EPL တနင်္ဂနွေည

ဝုဗ်ဗာဟန်တန် Vs ချယ်လ်ဆီး [ 25 Aug 22 - 18:30 hrs]

EPL တနင်္ဂနွေည  ဒီပွဲမှာတော့ ဒီရာသီမှာ တစ်မှတ်မှမရှိကြသေးတဲ့ ဝုဗ်ဗာဟန်တန်နဲ့ ချယ်လ်ဆီးတို့ရဲ့ ပြိုင်ပွဲဖြစ်ပါတယ် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာ ဝုဗ်ဘက်က ပိုကောင်းတယ် ၃ ပွဲနိုင် ၂ ပွဲရှုံးပါ ချယ်လ်ဆီးကျတော့ ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲအရှုံးဖြစ်ပါတယ် အချင်းချင်း ဆုံခဲ့ကြတဲ့ နောက်ဆုံး ၅ ပွဲမှာလည်း ဝုဗ်ဘက်က ပိုကောင်းတယ် ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲပဲ ရှုံးသွားပါတယ် ဒီပွဲ ချယ်လ်ဆီးအသင်းရဲ့ကစားသမားက ပိုကြည့်ကောင်းတယ် နောက်ဆုံး ဝုဗ်တို့ဆီက Pedro Neto ကိုလည်း ရလာသေးတယ် ပြီးတော့ ကြားထဲ Joao Felix ကိုလည်း ခေါ်ထားသေးတယ် အဆိုပါကစားသမားတွေ ဂိုးသွင်းတဲ့အပိုင်း ပြုပြင်ဖို့လိုပါသေးတယ် ဒီပွဲမှာတော့ ချယ်လ်ဆီးအသင်းက ကစားပွဲထိန်းချုပ်ဖို့ကြိုးစားပြီး တိုက်စစ်ဆင်ကစားဖို့ကြိုးစားမယ် အိမ်ရှင်အသင်းကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့အခွင့်အရေး စောင့်နေလိမ့်မယ် ချယ်လ်ဆီးအသင်းရဲ့ ပထမပွဲတုန်းက ကစားပုံကစားနည်းတွေ မဆိုးပါဘူး ဂိုးသွင်းတဲ့အပိုင်းပဲ လိုနေတယ် ဝုဗ်တို့ကျတော့ ပထမပွဲမှာ အာဆင်နယ်ထက်ညံ့မှန်း ကောင်းကောင်းမြင်ရတယ် သူတို့ဆီက ဘာထူးခြားမှမမြင်ရပါဘူး ပုံစံကောင်းပြဖို့ အချိန်လိုနေဦးမှာသေချာတယ် အဲ့ဒီအတွက်ကြောင့် ချယ်လ်ဆီးရဲ့ အခွင့်အရေးဖြစ်သွားလိမ့်မယ် ပိုးစိုးပက်စက်နိုင်ဖို့တော့မရှိပါဘူး ကပ်နိုင်ရုံနဲ့တင်ပဲရှိလိမ့်မယ်။

Wolverhampton : အိမ်ရှင်ဝုဗ်ဗာဟန်တန် ရာသီအစ ပထမပွဲမှာ အာဆင်နယ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ပထမပတ်ပြီးသွားတာနဲ့ အဆင့် ၁၉ မှာ ရပ်တည်ခဲ့ပါတယ် ဝုဗ်တို့ဟာ ချယ်လ်ဆီူနဲ့ပွဲမှာ ကောင်းသောစွမ်းဆောင်ရည်ရှိတယ် အသင်းရဲ့အဆင်သင့်ပြင်ဆင်မှုကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Enzo Gonzalez, Zaza Kaladjic နဲ့ Leon Civone တို့ကို ကိုင်တွယ်လို့မရသေးပါဘူး အရင်ရာသီကတည်းက ပွဲပယ်စာရင်းထဲ ပါသွားတဲ့ Nelson Semedo ဟာ ဒီပွဲ ပြန်လည်ဆင်းနိုင်ပါပြီ ဒီပွဲ သူတို့အသင်းက ၃-၅-၂ စနစ်နဲ့ ကစားလိမ့်မယ် ဂိုးသမားနေရာ Jose Sa ဖြစ်ပြီး ခံစစ်ပိုင်းမှာ Matt Doherty, Toti, Jerson Mosquera တို့ပဲ ဖြစ်ပါလိမ့်မယ် ကွင်လယ်နေရာမှာကျတော့ Rodrigo Gomes, Joao Gomes, Mario Leminaur, Jean Ricner Bellegarde, Rayan et-Nouri တို့ဖြစ်ပြီး တိုက်စစ်ပိုင်းမှာ Hwang Hee Chan နဲ့ Jörgen Strand Larsen တို့ပဲ ဖြစ်ပါလိမ့်မယ်။

Chelsea : ချယ်လ်ဆီးအသင်းကျတော့ လိဂ်ပွဲစဉ်အဖွင့်ပွဲတုန်းက မန်စီးတီးကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ် ပြီးကျမှ UEFA Europa Conference League အစီစဉ်မှာ ဆွစ်ဇာလန်မှ Servette အသင်းကို ၂-၀ နဲ့ အနိုင်ရသွားတယ် အဲ့ပွဲ လက်ရွေးစဉ်ရွေးပွဲဖြစ်ပြီး အနိုင်ရလာတဲ့အတွက် ယုံကြည်မှုတော်တော်ရရှိသွားကြလောက်တယ် ဒီပွဲအတွက် အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ Reece James မရှိသေးပါဘူး Ben Chilwell နဲ့ Raheem Sterling တို့မှာလည်း အသင်းနည်းပြရဲ့အစီစဉ်ထဲမှာ မရှိဘူး အသင်းရွှေ့ပြောင်းခွင့်ပါရထားတယ် Cole Palmer ကျတော့ ဒဏ်ရာအနည်းငယ်ရသွားတဲ့အတွက် ကြံ့ခိုင်မှု ပြန်စစ်ဆေးဖို့လိုနေတယ် ဒီပွဲ ချယ်လ်ဆီးအသင်း ၄-၂-၃-၁ စနစ်နဲ့ ဂိုးသမားနေရာ Robert Sanchez ဖြစ်ပြီး ခံစစ်ပိုင်းမှာ Malo Gusto, Wesley Fofana, Levi Covil, Marc Gugureya တို့ပဲ ဖြစ်ပါလိမ့်မယ် ကွင်းလယ်နေရာကျတော့ Romeo Lavia က Moises Caicedo နဲ့အတူ တွဲဆင်းမယ် တိုက်စစ်ပိုင်းမှာ Christopher Nkunku, Enzo Fernandez, Pedro Neto တို့ကို အဓိကထားပြီး Striker နေရာမှာကျတော့ Jackson ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Wolverhampton (4-2-3-1) : Sa; Doherty, Mosquera, Toti, Ait-Nouri; Hwang, Lemina, J. Gomes, Sarabia; Cunha, Larsen

Chelsea (4-3-3) : Sanchez; Gusto, Fofana, Colwill, Cucurella; Fernandez, Lavia; Madueke, Dewsbury-Hall, Nkunku; Jackson

Missing Players

Wolverhampton – Sasa Kalajdzic (Cruciate ligament tear),E.Gonzalez (Cruciate Ligament Injury)

Chelsea – Reece James (Hamstring injury), Nicolas Jackson (Ankle injury), R.Sterling , Ben Chilwell ,Trevoh Chalobah , Axel Disasi (Groin Injury),Cole Palmer (Thigh Injury)

Facebook

EPL တနင်္ဂနွေည  အရင်ရာသီတုန်းက အဆင့် ၃ မှာပြီးသွားတဲ့လီဗာပူးလ်သင်းက အဆင့် ၁၆ နဲ့ ပြီးသွားတဲ့ဘရန့်ဖိုတ့်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ် နှစ်သင်းစလုံးရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာ လီဗာပူးလ်ဘက်က ပိုကြည့်ကောင်းပါတယ် ၄ ပွဲနိုင် ၁ ပွဲသရေပါ ဧည့်သည်အသင်းကျတော့ ၁ ပွဲနိုင် ၃ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် ပြီးတော့ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ၆ ပွဲတုန်းကလည်း လီဗာပူးလ်ဘက်က ပိုသာပါတယ် ၄ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံး ဖြစ်ပါတယ် အဓိက အန်ဖီးလ်ကွင်းနဲ့ ၃ ပွဲဆက်တိုက် အနိုင်ရရှိထားတာဖြစ်ပါတယ် ကစားပွဲအနေအထားကတော့ ဒီပွဲ အိမ်ရှင်ဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမယ် ဧည့်သည်အသင်းကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ကစားဖို့ စောင့်နေလိမ့်မယ် ဒီပွဲ လီဗာပူးလ်အသင်းက ကိုယ့်အိမ်ကွင်းဆိုပေမယ့် မလွယ်လောက်ဘူးထင်တယ် ဘာလို့လဲဆိုတော့ သူတို့က အစစအရာရာအဆင်ပြေဖို့ အချိန်ယူနေရလို့ပါ ပြီးတော့ ဘရန့်ဖိုတ့်အသင်း Ivan Toney မရှိတာတောင် တိုက်စစ်ပိုင်းက ထိရောက်စွာကစားနိုင်နေပါတယ် အဲ့ဒီတော့ စလော့က သူ့ပြိုင်ဘက်ရဲ့ ခံစစ်ပိတ်ကစားစနစ်ကို ဘယ်လိုနည်းလမ်းနဲ့ ဖောက်ထွင်းမလဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ် ပြီးတော့ သူတို့ရဲ့တန်ပြန်တိုက်စစ်ကိုလည်း စိတ်ပူနေရသေးတယ် bryan mbeumo နဲ့ Joan Wissa တို့က သွက်လက်တဲ့တိုက်စစ်မှူးတွေပါ အစစအရာရာ လီဗာပူးလ်ဘက်က ပိုသာပေမယ့် ဘရန့်ဖိုတ့်အသင်းက လီဗာပူးလ်ရဲ့ပရိသတ်တွေကို ကြောက်လန့်အောင် လာလုပ်သွားလိမ့်မယ် သရေကျဖို့တောင်ရှိတယ် ဒါပေမယ့် တကယ်စဉ်းစားကြည့်ရင်တော့ စလော့မှာ ၃ မှတ်ရသွားလောက်ပါတယ်။

Liverpool : အိမ်ရှင်လီဗာပူးလ်အသင်း ရာသီဖွင့်ပွဲတုန်းက ကောင်းကောင်းစွမ်းဆောင်နိုင်ပါတယ် ပထမပိုင်းတုန်းက လိုလိုပိုပိုဖြစ်ခဲ့ပေမယ့် နည်းပြက ဒုတိယပိုင်းမှာ ပိုကောင်းအောင် ပြန်လုပ်နိုင်တယ် နောက်ဆုံး ၃ မှတ် ပိုင်ဆိုင်သွားခဲ့ပါတယ် ပထမဆုံးတစ်ပတ်ပြီးသွားတော့ အဆင့် ၃ မှာရပ်တည်နေတယ် ဒီပွဲ ဒဏ်ရာရထားတဲ့ပြသာနာ မရှိပါဘူး ကြံ့ခိုင်မှုနဲ့ စနစ်အသစ်တွေမှာလောက်ပဲ ပြသာနာရှိတယ် ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့ ဂိုးသမားနေရာ Alisson Becker ပဲဖြစ်ပြီး ခံစစ်ပိုင်းမှာကျတော့ Trent Alexander-Arnold, Ibrahima Konate, Virgil van Dijk နဲ့ Andrew Robertson တို့ပဲ ဖြစ်ပါလိမ့်မယ် ကွင်းလယ်နေရာ Alexis Mac Allister နဲ့ Ryan Grafenberg တို့ဖြစ်ပြီး တိုက်စစ်ပိုင်းမှာ Mohamed Salah, Dominic Szoboszlai နဲ့ Luis Diaz တို့ပဲ ဖြစ်ပါလိမ့်မယ် Striker နေရာကျတော့ Diogo Jota ပဲ တာဝန်ယူထားလိမ့်မယ်။

 

Brentford : ဘရန့်ဖိုတ့်အသင်းကျတော့ ဒီရာသီမှာ ကောင်းကောင်းစတင်နိုင်ပါတယ် အရင်တစ်ပွဲတုန်းက ခရစ်စတယ်ပဲလေစ့်နဲ့ လန်ဒန်ဒါဘီတိုက်ပွဲဖြတ်သန်းလာတယ် နောက်ဆုံး ၂-၁ နဲ့ ကပ်နိုင်လာတာဖြစ်ပါတယ် လီဗာပူးလ်နဲ့ ဆုံခဲ့တဲ့ အရင်ရာသီရာသီတုန်းက ၂ ပွဲစလုံးမှာ ရှုံးသွားတယ် တစ်ပြွက ၁-၄ ရှုံးပြီး နောက်တစ်ပွဲ ၃-၀ နဲ့ ထပ်ရှုံးပါတယ် ဒီပွဲမှာတော့ ဒဏ်ရာရထားတဲ့ Joshua DaSilva, Aaron Hickey, Rico Henry နဲ့ Igor တို့ မရှိသေးပါဘူး ဒါ့အပြင် အသင်းရွှေ့ပြောင်းဖို့ရှိတဲ့ Ivan Toney ကလည်း ဒီပွဲ မပါလောက်သေးပါဘူး ဒီပွဲ သူတို့ ၄-၃-၃ စနစ်နဲ့ ဂိုးသမားနေရာ Mark Flecken ကိုတာဝန်ပေးပြီး ခံစစ်နေရာမှာကျတော့ Mads Roerslev, Nathan Collins, Ethan Pinnock နဲ့ Kristoffer Ayer တို့ကို တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်နေရာမှာကျတော့ Mathias Jensen, Christian Norgaard နဲ့ Vitaly Janelt တို့ကို တာဝန်ပေးပြီး တိုက်စစ်ပိုင်းမှာ Bryan mbeumo က Johan Wissa နဲ့ Kevin Shed တို့နဲ့အတူ တွဲဆင်းလိမ့်မယ်။

11 Players

Liverpool (4-2-3-1) : Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Mac Allister, Gravenberch; Salah, Szoboszlai, Diaz; Jota

Brentford (4-3-3) : Flekken; Roerslev, Collins, Pinnock, Ajer; Norgaard, Janelt, Jensen; Mbeumo, Wissa, Schade

Missing players

Liverpool – Jarell Quansah

Brentford –  Josh Dasilva (Knee surgery), Aaron Hickey (Hamstring injury), Igor Thiago (Meniscus injury), Rico Henry (Knee Injury)

Facebook