daimond online

အေစီ Vs နာပိုလီ [12 Apr 23 - 01:30 hrs]

daimond online  Stefano Pioli နည်းပြလက်ထဲက အေစီအသင်း နောက်ဆုံး ၁၆ သင်းအဆင့်ကို စပါးနဲ့တွေ့ပြီး အနိုင်ရရှိလာပါတယ်။ စပါးနဲ့ပွဲတုန်းက ၂ ပွဲတွေ့ပြီး ၂ ပွဲ သွင်းဂိုးပေါင်း ၁-၀ နဲ့ ကပ်နိုင်လာပါတယ်။ လိဂ်ထဲက နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် အမ်ပိုလီနဲ့ ၀-၀ သရေကျလာပါတယ်။ ဒါပေမယ့်လည်း Top4 နေရာကိုတော့ ပိုင်ဆိုင်ထားတုန်းဖြစ်ပါတယ်။ အေစီရဲ့ရမှတ်က တစ်မြို့တည်းသောရန်သူ အင်တာအသင်းထက် ၁ မှတ်လေးပဲ ပိုသာပါတယ်။ အသင်းရဲ့အခြေနေကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Pierre Kalulu ကိုပဲ အသုံးပြုလို့မရသေးပါဘူး။ အသင်းနည်းပြက ၄-၃-၂-၁ စနစ်နဲ့ပဲ စီစဉ်ထားမယ်ထင်ပါတယ်။ ကွင်းလယ်ပိုင်းနေရာ Diaz နဲ့ Leao တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်တွဲပေးထားပြီး ဂိုးသွင်းဖို့တာဝန်ကိုကျတော့ Giroud ကိုပဲ ပေးထားလောက်ပါတယ်။ Giroud က ဒီနှစ်အတွင်း ချန်ပီယံလိဂ်ထဲမှာ ဂိုး ၄ လုံး သွင်းထားနိုင်ပြီ ဖြစ်ပါတယ်။

Luciano Spalletti နည်းပြလက်ထဲက နာပိုလီတို့ကျတော့ ၁၆ သင်းအဆင့်တုန်းက ဖရန့်ဖတ်အပေါ် ၂ ပွဲစလုံး အနိုင်ရရှိလာပြီး ဂိုးပေါင်း ၅-၀ နဲ့ အနိင်ရရှိလာပါတယ်။ လိဂ်ထဲမှာကျတော့ နောက်ဆုံးတစ်ပွဲတုန်းက Lecce အပေါ် အနိုင်ရရှိလာပြီး စီးရီးအေရဲ့ နံပါတ် ၁ နေရာ ပိုင်ဆိုင်ထားတုန်း ဖြစ်ပါတယ်။ နံပါတ် ၂ မှာရှိတဲ့ လာဇီယိုအသင်းထက် ၁၆ မှတ်တောင် ပိုသာနေပါတယ်။ အသင်းရဲ့အခြေနေကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ တိုက်စစ်မှူး Victor Osimhen ကိုပဲ အသုံးပြုလို့မရသေးပါဘူး။ Giovanni Simeone နဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုတော့တယ်။ နောက်ဆုံးတစ်ပွဲတုန်းက Lecce အပေါ်  ၂-၁ နဲ့ အနိုင်ရလာတဲ့အတွက် Raspadori က Lozano နဲ့ Kvaratskhelia တို့နဲ့အတူ တွဲကစားခွင့် ထပ်ရသွားမယ်ထင်ပါတယ်။

ဒီချန်ပီယံလိဂ်ပွဲစဉ်ဟာ အီတလီတို့ရဲ့ ကြီးမားသောတိုက်ပွဲပဲလို့ ယူဆနိုင်ပါတယ်။ နှစ်သင်းစလုံးက အီတလီရဲ့ ကြီးမားသောအသင်းဖြစ်နေကြပါတယ်။ ဒီပထမကျော့ဟာ အေစီဘက်က အိမ်ကွင်းနဲ့ နာပိုလီကို ကြိုဆိုရမှာဖြစ်ပါတယ်။ ဒီပွဲကတော့ အရမ်းပဲ ကြည့်ကောင်းလိမ့်မယ်။ လိဂ်ပွဲစဉ်ဖြစ်ပြီး အချင်းချင်းတွေ့ခဲ့ဖူးတဲ့ နောက်ဆုံးတစ်ပွဲတုန်းက အေစီဘက်က နာပိုလီအပေါ် ၄-၀ နဲ့ အနိုင်ရသွားသေးတယ်။ ဒီပွဲဟာ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့အတွက် လုံးဝလွယ်မယ်မထင်ပါဘူး။ အေစီတို့ရဲ့ ကာကွယ်ပိုင်းက ထင်ထားသလို ဖြစ်မလာပေမယ့် ဒီလိုကြီးကြီးမားမားဖြစ်တဲ့ ဖလားတိုက်ပွဲထဲကိုတော့ ကွာတားဖိုင်နယ်အဆင့်အထိတောင် တက်လာနိုင်သေးတယ်။ သူတို့ ဒီအဆင့်ကို မရောက်ဖြစ်တာ ၂၀၁၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ အေစီတို့ နာပိုလီနဲ့ တွေ့ဖူးတဲ့စံချိန်ထဲမှာ သိပ်မကောင်းပါဘူး။ ပွဲစုံအားလုံးထဲက နောက်ဆုံး ၁၀ ပွဲထဲမှာဆိုရင် အေစီဘက်က ၃ ပွဲလေးပဲ နိုင်ပြီး သရေ ၄ ပွဲနဲ့ အရှုံး ၃ ပွဲ လုပ်နိုင်ခဲ့ပါတယ်။ လက်ရှိ အခြေနေကတော့ Luciano Spalletti ရဲ့ နာပိုလီအသင်းက ၂၄ ပွဲဆင်းကစားပြီး ဂိုး ၆၆ လုံးတောင် သွင်းနိုင်တယ်။ သွင်းဂိုးစံချိန်က အခြားအသင်းထက်လည်း တော်တော်သာနေပါတယ်။ အဆင့် ၂ မှာရှိတဲ့ လာဇီယိုထက်တောင် ၂ ဆ နီးပါး ပိုသာပါတယ်။ ပြီးတော့ နာပိုလီတို့ လိဂ်ထဲမှာ အခြားအသင်းထက် သွင်းဂိုး ၁၈ လုံးတောင် ပိုများနေပါတယ်။ သူတို့ရဲ့ လက်ရှိစွမ်းဆောင်ရည်က တောင့်တင်းမှုအရမ်းရှိပါတယ်။ နောက်ဆုံး ၄ ပွဲတုန်းက ၃ ပွဲအနိုင်ဖြစ်ပြီး ပွဲစုံ ၁၃ ပွဲတုန်းက ၁၁ ပွဲ အနိုင်ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့ ဂရုအဆင့်တုန်းကလည်း ဂရုအေရဲ့ချန်ပီယံအနေနဲ့ ဆန်ကာတင်သွားပါတယ်။ အဲ့ဒီဂရုထဲမှာ လီဗာပူးလ်၊ အေဂျက်နဲ့ ရိန်းဂျားတို့ ပါဝင်ရှိခဲ့ပါတယ်။ ဒီပွဲမှာတော့ နာပိုလီဘက်က အရည်သွေးအရမ်းကောင်းတဲ့ Osimhen မရှိတဲ့အတွက် တိုက်စစ်ပိုင်းနေရာ အရည်သွေးကျဆင်းသွားလိမ့်မယ်။ အေစီဘက်ကတော့ အဲ့အပိုင်း ပိုသာပါတယ်။ အေစီရဲ့ကစားသမားတွေ နာပိုလီထက် စုံလင်ပါတယ်။ အဲ့ဒီတော့ ဒီပွဲ အေစီရဲ့အပိုင်ဖြစ်ဖို့ ပိုများပါတယ်။ ဒါပေမယ့် သရေကျဖို့လည်း မနည်းပါဘူး။

11 Players 

AC Milan (4-3-2-1) : Maignan; Calabria, Tomori, Kjaer, Hernandez; Tonali, Krunic, Bennacer; Diaz, Leao; Giroud

Napoli (4-3-3) : Meret; Di Lorenzo, Kim, Rrahmani, Rui; Anguissa, Lobotka, Zielinski; Lozano, Raspadori, Kvaratskhelia

Missing Players 

AC Milan : Zlatan Ibrahimović (Muscular problems), Pierre Kalulu (Calf Injury)

Napoli : Victor Osimhen (Tear in the abductor muscle)

Facebook

ရီးရဲလ်တို့ အခုတလော လိဂ်ထဲမှာ စွမ်းဆောင်ရည်တွေသိပ်မကောင်းပါဘူး။ ဘာစီလိုနာအသင်းထက် အမှတ်တွေအရမ်းကွာဟနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကမှ ဗယ်လာဒိုလစ်အပေါ်  ၆-၀ နဲ့ ပိုးစိုးပက်စက်အနိုင်ရလာပေမယ့် ဘာစီလိုနာထက် ၁၁ မှတ်တော့ နည်းနေတုန်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆင့် ၁ အသင်းက ခြေစွမ်းတွေကျဆင်းတာဘာညာမရှိတာလည်းပါပါတယ်။ နောက်ပြီး ဘာစီတို့က ယူရိုပါလိဂ်မှ အပယ်ခံထိသွားပြီဖြစ်တဲ့အတွက် မှားယွင်းမှုတွေ သိပ်ရှိဦးမှာမဟုတ်တော့ပါဘူး။ အဲ့ဒီတော့ လိဂ်ချန်ပီယံ သူတို့ကိုပဲ တန်းပေးလို့တောင်ရပါတယ်။ ရီးရဲလ်တို့ ဒီ UCL ဖလားကိုပဲ လာပြီးစိတ်ဝင်စားရင်ပိုကောင်းပါတယ်။ ဒီနှစ်အတွင်း လမ်းခရီးက တော်တော်ကြမ်းတမ်းပါတယ်။ ၁၆ သင်းအဆင့်တုန်းက လီဗာပူးလ်နဲ့တွေ့ပြီး အနိုင်ရလာပါတယ်။ ဒီပွဲ ချယ်လ်ဆီးနဲ့တွေ့ပြီး အနိုင်ရသွားလို့ကတော့ နောက်တစ်ဆင့်ကျရင် မန်စီးတီး သို့မဟုတ် ဘိုင်ယန်နဲ့ သွားတွေ့ရမှာဖြစ်ပါတယ်။ နောက်ဆုံး ၄ သင်းအဆင့်ထက် ကျော်မကြည့်သေးပါဘူး။ ဘာလို့လည်းဆိုတော့ အဲ့အဆင့်အထိ တက်ရောက်နိုင်တဲ့အသင်အားလုံးက ချန်ပီယံဖြစ်နိုင်ချေရှိနေတာချင်းတူပါတယ်။ ရီးရဲလ်တို့ ဒီပွဲမှာ Ferland Mendy လောက်ပဲမရှိသေးပါဘူး။ ကျန်တဲ့ Karim Benzema, Vinicius, Rodrygo, Valverde, Camavinga တို့က အကုန်လုံးပဲ အဆင်သင့် ဖြစ်နေကြပါတယ်။ Toni Kroos နဲ့တစ်ယောက်ကလည်း လောလောဆယ် ခြေစွမ်းတော်တော်ကောင်းနေပါတယ်။ ကွင်းလယ်ပိုင်းမှ ဦးဆောင်သူဖြစ်ပြီး သူ့ရဲ့သွက်လက်ချက်က အသက် ၂၇-၂၈ လူငယ်လို့တောင် ထင်ရတယ်။ သူ့ရဲ့ ဘောလုံးထိုးပေးချက်ကလည်း ကမ္ဘာ့အဆင့်လောက် တကယ်ကောင်းပါတယ်။ ရီးရဲလ်တို့က ကစားသမားကို အများကြီးပြောင်းလဲတာမရှိတဲ့အတွက် နည်းပြရဲ့ကစားစနစ်ကို ကောင်းကောင်းနားလည်ထားကြပါတယ်။ ဒီပွဲ ဂိုးဘယ်နှစ်လုံးသွင်းနိုင်မလဲပဲ ကြည့်ရပါမယ်။ Karim Benzema က ဒီနှစ်ထဲမှာ ခြေစွမ်းကျဆင်းသွားပါတယ်။ ပြိုင်ဘက်ကို အန္တရာယ်မပြုနိုင်တာမဟုတ်ပါဘူး။ ဒါပေမယ့် အရင်လောက် ခြေစွမ်းတက်ကြွမနေတာကိုဆိုလိုပါတယ်။ ဒီပွဲ ချယ်လ်ဆီးဘက်ကို ပြသာနာတက်အောင်လုပ်ပေးမယ့်ကစားသမားကတော့ Vinicius ပဲဖြစ်လိမ့်မယ်။ သူ့မှာ အပြေးမြန်ပြီး သွက်သွက်လက်လက်ဖြစ်တယ်။ ဂိုးသွင်းတဲ့အပိုင်းလည်း တော်တော်အဆင်ပြေတယ်။ ကိုယ်ပိုင်အရည်အချင်းကောင်းပြီး တိုက်စစ်ပိုင်းနေရာ အခွင့်ရေးအသီးသီးပါ ဖန်တီးပေးနိုင်လောက်ပါတယ်။ အစစအရာရာကြည့်ပြီး ရီးရဲလ်ဘက်က တော်တော်ပဲ ပိုသာနေပါတယ်။

daimond online ချယ်လ်ဆီးတို့ကျတော့ အခုမှ အသင်းနည်းပြကို ပြောင်းလဲလာတာဖြစ်ပါတယ်။ ဂရေဟမ်ပေါ်တာနေရာ ဖရန့် လမ်းပတ်နဲ့ အစားထိုးထားတာဖြစ်ပါတယ်။ ပေါ်တာက အလုပ်ထုတ်ခံထိတော့ အိမ်မှာနေပြီး ငွေထိုင်တွက်ရုံပဲ ရှိလိမ့်မယ်။ ပေါ်တာနေရာ လမ်းပတ်နဲ့ အစားထိုးလိုက်တာ ဘာတွေ ကောင်းလာမလဲဆိုရင် မသိသေးပါဘူး။ လမ်းပတ်ကိုယ်တိုင်က အတွေ့ကြုံ အဲ့လောက်ထိမရှိသေးပါဘူး။ ပြီးတော့ ဒီတစ်ခါ ချယ်လ်ဆီးကို ဒုတိယအကြိမ်မြောက် အုပ်ချုပ်ခွင့်ဖြစ်နေတယ်။ ၂၀၁၉/၂၀ ခုနစ်တုန်းက ချယ်လ်ဆီးကို ၈၄ ပွဲတိတိ အုပ်ချုပ်ခဲ့ပြီး အမှတ်ကောက်သိမ်းနိုင်တဲ့စံနှုန်းက တစ်ပွဲကို ၁.၇၅ လေးပဲ လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ပေါ်တာထက်တော့ သာပါသေးတယ်။ ပေါ်တာက ၁.၅၈ လောက်ပဲရှိပါတယ်။ ဒီလိုမျိုးနဲ့ဆိုရင် ချယ်လ်ဆီးရဲ့အခြေနေက ကောင်းလာမလားမသိသေးပါဘူး။ ကောင်းနိုင်ချေမရှိသလောက်ပဲလို့ ကျွန်တော်ထင်ထားပါတယ်။ ချယ်လ်ဆီးတို့က အတည်နည်းပြကို ဆက်လက်ရှာဖွေနေတုန်းဖြစ်ပါတယ်။ Julian Nagelsmann ဆိုတဲ့နည်းပြကလည်း တော်တော်စိတ်ဝင်စားစရာကောင်းတယ်။ ဒါပေမယ့်လည်း ဒီနေ့မှာတော့ ကွင်းဘေးမှာ ဖရန့်လမ်းပတ်ပဲ ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ဒဏ်ရာရထားတဲ့ကစားသမားကတော့ အများကြီးရှိနေတုန်းပါ။ ဒဏ်ရာရထားတဲ့ကစားသမားတော်တော်များများက အဓိက ကစားသမားတွေလည်း ဖြစ်နေကြပါတယ်။ အဲ့ဒီတော့ အသင်းရဲ့အားကိုးရာက ၄ ယောက် ၅ ယောက်လောက်ပဲ ကျန်နေလိမ့်မယ်။ ဥပမာ Enzo Fernandes, Havertz, Felix, Reece Jame နဲ့ Kante တို့ပဲ ဖြစ်ပါတယ်။ ဒီပွဲ ချယ်လ်ဆီးဘက်က ၃-၅-၂ စနစ်နဲ့ ကစားမယ်ထင်တယ်။ ဒီစနစ်ကို လီဗာပူးလ်နဲ့ တွေ့တုန်းက အသုံးပြုဖူးပါတယ်။ မဆိုးပါဘူး။ တိုက်စစ်ဆင်တဲ့နေရာ တော်တော်ထိရောက်မှုရှိတယ်။ ဒါပေမယ့် ဂိုးသွင်းတဲ့အချိန်လောက်ပဲ လိုနေပါတယ်။ လီဗာပူးလ်နဲ့ပွဲတုန်းက လုံးဝဂိုးရသင့်တာ ၄ ခါတိတိ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဂိုးဖြစ်အောင် မလုပ်နိုင်ခဲ့ကြပါဘူး။ ဒီပွဲကတော့ တော်တော်လေးကြည့်ကောင်းလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဂိုးပြတ်သားမှုပိုရှိတဲ့ ရီးရဲလ်တို့ပဲ အနိုင်ရသွားလိမ့်မယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ သူတို့က ၂ နှစ်ဆက်တိုက် ရင်ဆိုင်ခဲ့ဖူးပြီး ဒီနှစ်က တတိယနှစ် ဖြစ်ပါတယ်။ ဒီနှစ်မတိုင်ခင် အရင် ၂ နှစ်တုန်းက ရီးရဲလ်ဘက်ကပဲ အကုန်လုံးနိုင်သွားပါတယ်။ ဒါပေမယ့်လည်း မနည်းရုန်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်တုန်းကဆိုရင် မိနစ် ၁၂၀ အထိတောင် ကစားခဲ့ရပါတယ်။ ဒီနှစ်ထဲမှာကျတော့ နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်ကို ယှဉ်ကြည့်ရင် ရီးရဲလ်ဘက်က ပိုသာနေပါတယ်။ ဒါတောင် အရင်နှစ်တွေထက် ကျဆင်းပေမယ့် ချယ်လ်ဆီးထက်တော့ တော်တော်ကြည့်ကောင်းနေပါတယ်။ နောက်ပြီး ချယ်လ်ဆီးတို့က အသင်းနည်းပြအသစ် လမ်းပတ်ကို တာဝန်ပေးလိုက်တဲ့အတွက် ဒီနှစ်မှာ ဒီအဆင့်နဲ့ပဲ အပြီးသတ်သွားလိမ့်မယ်။ ဒီနှစ်အတွင်း ချယ်လ်ဆီးအသင်းနည်းပြက ၃ ယောက်တောင် ပြောင်းလဲခဲ့တယ်။ နှစ်သင်းစလုံးရဲ့ လက်ရှိနည်းပြချင်းယှဉ်ကြည့်ရင် ရီးရဲလ်ဘက်က လုံးဝပိုသာပါတယ်။ လီဗာပူးလ်နဲ့ပွဲတုန်းကတောင် လီဗာပူးလ်ကို တော်တော်ဒုက္ခပေးနိုင်တယ်။ အဲ့ဒီတော့ ချယ်လ်ဆီးတို့ရဲ့ လက်ရှိစွမ်းဆောင်ရည်နဲ့ဆိုရင် ရီးရဲလ်ကို ဘယ်လိုမှ ပြန်လှန်တိုက်ခိုက်နိုင်မယ်မထင်ပါဘူး။ ရီးရဲလ်တို့က လာလီဂါရဲ့ချန်ပီယံဖြစ်ဖို့ ၁၀၀% မဟုတ်တော့တဲ့အတွက် UCL ဖလားကို ရအောင်တော့ အရမ်းကြုးစားလိမ့်မယ်။ ပြောမယ်ဆိုရင် ဒီဖလားက သူတို့ရဲ့ အကြီးမားဆုံးဦးတည်ချက်လို့တောင် ယူဆနိုင်ပါတယ်။ သမိုင်းထဲမှာဆိုရင် ချန်ပီယံဖြစ်မယ့်နေရာ လူတော်တော်များများက သူတို့ကိုတော်တော်ယုံကြည်ကြပါတယ်။ အိမ်ကွင်း-အဝေးကွင်း နှစ်ပွဲထဲနဲ့ ဆုံးဖြတ်သွားမှာဖြစ်တဲ့အတွက် ကစားစနစ်အပေါ် မူတည်ပါတယ်။ အဲ့အပိုင်း လမ်းပတ်ထက် အန်ဆယ်လော့တီက ပိုကောင်းပါတယ်။ ဒီပွဲကတော့ ဘယ်လိုပဲနေနေ ရီးရဲလ်ဘက်က အိမ်ကွင်းနဲ့ အနိုင်ရအောင်တော့ အရင်လုပ်သွားလိမ့်မယ်။

11 Players

Real Madrid (4-3-3) – Courtois – Nacho – Rudiger – Militao – Carvajal – Camavinga – Valverde – Tcouhmani – Vinicius – Rodrygo – Benzema

Chelsea (3-5-2) – Kepa – Fofana – Koulibaly – Cucurella – Kante – Kovacic – Loftus cheek – Chilwell – Fernandez – Felix – Havertz

Missing Players

Real Madrid – Ferland Mendy (Muscle Injury)

Chelsea FC – Pierre-Emerick Aubameyang (No eligibility), Noni Madueke (No eligibility), Benoît Badiashile (No eligibility), David Datro Fofana (No eligibility), Thiago Silva (Ligament Injury), Raheem Sterling (Hamstring Injury), Mason Mount ( bruised pelvis), Armando Broja (Cruciate Ligament Rupture)

Facebook