bagan888

ချယ်လ်ဆီး Vs နယူးကာဆယ် [ 28 May 23 - 22:00 hrs]

bagan888 အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်က ပိုကောင်းပါတယ်။ ဒါပေမယ့် ဒီနှစ်ပထမကျော့တုန်းကကျတော့ နယူးကာဆယ်ဘက်က ၃ မှတ်အရင်ရသွားခဲ့ပါတယ်။ အခု လိဂ်ထဲက နှစ်သင်းစလုံးရဲ့အခြေနေ သေချာသွားပါပြီ။ ချယ်လ်ဆီးဘက်က ဥရောပတိုက်ပွဲထဲပါခွင့်မရှိတော့ဘူး။ ပြီးတော့ သူတို့ရဲ့ စွမ်းဆောင်ရည်က ဒီ ၁၀ နှစ်အတွင်းသာအညံ့ဆုံးပဲ ဖြစ်နေပါတယ်။ နယူးကာဆယ်တို့ကျတော့ အခုလက်ရှိအခြေနေက နှစ် ၂၀ အတွင်းသာ အကောင်းဆုံးဖြစ်နေပါတယ်။ ဒီပွဲပြီးသွားလို့ရှိရင် အဆင့် ၃ နဲ့ အဆင့် ၄ နေရာကို ဆုံးဖြတ်သွားပါလိမ့်မယ်။ အဆင့် ၃ ဖြစ်ချင်ရင်တော့ သူတို့ အနိုင်ရအောင် လုပ်ရမှာဖြစ်ပြီး မန်ယူတို့ပွဲစဉ်ကို အနည်းဆုံး သရေကျသွားအောင် မျှော်လင့်ရမယ်။ ဒါပေမယ့်လည်း နယူးကာဆယ်တို့က UCL ထဲ ပါသွားပြီဖြစ်တဲ့အတွက် အဆင့် ၃ ဖြစ်ဖြစ် အဆင့် ၄ ဖြစ်ဖြစ် အာရုံစိုက်မနေလောက်တော့ပါဘူး။ ချယ်လ်တို့ကျတော့ ဒီပွဲ အိမ်ကွင်းလေးနဲ့ ရာသီကိုနှုတ်ဆက်ရမှာဖြစ်ပါတယ်။ ဒီနှစ်က သူတို့အတွက် တော်တော်ဆိုးပါတယ်။ နောက်ဆုံးတစ်ပွဲကမှ မန်ယူကို ပိုးစိုးပက်စက် ၄-၁ နဲ့ ရှုံးလာပါတယ်။ အဲ့ပွဲ ဂိုး ၆ လုံးတောင် သွင်းခံထိဖို့ရှိပါတယ်။ အဲ့တော့ ယုံကြည်မှုပိုင်းယှဉ်ကြည့်ရင် နယူးကာဆယ်ဘက်က တော်တော်ပိုသာပါတယ်။ ချယ်လ်ဆီးဘက်က စိတ်မပါပဲ ကစားနေရသလိုမျိုးဖြစ်နေတယ်။ နယူးကာဆယ်နဲ့ ယှဉ်ခုတ်ရမှာဆိုတော့ အိမ်ကွင်းလေးဖြစ်ပြီး အရှုံးလေးနဲ့နှုတ်ဆက်ဖို့ရှိလောက်တယ်။ ကစားသမားအချင်းချင်းယှဉ်ကြည့်ရင် ချယ်လ်ဆီးဘက်က နာမည်ကြီးကစားသမားတွေ ပိုပေါပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည် တစ်ယောက်ချင်းစီထောက်ကြည့်ရင်တော့ တစ်ခြားစီကြီးဖြစ်နေတယ်။ နယူးကာဆယ်မှာ နာမည်ကြီးကစားသမားတွေသိပ်မရှိပေမယ့် ခြေစွမ်းတွေကတော့ အရမ်းကောင်းနေပါတယ်။ ဒီပွဲ ဘာမှမထိခိုက်တော့ဘူးဆိုတော့ အရန်ကစားသမားတွေကို တော်တော်များများ အသုံးပြုမယ်ထင်ပါတယ်။ ခြေစမ်းပွဲလိုသဘောမျိုး ဖြစ်သွားလိမ့်မယ်။ ဒီပွဲ အစစအရာရာကြည့်ပြီး နယူးကာဆယ်တို့ အဆင့် ၃ နေရာ ရင်ခုန်ရလောက်ပါတယ်။

ဘယ်လိုလဲ ဘယ်လိုမျိုးလဲ ခရုလေးနဲ့ချယ်လ်ဆီးအသင်း ဖန်တွေကို စိတ်ပျက်အောင်တော်တော်လုပ်နေပါတယ်။ အခုတလော အခြေနေက တော်တော်ဆိုးဆိုးဖြစ်နေပါပြီ။ ဒီပွဲပါ ရှုံးခဲ့ရင်တော့ အဆင့် ၁၂ ကနေ ၁၄ အထိ ကျဆင်းသွားပါလိမ့်မယ်။ အကယ်၍ သူတို့ရဲ့ အောက်ကအသင်းနှစ်သင်း ၃ မှတ်ရနိုင်ရင်တော့ သွားပြီပေါ့။ ဘာရယ်တော့မဟုတ်ပါဘူး ဒီတိုင်းပဲရင်ခုန်အောင်ပြောကြည့်တာပါ။ တကယ့်တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ကံကောင်းလို့သာ အတန်းဆင်းမယ့်ထဲမပါသွားလို့နော် သန်း ၅၀၀ လေးရဲ့ရလဒ်က အဆင့် ၁၂ ဆိုလားပဲ။ ဒီကိစ္စကတော့ ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရပါဘူး take over ကတည်းကစပြီး တူချယ်လ်ကို အလုပ်ထုတ်လိုက်တယ်။ ပြီးရင် အသင်းကြီးတွေနဲ့ အလုပ်မလုပ်ဖူးတဲ့ပေါ်တာကို ခန့်အပ်လိုက်တယ်။ အဲ့တော့ ပြီးပြီပေါ့ဗျာ။ အခြေနေကောင်းအောင်ဆိုပြီး လမ်းပတ်ကိုထပ်ခေါ်ပါတယ်။ ခြင်္သေ့ကို ပြန်ခေါ်ချင်ရင် ခြင်္သေ့ကိုအသုံးချရမယ်ပေါ့။ ဘယ်ဟုတ်မလဲ အသုံးချဖူးပြီး အဆင်မပြေမှန်းမသိသလိုနဲ့ဗျ။ အခုထိ ဆိုးရွားနေတုန်းဖြစ်ပါတယ်။ နောက်ဆုံးတစ်ပွဲကမှ မန်ယူကို ၄-၁ နဲ့ရှုံးလာပါတယ်။ ဘာမှန်းတောင် မသိလိုက်ရဘူး။ ကစားသမားအသီးသီးတွေ ကွင်းထဲမှာ နေချင်သလိုနေ ပြေးချင်သလိုပြေးနေရော။ ဖာနန်ဒက်စ်ကြီးက အသင်းမှားသွားလို့ သူ့ကိုသနားမိပါတယ်။ ခရုလေးရဲ့ နောက်ဆုံး ၁၀ ပွဲထဲမှာ တစ်ပွဲလေးပဲနိုင်ထားပါတယ်။ ၇ ပွဲရှုံးပြီး ဆက်တိုက်ရှုံးခဲ့တဲ့ပွဲအရေအတွက်ကတော့ ၅ ပွဲရှိပါတယ်။ အသင်းကြီးနဲ့တွေ့တိုင်း အမြဲရှုံးပါတယ်။ အသင်းထဲမှာ  ဒဏ်ရာရထားတဲ့ကစားသမားရှိလို့ဆိုပြီး ပြောချင်လဲ မပြောသင့်ပါဘူး။ အဲ့လိုပြောရင် ထုတ်သုံးခဲ့တဲ့ သန်း ၅၀၀ လေးကို အားမနာပဲနေလိမ့်မယ်။ နောက်နှစ်မှပဲ အခြေခံကနေ ပြန်တည်ဆောက်ရမယ်။ အခုတော့ အိမ်ကွင်းနဲ့ရှုံးဖို့ရှိပါတယ်။

နယူးကာဆယ်တို့ကျတော့ ငွေသုံးတတ်တဲ့သူဌေးကြီးဖြစ်ပြီး အခြေနေကောင်းနေပါတယ်။ အသင်းစနစ်ကို အရမ်းကောင်းအောင်ပြုပြင်နိုင်တယ်။ နောက်ပြီး ညာဏ်ရည်ရှိတဲ့ Eddie Howe ဆိုတဲ့နည်းပြကိုပါ ပိုင်ဆိုင်ထားတော့ ချယ်လ်ဆီးနဲ့ အဆင့်အတန်း လုံးဝကွာခြားနေပါတယ်။ သူဌေးချင်းဆိုပေမယ့် အရင်းနှီးထုတ်သုံးတဲ့နေရာ ကွာခြားမှုရှိပြီး အခြေနေပိုကောင်းနေတယ်။ နယူးကာဆယ်တို့ လောလောဆယ် အဆင့် ၃ ကိုပိုင်ဆိုင်ချင်နေတာဖြစ်ပါတယ်။ ဒီပွဲ သူတို့သာအနိုင်ရပြီး မန်ယူတို့ပွဲစဉ်ကျတော့ သရေကျသွားရင် မန်ယူကို တန်းပြီး ကျော်တက်သွားလိမ့်မယ်။ ဒါပေမယ့်လည်း အခုမှာတော့ UCL တိုက်ပွဲထဲ ပါဝင်ကစားခွင့်ရသွားတာထက် ဘာမှအရေးမကြီးတော့ပါဘူး။ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၅ ပွဲစလုံး အနိုင်မရပေမယ့် ဒီထက် အောက်ဆင်းမသွားတော့ပါဘူး။ နောက်ဆုံးတစ်ပွဲ လက်စတာနဲ့ ၀-၀ သရေကျလာပါတယ်။ အဲ့ပွဲ အနိုင်ရသင့်တာကို ဂိုးမပြတ်သားနိုင်လို့ သရေကျလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာမှတော့မဖြစ်ပါဘူး။ အဲ့ပွဲ သရေကျရုံနဲ့ သူတို့အတွက် ဘာမှမဖြစ်ပါဘူး။ ဒီပွဲမှာတော့ ကစားသမား အချို့နေရာ ပြောင်းလဲမှုရှိလောက်ပါတယ်။ သူတို့မှာလည်း ဒဏ်ရာရထားတဲ့အဓိက ကစားသမားတွေရှိနေပါတယ်။ အရန်ကြယ်ပွင့်လေးတွေကို အလုပ်လုပ်ခိုင်းလောက်ပါတယ်။ သူတို့က UCL တိုက်ပွဲထဲ အပိုင်ဝင်ခွင့်ရသွားခဲ့ပါပြီ သေသေချာချာကစားရင် အဆင့် ၃ ပါ တက်သွားနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းက ဘာမှမရှိဘူး။ နယူးကာဆယ်ဘက်က ကိုယ့်ဂိုးကိုမှားပြီးမသွင်းမိရင် အဆင်ပြေပါပြီ။ ဒီပွဲ ကစားသမားပြောင်းလဲမှုရှိပေမယ့် ကစားစနစ်နဲ့ ကစားစတိုင်လ်ကိုတော့ ပြောင်းလဲမှုမရှိလောက်ဘူး။ ၄-၃-၃ စနစ်နဲ့ပဲ ဝင်လုံးလိမ့်မယ်။ Wilson ကြီးက အရမ်းတက်ကြွနေလို့ Striker နေရာ တာဝန်ယူခိုင်းလိမ့်မယ်။ ပြီးရင် Isak ကို စည်းဘေးအထိ နေရာချဲ့သွားလောက်တယ်။ သူက တော်တော်အဆင်ပြေတယ်။ သွက်လက်မှုသိပ်မရှိပေမယ့် အခြေခံခြေစွမ်းကတော့ ကောင်းတဲ့ထဲရှိပါတယ်။ ကွင်းလယ်ပိုင်းမှာကျတော့ Joelinton မရှိသေးပါဘူး ဒါပေမယ့် Guimaraes နဲ့ အစားထိုးလို့ရပါတယ်။ ခံစစ်ပိုင်းနေရာ Botman ကိုပဲ အဓိကထားထားလိမ့်မယ်။ ဒီပွဲ Pressing ကောင်းရင် ပွဲသိမ်းပါတယ်။

11 Players

Chelsea (3-4-2-1) – Kepa – Koulibaly – Fofana – Silva – Fernandez – Gallagher – Ziyech – Hall – Felix – Mudryk – Havertz

Newcastle United (4-3-3) – Dubravka – Burn – Botman – Schar – Trippier – Guimaraes – Anderson – Gordon – Isak – Wilson – Longstaff

Missing Players

Chelsea FC – Mateo Kovacic (Knock), Benoît Badiashile (Hamstring Injury), Ben Chilwell (Hamstring Injury), Marc Cucurella (Muscle Injury), N’Golo Kanté (Groin Injury), Reece James (Hamstring Injury), Mason Mount (Pelvis Injury), Armando Broja (Cruciate Ligament Rupture)

Newcastle United – Joe Willock (Hamstring Injury), Nick Pope (Hand Injury), Matty Longstaff (Knee Injury), Joelinton (Knock), Jamaal Lascelles (Calf Injury), Emil Krafth (Cruciate Ligament Rupture), Matt Ritchie (Knee Injury)

Facebook

မန်ယူတိုက ဒီပွဲမှာလည်း အပီကစားဖို့ရှိပါတယ်။ ဘာလို့လည်းဆိုတော့ အိမ်ကွင်းနဲ့ ရာသီရဲ့နောက်ဆုံးပိတ်ဖြစ်ပြီး အဆင့် ၃ နေရာ ဆက်လက်ထိန်းသိမ်းဖို့အတွက် ဖြစ်ပါတယ်။ ဒီပွဲက သူတို့အတွက် အကျိုးသက်ရောက်မှုသိပ်မရှိပေမယ့် ငါတို့သိတဲ့အတိုင်း တန်ဟက်နည်းပြက အကောင်းဆုံးလုပ်ချင်စိတ် ရှိပါတယ်။ ဖူဟမ်တို့ကျတော့ ဘယ်ပွဲအစီစဉ်ကိုမှ ဝင်ခွင့်မရတော့ပေမယ့် ဘောလုံးဖန်တွေကို စပရိုက်လေးဘာလေးတော့ တိုက်ချင်လောက်ပါတယ်။ Mitrovic ကြီးက အခုမှ bagan888 ဘန်းစာရင်းကနေ လွတ်မြောက်လာပေမယ့် ခြေစွမ်းကြမ်းနေတုန်းဖြစ်ပါတယ်။ နောက်ဆုံး ၃ ပွဲတုန်းကဆိုရင် သူ့မှာ ခြေစွမ်းပြပြီး ၇ မှတ်ရအောင် လုပ်ပေးနိုင်တယ်။ အချင်းချင်းတွေ့ခဲ့တဲ့ နောက်ဆုံးတစ်ပွဲတုန်းက FA ဖလားဖြစ်ပြီး တော်တော်ကြည့်လို့ကောင်းခဲ့ပါတယ်။ အဲ့ပွဲ ဖူဟမ်ဘက်က မန်ယူထက် ညံ့မနေပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ အနီကဒ် ၃ ကဒ်ဆက်တိုက်ရသွားတော့မှ နှမြောစရာအရှုံးလေး ဖြစ်သွားပါတယ်။ ဒီပွဲရဲ့ကစားပုံကစားနည်းကတော့ အရင်တစ်ပွဲထက် ကွာခြားမနေလောက်ပါဘူး။ နှစ်သင်းစလုံး သေသေချာချာ ကစားခဲ့ကြလိမ့်မယ်။ ပြိုင်ဘက်ရဲ့ အမှားကိုစောင့်ပြီး ကောင်တာလုပ်သွားလိမ့်မယ်။ မန်ယူတို့က ဒီပွဲ ကိုယ့်အိမ်ကွင်းဆိုပေမယ့် မလွယ်ပါဘူး။ ကာကွယ်ပိုင်းအားကောင်းပြီး မြောက်ဘောကျွမ်းကျင်တဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဆိုတော့ တော်တော်လုပ်ယူခဲ့ရလိမ့်မယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲနေနေ မန်ယူကတော့ ဒီပွဲ မနိုင်ပဲမနေလောက်ပါဘူး။ ဖူဟမ်တို့က အပီကစားချင်မှ ကစားမှာဖြစ်ပါတယ်။

Facebook

မန်ယူအသင်း UCL ထဲပါဖို့ သေချာသွားပါပြီ။ နောက်ဆုံးတစ်ပွဲကမှ ချယ်လ်ဆီးကို ၄-၁ နဲ့ အနိုင်ရရှိလာပါတယ်။ အဆင့် ၃ နဲ့ပဲ ပြီးပြီး ၄ နဲ့ပဲပြီးပြီး သေချာသွားပါပြီ။ ဒါပေမယ့် တန်ဟက်ဆိုတဲ့နည်းပြဖြစ်နေတဲ့အတွက် အကောင်းဆုံးအဆင့်နဲ့ပြီးဖို့ အလေးထားတတ်ပါတယ်။ ဒါပေမယ့်လည်း သူတို့မှာ FA ဖလား ဗိုလ်လုပွဲတစ်ပွဲတော့ ကျန်ပါသေးတယ်။ ဒီပွဲ တန်ဟက်နည်းပြက De Gea ကို ဂိုးသမားနေရာ တာဝန်ပေးပါလိမ့်မယ်။ သူက ဒဏ်ရာသက်သာသွားပါပြီ။ ပြီးရင် Maguire နဲ့ Lindelof တို့ကို ခံစစ်ပိုင်းရဲ့အဓိက တာဝန်ပေးထားလောက်ပါတယ်။ Dalot နဲ့ Malacia တို့နှစ်ယောက်ကိုကျတော့ ခံစစ်ပိုင်းကနေ တိုက်စစ်ဆင်ကစားဖို့ စီစဉ်ထားလောက်ပါတယ်။ ကွင်းလယ်ပိုင်နေရာကျတော့ McTominay နဲ့ Fred တို့ကိုပဲ ကစားပွဲထိန်းချုပ်ဖို့ တာဝန်ပေးထားလောက်ပါတယ်။ ပြီးရင် ပြိုင်ဘက်ရဲ့ ကစားပွဲကို ဖျက်ဆီးဖို့ ကာစီမီရို စီစဉ်ထားလောက်တယ်။ တိုက်စစ်ပိုင်းနေရာကျတော့ Alejandro Carnacho နဲ့ Jadon Sancho တို့နှစ်ယောက်ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်ပါတယ်။ ဒီကြားထဲမှာ ပြိုင်ဘက်ရဲ့ဂိုးကို သွင်းနိုင်တဲ့ မာရှယ်လ်လည်း အဆင်သင့် ဖြစ်နေပါတယ်။

ဖူဟမ်တို့ကျတော့ ဒီရာသီ ၃၇ ပွဲ ဆင်းကစားပြီး ၅၂ မှတ် ပိုင်ဆိုင်ထားပါတယ်။ အဲ့တာနဲ့ သူတို့ အဆင့် ၁၀ နဲ့ပြီးဖို့ သေချာသွားပါပြီ။ အဆင့် ၉ နဲ့ ၃ မှတ်ပိုနည်းပြီး အဆင့် ၁၁ ထက် ၃ မှတ် ပိုသာပါတယ်။ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ ရှုံးပွဲသိပ်မရှိပါဘူး။ နောက်ဆုံး ၃ ပွဲတုန်းက ၂ ပွဲအနိုင် ၁ ပွဲသရေ လုပ်နိုင်ပါတယ်။ နောက်ဆုံးတစ်ပွဲကမှ ခရစ်စတယ်ပဲလေစ့်နဲ့ သရေကျလာခဲ့ပါတယ်။ ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားမယ်ထင်တယ်။ ဂိုးသမားနေရာ Leno ပဲ တာဝန်ဆင်းယူမယ်။ Tosin Adarabioyo နဲ့ Issa Diop တို့ကျတော့ ခံစစ်ပိုင်းနေရာရဲ့ အဓိက ဖြစ်သွားလိမ့်မယ်။ ပြီးရင် ခံစစ်ပိုင်းကနေ တိုက်စစ်ဆင်ကစားဖို့ Tete ကို ပဲ တာဝန်ပေးထားလောက်ပါတယ်။ ကွင်းလယ်ပိုင်းနေရာကျတော့ Joao Palinha ကိုပဲ ပြိုင်ဘက်ရဲ့ကစားပွဲကို ဖျက်ဆီးဖို့ တာဝန်ပေးထားလောက်တယ်။ နောက်ပြီး Harry Wilson နဲ့ Tom Cairney တို့နှစ်ယောက်ကို ကစားပွဲဖန်တီးဖို့ စီစဉ်ထားလောက်ပါတယ်။ ဂိုးသွင်းဖို့နေရာကျတော့ Mitrovic ကိုပဲ တာဝန်ယူထားခိုင်းမယ်။ ပြီးတော့ အရှေ့တန်းနေရာ အစစအရာရာထိန်းချုပ်ဖို့ Willian ကိုပဲ တာဝန်ပေးထားပါတယ်။

11Players

Manchester United (4-2-3-1): De Gea; Dalot, Maguire, Lindelof, Malacia; Fernandes, Casemiro, McTominay; Sancho, Martial, Rashford

Fullham (4-2-3-1):   Leno; Tete, Adarabioyo, Diop, Robinson; Reed, Palhinha; Wilson, Cairney, Willian; Mitrovic

Missing Players

Manchester United : Tom Heaton (Ankle Injury), Scott McTominay (Unknown Injury), Marcel Sabitzer (Meniscal Injury), Lisandro Martínez (Metatarsal Fracture), Donny van de Beek (Knee Injury)

Fullham : Layvin Kurzawa (Sideband tear), Tim Ream (Fractured Arm), Andreas Pereira (Ankle Injury),Daniel James(Hamstring Injury)

ဒီပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးတိုက်ပွဲဟာ အဆင့် ၂၀ မှ ဆောက်သန်တန်အသင်း အိမ်ကွင်းနဲ့ လီဗာပူးလ်ကို လက်ခံကစားရမှာဖြစ်ပါတယ်။ အိမ်ရှင်အသင်း အခုတလော စွမ်းဆောင်ရည်တွေအရမ်းညံ့ပါတယ်။ အဲ့တာနဲ့ပဲ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်အထိ ကျဆင်းသွားပါပြီ။ လိဂ်ထဲက နောက်ဆုံး ၁၂ ပွဲထဲမှာ အနိုင်တစ်ပွဲမှမရှိသေးပါဘူး။ ဒီပွဲကတော့ အမြင့်ဆုံးလိဂ်ထဲက အိမ်ကွင်းနဲ့ ရာသီပိတ်သွားမှာဖြစ်ပါတယ်။ လီဗာပူးလ်တို့ကျတော့ နောက်ဆုံးတစ်ပွဲကမှမှားပြီး အက်စတွန်ဗီလာနဲ့ သရေကျလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူရိုပါလိဂ်ထဲ bagan888 ပါဝင်ကစားခွင့် ရရှိသွားခဲ့ပါပြီ။ ဒီနှစ်သင်း အချင်းချင်းတွေ့ဖူးတဲ့ ၁၁၇ ပွဲထဲမှာ ဆောက်သန်တန်ဘက်က ၃၁ ပွဲအနိုင် ၂၅ ပွဲသရေ ရသွားခဲ့ဖူးပါတယ်။ လီဗာပူးလ်တို့ကျတော့ ၆၁ ပွဲ အနိုင်ရသွားခဲ့ဖူးပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် လီဗာပူးလ်ဘက်က ၃-၁ နဲ့ အနိုင်ရရှိထားပါတယ်။ ဒီပွဲမှာတော့ ကိုယ့်အားသာချက်နဲ့ကိုယ်ပဲ ကစားကြမယ်ထင်တယ်။ ပြတ်သားမှုပိုရှိတဲ့အသင်းပဲ အနိုင်ရသွားလောက်ပါတယ်။ ဒီပွဲကတော့ ဘယ်သူနိုင်မလဲမသိသေးပါဘူး။ ဒီပွဲ လီဗာပူးလ်အတွက် မခက်ပါဘူး။ ၃ မှတ်ရသွားတဲ့အထိ မျှော်လင့်လို့ရပါတယ်။

ဆောက်သန်တန်အသင်း ဘာမှရင်ခုန်စရာမရှိတော့ပါဘူး။ နောက်နှစ် ချန်ပီယံရှစ်ထဲ ပါဝင်ကစားရမှာသေချာသွားပါပြီ။ အခု အဆင့် ၂၀ ဖြစ်ပြီး ၂၄ မှတ်ပဲ ပိုင်ဆိုင်ထားပါတယ်။ နောက်ဆုံး ၁၂ ပွဲစံချိန်ထဲမှာ အနိုင်လုံးဝမရှိသေးပါဘူး ၅ ပွဲဆက်တိုက်ပါ ရှုံးထားပါတယ်။ နောက်ဆုံးတစ်ပွဲကမှ ဘရိုက်တန်ကို ၃-၁ နဲ့ ရှုံးလာပါတယ်။ အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ Romain Perroud, Armel Bella Kotchap, Juan Larios နဲ့ Mohamed Salisu တို့ကိုအသုံးပြုလို့မရတာ သေချာသွားပါပြီ။ Che Adams နဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးပြီးမှပြောလို့ရမယ်။ ဒီပွဲ အသင်းနည်းပြက ဂိုးသမားနေရာ အခုမှဒဏ်ရာသက်သာသွားတဲ့ Gavin Bazunu ကိုပဲ တာဝန်ပြန်ယူခိုင်းလောက်တယ်။ ခံစစ်ပိုင်းနေရာ Bree နဲ့ Bednarek တို့ကို အဓိက တာဝန်ပေးထားပြီး အနောက်တန်းကနေ ကစားပွဲဖန်တီးဖို့ Walker-Peters ကို စီစဉ်ထားပါတယ်။ ကွင်းလယ်ပိုင်းကျတော့ Ward-Prowse နဲ့ Lavia တို့ကိုပဲ အဓိကတာဝန် ပေးလောက်တယ်။ ပြီးရင် ကွင်းလယ်ပိုင်းကို တောင့်တင်းမှုရှိအောင် Adam Armstrong နဲ့ Elyounoussi တို့ကို ဆင်းကစားခိုင်းမယ်ထင်ပါတယ်။ တိုက်စစ်ပိုင်းနေရာကျတော့ Walcott နဲ့ Alcaraz တို့ကိုပဲ ဂိုးသွင်းဖို့တာဝန်ပေးထားလောက်ပါတယ်။ Kamal-Dean Sulemana ဆိုတဲ့ အရန်တိုက်စစ်မှူးကလည်း ဒီပွဲ ပါဝင်ကစားဖို့ အဆင်သင့်ပဲ ဖြစ်နေပါပြီ။

လီဗာပူးလ်တို့ကျတော့ အခု Top4 နေရာ မဖြစ်နိုင်တော့ပါဘူး။ ရာသီရဲ့ နောက်ဆုံးအချိန်မှ ခြေစွမ်းထပြနိုင်ပါတယ်။ နောက်ဆုံး ၁၀ ပွဲစံချိန်ထဲမှာ ရှုံးပွဲမရှိပဲ ၇ ပွဲအနိုင် ရရှိသွားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အက်စတွန်ဗီလာနဲ့ ၁-၁ သရေကျလာပါတယ်။ အဲ့တော့ နောက်နှစ် ယူရိုပါလိဂ်ဖလားထဲကိုပဲ ပါဝင်ကစားခွင့်ရရှိသွားပါတယ်။ ဒါပေမယ့် အဆင့် ၅ နဲ့ ၆ ကိုတော့ ဘရိုက်တန်နဲ့ အခုထိ လုယက်နေရတုန်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲ နိုင်အောင်လုပ်နိုင်ရင်တော့ အဆင်ပြေပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ Thiago Alcantara, Calvin Ramsey, Naby Keita နဲ့ Stefan Baijcetic တို့ မရှိသေးပါဘူး။ အားလုံးက ဒဏ်ရာရထားကြပါတယ်။ Ibrahima Konate နဲ့ Andy Robertson တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ်။ ဒီပွဲကတော့ ကလောပ့်မှာ အရင်က ကစားသမားတွေကိုပဲ အသုံးပြုဖို့ရှိပါတယ်။ ဥပမာ ဂိုးသမားနေရာ Alisson ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ ခံစစ်ပိုင်းနေရာကျတော့ Ibrahima Konate နဲ့ Van Dijk တို့ကို အဓိက တာဝန်ပေးထားလောက်ပါတယ်။ ပြီးတော့ အာနိုးနဲ့ Andrew Robertson တို့ကျတော့ အနောက်တန်းကနေ တိုက်စစ်ဆင်ဖို့ စီစဉ်ထားလောက်ပါတယ်။ ကွင်းလယ်ပိုင်းနေရာကျတော့ Curtis Jones, Fabinho နဲ့ Jordan Henderson တို့ကိုပဲ တာဝန်ပေးပြီး တိုက်စစ်ပိုင်းနေရာ Mohamed Salah, Cody Gakpo နဲ့ Luis Diaz တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်ပါတယ်။ နောက်ဆုံး Diogo Jota နဲ့တစ်ယောက်မှာလည်း အရန်တိုက်စစ်မှူးအနေနဲ့ ဒီပွဲ ဆင်းကစားဖို့ အဆင်သင့် ဖြစ်ပါတယ်။

11 Players

Southampton (4-4-2): McCarthy; Bree, Bednarek, Lyanco, Walker-Peters; Ward-Prowse, Lavia; Walcott, Alcaraz, Elyounoussi; Aribo

Liverpool (4-3-3): Alisson; Alexander-Arnold, Matip, Van Dijk, Tsimikas; Milner, Fabinho, Oxlade-Chamberlain; Salah, Firmino, Diaz

Missing Players

Southampton : Juan Larios (Unknown Injury),R.Perraud (Knick Injury),Che Adams(Knock Injury),M.Salisu(Knock Injury),A.Bella-Kotchap(Hamstring Injury)

Liverpool : Darwin Núñez (Toe Injury), Calvin Ramsay (Knee Surgery), Stefan Bajcetic (Tear in the abductor muscle)Thiago (Hip Injury),A.Robertson(Groin injury),N.Keita(Muscle Injury),I.Konate(Illness)

Facebook