ပွဲကြိုအထူး သုံးသပ်ချက်

အင်္ဂလန် Vs ဆွစ်ဇာလန် [6 Jul 24 - 22:30 hrs]

ပွဲကြိုအထူး သုံးသပ်ချက် အင်္ဂလန်အသင်းက ၈ သင်းအဆင့်ကို ခပ်လန့်လန့်နဲ့တက်ရောက်လာပါတယ် ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ပွဲတွေကို မနည်းရုန်းကန်ပြီး ဖြတ်သန်းလာခဲ့ရလို့ပါ ဒီပွဲ သူတို့ဘက်က ကောင်းကောင်းလေးစီစဉ်ထားလောက်ပါတယ် ဂိုးသွင်းမယ့်အပိုင်းကို ပိုပြီးအားစိုက်လာလိမ့်မယ် ဂိုးအရင်သွင်းနိုင်ရင်တော့ ဖိအားလျော့ကျသွားလိမ့်မယ် ကစားသမားအသီးသီးကတော့ အဆင်သင့် ဖြစ်နေကြပါတယ် ဆွစ်ဇာလန်အသင်းကျတော့ နာမည်ကျော်ကြားမှာပုံမှန်ပါပဲ ဒါပေမယ့် သူတို့ရဲ့စွမ်းဆောင်ရည်ကတော့ ပုံမှန်မဟုတ်ပါဘူး သူတို့ရဲ့တိုက်စစ်ပိုင်းက သွက်လက်ပြီးပြတ်သားတယ် အီတလီဆိုတဲ့ ပြိုင်ဘက်ကိုအောင် အပိုင်ချုပ်ကိုင်နိုင်တယ် ဒီပွဲမှာတော့ သူတို့ဟာ အရင်က နည်းစနစ်နဲ့ပဲ တိုက်ခိုက်လိမ့်မယ် ဒီနှစ်သင်း အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့စံချိန်မှာ အင်္ဂလန်ဘက်က အရမ်းသာပါတယ် ဒါပေမယ့် ပြီးခဲ့တဲ့ အဆင့်တွေရဲ့စွမ်းဆောင်ကိုပဲ ယူကြည့်ရင်တော့ အင်္ဂလန်ဘက်က သေသေချာချာ အနိုင်ရသွားမယ်မထင်ပါဘူး ဘာလို့လဲဆိုတော့ အင်္ဂလန်အသင်းရဲ့ အခွင့်အရေးဖန်တီးမှုနဲ့ ဂိုးပြတ်သားမှု တော်တော်အားနည်းနေလို့ပါ ခံစစ်ပိုင်းရဲ့ အာရုံစိုက်မှုကလည်း လွဲချော်တတ်တယ် ဆွစ်ဇာလန်ဘက် ကိုယ့်အစီစဉ်အတိုင်း စွမ်းဆောင်နိုင်လို့ရှိရင်တော့ နောက်တစ်ဆင့်ဆန်ကာတင်တဲ့အထိ မျှော်လင့်လို့ရပါတယ် ဂျာမနီနဲ့သရေကျပြီး အီတလီကို နိုင်သွားတဲ့အဖြစ်ကိုကြည့်ပြီး ပြောတာပါ ဒီပွဲမှာတော့ အကောင်းဆုံးခြေစွမ်း ရှာဖွေလို့မတွေ့သေးတဲ့အင်္ဂလန်အသင်း ဆွစ်ဇာလန်ကို ခံရမယ်လို့ ယုံကြည်ထားပါတယ်။

England : အင်္ဂလန်အသင်း နောက်ဆုံးတစ်ပွဲတုန်းက Extra time အတောတွင်းမှာ ဆလိုဗက်ကီးယားအပေါ် ၂-၁ နဲ့ အနိုင်ရရှိလာပါတယ် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် ဒီပွဲ ပြိုင်ဘက်ကို ဖိအားပေးဖို့ စီစဉ်ထားလောက်ပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ Mark Gehi ကို ကိုင်တွယ်လို့မရသေးပါဘူး အဲ့ဒီတော့ Ezri Konsa က အခွင့်အရေးရပြီး John Stone နဲ့အတူ ကွင်းလယ်ခံစစ်နေရာမှာ ဆင်းကစားခဲ့ရလိမ့်မယ် အလယ်တန်းနေရာမှာကျတော့ သိပ်ပြီးအဆင်မပြေပေမယ့် အရင်အတိုင်းပဲ ရှိနေလိမ့်မယ် Jude Bellingham ကျတော့ မသင့်တော်တဲ့ အောင်ပွဲခံအမူအရာကြောင့် ဘန်းခံထိမယ့်အစား လျော်ကြေးပဲ ဆောင်လိုက်ရပါတယ် ဒီပွဲ ဆင်းနိုင်မယ်ထင်တယ် အင်္ဂလန်အသင်း ဒီပွဲ ၄-၂-၃-၁ စနစ်လေးနဲ့ ဂိုးသမားနေရာ Jordan Pickford ကို တာဝန်ပေးပြီး ခံစစ်ပိုင်းမှာကျတော့ Kyle Walker, John Stones, John Stones နဲ့ Kieran Trippier တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်နေရာမှာ Declan Rice နဲ့ Kobbie Mainoo တို့ကို တွဲထားပြီး တိုက်စစ်ပိုင်းမှာ Bukayo Saka, Jude Bellingham နဲ့ Phil Folden တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလိမ့်မယ် နောက်ဆုံး Striker နေရာမှာတော့ ဟယ်ရီကိန်းပဲ တာဝန်ယူထားလိမ့်မယ်။

Switzerland – ဆွစ်ဇာလန်အသင်းကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းပြပြီး အီတလလီအပေါ် ၂-၀ နဲံ အနိုင်ရရှိလာပါတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ နောက်ဆုံး ၈ သင်းအဆင့်ကို မထင်မှတ်ပဲ တက်ရောက်လာပါတယ် အသင်းရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာတော့ ၂ ပွဲနိုင် ၃ ပွဲသရေဖြစ်ပါတယ် တစ်ပွဲမှမရှုံးခဲ့ပါဘူး ဒီပွဲမှာတော့ အရင်က အသုံးပြုထားတဲ့ ကစားသမားအဖွဲ့အစုတွေကိုပဲ ဆက်ပြီး အသုံးပြုသွားလိမ့်မယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ ညာတောင်ပံခံစစ်မှူး Silvan Widmer ကို ပြန်လည်ကိုင်တွယ်လို့ရနေပါပြီ ကျန်တဲ့ကစားသမားတွေကလည်း အဆင်သင့်ဖြစ်နေကြပါတယ် ဒီပွဲ သူတို့ ၃-၄-၂-၁ စနစ်လေးနဲ့ ဂိုးသမားနေရာ Jan Sommer ကို တာဝန်ပေးပြီး ကွင်းလယ်ခံစစ်နေရာမှာကျတော့ Fabian Chae, Manuel Acanji နဲ့ Ricardo Rodriguez တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် Xherdan Shaqiri နဲ့ Michel Abischer တို့ကျတော့ ကွင်းလယ်တိုက်စစ်မှာရှိနေပြီး အသင်းကပ္ပတိန်ဖြစ်တဲ့ Granit Shaka က Remo Freuler နဲ့အတူ တောင်ပံနှစ်ဖက်မှာရှိနေလိမ့်မယ် Dan Endoy နဲ့ Ruben Vargas တို့ကျတော့ ကစားပွဲဖန်တီးဖို့ တာဝန်ယူထားပြီး Striker နေရာမှာ Embolo ကိုပဲ အားကိုးထားလိမ့်မယ်။

11 Players

England (4-2-3-1) : Pickford; Walker, Konsa, Stones; Trippier, Bellingham, Rice, Foden, Saka; Kane, Toney

Switzerland (3-4-2-1) : Sommer; Schar, Rodriguez, Akanji; Widmer, Xhaka, Freuler, Aebischer; Ndoye, Vargas; Embolo

Missing Players

England – Marc Guéhi (Yellow card suspension)

Switzerland

Facebook

Netherland – နယ်သာလန်အသင်း ရိုမေးနီးယားနဲ့ပွဲတုန်းက သိပ်မရုန်းလိုက်ရပါဘူး အဲ့ပွဲ ၃-၀ နဲ့ အသာလေးနိုင်လာတယ် အဲ့ပွဲတုန်းက ခြေစွမ်းပြနိုင်တဲ့ကစားသမားတွေ တော်တော်များတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ အရင်တစ်ပွဲကမှ ဒဏ်ရာရသွားတဲ့ Stephen Bergwijn ရဲ့အခြေနေကို စစ်ဆေးဖို့လိုပါတယ် ကျန်တဲ့အဓိကအင်အားတွေကတော့ အဆင်သင့်ပါပဲ ဒီပွဲ အသင်းနည်းပြက သူ့အသင်းကို ၄-၃-၃ စနစ်နဲ့ ကစားခိုင်းလိမ့်မယ် ဂိုးသမားနေရာ Bart Verbrucken ကိုပဲ တာဝန်ပေးပြီး Denzel Dumfries ကို ညာဘက်ခံစစ်မှာထားပြီး Virgil van Dijk, Stefan de Vrij တို့ကို ကွင်းလယ်ခံစစ်မှာ ထားထားလိမ့်မယ် Nathan Age ကိုကျတော့ ဘယ်ဘက်ခံစစ်နေရာမှာ စောင့်ရှောက်လိမ့်မယ် Xabi Simmons က ဒီပွဲ ပြန်လာပြီး Tiyani Rijnders နဲ့ Jerdi Schouten တို့နဲ့အတူ ကွင်းလယ်တိုက်စစ်နေရာမှာ ဆင်းထိန်းလိမ့်မယ် တိုက်စစ်ပိုင်းမှာကျတော့ ၃ ဂိုးသွင်းထားတဲ့ Cody Gakpo က Donyell Malen နဲ့ Memphis Depay တို့နဲ့အတူ ဂိုးသွင်းဖို့နေရာ တာဝန်ယူထားလိမ့်မယ်။

Turkey – တူရိကီအသင်းကျတော့ သြစတြီးယားအပေါ် ခပ်ကောင်းကောင်းလေးနဲ့ တက်ထောင်းလာတယ် အဲ့ပွဲ ၂-၁ နဲ့ ကပ်နိုင်လာပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ သိပ်ပြီး အဆင်မပြေပေမယ့် အဓီကကွင်းလယ်ခံစစ်မှူးဖြစ်တဲ့ Samet Akhaidin နဲ့ ခြေစွမ်းကောင်း ကွင်းလယ်တိုက်စစ်မှူး Hakan Chalhanolu တို့ ဘန်းစာရင်းကနေ ပြန်လာကြပါပြီ Orgun Kerdchu နဲ့ Ismail Yuksek တို့နှစ်ယောက်ကိုတော့ ဆုံးရှုံးလိမ့်မယ် သူတို့မှာ အဝါနှစ်ကဒ်ပြည့်သွားလို့ ဘန်းခံထိထားပါတယ် ဒါ့အပြင် အရင်တစ်ပွဲတုန်းက ဟီးရိုးဖြစ်ခဲ့တဲ့ ကွင်းလယ်ခံစစ်မှူး Merih Demiral နဲ့တစ်ယောက်ဟာလည်း ဘန်းခံထိထားပါတယ် အောက်ပွဲခံအမူအရာ မသင့်တော်တာကြောင့် ပွဲပယ်ခံထိထားတယ် တူရကီအသင်း ဒီပွဲ ၄-၂-၃-၁ စနစ်လေးနဲ့ အသင်းနည်းပြဟာ အရင်တစ်ပွဲက ကိုင်တွယ်ခဲ့တဲ့ကစားသမားတွေကို ဆက်ပြီး ကိုင်တွယ်သွားလိမ့်မယ် ဂိုးသမားနေရာ နံပါတ် ၁ ဖြစ်တဲ့ Mert Goonock ကိုပဲ တာဝန်ပေးပြီး Mert Muldur ကို ညာခံစစ်မှာတာဝန် ပေးထားလိမ့်မယ် Abdulkarim Bardaksi, Samed Eykin တို့ကျတော့ ကွင်းလယ်ခံစစ်မှာရှိပြီး Ferdi Cardioglu က ဘယ်ခံစစ်မှာရှိနေလိမ့်မယ် အသင်းကပ္ပတိန်ဖြစ်တဲ့ Hakan Calhanoglu ကတော့ Khan Eyhan နဲ့အတူ ကွင်းလယ်နေရာမှာ အတူတူဆင်းထိန်းလိမ့်မယ် Playmaker ကြယ်ပွင့်လေးဖြစ်တဲ့ Arda Guler က Baris Yilmaz, Kenan Yildiz တို့နဲ့အတူ ကစားပွဲဖန်တီးဖို့တာဝန်ရှိနေကြလိမ့်မယ် ပြီးရင် Kerem Aktu Grogu ကို Striker နေရာမှာ တာဝန်ပေးထားလိမ့်မယ်။

ပွဲကြိုအထူး သုံးသပ်ချက် နယ်သာလန်အသင်းက ဒီပွဲမစခင် အရင်တစ်ပွဲမှာ စွမ်းဆောင်ရည် ပြန်ထိန်းနိုင်လာပါပြီ တူရကီအသင်းကျတော့ ကိုယ့်အခြေခံကို ပြန်ထိန်းနိုင်နေတယ် ထင်ထားတာထက် ပိုကောင်းနေတယ် နှစ်သင်းစလုံးရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာ နီးစပ်မှုရှိတယ် ဒါပေမယ့် နယ်သာလန်ဘက်က နည်းနည်းပိုသာပါတယ် သူတို့မှာ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံး လုပ်ထားနိုင်တယ် တူရကီတို့ကျတော့ ၃ ပွဲနိုင် ၂ ပွဲရှုံးဖြစ်ပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း မနိုင်မရှုံးလေးနဲ့ တစ်ယောက် ၂ ပွဲစီ အနိုင်ရသွားကြပါတယ် ကျန်တဲ့တစ်ပွဲ သရေကျသွားတယ် သူတို့ အချင်းချင်းရင်ဆိုင်တဲ့ အခုနောက်ပိုင်းမှာတော့ သွင်းဂိုးတွေ တော်တော်များများ ဖြစ်ပေါ်တတ်တယ် ဒီပွဲ နယ်သာလန်ဘက်က ပွဲစတာနဲ့ တိုက်စစ်ဆင်ကစားဖို့ကြိုးစားမယ် တူရကီရဲ့စွမ်းဆောင်ရည်က ပိုမညံ့တာမှန်ပါတယ် Guler, Calhanoglu, Yilmaz နဲ့ Yildich ဆိုတဲ့တိုက်စစ်မှူးတွေကလည်း ထိရောက်မှုရှိပြီး အနိုင်လှမ်းယူပေးနိုင်တဲ့အစွမ်းရှိပါတယ် ဒါပေမယ့် ဒီအဆင့်မှာ ကစားတဲ့အတွေ့အကြုံနဲ့ အသင်းရဲ့အရည်အသွေးကတော့ နယ်သာလန်ကိုမမှီသေးပါဘူး ပွဲစစလာချင်း မနိုင်မရှုံးလေးအရင်ဖြစ်လိမ့်မယ် ကြာလာရင် နယ်သာလန်ဘက်ကပဲ ကစားပွဲအားလုံးကိုချုပ်ကိုင်သွားလိမ့်မယ် ပြီးရင် ၃ ယောက်ပေါင်း ၆ ဂိုးသွင်းထားတဲ့ Gakpo, Depay, Malen တို့ရဲ့ ဂိုးပြတ်သားမှုကြောင့် အနိုင်ကောက်ရသွားလိမ့်မယ်။

11 Players

Netherland (4-3-3) : Verbruggen; Dumfries, De Vrij, Van Dijk, Ake; Schouten, Reijnders; Malen, Simons, Gakpo; Depay

Turkey (4-2-3-1) : Gunok; Muldur, Demiral, Bardakci, Kadioglu; Ayhan, Yokuslu; Yildiz, Calhanoglu, Yilmaz; Guler

Missing Players

Netherland

Turkey – İsmail Yüksek (Yellow card suspension), Orkun Kökçü (Yellow card suspension),M.Demiral

Facebook