FA cup ပွဲစဥ်များကြိုတင်ခန့်မှန်းခြင်း

မန်စီးတီး Vs Huddersfield Town [ 7 Jan 24 - 20:30 hrs]

FA cup ပွဲစဥ်များကြိုတင်ခန့်မှန်းခြင်း  ဖလားပွဲမှာ မထင်မှတ်တဲ့ တကျော့ပြန်တိုက်ခိုက်မှုတွေဖြစ်တတ်ပြီး “jack the giant slayer” လိုအသင်းမျိုးတွေ ခန ခန မြင်ခဲ့ရပေမယ့် ဒီပွဲမှာတော့ jack ကြီး မွေးဖွားနိုင်မယ်မထင်ပါဘူး ဘာလို့လဲဆိုတော့ နှစ်သင်းစလုံးရဲ့ အရည်အသွေးက အရမ်းကွာဟနေလို့ပါ မန်စီးတီးဘက်က ဒုတိယကစားသမားအဖွဲ့အစုကို အသုံးပြုပေမယ့် Huddersfield Town အသင်းထက်တော့ အများကြီးသာနေတုန်းပါ အဲ့ထက်ကောင်းတာ မန်စီးတီးအသင်းဟာ အခုနောက်ပိုင်း အခြေနေတွေ ပြန်ကောင်းနေပါပြီ Huddersfield Town အသင်းကျတော့ အခုအချိန်မှာ ချန်ပီရှစ်အတွင်း အတန်းမဆင်းအောင် ရုန်းကန်နေပါတယ် ဒီပွဲမှာတော့ ပက်အတွက် ကိစ္စမရှိပါဘူး ဂိုးများများသွင်းနိုင်မလားပဲ စောင့်ကြည့်ရလိမ့်မယ်။

Manchester City : အိမ်ရှင်မန်စီးတီးအသင်း နောက်ဆုံး ၇ ပွဲကစားပြီး ၆ ပွဲနိုင်ထားပါတယ် လတ်တလော ပရီးမီးယားလိဂ် အဆင့် ၃ မှာရပ်တည်နေပါတယ် လက်ထဲ အမှတ် ၄၀ ကိုင်ဆောင်ထားပြီး လီဗာပူးလ်ရဲ့နောက်ကနေ ၅ မှတ်လိုက်နေပါတယ် ဒါပေမယ့် လီဗာပူးလ်ဘက်က ၁ ပွဲ ပိုကစားထားပါတယ် ဒီပွဲမှာတော့ မန်စီးတီးအသင်းဟာ ချန်ပီယံဟောင်းအနေနဲ့ ဆင်းကစားမှာဖြစ်ပါတယ် မနှစ်တုန်းက ဗိုလ်လုပွဲမှာ မန်ယူကို ၂-၁ နဲ့ကပ်နိုင်ပြီး ဖလားရသွားပါတယ် ဒီပွဲ သူတို့မှာ ဒဏ်ရာရထားတဲ့ John Stones ကို အသုံးပြုလို့မရသေးပါဘူး Jeremy Dogu နဲ့ Erling Haaland တို့က ဒဏ်ရာသက်သာပြီဆိုပေမယ့် အခြေနေစစ်ဆေးဖို့ လိုပါသေးတယ် Kevin de Bruyne ကျတော့ မနှစ်မှ ၈ လပိုင်းကတည်း အခုထိ အနားယူခဲ့ရပြီး ဒီပွဲ ပြန်ဆင်းနိုင်ပြီထင်ပါတယ် ဒါပေမယ့်လည်း အရန်ထိုင်ခုံမှာပဲ အရင်ဆင်းထိုင်ရမယ်ထင်တယ် ပက်ရဲ့စည်းစနစ်ကတော့ ဒီပွဲ ဒုတိယကစားသမားတွေကိုပဲ အသုံးပြုသွားမယ်ထင်တယ် Stefan Ortega, Sergio Gomez, Oscar Bobb, Calvin Phillips တို့ကစ ဆင်းခွင့်ရမှာဖြစ်ပြီး Manuel Akanji, Phil Foden, Julian Alvarez တို့နဲ့အတူ ဆင်းကစားခဲ့ရလိမ့်မယ်။

Huddersfield town :  အသင်းကျတော့ အခြေနေဆိုးရွားနေတယ် နောက်ဆုံး ၈ ပွဲကစားပြီး ၁ ပွဲသာနိုင်ထားတယ် အဲ့ဒီတော့ ချန်ပီယံလိဂ်အတွင်း အဆင့် ၂၁ မှာရပ်တည်နေတယ် အတန်းဆင်းမယ့်ဇုန်ထက် ၃ မှတထဲပဲ ပိုသာပါတယ် ဒီပွဲမှာတော့ အရမ်းကြမ်းတဲ့မန်စီးတီးနဲ့ရင်ဆိုင်ရမှာဆိုတော့ အသင်းနည်းပြအပေါ် သနားမိပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Jonathan Hogg, Matthew Pearson, Daniel Ward, Kian Harratt, Josh Ruffels နဲ့ Oliver Turton တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံးမှာ ဒဏ်ရာရထားကြလို့ပါ ကျန်တဲ့သူတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ ခံစစ်ပိုင်းကွင်းလယ်နေရာ Tom Lees, Michal Helich နဲ့ Yuta Nakayama တို့ကိုပဲ တာဝန်ပေးထားပြီး စည်းဘေးခံစစ်မှူး နှစ်ယောက်ကိုကျတော့ David Kasumu နဲ့ Loik Ayina တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် အလယ်တန်းနေရာကျတော့ Ben Wiles, Rarmani Edmonds-Green နဲ့ Jack Rudoni တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးပြီး ဂိုးသွင်းဖို့နေရာကျတော့ Zorba Thomas နဲ့ Josh Koroma တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Manchester City (4-2-3-1) : Ortega; Walker, Dias, Akanji, Gomez; Lewis, Kovacic; Bobb, Foden, Hamilton; Alvarez

Huddersfield town (5-3-2) : Nicholls; Lees, Ayina, Helik; Kasumu, Rudoni, Wiles, Diarra, Edmonds-Green; Thomas, Koroma

Missing Players

Manchester City –  Erling Haaland (Stress reaction of the bone), Jérémy Doku (Muscle injury), Zack Steffen (Knee surgery)

Huddersfield town

Facebook

အာဆင်နယ်အသင်းဟာ နောက်ဆုံး ၃ ပွဲစံချိန်ထဲမှာ စိတ်ပျက်စရာကောင်းပေမယ့် ဒီပွဲမှာတော့ ပြောင်းလဲမှုတစ်ခုခု မြင်ရမယ်ထင်တယ် အရမ်းကောင်းတဲ့ တိုက်စစ်မှူးမရှိတဲ့လီဗာပူးလ်ကို နိုင်သွားနိုင်တယ် နောက်ပြီး လီဗာပူးလ်မှာ ကွင်းလယ်ကစားသမားဖြစ်တဲ့ Szoboszlai လည်းမရှိဘူး အဲ့နေရာ အကျောရထားပါတယ် အရင်တစ်ပွဲကရှုံးထားတော့ ဒီပွဲ အရမ်းကြိုးစားလိမ့်မယ် နှစ်သင်းစလုံးရဲ့ လက်ရှိစွမ်းဆောင်ရည်က ကွဲပြားပါတယ် အာဆင်နယ်မှာ ခြေစွမ်းတွေကျဆင်းပြီး ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားတယ် ယုံကြည်မှုပြန်ရဖို့ ဒီပွဲ  FA cup ပွဲစဥ်များကြိုတင်ခန့်မှန်းခြင်း ထပ်ပြီးရှုံးလို့မရတော့ပါဘူး သူတို့ရဲ့ပစ်မှတ်က လိဂ်ချန်ပီယံဆိုပေမယ့် FA ဖလားကိုလည်း ကျော်ကြည့်လို့မရသေးပါဘူး သူတို့က ဒီဖလားကို အများဆုံး ၁၄ ကြိမ်ရသွားခဲ့ဖူးတဲ့အသင်း ဖြစ်နေလို့ပါ လီဗာပူးလ်အသင်းကျတော့ တစ်နေ့တစ်ခြား ပိုမိုအားကောင်းလာတယ် ဒီပွဲ အဝေးကွင်းနဲ့ ကစားရမှာဆိုပေမယ့် အိမ်ရှင်အသင်းထက်တော့ မညံ့တာသေချာတယ် ဒီပွဲ လီဗာပူးလ်ဘက်ကရှုံးဖို့မရှိပဲ အနိုင်ရသွားချင် ရသွားနိုင်ပါတယ်။

Arsenal : အာဆင်နယ်အသင်းဟာ အလကားနေရင်းနဲ့ ညံ့သွားပါတယ် လိဂ်ပွဲစဉ်မှာ ၂ ပွဲဆက်တိုက်ရှုံးပြီး အဆင့် ၄ နေရာ ကျဆင်းသွားတယ် အဆင့် ၁ မှာရှိတဲ့လီဗာပူးလ်ရဲ့နောက်ကနေ ၅ မှတ်လိုက်နေရပါပြီ အာတီတာက နှစ်သစ်ကူးပြီး FA ဖလားပွဲထဲ စတင်တင်ပြိုင်နေပါတယ် အာဆင်နယ်အသင်းဟာ FA ဖလားကို ၁၄ ကြိမ်ရခဲ့ဖူးပါတယ် ဒါပေမယ့် ၂၀၂၀ ခုနှစ် Wembley ကွင်းမှာ ဖလားရပြီးနောက် ဖလားနဲ့ ထိတွေ့မှုမရှိသေးပါဘူး နောက်ဆုံး ၂ ရာသီတုန်းက မန်စီးတီးကို အဆင့် ၄ မှာရှုံးပြီး ဝက်စ်ဟမ်းကိုလည်း အမ်းမရိတ်ကွင်းနဲ့ နောက်ဆုံး ၁၃ ပွဲထဲက ပထမဆုံး ရှုံးနိမ့်မှုရသွားခဲ့ပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာသက်သာပေမယ့် နိုင်ငံအသင်းအတွက် သွားကစားဖို့ရှိနေတဲ့ Takehiro Tomiyasu ကို အသုံးပြုလို့မရသေးပါဘူး အီဂျစ်လူမျိုးနဲ့ Mohamed Elneny ရောပဲ ဒီပွဲ မပါသေးပါဘူး Thomas Partey, Jerrion Timber နဲ့ Fabio Vieira တို့ကျတော့ ဒဏ်ရာမသက်သာသေးပါဘူး အခြေနေ နည်းနည်းကောင်းနေတဲ့ Oleksandr Zinchenko ကပဲ ဒီပွဲ ပါနိုင်ရင် ပါနိုင်လိမ့်မယ် ဒါပေမယ့်လည်း အသုံးပြုရဲမလားတော့မသိဘူး။

Liverpool : အနီရောင်အင်ဂျင်ဆိုတဲ့ လီဗာပူးလ်အသင်းကျတော့ လတ်တလော အခြေနေတွေကောင်းနေပါတယ် လိဂ်ထဲ ချန်ပီယံဖြစ်မယ့် နာမည်စာရင်းထဲပါနေတယ် ဖလားပွဲအစီစဉ်တွေမှာလည်း ယူရိုပါလိဂ်, ကာရာဘောင်းနဲ့ FA ဖလားတွေ ကျန်နေသေးတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းကသရေကျလာပေမယ့် သူတို့ဟာ ၁၈ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့စံချိန်ကို ပိုင်ဆိုင်ထားပါတယ် ပြီးခဲ့တဲ့နှစ် ၄ လပိုင်း ချယ်လ်ဆီးနဲ့ ၀-၀ ကျသွားပြီးနောက် စပြီးတွက်ချက်ထားပါတယ် အခုအချိန်အချိန်မှာ ၉ ကြိမ်မြောက် FA ဖလားချန်ပီယံဖြစ်ချင်နေပါတယ် ၂၀၂၁-၂၀၂၂ ခုနှစ်တုန်းက ဘရိုက်တန်ကိုရှုံးပြီး ပြိုင်ပွဲအဆင့် ၄ မှာအပယ်ခံထိသွားပေမယ့် အဲ့လိုဖြစ်ရပ်မျိုးဟာ ၂ နှစ်ဆက်တိုက်တော့ ဖြစ်မပေါ်လောက်ပါဘူး ဒီပွဲ ဆာလာနဲ့ Wataru Endo တို့မရှိပေမယ့် အဆင်ပြေအောင်တော့ လုပ်နိုင်ကြမယ်ထင်တယ် အသင်းရဲ့အဆင်သင့်ပိုင်းက ဒီပွဲ Joel Matip, Thiago Alcantara, Stefan Bycetic, Andrew Robertson နဲ့ Kostas Tsimikas တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် ဒါပေမယ့်လည်း ကျန်တဲ့ကစားသမားတွေက ဘယ်အသင်းကိုမှမကြောက်ပါဘူး ဒီပွဲ အမ်းမရိတ်ကွင်းကိုချီတက်ပြီး အနိုင်ရတဲ့အထိ ရည်ရွယ်ထားကြ လောက်ပါတယ် သရေကျသွားလို့ကတော့ အန်ဖီးလ်ကွင်းနဲ့ ပြန်ကစားရလိမ့်မယ် အဲ့အချိန်ကျရင် ကစားသမားတွေ အရမ်းပဲပင်ပန်းလိမ့်မယ်။

11 Players

Arsenal (4-3-3) : Ramsdale; White, Saliba, Gabriel, Kiwior; Odegaard, Rice, Havertz; Saka, Jesus, Martinelli

Liverpool (4-3-3) : Alisson; Alexander-Arnold, Konate, Van Dijk, Gomez; Jones, Mac Allister, Gravenberch; Jota, Gakpo, Diaz

Missing Players

Arsenal – Fábio Vieira (Groin surgery), Oleksandr Zinchenko (Calf problems), Jurrien Timber (Cruciate ligament tear)

Liverpool – Konstantinos Tsimikas (Broken collarbone), Stefan Bajcetic (Calf injury), Andrew Robertson (Shoulder injury), Ben Doak (Meniscus tear), Dominik Szoboszlai (Hamstring injury), Joel Matip (Cruciate ligament tear)

Facebook