bet365 link

စပါး Vs အက်စတွန်ဗီလာ [1 Jan 23 - 20:30 hrs]

bet365 link စပါးအသင်း နံပါတ် ၄ နေရာကို နှစ်တိုင်းပဲလုယက်နေရပါတယ်။ အသင်းနည်းပြက ဘယ်သူပဲဖြစ်နေပါစေ စွမ်းဆောင်က ကောင်းလိုက်ဆိုးလိုက်ဖြစ်နေတယ်။ ကြီးမားတဲ့အသင်းထဲအားလုံးကြည့်ရင် သူတို့နဲ့ လီဗာပူးလ် တို့လောက်ပဲ တည်ငြိမ်မှုမရှိသေးဘူး။ ဒါပေမယ့် စပါးတို့ရဲ့အားသာချက်ကတော့ အိမ်ကွင်းနဲ့ပွဲပဲဖြစ်ပါတယ်။ အိမ်ကွင်းနဲ့ပွဲမှာ နယူးကာဆယ်နဲ့ လီဗာပူးလ်တို့ကို ရှုံးခဲ့ဖူးပေမယ့် ဒီပွဲပြိုင်ဘက်နဲ့ယှဉ်ကြည့်ရင်တော့ အေးဆေးပါ။ အဲ့တော့ ဒီပွဲ စပါးအတွက်ဘာမှစိတ်ပူစရာမရှိပါဘူး။ စပါးအသင်းက လောလောဆယ် အဆင်သင့်ဖြစ်နေတဲ့အတွက် ကြိုက်တဲ့ကစားသမားကို ရွေးဆင်းခိုင်းလို့ရပါတယ်။ သူတို့ရဲ့ခံစစ်ပိုင်းကတော့ ဂိုးသွင်းခံထိတာများနေတယ်။ တိုက်စစ်ပိုင်းက နည်းနည်းကောင်းပေးလို့ပဲ အဆင်ပြေနေတယ်။ အိမ်ကွင်းနဲ့ ၈ ပွဲကစားပြီး ဂိုး ၂၂ လုံး သွင်းနိုင်ကြတယ်။ သွင်းခံထိတဲ့ဂိုးက ၁၁ လုံး ဖြစ်ပါတယ်။ အဲ့တော့ စပါးတို့ ကိုယ့်ခံစစ်ပိုင်းကို ပြန်ပြင်နိုင်ရင်တော့ Top4 ထဲပါဖို့ရှိပါတယ်။

အက်စတွန်ဗီလာအသင်းကျတော့ အသင်းနည်းပြပြောင်းလိုက်ကတည်းက အစစအရာရာ ပိုအဆင်ပြေလာပါတယ်။ အသင်းထဲက ခြေစွမ်းအပြနိုင်ဆုံးကစားသမားကတော့ Bailey ပါပဲ။ သူ့အပြေးနဲ့ ဘယ်ဘက်ခြေထောက်က ပြိုင်ဘက်ကို တော်တော်ဒုက္ခပေးနိုင်ပါတယ်။ လီဗာပူးလ်နဲ့ပွဲတုန်းက ရှုံးသွားတဲ့နေရာ ပြန်မခုခံနိုင်တာမဟုတ်ပါဘူးနော်။ ခုခံနိုင်ပေမယ့် ခံစစ်ပိုင်းက အဲ့လောက်ထိမမာတော့ ထောင်းခံထိသွားပါတယ်။ လီဗာပူးလ်ရဲ့ဂိုးသမားက အရမ်းမာလို့ပါ။ Watkins ရဲ့ ဂိုးသွင်းချက်တော်တော်များများကို ခုန်ဖမ်းနိုင်တယ်။ ဒီပွဲ Watkins က စပါးကိုတိုင်ပတ်အောင်လုပ်လိမ့်မယ်။ သူ့အပြေးက အရင်ထက်ပိုမြန်လာတယ်။ လိမ့်ဘောနေရာလည်း တော်တော်အဆင်ပြေလာတယ်။ အဲ့ဒီတော့ ပြိုင်ဘက်က သူ့ကိုဘယ်လိုနည်းနဲ့ ဝင်တားမလဲဆိုတာ ကြည့်ရသေးတာပေါ့။ ခြေစွမ်းကောင်းလာတဲ့နောက်တစ်ယောက်ကျတော့ ကော်တင်ဟိုပါပဲ။ သူက ဒီထက်ကောင်းနိုင်ရင်တော့ ပထမ ၁၁ ယောက်ထဲ ပြန်ပါသွားလိမ့်မယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်က ပိုသာခဲ့ဖူးပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့ ၁၀ ပွဲတုန်းကစံချိန်ကိုယူကြည့်လိုက်ရင် စပါးဘက်က အနိုင် ၈ ပွဲတောင် ရသွားပါဖူးပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် စပါးဘက်က အိမ်ကွင်းနဲ့ ၄ ဂိုး ၀ နဲ့တောင် အနိုင်ရရှိသွားပါတယ်။ စပါးတို့က အနိုင်ရအောင်လုပ်ဖို့လိုပါတယ်။ ဘာလို့လည်းဆိုတော့ မန်ယူနဲ့ လီဗာပူးလ်တို့က သူတို့ကိုမှီခါနီးပြီဖြစ်ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အနိုင်ရသင့်တာကို မရပဲ သရေကျလာခဲ့ပါတယ်။ အက်စတွန်ဗီလာတို့ကျတော့ အခုမှလီဗာပူးလ်ကိုရှုံးလာပေမယ့် အစစအရာရာကတော့ အရင်ထက် ပိုပြီးအဆင်ပြေလာပါတယ်။ ကစားပုံကစားနည်းတွေက စနစ်တကျ ပိုဖြစ်လာတယ်။ ဒါပေမယ့် အိမ်ရှင်နဲ့ယှဉ်ကြည့်လိုက်တဲ့အခါမှာ အိမ်ရှင်လောက် စံချိန်မကောင်းသေးပါဘူး။ ပြီးတော့ အရည်အချင်းကောင်းတဲ့ကစားသမားတွေကလည်း စပါးလောက်မပေါသေးဘူး။ အဲ့ဒီတော့ ဒီပွဲ စပါးတို့ပဲ အနိုင်ရသွားလိမ့်မယ်။

11 Players

Spurs (3-4-2-1) – Lloris – Dier – Sanchez – Tanganga – Bissouma – Hojbjerg – Emerson – Perisic – Son – Kulusevski – Kane

Aston Villa (4-4-1-1) – Olsen – Mings – Digne – Konsa – Young – Luiz – Buendia – Kamara – McGinn – Bailey – Watkins

Missing Players –

Tottenham Hotspur – Rodrigo Bentancur (Adductor problems), Richarlison(Hamstring Injury), Ryan Sessegnon (Hamstring Injury)

Aston Villa – Diego Carlos (Achilles tendon rupture), Boubacar Kamara(Knee Injury

Facebook

အိမ်ရှင်ဖောရက်စ်အသင်း အသင်းကြီးထဲ လူသစ် ၂၂ ယောက်ထပ်ဖြည့်သွင်းပေမယ့် စွမ်းဆောင်ရည်က တန်းပြီးမကောင်းနိုင်သေးပါဘူး။ သူတို့ရဲ့အားသာချက်က တစ်ခုပဲရှိတယ် အဲ့တာ အိမ်ကွင်းနဲ့ကစားခြင်းပဲ ဖြစ်ပါတယ်။ အိမ်ကွင်း ၄ ပွဲဆက်တိုက် အရှုံးမရှိသေးပါဘူး။ ဒီပွဲ သူတို့ဘက်က Moussa Niekate Chiku Kuyate၊ Julian Biancone နဲ့ Omar Richards တို့ကို အသုံးပြုလို့မရသေးပါဘူး။ သူတို့အားလုံးက ဒဏ်ရာရထားကြပါတယ်။ Morgan Gibbs-White နဲ့ Jesse Lingard တို့ကျတော့ ပွဲမစခင် အခြေနေစစ်ဆေးဖို့လိုသေးတယ်။ သူတို့ရဲ့ခံစစ်ပိုင်းကတော့ ဒီရာသီအတွင်း ဂိုး ၃၃ လုံးတောင် သွင်းခံထိထားတဲ့အတွက် တော်တော်အားနည်းနေပါတယ်။ တိုက်စစ်ပိုင်းကလည်း အားရစရာမကောင်းသေးပါဘူး။

ချယ်လ်ဆီးတို့ကျတော့ အခုအချိန်အထိ ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတဲ့အတွက် ဖန်တွေအားလုံး စိတ်ညစ်နေကြလောက်တယ်။ ဒီပွဲ ပေါ်တာလက်ထဲက ချယ်လ်ဆီးအသင်းမှာ ဒဏ်ရာရထားတဲ့ N’Golo Kante၊ Wesley Fofana နဲ့ Armando Broya တို့ကို အသုံးပြုလို့မရသေးပါဘူး။ Ben Chilwell, Mateo Kovacic, Ruben Loftus Cheek နဲ့ Hakim Ziyech တို့ကျတော့ အခြေနေစစ်ဆေးပြီးမှပြောလို့ရမယ်။ Reece James ဆိုတဲ့တစ်ယောက်ကျတော့ မပါနိုင်မှန်းသေချာသွားပါပြီ။ ချယ်လ်ဆီးအသင်းရဲ့ပြသာနာက တိုက်စစ်ပိုင်းပဲဖြစ်ပါတယ်။ ဂိုးသွင်းမယ့် Striker နဲ့ ကွင်းလယ်ပိုင်းက ခန ခန မှားယွင်းနေတာ တွေ့ခဲ့ရတယ်။ ဒီပွဲ Raheem Sterling နဲ့ စည်းဘေးကနေ တိုက်စစ်တွဲဆင်တတ်တဲ့ Reece James က မရှိတော့ နည်းပြမှာ တော်တော် ခေါင်းကိုက်သွားလောက်တယ်။ နည်းပြက ဘယ်လိုမျိုး စီစဉ်ထားမလဲတော့မသိသေးဘူး။ ဒီပွဲပြီးရင် နောက်ပွဲ မန်စီးတီးနဲ့တွေ့ဖို့ရှိသေးတယ်။ အဲ့ဒီတော့ ပေါ်တာက အချို့ Position ကို Rotation ချဖို့ရှိလောက်ပါတယ်။

bet365 link ချယ်လ်ဆီးအသင်း ဒီပွဲ ဖောရက်စ်တို့ရဲ့ The city Ground ကွင်းအထိ ဧည့်သည်သွားလုပ်ရမှာဖြစ်ပါတယ်။ ဖောရက်စ်တို့ နောက်ဆုံးတစ်ပွဲတုန်းက မန်ယူကိုရှုံးလာတဲ့အတွက် လောလောဆယ် လိဂ်ရဲ့ အဆင့် ၁၉ ဖြစ်နေပါတယ်။ ၁၆ ပွဲဆင်းကစားပြီး ရမှတ် ၁၃ မှတ်ပဲရရှိထားပါတယ်။ ဖောရက်စ်တို့ ဒီလိုအခြေနေမျိုးနဲ့ ခြေစွမ်းကောင်းနေတဲ့ချယ်လ်ဆီးနဲ့ တွေ့ရမှာဆိုတော့ အရှုံးရဖို့ရှိပါတယ်။ ချယ်လ်ဆီးတို့ကျတော့ ကမ္ဘာ့ဖလားပွဲမတိုင်ခင် ၅ ပွဲတုန်းက အနိုင်တစ်ပွဲမှမရခဲ့ပါဘူး။ ကမ္ဘာ့ဖလားပွဲပြီးသွားတော့မှ နောက်လာတဲ့တစ်ပွဲမှာပဲ အနိုင်ရရှိသွားပါတယ်။ လက်ရှိ လိဂ်ထဲက နံပါတ် ၈ ရောက်ရှိနေပြီး လက်ထဲမှာ ၂၄ မှတ် ကောက်သိမ်းနိုင်ပါတယ်။ ပြိုင်ပွဲအရေတွက် ၁၅ ပွဲရှိပြီး အဆင့် ၄ ထက် ရမှတ် ၄ မှတ်ပဲနည်းနေတော့တယ်။ ဒီပွဲ နှစ်သင်းစလုံးမှာ ဒဏ်ရာရထားတဲ့ကစားသမားရှိနေတာချင်းတူတူပဲ။ ဒီပွဲကတော့ ချယ်လ်ဆီးဘက်က တိုက်စစ်ဆင်ပြီး ဖောရက်စ်ဘက်က ခံစစ်ပိတ်ကစားခဲ့ကြလိမ့်မယ်။ ဖောရက်စ်တို့ ဒီပွဲ အိမ်ကွင်းမှာရှိတဲ့ အားပေးသံနဲ့ သရေကျအောင် ကြိုးစားခဲ့ကြလိမ့်မယ်။ ဒါပေမယ့် ဒီပွဲ ချယ်လ်ဆီးဘက်က တော်တော်ပဲ ပိုကြည့်ကောင်းနေတယ်။ ကစားစတိုင်လ်ကလဲ ပြောင်းလဲလာပြီ။ အမှတ် ၃ မှတ်ပါ အရမ်းလိုချင်နေကြတာဆိုတော့ ချယ်လ်ဆီးတို့ မနိုင်ပဲမနေလောက်ပါဘူး။

11 Players –

Nothingham Forest (4-3-3) : Henderson; Williams, Worrall, Boly, Lodi; Yates, Freuler, Mangala; Johnson, Awoniyi, Dennis

Chelsea (4-3-3): Kepa; Azpilicueta, Koulibaly, Thiago Silva, Cucurella; Denis Zakaria, Jorginho, Mount; Sterling, Havertz, Pulisic

Missing Players –

Nothingham Forest  : C. Kouyate (Ankle Injury), J. Lingard (Thigh Injury), M. Gibbs-White (Knock Injury), O. Richards (Leg Injury), G. Biancone (Cruciate Ligament Injury)

Chelsea : R. Loftus-Cheek (Calf Injury), B. Chilwell, (Hamstring Injury), W. Fafana (Knee Injury), A. Broja (Knee Injury) , Reece James , N Golo Kante

Facebook