Club388 Football Bet Tips

အဲဗာတန် Vs လီဗာပူးလ် [03 Sep 22 - 06:00 PM]

club388 football bet tips အဲဗာတန်တို့ရဲ့ ပြီးခဲ့တဲ့ပွဲတွေမှာ တိုက်စစ်ပိုင်းတွေ ပြတ်သားမှုသိပ်မရှိဘူးဖြစ်ပါတယ် ခံစစ်ပိုင်းကျတော့ နည်းနည်းအဆင်ပြေလို့သာ ဘာမှမဖြစ်သေးပါဘူး အဲဗာတန်ရဲ့ တိုက်စစ်ဆင်တဲ့နေရာမှာ ကစားသမားရဲ့ ကိုယ်ပိုင်စကေးကို အရမ်းအားကိုးလွန်းပါတယ် ကစားစနစ်ကလည်း ၄-၃-၃ ကနေ မပြောင်းသေးပါဘူး အဲ့စနစ်နဲ့ ၄ ပွဲဆက်တိုက် အသုံးပြုပြီး ကျွန်တော့်အမြင်နဲ့တော့ အဆင်မပြေပါဘူး အဲ့စနစ်အဆင်မပြေသေးတဲ့အကြောင်းရင်းက Calvert-Lewin မရှိတော့တာလည်းဖြစ်နိုင်ပါတယ် ဘာလို့လည်းဆိုတော့ အရှေ့တန်းမှာ ဘောလုံးနားဖို့နေရာမရှိတော့လို့လေ အဲ့လိုဘောလုံးနားဖို့နေရာမရှိတော့ ကျန်တဲ့တိုက်စစ်မှူးတွေကလည်း သူတို့ကို ချိတ်တွယ်ပေးမယ့်လူမရှိတော့ ဂိုးဝင်သွင်းဖို့နေရာက ပိုခက်သွားပါတယ် အဲဗာတန်တို့ရဲ့ အခုလက်ရှိအခြေနေက စိတ်ညစ်စရာကောင်းပါတယ် ဘောလုံးအပို့အယူမကောင်းဘူး ဂိုးသွင်းတဲ့နေရာမှာလည်း ဂိုးဘောင်နဲ့တော်တော်လွဲနေတယ် တိုက်စစ်ပိုင်းဆိုရင် ကြောက်ဖို့ကိုမကောင်းဘူးဖြစ်နေတယ် အဲ့တာကြောင့် အခုထိ အနိုင်တစ်ပွဲမှမရှိသေးပါဘူး ခံစစ်ပိုင်းကတော့ မကောင်းမဆိုးပါပဲ လုံးဝကောင်းတာတော့မဟုတ်ဘူး ရာသီစတင်ကတည်းက အသင်းကြီးနဲ့တွေ့ရတာ ချယ်လ်ဆီးပဲရှိသေးတယ် ကျန်တဲ့အသင်းက သူတို့ထက်ညံ့ပါတယ် ဒါပေမယ့် ဂိုးသွင်းခံထိနေသေးတယ် အဲဗာတန်က အခုတလော တောင့်တင်းမှုပျောက်ဆုံးနေတယ်‌

လီဗာပူးလ်တို့ကျတော့ ဘုန်းမောက်အပေါ် ၉-၀ နဲ့ အနိုင်ရလာတဲ့အတွက် ဘဲနီကနေ ကြိုးကြာနီပြောင်းသွားပါပြီ ဒီနေ့ Derby Mercy တိုက်ပွဲဆင်းရမှာဖြစ်ပြီး ဈေးအရမ်းကြီးတဲ့ Darwin Nunez ကိုပါ အသုံးပြုလို့ရပါပြီ သူ့ရဲ့အခြေနေကတော့ ၁၀၀% ပဲ ဒါပေမယ့် သူ့ရဲ့စိတ်ကိုတော့ မခန့်မှန်းတတ်သေးပါဘူး ခရစ်စတယ်ပဲလေစ့်နဲ့တွေ့တုန်းကထက် ပူဆူလိမ့်မယ် ဒါပေမယ့်လည်း အနီကဒ်အတွေ့ကြုံလေး ရရှိထားတော့ စိတ်အေးတတ်မယ်ထင်ပါတယ် ကျန်တဲ့ Position တွေမှာ Klopp က ဘာပြောင်းလဲမှုမှမရှိလောက်တော့ပါဘူး ဒီပွဲ ဖာမီနိုက အရံဖြစ်သွားလိမ့်မယ် ဒဏ်ရာရထားတဲ့ကစားသမားတွေက ဒီပွဲ ပြန်လည်သက်သာလာပြီး အရံအနေနဲ့ပဲ နေနေရဦးမယ်ထင်တယ် အဲ့တော့ ဒီနေ့ ၁၁ ယောက်က ပြောင်းလဲမှု နည်းနည်းပါးပါနဲ့ ဘုန်းမောက်နဲ့တွေ့တုန်းကလိုမျိုးပဲ ဆင်းကစားခိုင်းလိမ့်မယ် ဒီနေ့ လီဗာပူးလ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နေရာကတော့ Fabinho နဲ့ Wing-back ၂ ယောက်ဖြစ်လိမ့်မယ် သူတို့သာ ဘောလုံးကို ထိန်းချုပ်နိုင်ရင် ပြီးပြီ တိုက်စစ်ပိုင်းက အေးအေးဆေးဆေးဖြစ်သွားလိမ့်မယ်

ဒီရာသီ မာဆေးဆိုက်ဒါဘီပွဲစဉ်က စောစောစီးစီးကျင်းပနေပါတယ် အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်က အနိုင်ရသွားတာပိုများတယ် ဒါပေမယ့် ပေါက်ကြေးတွေပါထည့်တွက်ရင်တော့ အဲဗာတန်ဘက်က သာနေသေးတယ် လီဗာပူးလ်ဘက်က အကျောပေးထားတာထက် ဂိုးပိုမသွင်းနိုင်တာမျိုးပေါ့ ဒီနေ့ပေါက်ကြေးလည်း ၁.၅ တောင်ပေးထားတော့ နည်းနည်းမြင့်ပါတယ် ဒါပေမယ့် အဲဗာတန်တို့က Form ကျဆင်းနေတာကြောင့် ဈေးကြီးသွားတာနေမယ် အခုထိ အရှုံးပွဲမရှိပေမယ့် အနိုင်ပွဲလဲ မရသေးပါဘူး open play ကစားတဲ့နေရာကလည်း အဆင်ပြေမနေသေးဘူး သူတို့ရဲ့ ခြေစွမ်းကောင်း Calvert-Lewin က ဒီပွဲ မဆင်းနိုင်လောက်သေးဘူး အဲ့တော့ သူတို့ရဲ့ မြောက်ဘောနဲ့ Set Piece ရဲ့အရည်သွေးက ကျဆင်းလိမ့်မယ် လီဗာပူးလ်တို့ကျတော့ ပြီးခဲ့တဲ့အပတ်တုန်းက ဘုန်းမောက်အပေါ် ၉-၀ နဲ့ အနိုင်ရလာတယ် လီဗာပူးလ်တို့ရဲ့ ခြေစွမ်းတွေက ပြန်လည်သက်ဝင်လာပါပြီ နောက်ပြီး ဒီပွဲ အနီကဒ်ထိသွားတဲ့ Darwin Nunez က ဘန်းစာရင်းကနေ လွတ်မြောက်လာပြီဆိုတော့ လီဗာပူးလ်ရဲ့ တိုက်စစ်ဆင်ဖို့နည်းလမ်းတွေ ပိုစုံလာပါပြီ ကျွန်တော့်အမြင်နဲ့ဆိုရင် အမှတ် ၃ မှတ်က လီဗာပူးလ်လက်ထဲရောက်သွားလိမ့်မယ်

11 Players –

Liverpool (4-3-3) – Allison – Trent Arnold – Robinson – Van Dijk – Gomez – Fabinho – Henderson – Elliot – Darwin Nunez – Salah – Diaz

Everton (3-4-3) – Pickford – Holgate – Tarkowski – Coady – Mykolenko – Iwobi – Onana – Patterson – Gordon – Gray – McNeil

Missing Players –

Everton FC – Dominic Calvert-Lewin (Knee Injury), Yerry Mina (Ankle Injury), Ben Godfrey (Fibula Fracture)

Liverpool FC  – Thiago (Hamstring Injury), Alex Oxlade-Chamberlain (Hamstring Injury), Jota (Hamstring Injury), Keita (Hamstring Injury)

အိမ်ရှင်အက်စတွန်ဗီလာအသင်း အခုထိ အမှတ် ၃ မှတ်ထဲပဲရှိပါတယ် ပထမ ၄ ပွဲတုန်းက အနိုင် ၁ ပွဲနဲ့ အရှုံး ၃ ပွဲပဲ လုပ်နိုင်တယ် ဂိုး ၃ လုံးသွင်းနိုင်ပြီး ၇ လုံးတောင် ပြန်သွင်းခံထိခဲ့ပါတယ် မြက်ခင်းပေါ်ကအခြေနေ ထင်ထားတာထက်ဆိုးနေရော တိုက်စစ်ပိုင်းက တိုက်စစ်မှူးတွေ ဒီထက်ကောင်းသင့်ပါတယ် အဆင်မပြေဘူး တောင့်တင်းမှုတွေ ပျောက်ဆုံးနေပါတယ် ပြီးခဲ့တဲ့ပွဲတွေမှာ ဘယ်ပွဲက တိုက်စစ်ဆင်ကစားခြင်းမှ ကြောက်ဖို့မကောင်းဘူး ခံစစ်ပိုင်းကလည်း ဟိုလိုလိုဒီလိုလိုနဲ့ ဘောလုံးနည်းနည်းပါးပါး ပို့လိုက်တာနဲ့ မှားယွင်းမှုတန်းပေါ်တော့တာပဲ နီးနီးနားနားပို့တာတောင်လွဲတယ် အက်စတွန်ဗီလာအသင်းရဲ့အင်အားက သေးနေတော့ နည်းပြက ကြိုက်သလိုရွေးလို့မရဘူးဖြစ်နေတယ် အဲ့တော့ ဒီပွဲ သူတို့ ဒုက္ခရောက်ဖို့ရှိပါတယ်

club388 အရမ်းထိရောက်တဲ့ ချန်ပီယံဟောင်းနဲ့ မန်စီးတီးတို့ကျတော့ သူတို့ရဲ့တိုက်စစ်ပိုင်းက ရှယ်ကြမ်းသွားပါပြီ Haaland ရောက်လာတဲ့အတွက် ဘောလုံးကို ဟိုပို့ဒီပို့ လုပ်စရာမလိုတော့ဘူး နည်းနည်းပါးပါးလှည့်လိုက်တာနဲ့ ဂိုးရပြီ ပထမ ၄ ပွဲတုန်းက Haaland မှာ ပထမဦးဆုံး Hat-trick ရသွားပါပြီ Haaland ရဲ့ အပြေးက သူ့စည်းနဲ့သူ ပြေးလွှားနိုင်နေတယ် အရမ်းကောင်းတယ် သူ့လုပ်ရပ်က လွယ်မလိုလိုနဲ့လုပ်သွားတယ် ဘာမှပြောစရာမရှိအောင် တောင့်တင်းနေတယ် သူ့အရည်အချင်းနဲ့ဆိုရင် ဘာမှပြောလို့မရတော့ဘူးဗျ ကျန်တဲ့ကစားသမားတွေကလည်း အဆင်သင့်ဖြစ်နေကြပါတယ် ကွင်းလယ်အရံကစားသမားတွေကလည်း အဓိက ကစားသမားတွေထက် ညံ့မနေပါဘူး ကြိုက်သလို အသုံးပြုလို့ရတယ် ဒီတိုင်းပဲကြည့်ရုံနဲ့ အက်စတွန်ဗီလာတို့ မရှင်နိုင်တော့ပါဘူး မန်စီးတီးက အခု လူသားမဆန်တော့ပါဘူး ဒီနှစ်လည်း သူ့ကိုတားနိုင်မယ့်အသင်း မရှိတော့ဘူးလို့ ထင်မြင်ထားတယ် အဲ့တော့ သူတို့ကို ဖလားတန်းပေးလိုက်ရင် ပိုလွယ်ပါတယ်

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ မန်စီးတီးဘက်က ပိုကောင်းပါတယ် ကောင်းကောင်းလေးကို သာနေပါတယ် ဥပမာ ၁၀ ပွဲထဲမှာ အနိုင် ၉ ပွဲရသွားတာမျိုး အဲ့ထက်ဆိုးတာ အဲ့ဒီ ၉ ပွဲက ဆက်တိုက်အနိုင်ရထားတယ် Home-Away ဖြစ်ဖြစ် အနိုင်ရသွားပါတယ် အက်စတွန်ဗီလာဘက်က အနိုင်ရတဲ့ပွဲကိုကြည့်မယ်ဆိုရင် ဟိုး ၂၀၁၃ ခုနှစ်အထိပြန်ကြည့်မှ ၁ ပွဲ တွေ့ခဲ့ရတယ် အသင်းရဲ့အရွယ်အစား အရမ်းကွာနေတဲ့အတွက် ဒီပွဲ မန်စီးတီးဘက်က ၁.၅ တောင် အကျောပေးထားရတယ် အချင်းချင်းတွေ့ခဲ့ဖူးတဲ့ နောက်ဆုံး ၃ ပွဲတုန်းက မန်စီးတီးတို့ ၃ ပွဲစလုံး ကပ်နိုင်ရုံပဲရှိပေမယ့် အခုလက်ရှိ မန်စီးတီးအသင်းက အရင်လိုမဟုတ်တော့ပါဘူး အရင်ထက် ပိုကြမ်းသွားပါပြီ အက်စတွန်ဗီလာတို့ကျတော့ အခုထိ ခြေစွမ်းကို အကောင်အထည်မဖော်နိုင်သေးပါဘူး ဝက်စ်ဟမ်းနဲ့တွေ့တာတောင် အရှုံးရလာတယ် အဲ့ပွဲ သူတို့ရဲ့ကစားပုံကစားနည်းက စိတ်ပျက်ဖို့ကောင်းပါတယ် တိုက်စစ်ပိုင်းက ကြောက်စရာမကောင်းဘူး မန်စီးတီးတို့ကျတော့ ခရစ်စတယ်ပဲလေစ့်ပွဲတုန်းက တော်တော်လန့်စရာကောင်းတဲ့ ဂိုး ၂ လုံး အရင်သွင်းခံထိတယ် ဒါပေမယ့် ပတ် ဂွာဒီယိုလာတံဆိပ်နဲ့အသင်းမျိုး ဖြစ်နေတော့ ဂိုး ၄ လုံး ပြန်ပိတ်သွင်းလိုက်ပါတယ် အေးရော အဲ့တော့ ဒီပွဲ ကပ်နိုင်ဖို့မရှိဘူး ရှယ်ကြုံးဖို့ပဲ ရှိပါတယ်

11 Players

Aston Villa (4-3-2-1) – Martinez – Digne – Konsa – Chambers – Cash – Doughlas Luiz – Kamara – McGinn – Coutinho – Buendia – Watkins

Man City (4-3-3) – Ederson – Cancelo – Ake – Dias – Walker – Rodri – De Bruyne – Kalvin Phillips – Silva – Mahrez – Haaland

Missing Players

Aston Villa – Diego Carlos (Achilles tendon rupture), Jed Steer (Achilles tendon problems)

Manchester City – Aymeric Laporte (Knee Surgery)

ဆောက်သမ်တန်အသင်း ပထမပွဲတုန်းက စိတ်ပျက်ချင်စရာအရမ်းကောင်းခဲ့ပါတယ် အဲ့ပွဲ စပါးနဲ့တွေ့ပြီး ၄-၁ ဂိုးနဲ့ အရှုံးရသွားလို့ပါ စပါးရဲ့ ကစားပုံကစားနည်းက သူတို့ထက် အရမ်းသာမနေပါဘူး ဒါပေမယ့် ဆောက်သမ်တန်တို့က စပါးရဲ့တိုက်စစ်ပိုင်းကိုမခံနိုင်လို့ပါ ခန ခန ဖောက်ခံရတော့ ပေါက်သွားတာ 1xbet myanamar ဆောက်သမ်တန်တို့ရဲ့ Form က အရင်ရာသီကုန်ကတည်းက ဆိုးနေတာဗျ ပြောမယ်ဆိုရင် သူတို့ရဲ့ နောက်ဆုံး ၁၀ ပွဲစံချိန်ထဲမှာ Pre-season အပါဝင် အနိုင် ၁ ပွဲထဲပဲ ရရှိခဲ့တယ် သရေကျသွားတာထက် အရှုံးရသွားတာ ပိုများတယ် အသင်းနည်းပြရဲ့ နည်းဗျူဟာက အရမ်းရိုးရှင်းလွန်းတယ်လို့ ယူဆထားပါတယ် ဒီအသင်းရဲ့ အရေးဆုံးနေရာကတော့ James Ward Prows နေရာပါပဲ အဲ့ Position ကို အသေပိတ်ထားပြီး လျင်မြန်တဲ့ Pressing ထိုးကျွေးလိုက်ရင် ဆောက်သမ်တန်တို့က လုံးဝထစ်ခနဲဖြစ်သွားနိုင်တယ် ကျန်တဲ့အခြား အားကိုးစရာကစားသမားကတော့ ကျွန်တော့်အမြင်မှာ မရှိတော့ပါဘူး ကစားသမားသစ် ဝယ်ဖြည့်းတဲ့နေရာလည်း ကြည့်ရသေးတယ် ဒီပွဲ သူတို့ အနိုင်ရမှာထက် သရေရသွားဖို့ပိုများပါတယ်

လိဒ်စ်တို့ကျတော့ ရာသီရဲ့ပွဲဦးတုန်းက အခြေနေကောင်းခဲ့ပြီး ဝုလ်ဗ်အပေါ် အနိုင်ရရှိခဲ့တယ် ဒါပေမယ့် အဲ့ပွဲ ကိုယ့်အိမ်ကွင်းနဲ့ပွဲပါဗျာ ဒီပွဲ သူများအိမ်ကွင်းနဲ့ ကစားရမှာ ဒါပေမယ့် Jesse Marsh ရဲ့အသင်းက မကြောက်တတ်ပါဘူး လိဒ်စ်အသင်းဆိုတာ တိုက်စစ်ပိုင်းကို ဦးစားပေးတတ်တဲ့အသင်းမျိုးဖြစ်တယ် ကစားသမားရောင်းဝယ်တဲ့အပိုင်းကိုကြည့်မယ်ဆိုရင် သူတို့မှာ အဓိကကျတဲ့ Rafinha နဲ့ Calvin Phillips ကို ရောင်းပစ်ပြီး ပေါင်သန်း ၁၀၀ ငွေရလာပါတယ် အဲ့ဒီ သန်း ၁၀၀ က ကစားသမားအသစ် ၆ ယောက်တောင် ပြန်ဝယ်လိုက်ကြပါတယ် အဲ့တော့ လိဒ်စ်အသင်းက ဒီအချိန်မှာ နည်းနည်းကြီးမားလာပါပြီ အလယ်အလတ်ကြီးမားတဲ့အသင်းတွေနဲ့ တိုက်ခိုက်လို့ရပြီ ကစားသမားသစ်က ၆ ယောက်ရှိပေမယ့် အသင်းနဲ့နေသားကျအောင်နေဖို့တော့ လိုအပ်နေပါတယ် ပထမပွဲတုန်းက အသစ် ၂ ယောက် ဆင်းကစားတာမြင်ခဲ့ရသေးတယ် ဒီပွဲ လိဒ်စ်ဘက်က လျင်မြန်တဲ့ Pessing နဲ့ တိုက်စစ်ပိုင်းကို ဦးစားပေးရင် ကောင်းသောရလဒ်ပိုင်ဆိုင်ဖို့ တော်တော်များနေပါတယ်
အိမ်ရှင်အသင်းကောင်းသလို ဧည့်သည်အသင်းလည်း ကောင်းနေတယ် သရေကျရုံနဲ့ပြီသွားဖို့ များတယ် အချင်းချင်းတွေ့ခဲ့ဖူးတဲ့ Form တွေ ယှဉ်ကြည့်ရင် မနိုင်မရှုံးလောက် ဖြစ်နေကြတယ် အနိုင်အရှုံးကို အပြန်လှန်ရနေကြတယ် ၂ သင်းစလုံးရဲ့ ဘောလုံးစတိုင်လ်ကတော့ အိမ်ရှင်ဘက်က တိကျမှုပေါ်မူတည်ပြီး ကစားတယ် Set Piece ကိုပိုအားပေးပါတယ် ဧည့်သည်အသင်းကျတော့ တိုက်စစ်ဆင်ကစားခြင်းကိုဦးစားပေးတယ် Bielsa ခေတ်ကတည်းက တိုက်စစ်ရှယ်ဆင်ပြီး ကစားလာတယ် အဲ့ခေတ်တုန်းက ခံစစ်ပိုင်းကိုတောင် ဂရုမစိုက်တတ်တဲ့စတိုင်လ်မျိုးဖြစ်နေတယ် Jesse Marsh ခေတ်ရောက်တော့မှပဲ အရှေ့အနောက်ညီအောင် ပြုပြင်လိုက်ပါတယ် ဒါပေမယ့် တိုက်စစ်ပိုင်းကိုတော့ ပိုဦးစားပေးနေတုန်းပါ ၂ သင်းစလုံးရဲ့ အစစအရာရာယှဉ်ကြည့်ရင် အိမ်ရှင်ဘက်ကပိုသာပါတယ် ဒါပေမယ့် ကျွန်တော့်အမြင်နဲ့တော့ အများကြီးသာမနေပါဘူး မနိုင်မရှုံးလောက်ပါပဲ အဲ့တော့ သရေကျရုံနဲ့ ပြီးသွားမယ်ထင်တယ်

11 Players

Southampton (3-5-2) – Bazunu – Bednarek – Salisu – Stephen – Walker Petersen – Perraud – Romeu – Lavia – Jame ward Prowse – Aribo – Redmond
Leeds Uniter (4-2-3-1) – Meslier – Struijk – Llorente – Koch – Kristensen – Klich – Adam – Rodrigo – Aaronson – Harrison – Bamford

Missing Players –
Southampton FC  – Tino Livramento (Cruciate Ligament Rupture)
Leeds United – Stuart Dallas (Thigh Problems), Mateusz Bogusz (Cruciate Ligament Rupture)

ချန်ပီယံဟောင်းနဲ့ မန်စီးတီးအသင်း ဒီရာသီကို ကောင်းမွန်စွာ အနိုင်လေးနဲ့ စတင်သွားနိုင်ခဲ့ပါတယ် အဲ့ပွဲအေးအေးဆေးဆေးဖြစ်ပြီး ဝက်စ်ဟမ်းအပေါ် ၀-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တယ် ကစားစတိုင်လ်ကတော့ အရင်အတိုင်းပါပဲ နည်းနည်းကွဲသွားတယ်ဆိုလို့ တိုက်စစ်ပိုင်းနေရာပဲဖြစ်ပါတယ် Haaland ရောက်လာတဲ့အတွက် 1xbet myanamar တိုက်စစ်ပိုင်းမှာ သဘာဝကျတဲ့ တိုက်စစ်မှူးအတိကျရှိသွားပါပြီ Gun Aguero မရှိတော့တဲ့နောက်ပိုင်း အဲ့ Position က တန်းပျောက်သွားပါတယ် အဲ့တုန်းကဆိုရင် တောင်ပံကစားသမားတွေနဲ့ ကွင်းလယ်တွေပဲ ဂိုးအမြဲသွင်းပေးနေရတယ် ဒါပေမယ့်အခု အဲ့လိုမျိုးမဟုတ်တော့ပါဘူး ဂိုးသွင်းတဲ့အပိုင်းကို Haaland တာဝန်လာယူပေးနေပါပြီ Haaland က စတိုင်လ်အမျိုးမျိုး ပြောင်းကစားတတ်ပါတယ် ခန္ဓာကိုယ်လည်းကြီးထွားတော့ တောင့်တင်းမှုရှိတယ် ခန္ဓာကိုယ်က ထွားပေမယ့် မနှေးပါဘူး လူကျွန်ဘောအကွက်တွေကိုလည်း သေသေချာချာ ရှောင်ဖယ်နိုင်တယ် ဂိုးသွင်းတဲ့နေရာလည်း တော်တော်ပြတ်သားတယ် သူက အခုမှတက်လာတဲ့ပါရမီရှင်ထက် 

ကျော်လွန်သွားပါပြီ အခု သူက ထိပ်တန်းတိုက်စစ်မှူးတောင်ဖြစ်နေပြီး world class player ဖြစ်ဖို့ပဲကျန်တော့တယ် ဒီပွဲ မန်စီးတီးအတွက် ဘာစိတ်ပူစရာမှမရှိပါဘူးဘုန်းမောက်တို့ကျတော့ ပွဲဦးထွက်ကစားတုန်းက ကောင်းတယ်ဗျာ အက်စတွန်ဗီလာအပေါ် ၂-၀ နဲ့တောင် အနိုင်ရလာတယ် ဒါပေမယ့် ဒီပွဲ ဒုက္ခရောက်မယ့်ပွဲဖြစ်လိမ့်မယ် ချန်ပီယံဟောင်းရဲ့ Etihad Stadium အထိ ခရီးစဉ်ရမှာမို့လို့လေ ကျွန်တော့်အမြင်ကတော့ အရှင်လတ်လတ်ပြန်ရမယ်မထင်ပါဘူး ၂ သင်းစလုံးရဲ့အရည်သွေးကလည်း အရမ်းကွာဟတယ် ဘုန်းမောက်တို့ရဲ့ ကစားစနစ်ကတော့ park the bus ပုံစံပဲအဆင်ပြေလိမ့်မယ် ၅-၃-၂ စနစ် သို့မဟုတ် ၅-၄-၁ စနစ်ကို အသုံးပြုမှ မိနစ် ၉၀ အတွင်းအဆင်ပြေလိမ့်မယ် ခံစစ်မှူးတွေ ပင်နယ်တီစည်းနဲ့မဝေးသင့်ဘူး အခွင့်ရေးကြုံလာတော့မှ ၁၉၅ cm လောက်မြင့်တဲ့ Moore ကို အားကိုးလိုက်ပေါ့ သူ့ဆီဘောလုံးနားပြီး တိုက်စစ်ဆင်ဖို့ ပြင်ဆင်လို့ရပါတယ် ပြီးတော့ သူတို့ရဲ့အားသာချက်နောက်တစ်ခုက Set Piece ပဲ အဲ့တာကို ကြိုးစားရမယ် ခံစစ်မှူးတွေ စည်းကမ်းရှိရှိကစားဖို့လိုတယ် နည်းနည်းငှေးမိတာနဲ့ ခံဖို့သာပြင်တော့ အဲ့တာတွေအားလုံး လုပ်နိုင်ခဲ့ရင်တောင် မန်စီးတီးကိုခံနိုင်ချင်မှခံနိုင်မယ် အရည်သွေးစောက်ရမ်းကွာနေလို့လေ

အချင်းချင်းတွေ့ခဲ့ဖူးတဲ့ပွဲတွေမှာ ဖလားပွဲနဲ့ လိဂ်ပွဲရောပဲပေါ့ ၂၀၁၅ ခုနှစ်ကတည်းကစတွက်ရင် အားလုံး ၁၁ ပွဲရှိပါတယ် အဲ့မှာ မန်စီးတီးဘက်က ၁၁ ပွဲစလုံးပဲ အနိုင်ရရှိခဲ့တယ် တစ်ပွဲမှတောင် မမှားခဲ့ဘူး ဒါပေမယ့် ဒီပွဲ အထက်ကြေးဖြစ်တဲ့မန်စီးတီးက အကျောရှယ်ပေးထားတော့ ကျော်နိုင်မလားတောင်မသေချာသေးပါဘူး ဒါပေမယ့် မန်စီးတီးအသင်းက အခုတလော ဘယ်အသင်းမှ ခံနိုင်မယ့်ပုံမပေါ်သေးပါဘူး ဒီရာသီဈေးကွက်ထဲမှာ ကစားသမားသစ်ဝယ်ယူလိုက်တဲ့အပိုင်း အကောင်းဆုံးပဲလို့တောင် သတ်မှတ်လို့ရတယ် Position ပိုပြည့်စုံသွားလို့ပါ ဧည့်သည်အသင်းကျတော့ ကစားသမားသစ်ဝယ်ဖြည့်တဲ့နေရာ ရိုးရိုးလေးပါပဲ အခုမှ ပရီးမီးယားလိဂ်ထဲပြန်‌ရောက်လာတယ် အမြဲတက်လိုက်ဆင်းလိုက် လုပ်နေတဲ့အသင်းဖြစ်နေပေမယ့် အသင်းရဲ့ ကြီးမားမှုက မန်စီးတီးကို ဘယ်လိုမှယှဉ်လို့မရသေးပါဘူး ဒီပွဲ မန်စီးတီးဘက်က ၂.၅ အကျောပေးထားတာ မထူးဆန်းပါဘူး မန်စီးတီးက တကယ်လုပ်ချင်ရင် အဲ့လောက်လေးနဲ့ အကျောပေးထားတာ ကိစ္စရှိကိုမရှိတာဗျာ Haaland လုပ်ပြဖူးပြီးပြီ ဘောလုံးက သူ့ခြေထောက်ပေါ်စိုက်လာတာနဲ့ ပြိုင်ဘက်အသင်း ခံဖို့သာပြင်ထားတော့ ဒီပွဲ မန်စီးတီးဘက်က အကျောပေးထားတာထက် ဂိုးသွင်းနိုင်လိမ့်မယ်

11 Players
Man City (4-3-3) – Ederson – Cancelo – Ake – Dias – Walker – Rodri – Silva – De Bruyne – Mahrez – Foden – Haaland
Bournemouth (5-4-1) – Travers – Zemura – Lerma – Mepham – Kelly – Smith – Billings – Tavernier – Pearson – Stanislas – Moore

Missing Players
Manchester City  – Aymeric Laporte (Knee Surgery)
AFC Bournemouth – အဆင်သင့်