FA cup ဖလားလုပွဲ

FA cup ဖလားလုပွဲ မန်စီးတီး Vs ချယ်လ်ဆီး [20 Apr 24 - 22:45 hrs]

FA cup ဖလားလုပွဲ မန်စီးတီးအသင်း အခုမှ ချန်ပီယံလိဂ်ကနေ အပယ်ခံထိလာပါတယ် ဒီအစီစဉ်မှာ ဗိုလ်လုပွဲအထိ ရည်ရွယ်ထားတဲ့အတွက် အပီကစားဖို့ရှိပါတယ် သူတို့ဆီမှာရှိတဲ့ အကောင်းဆုံးကစားသမားနဲ့ပဲ ဝင်လုံးလိမ့်မယ် အဲ့တော့ စိတ်ပူစရာအကြောင်းမရှိပါဘူး ချယ်လ်ဆီးအသင်းကျတော့ ဒီအချိန်မှာ ဘယ်အသင်းကိုမှ မကြောက်တော့ပါဘူး နောက်ဆုံးတစ်ပွဲတုန်းကလည်း ပြိုင်ဘက်ကို ၆ ဂိုးသွင်းလာတယ် ပြီးတော့ ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့စံချိန်ကိုလည်း ပိုင်ဆိုင်ထားတယ် အဲ့ဒီလိုနဲ့ပဲ မန်စီးတီးကို မကြောက်မရွံ့ပဲ ဝင်လုံးလိမ့်မယ် ဂိုးပြတ်သားနိုင်မလားပဲ စောင့်ကြည့်ရလိမ့်မယ် ကစားပွဲအခြေနေကတော့ နှစ်သင်းစလုံး တိုက်စစ်ဆင်ပြီးဝင်လုံးခဲ့ကြလိမ့်မယ် မန်စီးတီးဘက်က ကစားပွဲပိုထိန်းချုပ်နိုင်မယ်ထင်တယ် ဒါပေမယ့် ချယ်လ်ဆီးအသင်းက အသင်းကြီးအချင်းချင်း ရင်ဆိုင်ခဲ့ရရင် လျှို့ဝှက်ခြေစွမ်းတွေ ထုတ်သုံးတတ်ပါတယ် အဲ့ဒီလိုနဲ့ပဲ ဒီပွဲ မနိုင်မရှုံးလေးတိုက်ခိုက်ပြီး အတော်လေးကြည့်ကောင်းလိမ့်မယ် မှားယွင်းမှုနဲ့ ပြန်သားမှုချင်း ယှဉ်ခဲ့ရလိမ့်မယ် စိတ်ဝင်စားစရာကောင်းတာကတော့ ဒီရာသီအတွင်း  လိဂ်ပွဲစဉ်မှာ ရင်ဆိုင်ခဲ့ကြပြီး ၁၀ ဂိုးတောင် သွင်းနိုင်ကြပေမယ့် အနိုင်အရှုံးမရှိခဲ့သေးပါဘူး လက်ရှိ နှစ်သင်းစလုံးရဲ့ အစစအရာရာ ယှဉ်ကြည့်ရင် မနိုင်မရှုံးလေးဖြစ်တယ် ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲတုန်းက မန်စီးတီးဘက်က ပိုသာပေမယ့် ဒီပွဲမှာတော့ အမလွယ်သေးပါဘူး အချိန်ပိုအထိ ကစားဖို့တောင်ရှိတယ် ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အတွေ့အကြုံပိုများတဲ့မန်စီးတီးဘက်ကပဲ ကပ်နိုင်သွားမယ်ထင်တယ်။

Manchester City : အိမ်ရှင်မန်စီးတီးအသင်း အခုမှ ရီးရဲလ်ကိုရှုံးလာပြီး ချန်ပီယံလိဂ်ကနေ အပယ်ခံထိလာပါတယ် ဒါပေမယ့် ဒီအစီစဉ်ထဲမှာတော့ ဖြစ်ချင်တိုင်း ဖြစ်နေတုန်းပါ နောက်ဆုံးတစ်ပွဲ နယူးကာဆယ်ကို ၂-၀ နဲ့ အနိုင်ရလာပြီး ဒီအဆင့်ကို တက်ရောက်လာပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ John Stones နဲ့ Nathan Ake တို့ရဲ့ အခြေနေကို စစ်ဆေးဖို့ပဲလိုပါတော့တယ် နှစ်ယောက် ဒဏ်ရာရထားတယ် ကျန်တာ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဘန်းခံထိသွားတဲ့ကစားသမားလည်းမရှိဘူး ပက်က ဒီပွဲ သူ့အသင်းရဲ့ ခံစစ်နေရာမှာ Kyle Walker, Manuel Akanji, Ruben Dias နဲ့ Yosco Guardiol တို့ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်နေရာမှာ Bernardo Silva, Rodri, Kevin de Bruyne, Jeremy Dogu နဲ့ Phil Foden တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် ဂိုးသွင်းဖို့ Striker နေရာမှာကျတော့ Erling Haaland ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Chelsea : ချယ်လ်ဆီးအသင်း လီဗာပူးလ်နဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ရှုံးသွားကတည်းက အခုထိ ရှုံးပွဲမရှိတာ ၈ ပွဲဆက်တိုက် ရှိသွားပါပြီ နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းပြပြီး အဲဗာတန်အပေါ် ၆-၀ နဲ့ ပိုးစိုးပက်စက် အနိုင်ကောက်ရလာတယ် ဒီအစီစဉ်သီးသန့်ကျတော့ ၈ သင်းအဆင့်တုန်းက လက်စတာနဲ့တွေ့ပြီး မနည်းရုန်းကန်လိုက်ရပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေတယ် ဥပမာ Wesley Fofana, Romeo Lavia, Christopher Nkunku, Reece James, Lesley Ugochukwu, Levi Colville နဲ့ Ben Chilwell တို့ပါပဲ ပြီးတော့ Robert Sanchez က ဆင်းနိုင်မလားမသေချာသေးပါဘူး ပွဲပယ်စာရင်းထဲမှာတော့ လူသစ်နာမည်ပေါ်မလာသေးပါဘူး ဒီပွဲ ပိုချက်တီနိုက သူ့အသင်းရဲ့ ခံစစ်မှူး ၄ ယောက်နေရာမှာ Malo Gusto, Axel Disasi, Trevoh Chalobah နဲ့ Marc Cugureya တို့ကိုပဲ တာဝန်ပေးပြီး အလယ်တန်းနေရာ Moises Caicedo, Enzo Fernandez, Noni Madueke နဲ့ Mikailo Mudrik တို့ကို တာဝန်ပေးထားလိမ့်မယ် ပြီးရင် ဂိုးသွင်းဖို့နေရာ Cole Palmer နဲ့ Nicholas Jackson တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Palyers

Manchester City (4-1-4-1) : Ortega; Walker, Stones, Dias, Ake; Rodri; Foden, De Bruyne, Alvarez, Doku; Haaland

 

Chelsea (4-2-3-1) : Petrovic; Gusto, Chalobah, Silva, Chilwell; Caicedo, Fernandez; Palmer, Gallagher, Sterling; Jackson

 

Missing players

Manchester Cityအသင်းအခြေအနေက ပြီးပြည့်စုံတယ်။ ဒဏ်ရာရ ကစားသမားများ မရှိကြောင်း သိရသည်။

 

Chelsea – Axel Disasi (unknown injury), Enzo Fernández (unknown injury), Levi Colwill (Toe injury), Reece James (surgery), Lesley Ugochukwu (Hamstring injury), Christopher Nkunku (Hamstring injury), Wesley Fofana (Cruciate ligament tear), Roméo Lavia (Hamstring injury)

Facebook

ဝုဗ်အသင်း နောက်ဆုံး ၁၀ ပွဲကစားပြီး အခြေနေသိပ်မကောင်းပဲ ၄ ပွဲသာ အနိုင်ရထားပါတယ် သူတို့ရဲ့စံချိန်ကိုကြည့်ပြီး အမှတ် ၄၀ ကျော်ပြီဆိုတော့ အတန်းဆင်းမယ့်ဇုန်ထဲပါဖို့မရှိတော့ပါဘူး အဲ့ဒီတော့ အဆင့်မြင့်နိုင်သလောက် မြင့်အောင်လုပ်ဖို့ပဲလိုတော့တယ် ဒီပွဲ သူတို့ အဓိကကတိုက်စစ်မှူးကို တော်တော်များများ ကိုင်တွယ်လို့မရသေးတော့ တိုက်စစ်ပိုင်းနဲ့ အရမ်းထိခိုက်လိမ့်မယ် အာဆင်နယ်အသင်းကျတော့ အရင်တစ်ပတ်တုန်းက ရင်နာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ် ဘိုင်ယန်အသင်းကြောင့် ချန်ပီလိဂ်မှ အပယ်ခံထိခါပြီး လိဂ်ထဲမှာ အက်စတွန်ဗီလာကို ထပ်ရှုံးလာတယ် အဆင့် ၁ နေရာကို ဆုံးရှုံးသွားပါတယ် ဝုဗ်အသင်းကျတော့ အတန်းဆင်းမယ့်ထဲ လွတ်သွားပြီကတည်းက ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတယ် ဒီပွဲမှာတော့ အာဆင်နယ်ဘက်က သူတို့စတိုင်လ်အတိုင်း FA cup ဖလားလုပွဲ  တိုက်စစ်ဆင်ပြီးဝင်လုံးမယ် ဝုဗ်တို့ကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ် အာဆင်နယ်အသင်းက ၁၀၀% ဖြစ်နေရင်တော့ ထင်သလောက်မထက်ပါဘူး ဒါပေမယ့် လောလောဆယ် ယုံကြည်မှုပိုင်း အားနည်းနေကြတာဆိုတော့ တော်တော်ရုန်းခဲ့ရလိမ့်မယ် အနိုင်သာရအောင် လုပ်မှဖြစ်မယ် ဒီပွဲ အာဆင်နယ်ဘက်က အနိုင်ရမှာတော့သေချာပါတယ် ဒါပေမယ့် ရုန်းကန်ရလိမ့်မယ် Position အသီးသီး ယှဉ်ကြည့်ရင် အာဆင်နယ်ဘက်ကပိုသာတယ် ကစားသမားတွေကစ အသင်းရဲ့စွမ်းဆောင်ရည်ကပါ ပိုသာတယ် အားပေးသံတွေကြောင့်ပဲ နစ်နာလိမ့်မယ် ဒီပွဲ စောစောစီးစီး ဂိုးသွင်းနိုင်လို့ကတော့ အိမ်ရှင်ရဲ့ အားပေးသံတွေကလည်း အလကားပါပဲ ဒီပွဲ အာဆင်နယ်အသင်း ၃ မှတ်ရမှာသေချာတယ်။

Wolves : ပရီးမီးယားလိဂ် အဆင့် ၁၁ မှာရပ်တည်နေတဲ့ဝုဗ်အသင်းဟာ ဒီရာသီ ၃၂ ပွဲကစားပြီး ၁၂ ပွဲနိုင် ၇ ပွဲသရေနဲ့ ၁၃ ပွဲ ရှုံးနိမ့်ထားပါတယ် ၄၃ မှတ်နဲ့ ရပ်တည်နေတယ် နောက်ဆုံးတစ်ပွဲတုန်းက ဖောရက်စ်နဲ့ ၂-၂ သရေကျလာတဲ့အတွက် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၁ ပွဲနိုင် ၂ ပွဲသရေနဲ့ ၂ ပွဲရှုံးထားပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Craig Dawson, Pedro Neto နဲ့ Jean-Rigner Bellegarde တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Nelson Semedo နဲ့ Rayan I-Nuri တို့ကျတော့ ဆင်းနိုင်မလားဆိုတာ အခြေနေစစ်ဆေးဖို့လိုသေးတယ် ဒီပွဲ အသင်းနည်းပြက ၃-၄-၂-၁ စနစ်နဲ့ သူ့ရဲ့ဂိုးသမားနေရာ Jose Sarr ကိုပဲ တာဝန်ပေးပြီး နောက်ခံနေရာမှာ Maximilian Kilman, Santiago Bueno, Toti Gomes တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် တောင်ပံခံစစ်ကျတော့ Nelson Semedo နဲ့ Matt Doherty တို့ကိုပဲ တာဝန်ပေးပြီး အလယ်တန်းနေရာမှာ Joao Gomes နဲ့ Mario Lemina တို့နှစ်ယောက်ကို တွဲထားလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းမှာ Hwang Hee-chan, Paulo Sarabia နဲ့ Matheus Cunha တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Arsenal : ပရီးမီးယားလိဂ်အဆင့် ၂ မှာရှိတဲ့ အာဆင်နယ်အသင်းကျတော့ ဒီရာသီ ၃၂ ပွဲကစားပြီး ၂၂ ပွဲနိုင် ၅ ပွဲသရေနဲ့ ၅ ပွဲရှုံးနိမ့်ထားပါတယ် ၇၁ မှတ်နဲ့ ရပ်တည်နေတယ် နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့အက်စတွန်ဗီလာကို ၂-၀ နဲ့ ရှုံးနိမ့်လာတဲ့အတွက် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံး လုပ်ထားနိုင်ပါတယ် ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့စံချိန်ကို သိမ်းသွားခဲ့ပါပြီ အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Jurrien Timber ကို ကိုင်တွယ်လို့မရသေးပါဘူး ကျန်တဲ့ကစားသမားတေါကျတော့ ကိစ္စမရှိပါဘူး အားလုံး အဆင်သင့်ပဲ ဖြစ်နေကြပါတယ် အာတီတာက ဒီပွဲ ၄-၃-၃ စနစ်နဲ့ ဂိုးသမားနေရာ David Raya ကိုပဲ တာဝန်ပေးပြီး နောက်ခံနေရာ Ben White, William Saliba, Gabriel Magalhaes နဲ့ Jakub Kivior တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် အလယ်တန်းနေရာကျတော့ Jorginho, Declan Rice နဲ့ Martin Odegaard တို့ကိုပဲ တာဝန်ပေးပြီး တိုက်စစ်ပိုင်းနေရာမှာ Bukayo Saka, Gabriel Martinelli နဲ့ Kai Havertz ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Wolves (3-4-2-1) : Sa; Kilman, Dawson, Toti; Semedo, Lemina, Gomes, Doyle, Ait-Nouri; Cunha, Hwang.

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Tomiyasu; Partey, Rice, Odegaard; Saka, Havertz, Trossard.

 

Missing Players

Wolves – Pedro Neto (Hamstring injury),Craig Dawson (Groin Injury), J. Bellegarde (Ankle Injury), R.Ait-Nouri (Calf Injury)

Arsenal – Jurrien Timber (Cruciate ligament tear)

Facebook