ACE333 Myanmar

ACE333 Myanmar မန်စီးတီး Vs မန်ယူ [ 3 Jun 23 - 20:30 hrs]

ဒီပွဲကတော့ ဗဟိုကွင်းနဲ့ ကစားသွားမှာဖြစ်ပါတယ်။ မန်ချက်တာမြို့တော်မှအသင်း အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ နောက်ဆုံး ၁၀ ပွဲတုန်းကဆိုရင် မန်စီးတီးဘက်က ပိုသာခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း မန်ယူဘက်က စပရိုက်တွေဘာတွေတော့ တစ်ခါတစ်လေ တိုက်သွားတတ်ပါတယ်။ နောက်ဆုံး အချင်းချင်းတွေ့ခဲ့တဲ့တစ်ပွဲတုန်းက စီးတီးဘက်က ၂-၁ နဲ့ အရင်ရှုံးထားပါတယ်။ အဲ့ပွဲ စီးတီးဘက်က အစစအရာရာပိုသာပေမယ့် မန်ယူဘက်က ပိုပြတ်သားနိုင်လို့ အနိုင်ရလာခဲ့တာဖြစ်ပါတယ်။ ဒီပွဲကတော့ တစ်ပွဲထဲပဲကစားကြမှာဖြစ်တဲ့အတွက် ဘာမဆိုဖြစ်နိုင်ပါတယ်။ လက်ရှိ ခန့်မှန်းချက်ရေးနေတဲ့အချိန်က ရာသီမကုန်ခင်မှာ ရေးခဲ့တာပါ။  အဲ့ဒီတော့ လိဂ်ထဲမှာ အခြေနေမသိနိုင်သေးပါဘူး။ ဒါပေမယ့် ချန်ပီယံရသွားမယ့်အသင်းက စီးတီးတို့ပဲ ၁၀၀% ဖြစ်ချင်နေပါပြီ။ ACE333 Myanmar ပြီးတော့ မန်ယူတို့ကလည်း Top4 ကနေ ပြုတ်မသွားလောက်တော့ပါဘူး။ နောက်နှစ် UCL တိုက်ပွဲထဲ ပါခွင့်ရှိသွားလောက်ပါတယ်။ ဒီပွဲကတော့ FA ဖလားဖြစ်ပြီး မန်ချက်တာမြို့တော်ရဲ့ သမိုင်းအသစ်စတင်ရေးသားသွားမှာဖြစ်ပါတယ်။ အဲ့ဒီတစ်မြို့လုံးထဲမှာ အနီဖြစ်မလား အပြာဖြစ်မလားဆိုတာ မိနစ် ၉၀ ကနေ မိနစ် ၁၂၀ နဲ့ ဆုံးဖြတ်သွားလိမ့်မယ်။ နှစ်သင်းစလုံံးရဲ့ ကစားသမားတစ်ယောက်ချင်းစီ ယှဉ်ကြည့်ရင်တော့ စီးတီးဘက်က ပိုသာပါတယ်။ ဂိုးသမားကစ အရံကစားသမားတွေရော ပြီးတော့ နည်းပြအဖွဲ့တွေရော မန်ယူထက်ပိုသာပါတယ်။ နှစ်သင်းစလုံးရဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ အတူတူပါပဲ၊ ဒါပေမယ့် စွမ်းဆောင်ရည်ကတော့ မန်စီးတီးဘက်က ပိုကောင်းနေပါတယ်။ စီးတီးတို့ ဒီနှစ်အတွင်း ပေါင် ၁၆၂ သန်း ရောင်းထွက်ပြီး ပေါင်သန်း ၁၅၀ ပြန်သုံးပါတယ်။ မန်ယူတို့ကျတော့ ၁၄ သန်းထဲပဲ ရောင်းထွက်ပြီး ၂၄၃ သန်းတောင် ပြန်ဝယ်ခဲ့ပါတယ်။ ဟိုးအရင်ကတည်းက တောက်လျှောက်ကြည့်လာရင်တော့ မန်ယူမှာ အမြဲတမ်း အရင်နှီးထုတ်သုံးခဲ့တာ တွေ့ခဲ့ရလိမ့်မယ်။ လိုချင်တဲ့ကစားသမားနဲ့ နည်းပြမရသေးတာပဲရှိမယ်။ အသစ်ဝယ်လာပြီး အဆင်ပြေတဲ့ကစားသမားကတော့ ဘရူနိုတို့ ကာစီမီရိုတို့ ပြီးတော့ မာတီနက်ဇ်တို့လောက်ပဲရှိပါတယ်။ ကျန်တာ ဒီလိုပါပဲ။ မန်စီးတီးတို့ကျတော့ ဟိုတစ်ယောက်ပိုင်လိုက်တာနဲ့ တန်းကောင်းနေရော။ ဟာလန်းရော ရိုဒရီဂိုရော Akanyi ရော Mahrez ရောပဲ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် အရောင်းဝယ်လုပ်ခဲ့တဲ့နည်းပြအဖွဲ့က ပက်လိုချင်တဲ့အတိုင်း လုပ်နိုင်ကြတယ်လို့ ယူဆနိုင်ပါတယ်။ အဲ့ဒီတော့ ရင်းနှီးမြှုပ်နှံပိုင်းကိုကြည့်ပြီးပြောရင် အတူတူဖြစ်နေပေမယ့် စွမ်းဆောင်ရည်ကတော့ လုံးဝကွာခြားမှုရှိပါတယ်။ ဘယ်သူပိုသာလည်းလို့တောင် ပြောစရာမလိုပါဘူး။ အဆင့်ဇယားထဲက ရမှတ်ကိုကြည့်ပြီး တန်းသိပါတယ်။ ဒါပေမယ့် ပြောသလို မန်ယူက မန်စီးတီးနဲ့တွေ့တိုင်း ခြေစွမ်းပြတတ်ပါတယ်။ နောက်ပြီး တစ်ပွဲထဲပဲကစားကြမှာဖြစ်တဲ့အတွက် ရှိတာအကုန်ချလုပ်သွားလိမ့်မယ်။ နောက်ပြီး မန်ယူက ဟယ်ရီမက်ဂွိုင်းယားကို ကွင်းဘေးမှာပဲ နေခိုင်းမှာဆိုတော့ ဒီဖလားရသွားချင် ရသွားလိမ့်မယ်။ နှစ်သင်းစလုံးရဲ့ ထူးခြားချက်ကတော့ စီးတီးဘက်မှာ ကမ္ဘာ့ထိပ်တန်း ဂိုးဖန်တီးရှင် ဟာလန်းပဲဖြစ်ပါလိမ့်မယ်။ သူက သူ့ဟာနဲ့သူ နေရာတွေရှာတတ်ပြီး ဂိုးသွင်းယူတတ်ပါတယ်။ ဒါပေမယ့်လည်း အဲ့လောက်ထိကောင်းအောင် ဒီဘရိုင်းရှိနေလို့ပါ။ ဒီနှစ်ယောက်က ဒီခေတ်ရဲ့ အကောင်းဆုံးအတွဲပဲလို့တောင် ပြောနိုင်ပါတယ်။ ပြောမယ်ဆိုရင် ဒီပွဲ ဒီဘရိုင်းကသာ အဓိကဖြစ်ပါလိမ့်မယ်။ သူ့ခြေထောက်ပေါ် ဘောလုံးကျရောက်ပြီဆိုတာနဲ့ မထင်မှတ်တာတွေ အမြဲဖြစ်ပေါ်တတ်ပါတယ်။ စီးတီးမှာ ရှယ်ကောင်းတဲ့အတွဲရှိသလို မန်ယူမှာလည်းရှိပါတယ်။ ရက်ချ်ဖိုဒ့်နဲ့ဘရူတို့ပဲဖြစ်ပါတယ်။ ရက်ချ်ဖိုဒ့်က အသင်းရဲ့ဂိုးဖန်တီးရှင်ဖြစ်ပြီး ဟာလန်းနဲ့ အရမ်းကွာဟပေမယ့် စီးတီးတို့ ခံခဲ့ဖူးပြီးပြီ။ ဘရူနိုကျတော့ တိုက်စစ် ဒုတိယလှိုင်းမှာ နေလို့ရသလို ညာဘက်စည်းဘေးမှာလည်း တာဝန်ယူပေးနိုင်ပါတယ်။ အဲ့ဒီတော့ ဒီပွဲ တန်ပြန်တိုက်စစ်ဆင်တဲ့နေရာ သူ့ကိုပဲအားကိုးခဲ့ရလိမ့်မယ်။ ဒီပွဲ အစစအရာရာကြည့်ပြီးပြောရင် စီးတီးဘက်က နေရာတိုင်းပဲ ပိုသာနေပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အတွက် Triple Champ ဆိုတာ စီးတီးအတွက် ထင်သလောက်ခက်မနေတော့ပါဘူး။ ဒီပွဲ စီးတီးတို့ပဲ အနိုင်ရသွားလောက်ပါတယ်။

Facebook
မန်စီးတီး

မှားယွင်းမှုမရှိရင်တော့ မန်စီးတီးတို့ ပရီးမီးယားလိဂ်ချန်ပီယံ ထပ်ဖြစ်သွားမှာသေချာပါတယ်။ အသင်းရဲ့အခြေနေကတော့ အခုတလော ယုံကြည်မှုအပြည့် ရှိနေကြပါတယ်။ ဒီနေ့မှာတော့ သူတို့ရဲ့ဒုတိယဖလား ဖြစ်သွားမလားမသိသေးပါဘူး။ အသင်းရဲ့ အဆင်သင့်ပိုင်း ဘာမှစိတ်ပူစရာမရှိပါ။ ကစားသမားတိုင်းပဲ အဆင်သင့် ဖြစ်နေကြပါတယ်။ ဒီနှစ်အတွင်း စီးတီးတို့မှာ ဒဏ်ရာရသွားတဲ့ကစားသမားတွေ သိပ်မရှိပါဘူး။ အဲ့နေရာ နည်းပြအဖွဲ့နဲ့ ဆရာဝန်တွေကို ချီးကျူးရမှာဖြစ်ပါတယ်။ အသင်းဝင်ကစားသမားတွေ အဆင်သင့်ဖြစ်နေတဲ့အတွက် ကစားသမားတိုင်းက ခြေစွမ်းပြသဖို့ အဆင်သင့်ပါ ဖြစ်နေကြကုန်တယ်။ အခုနောက်ပိုင်း ဂိုးသမား Ederson မှာ မှားယွင်းမှုရှိနေသေးပေမယ့် စိတ်ပူစရာတော့မလိုပါဘူး။ သူ့ဆီက တိကျတဲ့ မြောက်ဘောက အသင်းအတွက် တော်တော်အကျိုးပေးပါတယ်။ ခံစစ်ပိုင်းကို ကစားရတာ ပိုမိုလွယ်ကူစေပါတယ်။ ပြီးတော့ အဆင်ပြေသလို လူစားလဲပြီး ကစားလို့ရတယ်။ ကွင်းလယ်ပိုင်းကတော့ အသင်းရဲ့အားသာချက်ပဲလို့ ယူဆထားပါတယ်။ ရိုဒရီဂိုက ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်ကစားခြင်းကို ကောင်းကောင်းလေးဖျက်ဆီးနိုင်ပါတယ်။ ဒီနေ့ ကွင်းလယ်နှစ်ယောက် ဘယ်သူဖြစ်မလဲဆိုတာ ခံစစ်ပိုင်းကို ဘယ်နှစ်ယောက်ထားမလဲလို့ အရင်ကြည့်ရမှာဖြစ်ပါတယ်။ ၃ ယောက်ထဲပဲဆိုရင်တော့ John Stone ကို ခံစစ်ပိတ်ဖို့ တာဝန်ဆင်းယူခိုင်းလောက်တယ်။ မဟုတ်ဘူးဆိုရင် Gundogan နဲ့အတူ တွဲဆင်းရလောက်ပါတယ်။ တိုက်စစ်ပိုင်းနေရာကျတော့ ရွေးချယ်စရာတွေအပြည့်ပဲရှိနေပါတယ်။ စည်းဘေးကနေစပြောမယ်ဆိုရင် Grealish၊ Foden၊ Silva၊ Mahrez တို့ ကြိုက်သလို ရွေးသုံးလို့ရပါတယ်။ တိုက်စစ်ဒုတိယလှိုင်းကျတော့ ဒီဘရိုင်းထက် ဘယ်သူမှမသင့်တော်တော့ပါဘူး။ အခုတလော အဲ့ Position ရဲ့ကမ္ဘာ့နံပါတ် ၁ က သူပဲဖြစ်ပါတယ်။ သူ့ရဲ့ ဘောလုံးထိုးပေးချက်က တော်တော်ကောင်းပြီး တော်တော်ထိရောက်ပါတယ်။ သူကိုယ်တိုင်က အဝေးကနေ ဂိုးသွင်းနိုင်သလို ဘောလုံးထိုးပေးတဲ့နေရာလည်း အရမ်းကောင်းတယ်။ တိုက်စစ်မှူးကျတော့ ဟာလန်းထက်ကောင်းတာ ဘယ်သူမှမရှိတော့ပါဘူး။ စံချိန်အားလုံးကိုဖျက်ဆီးမယ့် အနေအထားရှိနေပါတယ်။ ဒီကလေးက ပွဲစုံထဲမှာ ဂိုးပေါင်း ၄၅ လုံးလောက်တော့ သွင်းနိုင်မယ်ထင်ပါတယ်။ နောက်ဆုံး ကွင်းဘေးမှာရှိတဲ့ ဦးကတုံးနဲ့ပက်ကတော့ မန်စီးတီးနဲ့ UCL ဖလားကလွဲပြီး ဖလားအားလုံးကို ပိုင်ဆိုင်ခဲ့ဖူးပြီးပြီ။ မပြောမရှိနဲ့ ဒီနှစ်ရသွားရင် ရသွားနိုင်ပါတယ်။ အခုပြောထားတာတွေက စီးတီးရဲ့ ပြည့်စုံမှုပဲဖြစ်ပါတယ်။ သူတို့နဲ့ တိုက်ခိုက်နိုင်မယ့်အသင်းကိုရှာဖွေရတာလည်း အရမ်းခက်ပါတယ်။ ဒီနေ့တိုက်ပွဲအတွက် ကစားပုံကစားနည်း အရင်လိုထက် ပြောင်းလဲသွားမယ်မထင်ပါဘူး။ ဘောလုံးတတ်နိုင်သလောက် ပိုင်ဆိုင်ထားမယ်။ Pressing ကို ပြန်ချုပ်ဖို့ဘာညာရောပဲ။ အဲ့နေရာ တန်ဟက်သိပေမယ့် ဘယ်လိုပြန်ပြီး တိုက်ခိုက်မလဲမသိသေးပါဘူး။ ဘယ်အသင်းမဆို စီးတီးနဲ့တွေ့ရင် အရမ်းခက်ပါတယ်။ အဲ့ဒီတော့ ဒီပွဲ စီးတီးဘက်က ဘောလုံး ၇၀% လောက် ပိုင်ဆိုင်နိုင်ပြီး အနိုင်ကောက်ရသွားမယ်ထင်ပါတယ်။

မန်ယူ  

၉၀ ရာစုဖန်တွေကို ကြောက်စရာကောင်းတဲ့ တိုက်စစ်ဆင်ကစားခြင်းနဲ့ ပြိုင်ဘက်ကိုထုထောင်းပြပြီး ချန်ပီယံရအောင်တက်ခူးပေးလိုက်ကတည်းက ဖန်တွေ ပိုမိုတိုးပွားလာပါတယ်။ ပြောမယ်ဆိုရင် မန်ယူဖန်က စီးတီးဖန်ထက် ပိုများပါတယ်။ ဒါပေမယ့် ဖာကူဆန်နည်းပြနဲ့လမ်းခွဲပြီးနောက် အခြေနေလုံးဝပြောင်းလဲသွားလေရော။ အဲ့ကနေစပြီး မန်ယူအသင်းက မျက်ခင်းအလှဆုံးချန်ပီယံ တန်းဖြစ်သွားပါတယ်။ ဒီ ၁၀ နှစ်တောင်မပြည့်သေးပဲ နည်းပြ ၅ ယောက်လောက် ပြောင်းဖြစ်တယ်။ အဲ့လို နည်းပြခန ခန ပြောင်းခဲ့တာတောင် အခြေနေက ကောင်းမလာသေးပါဘူး။ နောက်ဆုံးမှာတော့ ကတုံးနဲ့ ဦးတန်ဟက်ရောက်လာတော့မှ ကစားပုံကစားနည်းတွေ အကောင်အထည် ဖြစ်ပေါ်လာတော့တယ်။ အချို့ အသုံးမကျတဲ့ကစားသမားဟောင်းတွေ ရှိနေသေးတဲ့အတွက် အချို့ပွဲတွေမှာ သိပ်အဆင်မပြေပေမယ့် တဖြည်းဖြည်းနဲ့တော့ အဆင်ပြေအောင် ပြုပြင်နိုင်ပါတယ်။ ဖလားအသေးစား ကာရာဘောင်းဖလားနဲ့ အရင်စတင်ခဲ့ပါတယ်။ ဒီနေ့မှာလည်း မန်စီးတီးလိုမျိုး ဒုတိယဖလားကို တက်ခူးချင်နေပါတယ်။ တန်ဟက်က ဒီပွဲ အသင်းကိုပြောင်းလဲတာဘာညာမရှိလောက်ဘူး။ သူက ၄-၂-၃-၁ စနစ်ကိုပဲ အခုထိ အသုံးချနေတုန်းဖြစ်ပါတယ်။ တိုက်စစ်ဒုတိယလှိုင်းနဲ့ Striker နေရာလောက်ပဲ တစ်ခါတစ်လေ ပြောင်းလဲတယ်။ အဲ့ဒီတော့ သူအသုံးပြုမယ့်ကစားသမားတွေကို ခန့်မှန်းရတာမခက်ပါဘူး။ အခုတော့ မာတီနက်ဇ်က ဆင်းလို့မရသေးပါဘူး။ ဝါရန်းနဲ့ယောက်တစ်မှာလည်း ဒဏ်ရာသက်သာပြီး ဆင်းနိုင်မလားမသေချာသေးပါ။ မီရင်တော့ လုဒ်ရှောနဲ့အတူ တွဲဆင်းရလောက်ပါတယ်။ ဘယ်ညာခံစစ်နေရာ ဒါလုတ်ကလွဲပြီး ဘယ်တစ်ယောက်မှမသင့်တော်တော့ပါဘူး။ သူက ညာဘက်သန်ပေမယ့် ဘယ်ဘက်မှာနေရတာပိုကောင်းနေတယ်။ ညာဘက်ခံစစ်ကျတော့ Wan-Bissaka ကိုပဲ တာဝန်ပေးခဲ့ရလိမ့်မယ်။ သူ့ရဲ့ခံစစ်ပိတ်ကစားတဲ့နေရာ အရမ်းကောင်းပေမယ့် တိုက်စစ်ဆင်ကစားတဲ့နေရာကျတော့ တော်တော်ဆိုးပါတယ်။ အရင်ထက်ဆိုင်ရင်တော့ ပိုကောင်းလာပါပြီ။ ကွင်းလယ်ခံစစ်နှစ်ယောက်ကျတော့ ကာစီမီရိုနဲ့တစ်ယောက်က ခံစစ်ပိုင်းရဲ့အရှေ့မှာနေပြီး ဘောလုံးဖျက်ချုပ်မယ်။ နောက်တစ်ယောက်က အဲရစ်ဆင်ဖြစ်ဖို့များပါတယ်။ အရှေ့က တိုက်စစ်ပိုင်းကျတော့ အဓိကဖြစ်တဲ့ ဆန်ချို၊ အန်တိုနီ၊ ဘရူနိုနဲ့ ရက်ချ်ဖိုဒ့်တို့ ၄ ယောက်ပဲ ဖြစ်လိမ့်မယ်။ အဲ့အပိုင်း အဓိကကျဆုံးကစားသမားကတော့ ဘရူနိုနဲ့ ရက်ချ်ဖိုဒ့်တို့ပဲဖြစ်ပါတယ်။ မန်စီးတီးနဲ့တစ်ပွဲတုန်းက ကစားခဲ့သလိုမျိုး ကစားနိုင်ရမယ်။ ဘောလုံးဖြတ်ယူပြီး သွက်လက်တဲ့တန်ပြန်တိုက်စစ်ဆင်ရမယ်။ စီးတီးတို့တိုက်စစ်ဆင်တဲ့အခါ အနောက်တန်းမှာ နေရာတော်တော်လွတ်သွားတဲ့အတွက် သွက်လက်တဲ့ဘောလုံးထိုးပေးချက်နဲ့ ကောင်တာလုပ်လို့ရပါတယ်။ ဒီနည်းစနစ်နဲ့ ရောက်လာမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ စီးတီးနဲ့ တည့်တည့်ကြီးဝင်လုံးမယ်ဆိုရင် ကိုယ့်ကိုယ်ကိုသတ်သေတယ်ပဲဖြစ်သွားလိမ့်မယ်။ ပြီးတော့ ဒီပွဲကို ဆုံးဖြတ်သွားမယ့်နေရာက ကစားသမားတွေရဲ့ အဆင်သင့်ပိုင်းပဲဖြစ်လိမ့်မယ်။ ပြောမယ်ဆိုရင် နှစ်စလုံးရဲ့ကစားသမားက အနားယူရတာချင်းတူတူပဲ။ ပင်ပန်းနွမ်းနယ်မှုလည်း မရှိကြပါဘူး။ သူတို့က ဒီလိုဖလားမျိုးကို တက်လုနေကြမို့လို့ပါ။ ဒီပွဲ မန်ယူဘက်က စီးတီးလောက်တော့ မကောင်းဘူးထင်တယ်။ ဖိုက်တာစိတ်နဲ့ပဲ တိုက်ခိုက်မယ်ထင်ပါတယ်။

11 Players

Manchester City (4-3-3) – Ederson – Stones – Akaji – Laporte – Ake – Rodri – De Bruyne – Bernado – Foden – Grealish – Haaland

Manchester United (4-2-3-1) – De Gea – Wan bissaka – Shaw – Dalot – Lindelof – Casemiro – Eriksen – Fernandes – Sancho – Anthony – Rashford

Missing Players

Manchester City – Nathan Aké (Hamstring Injury),K.De Bruyne(Physical discomfort),J.Gralish(Lack of Fitness),M.Akanji (Physical discomfort),Ruben Dias (Physical discomfort)

Manchester United – Tom Heaton (Ankle Injury), Marcel Sabitzer (Meniscal Injury), Lisandro Martínez (Metatarsal Fracture), Donny van de Beek (Knee Injury), Anotony (Ankle Injury)