bet365 myanmar

ချယ်လ်ဆီး Vs ဘုန်းမောက် [27 Dec 27 - 24:00 hrs]

bet365 myanmar တူချယ်လ်အစား ရောက်လာတဲ့ပေါ်တာဟာ ချယ်လ်ဆီးကိုဦးဆောင်ပြီး ၃ ပွဲဆက်တိုက်အနိုင်ရအောင် ညာဏ်ရည်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်လာတဲ့ ၅ ပွဲရောက်တော့မှ အနိုင်ပွဲ လုံးဝပျောက်ဆုံးသွားပါတယ်။ အဲ့ထက်ဆိုးတာ ကိုယ့်အသင်းသားဟောင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားသေးတယ်။ သူ့ကစားစနစ်က ရိုးရှင်းလွန်းပါတယ်။ အဲ့တာနဲ့ပဲ အခုနောက်ပိုင်းအခြေနေက မြင်တဲ့အတိုင်း ဖြစ်နေရော။ ပြီးတော့ ကျွန်တော်ပြောဖူးသလို သူတို့ရဲ့ အသစ်ရောက်လာတဲ့ကစားသမားတွေ A အဆင့်နဲ့ အရည်သွေးမျိုးမရှိကြဘူး။ စတာလင်က သူ့ရဲ့အကောင်းဆုံးအချိန်ကို ကျော်ဖြတ်လာပါပြီ။ Gallagher မှာလည်း ဘာမှမလုပ်ပြနိုင်သေးဘူး။ အူဘာမီယန်းကလည်း အသင်းကိုရုန်းပေးလို့ရအောင် အသက်အရွယ်တော်တော်ကြီးနေပြီ။ သူ့အတွေ့ကြုံလေးကသာ အသင်းကိုပင့်ပေးနေပါတယ်။ ပရီးမီးယားလိဂ်ဇာတ်ခုံက လတ်ဆတ်မှုလိုတယ်ဗျ၊ ဘောလုံးက အရမ်းမြန်တော့ အတွေ့ကြုံနဲ့ လတ်ဆတ်မှုလိုအပ်ပါတယ်။

ဘုန်းမောက်တို့ကျတော့ အတန်းဆင်းမယ့်ထဲ ပါနေတုန်းဖြစ်ပါတယ်။ သူတို့လက်ထဲမှာ ၁၆ မှတ်ရှိနေပေမယ့် အတန်းဆင်းမယ့်ဇုန်ထက် ၃ မှတ်ပဲသာနေတယ်။ အဲ့တော့ အခွင့်ရေးအသီးသီးက အသင်းတိုင်းအတွက် ရှိနေသေးတယ်။ သူတို့အသင်းထဲမှာ ဘာပြသာနာမှမရှိပါဘူး။ အဓိက ကစားသမားတွေ စုံပါတယ်။ ဒီပွဲ ၄-၄-၂ စနစ်နဲ့သွားမယ်ထင်တယ်။ ရာသီရဲ့ ပထမပိုင်းတုန်းက နောက်ဆုံးတစ်ပွဲမှာ အဲဗာတန်အပေါ် ၃ ဂိုး ၀ နဲ့ အနိုင်ရသွားသေးတယ်။ အဲ့ဒီတော့ ဒီပွဲ အဲ့ပွဲမှကစားသမားအဖွဲ့အစုတွေကိုပဲ ဆက်လက်အသုံးပြုသွားလောက်ပါတယ်။ အသင်းထဲက Kefe Moore ဆိုတဲ့တစ်ယောက်ဟာ ဒီရာသီမှာ ဂိုး ၄ လုံးသွင်းပြီးပြီ။ သူ့သွင်းဂိုးတွေက ရာသီရဲ့ ပထမပိုင်းပြီးခါနီးအချိန်မှ ရလာတယ်။ ဒီပွဲကတော့ ဘုန်းမောက်တို့ အိမ်ရှင်ကို မခံနိုင်ပါဘူး။ ဒါပေမယ့် အချင်းချင်းတွေ့ဖူးတဲ့ ၃ ပွဲစံချိန်တုန်းကကျတော့ အနိုင် ၂ ပွဲတောင် ရသွားဖူးပါတယ်။ ဒီပွဲ ဘာမဆိုဖြစ်နိုင်ပါတယ်။ သူတို့ဘက်ကအရှုံးရသွားမယ်ဆိုရင်တောင် ကပ်ရှုံးရုံပဲရှိလိမ့်မယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်တွေမှာ အိမ်ရှင်ဘက်က နည်းနည်းပိုသာပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့ ၁၀ ပွဲထဲမှာ ချယ်လ်ဆီးဘက်က အနိုင် ၅ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၄ ပွဲ ရသွားခဲ့ဖူးပါတယ်။ နောက်ဆုံး ၃ ပွဲတုန်းကဆိုရင် ချယ်လ်ဆီးဘက်က အနိုင်တစ်ပွဲမှမရဖူးသေးပါဘူး။ အခြေခံခြေစွမ်းတွေ ကွာဟပေမယ့် ဘုန်းမောက်ဘက်က အဲ့ဒီ ၃ ပွဲမှာ အနိုင် ၂ ပွဲတောင် ရရှိသွားပါတယ်။ အဲ့တော့ ဒီပွဲ ချယ်လ်ဆီးတို့အတွက် မလွယ်သေးပါဘူး။ ပြီးတော့ ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက ကောင်းလိုက် ဆိုးလိုက်ဖြစ်နေတယ်။ စိတ်ချလို့တောင်မရသေးပါဘူး။ ဒီပွဲကတော့ ချယ်လ်ဆီးတို့နိုင်မယ်ဆိုရင်တောင် ကပ်နိုင်ရုံပဲရှိလိမ့်မယ်။

11 Players – 

Chelsea (3-4-2-1) – Kepa – Koulibaly – Thiago Silva – Cucurella – Jorginho – Kovacic – Pulisic – Mount – Gallagher – Havertz – Aubameyong

Bournemount (4-4-2) – Travers – Zemura – Senesi – Mepham – Smith – Christie – Billings – Cook – Anthony – Moore – Solanke

Missing Players –

Chelsea FC – Ben Chilwell (Hamstring Injury), N’Golo Kanté (Hamstring Injury), Armando Broja (Cruciate Ligament Rupture)

AFC Bournemouth – Lloyd Kelly (Ankle Injury)

Facebook

မန်ယူအသင်း ဒီနှစ်အခြေနေက အရင်နှစ်ထက်တော်တော်ကြည့်ကောင်းပါတယ်။ ကစားသမားအသစ် ဝယ်ဖြည့်တဲ့နေရာ မှန်ကန်ပြီး ငွေတော်တော်အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တစ်မြို့ထဲရှိတဲ့ အသင်းနဲ့တော့ တော်တော်ဝေးနေသေးတယ်။ မန်ယူတို့ ဒီပွဲအတွက် အဆင်သင့်ဖြစ်ပါတယ်။ မာရှယ်၊ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်တို့အစုံပဲ ရှိနေကြပါတယ်။ သူတို့တိုက်စစ်ပိုင်းမှာ ဒီ ၃ ယောက်ပဲ အကောင်းဆုံးဖြစ်တယ်လို့ ယူဆထားပါတယ်။ ဆန်ချိုကျတော့ သူ့ခြေစွမ်းက အရင်ထက် ကျဆင်းနေပါတယ်။ ဒေါ့မွန်နဲ့နေတုန်းကလောက် မကြမ်းတော့ဘူး။ အဲ့တော့ တန်ဟက်က အခြားသူတွေကိုပဲ အခွင့်ရေးပေးသွားလိမ့်မယ်။ ကွင်းလယ်ခံစစ်နေရာ ဖာနန်ဒက်ဇ်နဲ့ အဲရစ်ဆင်တို့ကို တွဲထားလောက်တယ်။ ခံစစ်ပိုင်းကျတော့ တန်ဟက်မှာ ဟယ်ရီမက်ဂွိုင်းယားကို အသုံးပြရဲမလားမသိသေးဘူး။ သူ့ရဲ့ အင်္ဂလန်နိုင်ငံအသင်းနဲ့ Form ကတော့ ရှယ်ကောင်းပါတယ်။ ဒီပွဲက မန်ယူအတွက် ကြောက်စရာမရှိပါဘူး။ ထိပ်တန်းအသင်းနဲ့ တွေ့ရတာလည်းမဟုတ်တဲ့အတွက် မက်ဂွိုင်းယားကို စမ်းသုံးလို့ရလောက်တယ်။

နော်တင်ဟမ်ဖောရက်စ်တို့ကျတော့ သူတို့လိုအခြေခံမျိုးရှိတဲ့အသင်းတွေနဲ့ ယှဉ်ကြည့်ရင် အခုတလော စွမ်းဆောင်ရည်ကောင်းနေကြပါတယ်။ နောက်ဆုံး ၅ ပွဲတုန်းက အနိုင် ၂ ပွဲ သရေ ၂ ပွဲနဲ့ အရှုံး ၁ ပွဲပဲ ရှိပါတယ်။ အဲ့ဒီအနိုင် ၂ ပွဲထဲက ၁ ပွဲမှာ လီဗာပူးလ်ကိုကျွေးထားတာရှိတယ်။ ဒီပွဲကတော့ သူတို့ဘက်က တန်ပြန်တိုက်စစ်ဆင်ဖို့ စီစဉ်ထားလောက်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ဒီစနစ်က ကြောက်စရာမကောင်းပါဘူး။ လက်နက်ကြီးတွေလည်းမရှိကြဘူး။ စိတ်ဝင်စားစရာကောင်းတာကတော့ နတ်ဘုရားကြီးလင်ကဒ်နေခဲ့ဖူးတဲ့ကွင်းကို အလည်ရောက်ချလာတာပဲရှိပါတယ်။ EFL ပွဲစင်တုန်းက ဂိုးတစ်လုံးနဲ့ Assist တစ်ခါပါ လုပ်သွားသေးတယ်။ ဒီပွဲ ပရီးမီးယားလိဂ်ပွဲစင်ဖြစ်ပြီး နောက်တစ်ခေါက် ပြန်လာရပြီဆိုတော့ အရင်တစ်ပွဲလို ကောင်းနိုင်မလားမသိသေးပါဘူး။ ပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ နောက်တစ်ယောက်ကျတော့ Awoniyi ပါပဲ၊ သူက တန်ပြန်တိုက်စစ်နေရာ ကျွမ်းပါတယ်။ သူက ပြေးပေါက်ရှာတတ်တယ်။ ဒီထက်ကောင်းချင်ရင်တော့ အချိန်မှန်ဖို့နဲ့ နေရာမှန်ဖို့လိုသေးတယ်။ ဒါပေမယ့်လည်း ဒီတိုင်းကြည့်ရင်တော့ ကမ္ဘာ့အဆင့်ရှိတဲ့ ခံစစ်မှူးနဲ့ မာတီနက်ဇ်ကို မကျော်နိုင်လောက်ပါဘူး။

bet365 myanmar အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင် မန်ယူဘက်က ပိုသာပါတယ်။ သူတို့နှစ်သင်း တွေ့ဖူးတဲ့ ၁၀ ပွဲတုန်းက မန်ယူတို့ အနိုင် ၇ ပွဲနဲ့ သရေ ၁ ပွဲ ပြီးတော့ အရှုံး ၁ ပွဲပဲ ရသွားပါတယ်။ ဒါပေမယ့် အဲ့ဒီအရှုံးပွဲ ၁၉၉၉ ခုနှစ်တောင် ပြန်ကြည့်မှ တွေ့ရပါတယ်။ အခုလက်ရှိ အသင်းရဲ့အရွယ်အစားက အရမ်းကွာဟနေပါပြီ။ အရင်ကစံချိန်ကိုယူပြီး ယှဉ်လို့မရတော့ပါဘူး။ မန်ယူတို့က စပါးကို အနောက်ကနေ ဓားပြေးထိုးချင်တဲ့အတွက် ဒီပွဲမဖြစ်မနေ အနိုင်ရအောင်တော့ အသက်ကုန်ကြိုးစားခဲ့ကြလိမ့်မယ်။ လက်ရှိ နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်ကိုကြည့်ပြီးပြောရင် အတူတူပါပဲ။ ဒါပေမယ့် ကစားသမားအသီးသီးကို ယူပြီးယှဉ်ကြည့်ရင်တော့ မန်ယူဘက်က တော်တော်ပဲပိုသာပါတယ်။ အဲ့ထက်အရေးကြီးတာ ဒီအိပ်မက်ဇာတ်ရုံလေးက တန်ဟက်လက်ထဲရောက်လာပါပြီ။ သူ့ခေတ်က အရင်ခေတ်တွေထက် ကျက်သရေရှိပါတယ်။ အဲ့ဒီတော့ ဒီပွဲ မန်ယူတို့ပဲ အေးအေးဆေးဆေး အနိုင်ရရှိသွားလောက်ပါတယ်။

11 Players – 

Man Utd (4-2-3-1) – De Gea – Shaw – Varane – Martinez – Dalot – Casemiro – Eriksen – Fernandez – Anthony – Rashford – Martial

Nottingham Forest (4-3-3) – Henderson – Toffolo – Boly – Worrall – Williams – Mangala – Yates – Freuler – Johnson – Lingard – Awoniyi

Missing Players –

Manchester United – Axel Tuanzebe (Unknown Injury), Brandon Williams (Unknown Injury)

Nottingham Forest – Cheikhou Kouyaté (Hamstring Injury), Moussa Niakhaté(Hamstring Injury), Omar Richards (Fractured Leg), Giulian Biancone (Knee Injury)

Facebook