ်။ ပြီးတော့ ပတ်ပတ်လည်အသုံးပြုဖို့ အရန်ကစားသမားတွေလည်း အပြည့်အစုံရှိနေပါတယ်။ တိုက်စစ်ပိုင်းအတွက် စိတ်ပူစရာမရှိပေမယ့် ခံစစ်ပိုင်းအတွက်ကတော့ နည်းနည်းစိတ်ပူရပါတယ်။ ဒါပေမယ့်လည်း အားကောင်းနေတဲ့ တိုက်စစ်ပိုင်းနဲ့ အဆင်ပြေအောင်ကျော်ဖြတ်နိုင်ပါတယ်။ စီးတီးတို့ရဲ့ ဘောလုံးပိုင်ဆိုင်မှုကြောင့် ခံစစ်ပိတ်ကစားတဲ့နေရာ သိပ်ပြီးမစီစဉ်ခဲ့ရပါဘူး။ ပြိုင်ဘက်ဆီ ဘောလုံးမရောက်တော့ ဂိုးသွင်းခံထိဖို့ လုံးဝကြောက်စရာမလိုပါဘူး။ စီးတီးရဲ့ ကစားသမားတိုင်းပဲ ဘောလုံးကောင်းကောင်းပိုင်ဆိုင်နိုင်တယ်။ အဆင်ပြေအောင်လည်း ကစားနိုင်ကြတယ်။ သူတို့ဆီက ဘောလုံးလုယူရတာ တော်တော်ခက်တယ်။ ၂ ယောက် ၃ ယောက်လောက် ဝင်လုံးမှရမယ်။ ဒါပေမယ့် စီးတီးဘက်က Pressing ပြန်ချုပ်နိုင်ပြီး ဒီဘရိုင်းဆီဘောလုံးရောက်သွားရင်တော့ အခွင့်ရေးမဖြုန်းတတ်တဲ့ ဟာလန်းဆီလည်း ဘောလုံးရောက်ဖို့ရှိပါတယ်။ ဒီပွဲကတော့ ဘယ်လိုပဲကြည့်ကြည့် ၃ မှတ်ရသွားမှာသေချာပါတယ်။

fafa117 အာဆင်နယ်တို့ကျတော့ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ အဲ့ထက်ဆိုးတာ ပွဲတိုင်းပဲ ရုန်းပြီးကျော်ဖြတ်လာခဲ့ရပါတယ်။ ရာသီရဲ့အစပိုင်းတုန်းကကောင်းပြီး ရာသီရဲ့နောက်ဆုံးကာလရောက်တော့ အခြေနေ ကျဆင်းသွားပါတယ်။ ဒီနှစ်မှာ တော်တော်ပြည့်စုံနေတယ်လို့ ထင်ခဲ့ရပေမယ့် တကယ့်တကယ်တော့ အမှားမကင်းသေးပါဘူး။ ဒီပွဲကလည်း သူတို့အတွက် လုပ်ပြရမယ့်တစ်ပွဲ ဖြစ်လိမ့်မယ်။ ဒီပွဲပြီးသွားတာနဲ့ နယူးကာဆယ်နဲ့ ချယ်လ်ဆီးတို့ စောင့်နေပြီးသားဖြစ်ပါတယ်။ ပွဲတိုင်းပဲ ခက်ပါတယ်။ အမှန်တကယ်တော့ သူတို့ ပြီးခဲ့တဲ့ ၃ ပွဲတုန်းက အမှားမရှိသင့်ပါဘူး။ လီဗာပူးလ်နဲ့ပွဲတုန်းက မမှားခဲ့ရင်တော့ ဒီလောက်ထိ စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့်လည်း ပြန်ပြင်လို့မရတော့ပါဘူးလေ။ ဒီရာသီ သူတို့ချန်ပီယံဖြစ်ချင်သေးတယ်ဆိုရင် ဒီပွဲကစပြီး ကျန်တဲ့ပွဲတွေလည်း အနိုင်ရအောင်လုပ်မှရမယ်။ အာဆင်နယ်တို့ရဲ့ လက်ရှိတိုက်စစ်ပိုင်းက အခြေနေတော်တော်ကောင်းပေမယ့် ခံစစ်ပိုင်းကျတော့ သုံးစားလို့မရပါဘူး။ Holding နဲ့တစ်ယောက်ဆိုရင် အခြေနေတော်တော်ဆိုးနေပါတယ်။ William Saliba မရှိတော့တဲ့နောက်ပိုင်း သိပ်ပြီးအဆင်မပြေကြပါဘူး။ Zinchenko နဲ့တစ်ယောက်ကလည်း အာနိုးကို လုပ်ခံထိပြီးနောက် ခြေစွမ်းကျဆင်းသွားတာ ကောင်းကောင်းမြင်ခဲ့ရပါတယ်။ ဒီပွဲ သူတို့ရဲ့ခံစစ်ပိုင်း တော်တော်ပင်ပန်းလိမ့်မယ်။ နောက်ပြီး အနိုင်ရအောင်လည်း ကြိုးစားရမှာဖြစ်တဲ့အတွက် ခံစစ်ပိုင်းမှာ နေရာတော်တော်လွတ်သွားလိမ့်မယ်။ စီးတီးတို့က ဒီဘရိုင်းကို ဒီပွဲအတွက် အနားတော်တော်ပေးထားသောကြောင့် ဘယ်လောက်ထိကြမ်းမလဲဆိုတာ စောင့်ကြည့်ကြပါ။ ဒီပွဲကတော့ အစစအရာရာကြည့်ပြီး စီးတီးဘက်က အဆင်သင့်ပိုဖြစ်ပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ နောက်ဆုံး ၁၀ ပွဲထဲကိုပဲယူကြည့်မယ်ဆိုရင် စီးတီးဘက်က လုံးဝအနိုင်ရသွားတတ်ပါတယ်။ အဲ့ဒီ ၁၀ ပွဲထဲမှာ စီးတီးတို့ အနိုင် ၉ ပွဲတောင် ရရှိသွားပါတယ်။ ဒီပွဲ နှစ်သင်းစလုံး ချန်ပီယံနေရာ ရင်ခုန်ရမှာဖြစ်တဲ့အတွက် အရေးကြီးဆုံးတိုက်ပွဲတစ်ပွဲ ဖြစ်ပါလိမ့်မယ်။ အခုလက်ရှိအခြေနေကတော့ စီးတီးဘက်က အာဆင်နယ်ထက် ပြိုင်ပွဲ ၂ ပွဲနည်းနေပြီး အာဆင်နယ်ထက် ၅ မှတ်ထဲပဲ နည်းနေတော့တယ်။ အဲ့တာနဲ့ စီးတီးဘက်က လက်ကျန်ပွဲ ၂ ပွဲအနိုင်ရသွားလို့ရှိရင် ၆ မှတ်ရပြီး အာဆင်နယ်ထက် ၁ မှတ် သာသွားလိမ့်မယ်။ ဒီပွဲပါ အနိုင်ရသွားလို့ကတော့ ၄ မှတ် ပိုသာသွားလိမ့်မယ်။ ဒီပွဲ မန်စီးတီးဘက်က အနိုင်ရဖို့ ၈၀% လောက်ရှိပါတယ်။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ရာသီတွေကြည့်ပြီး စီးတီးအသင်းဟာ ရာသီရဲ့ နောက်ဆုံးကာလအတွင်း ခြေစွမ်းတော်တော်ညီကြတယ်။ ခြေစွမ်းပြနိုင်ပြီဆိုတာနဲ့ ရာသီရဲ့ နောက်ဆုံးပွဲအထိ ပြသွားတတ်ပါတယ်။ အာဆင်နယ်တို့ကျတော့ ရာသီရဲ့ နောက်ဆုံးကာလအတွင်း‌ ခြေစွမ်းကျဆင်းသွားတတ်ပါတယ်။ တစ်ရာသီနီးပါး အမှတ်တွေတောက်လျှောက်ကောက်သိမ်းနိုင်ပေမယ့် နောက်ဆုံးမှာတော့ ချန်ပီယံနေရာ ဆုံးရှုံးတော့မယ့်အခြေနေ ဖြစ်နေပါတယ်။ နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်နဲ့ အဆင်သင့်ပိုင်းယှဉ်ကြည့်ရင် စီးတီးဘက်က ပိုသာပါတယ်။ စီးတီးမှာ ဒဏ်ရာရထားတဲ့ကစားသမားမရှိပါဘူး။ ကစားသမားတိုင်းက ခြေစွမ်းပြနိုင်နေကြပါတယ်။ marrez၊ grealish၊ foden နဲ့ stone တို့အားလုံးက ခြေစွမ်းကောင်းနေကြပါတယ်။ ကျန်တဲ့ကစားသမားတွေကိုကျတော့ ပြောစရာမလိုပါဘူး။ ရှယ်ကြမ်းနေပါတယ်။ အာဆင်နယ်တို့ကျတော့ အရှေ့တန်း တိုက်စစ်မှူး ၃ ယောက်မှာ ခြေစွမ်းတော်တော်ကောင်းကြပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းမှာ Saliba မရှိတော့တဲ့အတွက် အသင်းနဲ့ တော်တော်ထိခိုက်သွားပါတယ်။ အဲ့တာကြောင့် သူတို့ ချန်ပီယံရဖို့အရေး အရမ်းပဲခက်နေပါတယ်။ ဒီနေ့မှာတော့ ဘယ်လိုပဲကြည့်ကြည့် စီးတီးဘက်က ပိုကောင်းပါတယ်။ လီဗာပူးလ်နဲ့ နှစ်တိုင်းပဲ ချန်ပီယံလုယက်တယ်။ အာဆင်နယ်နဲ့ လုရတာထက်တောင် ပိုခက်ပါတယ်။ ဒီပွဲကတော့ မန်စီးတီးမှ မန်စီးတီးပဲဗျ။

11 Players

Man City (3-4-3) – Ederson – Akaji – Dias – Laporte – Stone – Gundogun – Mahrez – De Bruyne – Grealish – Silva – Haaland

Arsenal (4-2-3-1) – Ramsdale – Tierney – Magalhaes – White – Holding – Partey – Odegaard – Xhaka – Saka – Martinelli – Jesus

Missing Players

Manchester City – ဒဏ်ရာရထားတဲ့ကစားသမားမရှိပါ။

Arsenal FC – Mohamed Elneny (Knee Injury), William Saliba (Back Injury), Oleksandr Zinchenko (Unknown Injury), Takehiro Tomiyasu (Knee Surgery)