FA cup ဆီမီးဖိုင်နယ်ပြိုင်ဆိုင်မှု

FA cup ဆီမီးဖိုင်နယ်ပြိုင်ဆိုင်မှု ကိုဗင်ထရီ Vs မန်ယူ [21 Apr 24 - 19:00 hrs]

FA cup ဆီမီးဖိုင်နယ်ပြိုင်ဆိုင်မှု ကိုဗင်ထရီ အသင်းက အခုနောက်ပိုင်း စွမ်းဆောင်ရည်မကောင်းတကောင်းဖြစ်ပါတယ် နောက်ဆုံး ၁၂ ပွဲကစားပြီး ၇ ပွဲနိုင် ၅ ပွဲရှုံးထားတယ် တစ်ပွဲမှ သရေမကျခဲ့ပါဘူး အနိုင်မရရင် ရှုံးမယ်ပဲရှိတယ် မန်ယူအသင်းကျတော့ မိနစ် ၉၀ အတွင်း ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ် ကြီးမားတဲ့ရည်ရွယ်ချက်ရှိမှ ကောင်းတတ်တဲ့အသင်းဖြစ်နေတယ် ဥပမာ လီဗာပူးလ်လို ထာဝရရန်သူမျိုးပေါ့ ကျန်တဲ့ပွဲတွေကျတော့ စိတ်မပါပဲ ကစားခဲ့ရသလို ဖြစ်သွားတတ်တယ် ဒီနှစ်သင်း အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံးတစ်ပွဲကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ၁၇ နှစ်ကို ပြန်ကြည့်မှတွေ့ရပါတယ် မန်ယူအသင်း ဒီဖလားကို လိုချင်တဲ့အတွက် ခြေစွမ်းပြနိုင်မယ်ထင်တယ် ပြီးတော့ သူတို့ဘက်က သူတို့ထက် အဆပေါင်းများစွာ ညံ့နေတယ် ကစားပွဲအနေအထားကတော့ မန်ယူဘက်က တိုက်စစ်ဆင်ပြီး ဝင်လုံးလိမ့်မယ် ဒါပေမယ့်လည်း အရင်ပွဲတွေလို ပထမ ၁၅ မိနစ် – မိနစ် ၂၀ အတွင်းမှာပဲ ကစားပြလိမ့်မယ် ပြီးရင် လက်လျှော့ပြီး ကစားလိမ့်မယ် ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်ကစားခြင်းကို စောင့်ပြီး တန်ပြန်တိုက်စစ်ပြန်ဆင်တာမျိုးပေါ့ ဒါပေမယ့်လည်း အဲ့ဒီစနစ်တွေကြောင့် တစ်ခါတစ်လေ ပြိုင်ဘက်က တိုက်စစ်ဆင်လွန်းလို့ ခေါင်းတောင်မဖော်နိုင်တာမျိုး ဖြစ်တတ်တယ် ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က Division ပိုနိမ့်ပေမယ့် ဒီအဆင့်အထိ တက်လှမ်းနိုင်တာဆိုတော့ မန်ယူဘက်က ပေါ့ဆမိတာနဲ့ ခံရကိန်းရှိပါတယ် မန်ယူအသင်းရဲ့ အခုတလော စွမ်းဆောင်ရည်တွေကလည်း အတိကျယူဆလို့မရသေးပါဘူး ဒါပေမယ့်လည်း ချန်ပီယံရှစ်မှအသင်းနဲ့ ရင်ဆိုင်ရမှာဆိုတော့ အနည်းဆုံး ကပ်နိုင်သွားမှာတော့ သေချာလောက်ပါတယ်။

Coventry City : ချန်ပီယံရှစ်အဆင့် ၈ မှ အိမ်ရှင် Coventry အသင်း မထင်မှတ်ပဲ နောက်ဆုံး ၄ သင်းအဆင့်ကို တက်ရောက်လာပါတယ် နောက်ဆုံးနစ်ပွဲတုန်းက ခြေစွမ်းပြပြီး ဝုဗ်ဗာဟန်တန်အပေါ် ၂-၃ နဲ့ အနိုင်ကောက်ရလာတယ် အချိန်ပိုအတောအတွင်းမှာ ၂ ဂိုးထသွင်းနိုင်လို့ အနိုင်ရလာတာဖြစ်ပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ Tatsuhiro Sakamoto နဲ့ Jamie Allen တို့ ၂ ယောက်လေးပဲရှိပါတယ် ကျန်တာတော့ အဆင်သင့်ပဲ ဖြစ်နေကြတယ် ဒီပွဲ Coventry အသင်းက ၄-၂-၃-၁ စနစ်လေးနဲ့ကစားပြီး ဂိုးသမားနေရာမှာ Bradley Collins ကိုပဲ တာဝန်ပေးပြီး ခံစစ်နေရာမှာကျတော့ Joel Latibaudier, Bobby Thomas, Liam Kitching, Jake Bidwell တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် အလယ်တန်းနေရာမှာကျတော့ Victor Tolp, Benjamin Scheuf တို့နှစ်ယောက်ကိုပဲ တာဝန်ပေးပြီး တိုက်စစ်ပိုင်းနေရာမှာ Milan van Ewek, Casey Palmer တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် ဂိုးသွင်းဖို့ Striker နေရာကျတော့ Ellis Simms ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Manchester United : မန်ယူအသင်းကျတော့ အခုနောက်ပိုင်း စွမ်းဆောင်ရည်သိပ်မကောင်းပါဘူး ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတယ် ဒါပမယ့် ဒီအစီစဉ်မှာတော့ တော်တော်ကောင်းနေတယ် အခုမှ လီဗာပူးလ်ကို အိမ်ကွင်းနဲ့ ၄-၃ အနိုင်ရလာတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ Luke Shaw, Anthony Martial, Lisandro Martinez, Tyrell Malasia နဲ့ Victor Lindelof တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Raphael Varane, Jonny Evans, Antoni နဲ့ Scott McTominay တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် ဒီပွဲ ပါနိုင်မလားတော့ မသေချာသေးပါဘူး ဒီပွဲ Harry Maguire က Willie Kumbvala နဲ့အတူ ကွင်းလယ်ခံစစ်နေရာမှာ တာဝန်အတူယူလိမ့်မယ် ဘယ်-ညာခံစစ်ကျတော့ Diogo Dalot နဲ့ Aaron Wan-Bissaka တို့ပဲ ဖြစ်မယ် ပြီးတော့ Kobbie Mainoo နဲ့ Casemiro တို့ကျတော့ ကွင်းလယ်တိုက်စစ်နေရာမှာ တာဝန်ယူမယ် တိုက်စစ်ပိုင်းနေရာကျတော့ Alejandro Carnacio, Bruno Fernandes, Marcus Rashford တို့ကိုပဲ တာဝန်ပေးပြီး Rasmus Hojlund ကို ဂိုးသွင်းဖို့ Striker နေရာမှာ တာဝန်ပေးထားလိမ့်မယ်။

11 Players

Coventry City (4-2-3-1) : Collins; Latibeaudiere, Thomas, Kitching, Dasilva; Sheaf, Eccles; Van Ewijk, O’Hare, Wright; Simms

Manchester United (4-2-3-1) : Onana; Dalot, Kambwala, Maguire, Wan-Bissaka; Casemiro, Mainoo; Garnacho, Fernandes, Rashford; Hojlund

Missing Players

Coventry City – Tatsuhiro Sakamoto (Back injury),Jamie Allen (Broken Cheekbone)

Manchester United – Jonny Evans (Muscle injury), Raphaël Varane (Muscle injury), Tyrell Malacia (Knee injury), Luke Shaw (Muscle injury), Victor Lindelöf (Hamstring injury), Lisandro Martínez (Calf strain)

Facebook

ဖူဟမ်အသင်း လောလောဆယ် စွမ်းဆောင်ရည်ကောင်းနေပါတယ် နောက်ဆုံးတစ်ပွဲ အနိုင်ရလာပြီး ဒီပွဲအတါက် ကစားသမားအသီးသီး အဆင်သင့်ဖြစ်နေကြတယ် ဒီပွဲ ကိုယ့်အိမ်ကွင်းလေးနဲ့ အနိုင်ရအောင် အတတ်နိုင်ဆုံးစွမ်းဆောင်လိမ့်မယ် လီဗာပူးလ်အသင်းကျတော့ အနိုင်ရမှာထက် ဘာကိုဘာမှမရှိတော့ပါဘူး ချန်ပီယံဖြစ်ချင်သေးရင်တော့ အနိုင်ရအောင်ပဲ လုပ်ရမယ် သူတို့က သေသေချာချာကစားပြီး ပွဲသိမ်းနိုင်အောင် ကြိုးစားလိမ့်မယ် ဒါပေမယ့်လည်း ဂိုးပြတ်သားပိုင်းက အဆင်ပြေမလားမသိသေးပါဘူး အခုနောက်ပိုင်း FA cup ဆီမီးဖိုင်နယ်ပြိုင်ဆိုင်မှု လွဲချော်နေတာများနေတယ် အဲ့ဒီလိုနဲ့ပဲ အမှတ်တွေ အလိုလို ဆုံးရှုံးခဲ့ရပါတယ် ကစားပွဲအနေအထားကတော့ လီဗာပူးလ်ကဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမယ် ဖူဟမ်တို့ကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ ပြိုင်ဘက်ရဲ့အမှားကို စောင့်နေလိမ့်မယ် လီဗာပူးလ်ဘက်က ၃ မှတ်ရမှဖြစ်မယ် အဲ့ဒီလိုနဲ့ပဲ သူတို့က ဖိအားအောက်မှာ ကစားခဲ့ရလိမ့်မယ် ဖူဟမ်တို့ကျတော့ စိတ်အေးအေးလေးနဲ့ ခံစစ်ပိတ်ပြီူစောင့်နေလိမ့်မယ် ကြာကြာထိန်းနိုင်၍ ပြိင်ဘက်ကို အလိုလိုနဲ့ ဖိအားတောက်လျှောက်ပေးနေလိမ့်မယ် လီဗာပူးလ်ဘက်က စောစောစီးစီး ဂိုးမသွင်းနိုင်လို့ကတော့ ပွဲပြီးခါနီးအချိန်မှာ တိုက်စစ်ဆင်ဖို့ပဲ ပိုအားပါသွားလိမ့်မယ် အဲ့ခါကျရင် သူတို့ရဲ့ ခံစစ်ပိုင်းက အပေါက်ကြီးဟနေလိမ့်မယ် အဲ့တစ်ချက်က ဖူဟမ်အတွက် အခွင့်အရေးဖြစ်သွားလိမ့်မယ် ဒါပေမယ့်လည်း အစစအရာရာကြည့်ပြီး လီဗာပူးလ်ဘက်ကပဲ ၃ မှတ်ရသွားမယ်ထင်ပါတယ်။

Fulham : ဖူဟမ်အသင်း အခုမှဝက်စ်ဟမ်းအပေါ် ၀-၂ နဲ့ အနိုင်ကောက်ရလာတယ် ဒီရာသီ ၃၃ ပွဲကစားပြီး ၄၂ မှတ်လေးနဲ့ အဆင့် ၁၂ မှာရပ်တည်နေတယ် ဒီရာသီအတွင်း လက်ကျန်ပွဲတွေမှာ ရင်ခုန်စရာဘာမှမရှိတော့ပါဘူး အသင်းရဲ့ အနေအထားကတော့ တော်တော်လေးအဆင်သင့်ဖြစ်နေကြတယ် ဒဏ်ရာရထားတဲ့ကစားသမားမရှိသလို ပွဲပယ်စာရင်းထဲမှာလည်း တစ်ယောက်မှမရှိဘူး အဲ့ဒီတော့ ဖူဟမ်အသင်းက ဒီပွဲ အကောင်းဆုံးကစားသမား အဖွဲအစုကို ကြိုက်သလို ကိုင်တွယ်လို့ရနေပါတယ် အသင်းနည်းပြက သူ့အသင်းရဲ့ ခံစစ်နေရာမှာ Like Timothy Castagne, Tosin Adarabioyo, Calvin Bassey နဲ့ Anthony Robinson တို့ကိုပဲ တာဝန်ပေးပြီး အလယ်တန်းနေရာ Joao Palinha, Sasha Lukic, Alex Iwobi နဲ့ Andreas Pereira တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းနေရာမှာ Willian နဲ့ Rodrigo Muniz တို့ကိုပဲ ဂိုးသွင်းဖို့တာဝန် ပေးထားလိမ့်မယ်။

 

Liverpool : လီဗာပူးလ်အသင်းကျတော့ လိဂ်ပွဲစဉ်မှာပဲ ချန်ပီယံဖြစ်ဖို့ကျန်ပါတော့တယ် နောက်ဆုံးတစ်ပွဲတုန်းက အတ္တလန္တာအပေါ် ၁-၀ နဲ့ အနိုင်ရလာပေမယ့် ချန်ပီယံလိဂ်ကနေ အပယ်ခံထိခါပါတယ် ပရီးမီးယားလိဂ်မှာကျတော့ လောလောဆယ် အဆင့် ၃ မှာရပ်နေပြီး မန်စီးတီးရဲ့နောက်ကနေ ၂ မှတ် လိုက်နေရတယ် ပြီးတော့ သွင်းဂိုးစံချိန်ကလည်း ၃ ဂိုး ပိုညံ့နေတယ် ဒီပွဲ အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ Connor Bradley, Joel Matip, Thiago Alcantara နဲ့ Ben Doak တို့ကို ကိုင်တွယ်လို့မရသေးပါဘူး ကျန်တာတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ကလော့ပ်က ဒီပွဲ သူ့အသင်းရဲ့ ခံစစ်နေရာ Joe Gomez, Virgil van Dijk, Ibrahima Konate နဲ့ Andrew Robertson တို့ကိုပဲ တာဝန်ပေးပြီး အလယ်တန်းနေရာမှာ Wataru Endo, Dominic Soboszlai နဲ့ Alexis Mac Allister တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းမှာ Darwin Nuñez, Luis Diaz နဲ့ Mohamed Salah တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

11 Players

Fulham (4-2-3-1) : Leno; Castagne, Adarabioyo, Bassey, Robinson; Lukic, Palhinha, Pereira; Iwobi, Muniz, Willian

Liverpool (4-3-3) : Kelleher, Alexander-Arnold, Matip, Van Dijk, Tsimikas, Mac Allister, Szoboszlai, Gravenberch, Diaz, Salah, Nunez.

 

Missing Players

Fulham – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Liverpool – Thiago (Muscle injury), Ben Doak (Meniscus tear), Conor Bradley (Ankle injury), Joel Matip (Cruciate ligament tear)

Facebook

Add Your Heading Text Here