betonz

betonz အာဆင်နယ် Vs ချယ်လ်ဆီး [ 2 May 23 - 01:30 hrs]

betonz အိမ်ရှင်အာဆင်နယ်အသင်း လိဂ်ထဲမှာ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ လူတော်တော်များများက သူတို့ကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ မရှိတော့ဘူးထင်နေကြပေမယ့် အခွင့်ရေးရှိနေသေးသ၍ ကြိုးစားရဦးမှာပဲဖြစ်ပါတယ်။ မန်စီးတီးမှာ အမှားလေးဘာလေး လုပ်မိမလားပေါ့လေ။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Saliba နဲ့ Mohamed Elneny တို့ မရှိသေးတဲ့အတွက် ခေါင်းကိုက်နေရတုန်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ရာသီရဲ့နောက်ဆုံးကာလထဲတောင် မပါနိုင်လောက်သေးပါဘူး။ Takehiro Tomiyasu တဲ့တစ်ယောက်မှာလည်း အနားကြာကြာယူဖို့ရှိနေပါတယ်။ ကျန်တဲ့ Ben White၊ Oleksandr Zinchen၊ Thomas Partey၊ Martin Odegaard၊ Bukayo Saka၊ Gabriel Martinelli နဲ့ Jesus တို့ကျတော့ အားလုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီပွဲမှာတော့ မန်စီးတီးကိုရှုံးသွားတုန်း အချို့ကစားသမားကို ပြောင်းလဲတာရှိလိမ့်မယ်။ ဒီပွဲ အာတီတာက ၄-၃-၂-၁ စနစ်နဲ့ကစားမယ်ထင်တယ်။ ဂိုးသမားနေရာဆိုရင် နံပါတ် ၁ ဖြစ်တဲ့ Aaron Ramsdale ပဲ ဖြစ်လိမ့်မယ်။ ခံစစ်ပိုင်းနေရာကျတော့ အဓိကဆုံးနေရာ Gabriel Margalles ကိုပဲ တာဝန်ပေးထားလောက်တယ်။ ပြီးရင် အနောက်တန်းကနေ ကစားပွဲဖန်တီးပြီး တိုက်စစ်ဆင်ဖို့ Alexander Zinchenko နဲ့ Ben White တို့ကို ချထားလောက်တယ်။ ကွင်းလယ်ပိုင်းကျတော့ Thomas Partey နဲ့ Granit Xhaka တို့နှစ်ယောက်ကိုပဲ အဓိကထိန်းခိုင်းလောက်ပါတယ်။ ပြီးရင် Martin Odegaard ကို ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်ပါတယ်။ အရန်ကစားသမားဖြစ်တဲ့ ဂျော်ဂျင်ဟိုလည်း ဒီပွဲ ပါနိုင်ပါတယ်။ သူက အသင်းအတွက် တော်တော်အကျိုးပေးနိုင်ပါတယ်။ တိုက်စစ်ဆင်ကစားနည်းအစုံလိုချင်ရင်တော့ သူ့ကိုအသုံးပြုလို့ရပါတယ်။ တိုက်စစ်ပိုင်းနေရာကျတော့ ပြတ်သားမှုရှိတဲ့ Gayo Saka၊ Gabriel Martinelli နဲ့ Gabriel Jesus တို့ ၃ ယောက်ကိုပဲ အားကိုးခဲ့ရလိမ့်မယ်။ ပြီးတော့ အရန်တိုက်စစ်မှူးဖြစ်တဲ့ Leandro Trossard နဲ့ Eddie Nketiah တို့က လောလောဆယ် စွမ်းဆောင်ရည်တော်တော်ကောင်းနေကြပါတယ်။

ဖရန့်လမ်းပတ်နည်းပြလက်ထဲက ချယ်လ်ဆီးအသင်းကျတော့ စွမ်းဆောင်ရည်တော်တော်ညံ့နေပါတယ်။ လိဂ်ထဲမှာ ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတယ်။ ပေါ်တာလက်ထဲက လက်စတာကိုနိုင်သွားကတည်းကစပြီး အနိုင်ပွဲတွေ လုံးဝပေါ်မလာတော့ပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းက ဘရန့်ဖိုတ့်နဲ့တွေ့ပြီး ၀-၂ ရှုံးလာသေးတယ်။ ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အတွက် ရုန်းကန်နေတာဆိုတော့ နောက်တစ်ပွဲ ထပ်ရှုံးဖို့ရှိပါလိမ့်မယ်။ ဒီပွဲ သူတို့ရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရသွားတဲ့ကစားသမားတွေ ပိုမိုတိုးလာနေပါတယ်။ Armando Broya နဲ့တစ်ယောက်ကတော့ အကြာကြီးပဲ အနားယူခဲ့ရလိမ့်မယ်။ နောက်ပြီး အဓိကဖြစ်တဲ့ Reece James၊ Mark Cucuraya နဲ့ Mason Mount တို့လည်း ပါဝင်ဖို့မရှိသေးပါဘူး။ Cucuraya နဲ့ Mount တို့ကတော့ ဒီလရဲ့ လတစ်ဝက်ကနေ လအစွန်ဆုံးအချိန်မှ ပြန်လာနိုင်မယ်ထင်ပါတယ်။ Reece James နဲ့တစ်ယောက်ကတော့ ဘယ်တော့ပြန်လာမလဲဆိုတာ မသိနိုင်သေးပါဘူး။ Koulibaly ဆိုတဲ့ကစားကစားသမားကျတော့ လမ်းပတ်ဆီက သတင်းကို ထပ်ပြီးစောင့်ဖို့လိုပါသေးတယ်။ ကျန်တဲ့ Ago Silva၊ Ruben Loftus-Cheek၊ Enzo Fernandez၊ Mateo Kovacic၊ Raheem Sterling၊ Kai Havertz နဲ့ Joao Felix တို့ကျတော့ အားလုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီပွဲ ချယ်လ်ဆီးဘက်က ၄-၂-၃-၁ စနစ်နဲ့ကစားမယ်ထင်တယ်။ ဂိုးသမားနေရာဆိုရင် နံပါတ် ၁ ဖြစ်တဲ့ Kepa ကိုပဲ တာဝန်ပေးထားလောက်တယ်။ ခံစစ်ပိုင်းနေရာ အဓိကဖြစ်တဲ့ ခံစစ်မှူး ၃ ယောက် သီယာဂို ဆေးလ်ဗား ၊ Wesley Fofana နဲ့ Trevoh Chalobah တို့ပဲ တာဝန်ယူထားကြလောက်ပါတယ်။ ကွင်းလယ်ပိုင်းနေရာကျတော့ N’Golo Kante ရဲ့ ဘောလုံးဖျက်ချုပ်မှုကို အားကိုးခဲ့ရလိမ့်မယ်။ Enzo Fernandez နဲ့ Mateo Kovacic တို့နှစ်ယောက်ကျတော့ ကစားပွဲဖန်တီးဖို့နဲ့ အခွင့်ရေးဖန်တီးဖို့ တာဝန်ယူထားကြလောက်ပါတယ်။ သူတို့အစား ခြေစွမ်းကောင်းတဲ့ စတာလင်လည်း အဆင်သင့်ဖြစ်နေပါတယ်။ သူက ကွင်းလယ်ပိုင်းရဲ့ တိုက်စစ်ဆင်ကစားနည်းကို ပြောင်းလဲပေးနိုင်ပါတယ်။ ဂိုးသွင်းဖို့နေရာကျတော့ Mudryk ကိုပဲ အားကိုးခဲ့ရလိမ့်မယ်။

ရာသီရဲ့နောက်ဆုံးကာလအတွင်းမှ လန်ဒန်ဒါဘီတိုက်ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒီပွဲလေးဟာ အာဆင်နယ်ဘက်က အမ်းမရိတ်ကွင်းနဲ့ ချယ်လ်ဆီးကို လက်ခံကစားရမှာဖြစ်ပြီး အရေးကြီးတဲ့ ၃ မှတ်ကို လုယက်ကြမှာဖြစ်ပါတယ်။ ဒီပွဲ အာဆင်နယ်ဘက်က အနိုင်ရသွားခဲ့လို့ရှိရင် နံပါတ် ၁ နေရာ ပြန်တက်သွားလိမ့်မယ်။ ချယ်လ်ဆီးတို့ကျတော့ ဂုဏ်သရေနဲ့ ဖန်တွေရဲ့ ယုံကြည်မှုပြန်ခေါ်ဆောင်ဖို့ ကစားကြမှာဖြစ်ပါတယ်။ ဒီနားမတိုင်ခင် အာဆင်နယ်တို့ လိဂ်ထဲမှာ ၄ ပွဲဆက်တိုက် နိုင်ပွဲမရှိသေးပါဘူး။ ၃ ပွဲသရေ ၁ ပွဲအရှုံးပဲ လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဆင့် ၁ နေရာ မန်စီးတီးကို ပေးခဲ့လိုက်ရပါပြီ။ မန်စီးတီးတို့ရဲ့ နောက်ဆုံးတစ်ပွဲတုန်းက ဖူဟမ်အပေါ် ၂-၁ နဲ့ အနိုင်ရသွားတဲ့အတွက် အာဆင်နယ်ထက် ရမှတ် ၁ မှတ်ပိုများပြီး အဆင့် ၁ ကို တက်သွားတာဖြစ်ပါတယ်။ အခုလက်ရှိ အာဆင်နယ်အသင်းက မန်စီးတီးထက် ၁ ပွဲပိုကစားထားပေမယ့် စီးတီးရဲ့နောက်ကနေ ၁ မှတ်လောက်တော့ ကွာဟနေပါတယ်။ ချယ်လ်ဆီးတို့ကျတော့ ပွဲစုံ ၅ ပွဲတုန်းက ၅ ပွဲစလုံး အရှုံးရလာခဲ့ပါတယ်။ လိဂ်ထဲမှာဆိုရင် ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါပြီ။ အဲ့ထက်ဆိုးတာ နောက်ဆုံးတစ်ပွဲတုန်းက ဘရန့်ဖိုတ့်ကိုရှုံးလာတဲ့အတွက် အဆင့် ၁၂ အထိ ကျဆင်းသွားပြီဖြစ်ပါတယ်။ ဥရောပဖလားဇုန်ရဲ့နောက်ကနေ ၁၄ မှတ်တောင် ကွာဟနေပါပြီ။ ဒီပွဲကတော့ အာဆင်နယ်အတွက် ချန်ပီယံနေရာ ဆုံးဖြတ်သွားမယ့်ပွဲပဲလို့ ယူဆထားပါတယ်။ ဒီပွဲကတော့ ကိုယ့်အိမ်ကွင်းနဲ့ပဲ အကျောရထားတာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ လောလောဆယ် စွမ်းဆောင်ရည်တွေ သိပ်မကောင်းပါဘူး။ တည်ငြိမ်မှုမရှိဘူးဖြစ်နေတယ်။ ပြသာနာတက်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ အာဆင်နယ်အိမ်ကွင်းဖြစ်ပြီး ချယ်လ်ဆီးတို့ရဲ့ စံချိန်ထဲမှာ မဆိုးပါဘူး။ နောက်ဆုံး ၃ ရာသီအတွင်းထဲမှာ ၃ မှတ်ရပြီးပြန်သွားရတာ ၂ ကြိမ်တောင် ရှိပါတယ်။ ၂၀၁၉/၂၀ ခုနှစ်တုန်းကဆိုရင် အာဆင်နယ်အပေါ် ၂-၁ နဲ့ နိုင်ပြီး အရင်ရာသီတုန်းကလည်း ၂-၀ နဲ့ အနိုင်ရသွားခဲ့ဖူးပါတယ်။ အဲ့ပွဲ ချယ်လ်ဆီးအတွက် ဂိုးသွင်းပေးတဲ့ကစားသမားက ရိုမီလူ လူကာကူနဲ့ ရီစီဂျိမ်းတို့ပဲ ဖြစ်ပါတယ်။ ဒီပွဲကတော့ အာဆင်နယ်တို့ ချန်ပီယံဖြစ်ဖို့အတွက် ပြန်ပြီးရင်ခုန်ရမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ချယ်လ်ဆီးရဲ့ လက်ရှိစွမ်းဆောင်ရည်က အရမ်းညံ့နေလို့ပါ။ အဲ့တာနဲ့ပဲ အာဆင်နယ်ရဲ့ အခွင့်ကောင်းတစ်ခုပဲလို့ ပြောနိုင်ပါတယ်။ ဒီပွဲကတော့ အာဆင်နယ်ဘက်က အိမ်ကွင်းနဲ့ အသက်ကုန်ရုန်းပြီး အနိုင်ရသွားမယ်လို့ ထင်မြင်ထားပါတယ်။

11 Players

Arsenal  (4 -3 – 2 – 1): Ramsdale; White, Holding, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Trossard; Jesus

Chelsea (4-2-3-1) : Kepa; Chalobah, Silva, Fofana, Chilwell; Fernandez, Kante, Gallagher; Felix, Kovacic, Mudryk

Missing Players

Arsenal : Mohamed Elneny (Knee Injury), William Saliba (Back Injury), Oleksandr Zinchenko (Unknown Injury), Takehiro Tomiyasu (Knee Surgery)

Chelsea : Kalidou Koulibaly (Hamstring Injury), Armando Broja (Cruciate Ligament Rupture),M. Cucurella (Strain Injury), M.Mount (Hip Injury), R. James(Hamstring Injury)

Facebook