FA cup ပြိုင်ဆိုင်မှု

ဆန်းဒါးလန်း Vs နယူးကာဆယ် [ 6 Jan 23 - 7:15 hrs]

FA cup ပြိုင်ဆိုင်မှု  Tyne-Wear ဒါဘီ နောက်ဆုံး ၉ ပွဲထဲမှာ ဆန်းဒါးလန်းဘက်က နယူးကာဆယ်ကို တစ်ပွဲမှမရှုံးပဲ ၆ ပွဲတောင် အနိုင်ရရှိသွားခဲ့ဖူးပေမယ့် လက်ရှိအချိန်မှာတော့ အစစအရာရာ နယူးကာဆယ်ဘက်က အရမ်းပဲပိုသာသွားပါပြီ ဒီပွဲဟာ ပြင်တွင်းအကောင်းဆုံးဒါဘီတိုက်ပွဲဖြစ်တဲ့အတွက် အရမ်းပဲကြည့်ကောင်းလိမ့်မယ် ဒါပေမယ့်လည်း လက်ရှိအချိန် နှစ်သင်းစလုံးရဲ့အရည်အချင်းက အရမ်းကွာဟနေတော့ နယူးကာဆယ်တို့ပဲ အသာလေးနဲ့ အနိုင်ကောက်ရသွားမယ်ထင်ပါတယ်။

Sunderland : အိမ်ရှင်ဆန်းဒါးလန်းအသင်းဟာ ဒီပွဲ Niall Huggins, Dennis Serkin နဲ့ လိဂ်တိုက်ပွဲမှာအရမ်းကောင်းတဲ့ Bradley Dak တို့ကို အသုံးပြုလို့မရသေးပါဘူး Patrick Roberts ဆိုတဲ့ တောင်ပံကစားသမားမှာလည်း ဒဏ်ရာရထားလို့ မပါနိုင်သေးပါဘူး ဒီပွဲ အရမ်းကောင်းတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် သူတို့ဆီမှာရှိတဲ့ အကောင်းဆုံးကစားသမားတွေကိုပဲ အသုံးပြုသွားလိမ့်မယ် အသက် ၁၈ နှစ် ကြယ်ပွင့်ကစားသမား Jobe Bellingham က ဦးဆောင်လာမှာဖြစ်ပြီး Alex Pritchard နဲ့ ထာဝရဂိုးဖန်တီးရှင် Jack Clark တို့နဲ့အတူ ပါဝင်ကစားလိမ့်မယ် ပြီးရင် Nazarene Rusin ကို Striker နေရာ တာဝန်ပေးထားလိမ့်မယ်။

Newcastle United : နယူးကာဆယ်အသင်းကျတော့ မထင်ထားပဲ စွမ်းဆောင်ရည်အသက်ကုန်ထိုးကျနေပါတယ် ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲ လီဗာပူးလ်ကို ၂-၄ နဲ့ ရှုံးနိမ့်ခဲ့ပြီး အဆင့် ၉ နေရာ ကျဆင်းသွားပါတယ် သူတို့ကစားသမားတွေက Africa Cup of Nations နဲ့ Asian Cup ပွဲအစီစဉ်တွေထဲ ပါဝင်ကစားဖို့မရှိပေမယ့် အသင်းထဲမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးပဲရှိနေပါတယ် Harvey Barnes, Elliott Anderson, Callum Wilson နဲ့ Kieran Trippier ကစ ဒဏ်ရာရထားပြီး အခြေနေစစ်ဆေးဖို့ လိုပါသေးတယ် ဒီပွဲ သူတို့ပြိုင်ဘက်က သူတို့ထက်အဆင့်နိမ့်တဲ့အတွက် အသင်းနည်းပြက ကစားသမား Rotation ချထားလိမ့်မယ် Lewis Hall က ဘယ်နောက်ခံနေရာ အခွင့်ရေးရမယ် ညာနောက်ခံနေရာကျတော့ Emil Krafth ကိုပဲ တာဝန်ပေးထားလောက်ပါတယ် တိုက်စစ်ပိုင်းနေရာ Matt Ritchie က Alexander Isak၊ Miguel Almiron တို့နဲ့အတူ ဆင်းကစားရမယ်ထင်ပါတယ်။

11 Players

Sunderland (4-2-3-1) : Bishop; Hume, Ballard, O’Nien, Alese; Ekwah, Neil; Pritchard, Bellingham, Clarke; Rusyn

Newcastle United (4-3-3) : Karius; Livramento, Schar, Lascelles, Hall; Miley, Guimaraes, Longstaff; Ritchie, Isak, Gordon

Missing Players

Sunderland – Corry Evans (Cruciate ligament injury)

Newcastle United – Matt Targett (Hamstring injury), Nick Pope (Shoulder injury), Elliot Anderson (Back injury), Kieran Trippier (Groin injury), Joe Willock (Achilles tendon problems), Jacob Murphy (Shoulder injury), Callum Wilson (Calf injury), Harvey Barnes (Foot injury)

Facebook

ချယ်လ်ဆီအသင်းဟာ လောလောဆယ်အခြေနေတွေကောင်းနေပါတယ် လိဂ်ပွဲစဉ်မှာ ၂ ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့အတွက် ယုံကြည်မှုအပြည့် ရှိနေကြလောက်တယ် ဒါပေမယ့်လည်း သူတို့ရဲ့ခံစစ်ပိုင်းက ချို့ယွင်းမှုအနည်းငယ်ရှိနေပါတယ် အဓိကခံစစ်မှူးတွေ ဒဏ်ရာရထားလို့ အားနည်းသွားတာပါ Preston အသင်းကျတော့ နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲနိုင် ၄ ပွဲရှုံးဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ညံ့မှန်း ကောင်းကောင်းမြင်ခဲ့ရပါတယ် ဒီပွဲ ချယ်လ်ဆီးအတွက် မနှစ်ကထက် လွယ်ကူပါတယ် မနှစ်တုန်းက FA ဖလားတတိယအဆင့်မှာ မန်စီးတီးကြီးနဲ့တွေ့ရတယ် အဲ့တာနဲ့ စောစောစီးစီးပဲ FA cup ပြိုင်ဆိုင်မှု   အပယ်ခံထိသွားခဲ့တယ် Preston အသင်းကတော့ ဒီပွဲ ဘာဆုံးရှုံးမှုမှမရှိတော့ပဲ ကစားကြမှာဖြစ်ပါတယ် အစစအရာရာက ချယ်လ်ဆီးကိုမမှီသေးပါဘူး အဝေးကွင်းပါဖြစ်နေတဲ့အတွက် တော်တော်ခံခဲ့ရမယ်ထင်ပါတယ် ချယ်လ်ဆီးအသင်းကျတော့ တိုက်စစ်ဆင်ပြီးဝင်လုံးမှာသေချာတယ် Preston တို့က ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ် ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်ပိုင်းက Bus ကားလိုပုံစံမျိုးနဲ့ ခံစစ်ပိတ်ကစားတတ်တဲ့အသင်းကို သိပ်ပြီး မထိုးဖောက်နိုင်ပါဘူး အဲ့နေရာ Preston ဘက်က ဘယ်လောက်ထိ အရည်အချင်းရှိမလဲပဲ စောင့်ကြည့်ရလိမ့်မယ် အာရုံစိုက်မှုလေးဘာလေးကောင်းရင်တော့ တန်ပြန်တိုက်စစ်ဆင်ဖို့အခွင့်ရေး ကြုံလာလိမ့်မယ် ဒီလို FA ဖလားပွဲမှာ ဘာမဆို ဖြစ်နိုင်ချေရှိပါတယ် Preston မှာလည်း နောက်တစ်ဆင့် ဆန်ကာတင်ဖို့မျှော်လင့်ချက်တွေ ရှိနေပါတယ် နှစ်သင်းစလုံးရဲ့ အင်အားနဲ့ စွမ်းဆောင်ရည်ချင်း ယှဉ်ကြည့်ရင် ချယ်လ်ဆီးဘက်က ပိုသာမှန်း ကောင်းကောင်းမြင်ရပါတယ် ပထမဂိုး မြန်မြန်သွင်းနိုင်ရင်တော့ ဂိုးအပြတ်နဲ့ အနိုင်ရဖို့အခွင်းရေး ရှိပါတယ်။

Chelsea : အိမ်ရှင်ချယ်လ်ဆီးအသင်းဟာ အခြေနေကောင်းပြီး ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ် နောက်ဆုံးတစ်ပွဲတုန်းက လူတန်တောင်းကို ၃-၂ နိုင်လာတဲ့အတွက် ယုံကြည်မှုတွေ ပြန်ရနေကြပါပြီ ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ ကစားရမှာဆိုတော့ နောက်တစ်ဆင့်ဆန်ကာတင်သွားအောင် အကောင်းဆုံး ကြိုးစားမယ်ထင်ပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းက ဒီပွဲ Romeo Lavia, Enzo Fernandez, Marc Cugureya, Reece James, Robert Sanchez, Trevoh Chalobah, Carney Chukwuemeka နဲ့ Ben Chilwell တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ပိုချက်တီနိုက ဒီပွဲ Levi Colville, Thiago Silva, Axel Disasi နဲ့ Malo Casto တို့ကို ခံစစ်ပိုင်းနေရာတာဝန်ပေးထားပြီး Moises Caicedo, Conor Gallagher, Nicholas Jackson, Cole Palmer နဲ့ Noni Madueke တို့ကိုကျတော့ ကွင်းလယ်နေရာ တာဝန်ပေးထားလောက်ပါတယ် ပြီးရင် Armando Broja ကို Striker နေရာ တာဝန်ပေးထားလောက်ပါတယ်။

Preston North End :  အသင်းကျတော့ စွမ်းဆောင်ရည်သိပ်မကောင်းပါဘူး နောက်ဆုံး ၂ ပွဲမှာ ၂ ပွဲလုံးပဲ ရှုံးနိမ့်ခဲ့ပါတယ် ချန်ပီယံရှစ် နောက်ဆုံးတစ်ပွဲတုန်းက ဆန်းဒါးလန်းကို ၂-၀ နဲ့ ရှုံးနိမ့်လာပါတယ် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ကျတော့ ၁ ပွဲနိုင် ၄ ပွဲရှုံးဖြစ်ပါတယ် အခြေနေအရမ်းဆိုးတယ်လို့ ယူဆနိုင်ပါတယ် ဒါပေမယ့် ဒီပွဲဟာ FA ဖလားပွဲဖြစ်တဲ့အတွက် နောက်တစ်ဆင့်ဆန်ကာတင်ဖို့အခွင့်ရေး ရှိနေပါသေးတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ Robbie Brady တစ်ယောက်ကိုပဲ အသုံးပြုလို့မရသေးပါဘူး သူ့မှာ ဒဏ်ရာရထားလို့ပါ ကျန်တဲ့ကစားသမားတွေကျတော့ အားလုံးအဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ Preston အသင်းဟာ သူတို့ရဲ့ခံစစ်ပိုင်းနေရာ Andrew Hughes, Liam Lindsay, Jordan Story နဲ့ Brad Potts တို့ကိုပဲ တာဝန်ပေးထားမှာဖြစ်ပြီး Alistair McCann, Liam Millar, Mads Volkjar Jensen, Ben Whiteman နဲ့ Alan Brown တို့ကိုကျတော့ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်တယ် ပြီးရင် Striker နေရာ Chad Evans ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Chelsea (4-2-3-1) : Petrovic; Gusto, Gilchrist, Silva, Colwill; Fernandez, Gallagher; Madueke, Nkunku, Sterling; Broja

Preston North End (4-1-4-1) : Woodman; Storey, Lindsay, Hughes; Potts, Ledson, McCann, Browne, Millar; Evans, Keane

Missing Players

Chelsea – Wesley Fofana (Cruciate ligament tear), Roméo Lavia (unknown injury), Trevoh Chalobah (Thigh problems), Lesley Ugochukwu (Hamstring injury), Robert Sánchez (muscular problems), Reece James (Hamstring injury), Marc Cucurella (Ankle surgery)

Preston North End – Ched Evans (unknown injury)

Facebook