big match ပွဲစဥ်များအားလေ့လာခြင်း

မန်ယူ Vs လီဗာပူးလ် [ 07 Apr 24 - 21:00 hrs]

big match ပွဲစဥ်များအားလေ့လာခြင်း  ဒီရာသီမှာ အနီရောင်တတိယပွဲဖြစ်ပါတယ် ပထမ ၂ ပွဲတုန်းက သရဲနီဘက်က ပိုပြီးအောင်မြင်ခဲ့တယ် ပထမတစ်ပွဲ အန်ဖီးလ်ကွင်းနဲ့ ၀-၀ သရေကျသွားတယ် FA ဖလားအစီစဉ်ထဲ အိုထရက်ဖိုဒ်ကွင်း ပြန်ရောက်လာတော့ မန်ယူဘက်က ၄-၃ နဲ့ အနိုင်ရသွားပါတယ် မန်ယူအသင်း စွမ်းဆောင်ရည် မသေချာသေးပါဘူး လီဗာပူးလ်ကို အနိုင်ရသွားပြီးနောက် အခုထိ နိုင်ပွဲပျောက်ဆုံးနေတယ် ဘရန့်ဖိုတ့်နဲ့ သရေကျပြီး ချယ်လ်ဆီးကိုရှုံးထားတယ် လီဗာပူးလ်ကျတော့ မိနစ် ၉၀ အတွင်း ဘယ်အသင်းကိုမှမရှုံးသေးပဲ ၁၂ ပွဲဆက်တိုက် ရှိသွားပါပြီ ဒီပွဲမှာတော့ အရေးကြီးပါတယ် သိက္ခာနဲ့ရင်းပြီး ပြိုင်ရမှာပါ ပြီးတော့ လီဗာပူးလ်ရဲ့ ချန်ပီယံလမ်းခရီးမှာ အဆူးတစ်ခုဖြစ်တယ် မန်ယူအသင်းက အရင် ၂ ပွဲ အခြေနေဘယ်လောက်ပဲဆိုးဆိုး လီဗာပူးလ်နဲ့တွေ့ရင် ပုံစံကောင်းပြသွားတတ်တယ် ဒါပေမယ့် ကလော့ပ်ဟာ ပထမ ၂ ပွဲဆီက သင်ခန်းစာ ရယူထားပြီဆိုတော့ အနိုင်ရအောင် ပြန်လုပ်ယူလိမ့်မယ် ကစားပြွအနေအထားက ဒီပွဲ နှစ်သင်းစလုံးပဲ တိုက်စစ်ဆင်ပြီးကစားလိမ့်မယ် နည်းစနစ်ချင်းယှဉ်ပြိုင်မယ် လီဗာပူးလ်ဘက်က ကစားပွဲထိန်းချုပ်နိုင်သလောက် ထိန်းချုပ်ပြီး တိုက်စစ်ဆင်ကစားလိမ့်မယ် အိမ်ရှင်အသင်းကျတော့ တိုက်စစ်ဆင်လိုက်နားလိုက်လုပ်နေလိမ့်မယ် လီဗာပူးလ်ရဲ့ ခံစစ်ပိုင်း အရှေ့ထိုးတက်တော့မှ သူတို့ရဲ့ သွက်လက်မှုနဲ့ တန်ပြန်တိုက်စစ် ဆင်ကစားလိမ့်မယ် နောက်ဆုံးတစ်ပွဲတုန်းက မန်ယူဘက်က အနိုင်ရသွားတာ မှန်ပါတယ် အဲ့ပွဲ မန်ယူဘက်က အမှားပိုကင်းလို့ အနိုင်ကောက်ရသွားတယ် ဒါပေမယ့်လည်း သူတို့စွမ်းဆောင်ရည်က တည်ငြိမ်မှုမရှိပါဘူး ဘရန့်ဖိုတ့်နဲ့ပွဲရောက်တော့ သရေပဲလုပ်နိုင်တယ် ပြီးရင် ချယ်လ်ဆီးကိုရှုံးလာတယ် လီဗာပူးလ်ကျတော့ ဦးတည်ချက်ရှိရှိနဲ့ ချန်ပီယံဖလားရအောင် ကြိုးစားနေတယ် FA ဖလားပွဲမှာ အပယ်ခံထိသွားပေမယ့် လိဂ်ပွဲစဉ်မှာကျတော့ ဖလားပွဲလိုအနေအထားမျိုး မဟုတ်ပါဘူး အစစအရာရာ ရည်ရွယ်ချက်အတိုင်း လီဗာပူးလ်ဘက်ကပဲ အနိုင်ရသွားမယ်ထင်တယ်။

Manchester United : အိမ်ရှင်မန်ယူအသင်း အခုမှချယ်လ်ဆီးကို ၄-၃ နဲ့ ရှုံးနိမ့်လာပါတယ် ပွဲပြီးခါနီးမှ ဆုံးဖြတ်ဂိုးသွင်းခံထိသွားတော့ မတတ်နိုင်ပါဘူး စိတ်နဲ့တော့ တော်တော်ထိခိုက်သွားမှာသေချာတယ် သေချာတာကတော့ သူတို့ Top4 နေရာနဲ့ ပိုမနီးနိုင်ခဲ့ပါဘူး လက်ထဲ ၄၈ မှတ်လေးနဲ့ အဆင့် ၆ မှာရပ်တည်နေတယ် အဆင့် ၄ မှာရှိတဲ့ အက်စတွန်ဗီလာရဲ့ အနောက်ကနေ ၁၁ မှတ်တောင်လိုက်နေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Luke Shaw, Lisandro Martinez, Tyrell Malazia, Victor Lindelof နဲ့ Anthony Martial တို့ကို ကိုင်တွယ်လို့မရေးသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် Raphael Varane, Jonny Evans နဲ့ Casemiro တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် ဒီပွဲ မန်ယူအသင်းရဲ့ ခံစစ်ပိုင်းမှာ Harry Maguire နဲ့ Willie Kumbwala တို့က ကွင်းလယ်ခံစစ်နေရာ တာဝန်ယူထားမှာဖြစ်ပြီး နောက်ခံ ဘယ်-ညာကျတော့ Diogo Dalot နဲ့ Aaron Wan-Bissaka တို့ပဲ ယူထားလိမ့်မယ် Kobbie Mainoo နဲ့ Scott McTominay တို့ကျတော့ ကွင်းလယ်တိုက်စစ်နေရာ တာဝန်အတူယူပြီး တိုက်စစ်ပိုင်းနေရာကတော့ Alejandro Carnacio, Bruno Fernandes, Antoni တို့ပဲ တာဝန်ယူထားလိမ့်မယ် ပြီးရင် Striker နေရာ Rasmus Hojlund ပဲ တာဝန်ယူသွားလိမ့်မယ်။

 

Liverpool : လီဗာပူးလ်အသင်းကျတော့ ရှက်ဖီးလ်အသင်းကို ၃-၁ နဲ့ အနိုင်ရသွားပြီး အဆင့် ၁ နေရာ တန်းတက်သွားခဲ့ပါပြီ အဆင့် ၂ မှာရှိတဲ့အာဆင်နယ်ထက် ၂ မှတ် သာနေတယ် ဒါပေမယ့် သွင်းဂိုးစံချိန်ကတော့ အာဆင်နယ်ဘက်က ၆ လုံး သာနေသေးတယ် ကလော့ပ်အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ Stefan Bijcetic, Joel Matip, Ben Doek, Thiago Alcantara, Trent Alexander-Arnold, Alisson Becker နဲ့ Diogo Jota တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Trent Alexander-Arnold, Alisson Becker နဲ့ Diogo Jota တို့ကတော့ ပြန်လာခါနီးနေပါပြီ ဒီပွဲ လီဗာပူးလ်အသင်းက သူတို့မှာရှိတဲ့ အကောင်းဆုံး ကစားသမားအဖွဲ့အစုကို ကိုင်တွယ်သွားလိမ့်မယ် ဂိုးသမားနေရာ Queen Kelleher ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်ခံစစ်နေရာ Ibrahima Konate က Virgil van Dijk နဲ့အတူ တာဝန်တွဲယူလိမ့်မယ် Conor Bradley ကတော့ ညာခံစစ် Joe Gomes က ဘယ်ခံစစ်မှာ ရှိနေလိမ့်မယ် ကွင်းအလယ်တန်းမှာ Wataru Endo က အရင်တစ်ပွဲ အနားယူထားတော့ ဒီပွဲ ပြန်လာပြီထင်တယ် Dominic Soboszlai နဲ့ Alexis Mac Allister တို့နဲ့အတူ တာဝန်တွဲယူလိမ့်မယ် တိုက်စစ်ပိုင်းနေရာကျတော့ Mohamed Salah, Darwin Nuñez, Luis Dias တို့ကိုပဲ အားကိုးလိမ့်မယ်။

11 Players

Manchester United (4-2-3-1) :  Onana; Wan-Bissaka, Maguire, Kambwala, Dalot; McTominay, Mainoo; Antony, Fernandes, Garnacho; Hojlund

Liverpool (4-3-3) : Kelleher; Bradley, Konate, Van Dijk, Robertson; Mac Allister, Endo, Szoboszlai; Salah, Nunez, Diaz

Missing Players

Manchester United – Luke Shaw (Muscle injury), Tyrell Malacia (Knee injury), Victor Lindelöf (Hamstring injury),A.Bayindir (Muscle Injury ), Lisandro Martinez (Calf Injury)

Liverpool – Thiago (Muscle injury), Rhys Williams (unknown injury), Trent Alexander-Arnold (Torn lateral knee ligament), Diogo Jota (Knee collateral ligament tear), Alisson (Hamstring injury), Stefan Bajcetic (Calf injury), Ben Doak (Meniscus tear), Joel Matip (Cruciate ligament tear)

Facebook

ချယ်လ်ဆီးအသင်း အခုမှ အနိုင်ပွဲတိုးလာတော့ ပရိသတ်တွေအတွက် နောက်ရာသီ ဥရောပတိုက်ပွဲတွေထဲ ပါဝင်ဖို့ မျှော်လင့်ချက် ပြန်ယူပေးခဲ့ပါတယ် ရှက်ဖီးလ်အသင်းကျတော့ စွမ်းဆောင်ရည်အရမ်းဆိုးပါတယ် ပြီးတော့ ချန်ပီယံရှစ်အဆင့်ကို ပြန်ကစားရမယ့်အနေအထားလည်းရှိနေတယ် ချယ်လ်ဆီးအသင်းက အခုတလော အခြေနေအရမ်းကောင်းပါတယ် နောက်ဆုံး ၆ ပွဲကစားပြီး ၄ ပွဲတောင် အနိုင်ရသွားတယ် ပြီးတော့ ၁၈ ဂိုးတောင် သွင်းယူသွားနိုင်တယ် တကယ့်ဂိုးထုတ်လုပ်စက်ကြီးဖြစ်နေတယ် ခံစစ်ပိုင်းကို တော်တော်ကယ်တင်ပေးသွားပါတယ် ရှက်ဖီးလ်တို့ကျတော့ ပိုးစိုးပက်စက်ညံ့နေတယ် ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးပြီး ဂိုး ၂၀ တောင် သွင်းခံထိသွားပါတယ် သူတို့ဘက်က ဘယ်လောက်ထိပဲ ရုန်ကန်ကစားပါစေ big match ပွဲစဥ်များအားလေ့လာခြင်း လိုချင်တဲ့ရလဒ်ကို တစ်ခါမှမရသေးပါဘူး ကစားပွဲအခြေနေကတော့ ချယ်လ်ဆီးဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမယ် အိမ်ရှင်အသင်းက ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ် ချယ်လ်ဆီးအသင်းက စွမ်းဆောင်ရည်ပိုသာပေမယ့် အတိကျယူဆလို့မရသေးပါဘူး ဘန်လေနဲ့ပွဲတုန်းကတောင် ဟိုဘက်က ၁၀ ယောက်ထဲကျန်ခဲ့တာကို အနိုင်ရအောင် မလုပ်နိုင်ခဲ့ပါဘူး ဒါပေမယ့် မန်ယူနဲ့ပွဲရောက်တော့ မထင်မှတ်ပဲ ၄-၃ နဲ့ အနိုင်ရလာတယ် ဒီလိုအနေအထားမျိုးနဲ့ဆိုရင် ရှက်ဖီးလ်ဆိုပေမယ့် ချယ်လ်ဆီးအတွက် မလွယ်လောက်သေးပါဘူး နောက်ပြီး Ben Brereton Diaz ဆိုတဲ့ ရှက်ဖီးလ်တိုက်စစ်မှူးက လောလောဆယ် ခြေစွမ်းအရမ်းကောင်းနေတယ် ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းက ကောင်းချင်ကောင်းမယ် ဆိုးချင်ဆိုးမယ်ဖြစ်နေတုန်းပါ အမှားတွေ မကင်းနိုင်သေးပါဘူး ချယ်လ်ဆီးဘက်က တိုက်စစ်ဆင်ကစားပေမယ့် ၃ မှတ်ရဖို့အရေး တော်တော်ရုန်းကန်ရမယ်ထင်ပါတယ်။

Sheffield United : အိမ်ရှင်ရှက်ဖီးလ်အသင်း အခုမှမှားပြီး လီဗာပူးလ်ကို ၃-၁ နဲ့ ရှုံးနိမ့်လာပါတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ Save zone ရဲ့အနောက်ကနေ ၁၀ မှတ်တောင် ကွာဟနေပါပြီ ဒီရာသီ ကစားဖို့ ၈ ပွဲသာကျန်တော့တယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ အသင်းနည်းပြက ဒီပွဲ Tom Davies, Chris Bassham, Rhian Brewster, John Egan, Max Lowe နဲ့ Norrington Davis တို့ကို ကိုင်တွယ်လို့မရသေးပါဘူး George Baldock, Vini Sousa နဲ့ Cameron Archer တို့မှာလည်း အခြေနေစစ်ဆေးဖို့လိုနေတယ် ဒီပွဲ ရှက်ဖီးလ်အသင်း ၃-၅-၂ စနစ် စီစဉ်ထားမယ် Oliver McBurnie နဲ့ James McArty တို့နှစ်ယောက်က ဂိုးသွင်းဖို့နေရာမှာ တာဝန်အတူယူထားလိမ့်မယ်။

 

Chelsea : ချယ်လ်ဆီးအသင်းကျတော့ အခုမှမန်ယူအပေါ် ၄-၃ နဲ့ အနိုင်ကောက်ရလာပါတယ် အဲ့ပွဲ အချိန်ပိုအတောအတွင်းမှာ ၂ ဂိုးတောင်သွင်းယူပြီး အနိုင်ရလာတယ် လတ်တလော လက်ထဲမှာ ၄၃ မှတ်ရှိပြီး အဆင့် ၁၀ မှာ ရပ်တည်နေတယ် ဥရောပတိုက်ပွဲတွေထဲ ပါဝင်ဖို့ ခွဲတမ်းရရှိရေးအတွက် ရှိနေပါသေးတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ပိုချက်တီနိုအသင်းက ဒီပွဲ Wesley Fofana, Reese James, Lesley Ugochukwu, Christoph Nkunku, Levi Colville နဲ့ Romeo Lavia တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Carney Chukwuemega, Ben Chilwell, Robert Sanchez, Trevoh Chalobah နဲ့ Malo Gusto တို့ကျတော့ အခြေနေစစဆေးဖို့လိုသေးတယ် ပိုချက်တီနိုက ဒီပွဲ ၄-၂-၃-၁ စနစ်ကို စီစဉ်ထားလိမ့်မယ် ဂိုးသွင်းဖို့ Striker နေရာ Nicholas Jackson ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11  Players

Sheffield United (3-5-2) : Grbic; Holgate, Robinson, Ahmedhodzic; Bogle, Arblaster, Hamer, Souza, Trusty; McBurnie, Brereton Diaz

Chelsea (4-2-3-1) : Petrovic; Gusto, Disasi, Badiashile, Cucurella; Caicedo, Fernandez; Palmer, Gallagher, Madueke; Jackson

Missing Players

Sheffield United – John Egan (Foot injury), Chris Basham (Leg injury),G.Baldock(Thigh Injury),Max love (Ankle Injury),Tom Davies(Knock Injury), Cemeron Archer(Calf Injury)

Chelsea – Wesley Fofana (Cruciate ligament tear), Christopher Nkunku (unknown injury), Lesley Ugochukwu (Hamstring injury), Levi Colwill (Toe injury), Reece James (surgery), Roméo Lavia (Hamstring injury),R.Norrington -Davies ( Hamstring ), Daniel Jebbison (Groin Injury)

Facebook