ခြေစွမ်းညီမျှလာသောအသင်းကြီးများ

အယ်လ်ဘေးနီးယား Vs စပိန် [ 25 Jun 24 - 01:30 hrs]

Albania –အယ်လ်ဘေးနီးယားအသင်း ပထမတစ်ပွဲတုန်းက အီတလီကိုမခံနိုင်ခဲ့ပါဘူး ဒုတိယပွဲရောက်တော့ ခြေစွမ်းညီမျှလာသောအသင်းကြီးများ ခရိုအေးရှားနဲ့သရေကျလာပါတယ် နောက်တစ်ဆင့် ဆန်ကာတင်လို့ရနေသေးပေမယ့် မလွယ်ပါဘူး အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ကစားသမားမရှိပါဘူး အားလုံးပဲ အဆင်သင့် ဖြစ်နေကြပါတယ် ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်လေးနဲ့ ခံစစ်နေရာမှာ Elseid Haizaj, Berat Djimchiti, Arlind Ayeti နဲ့ Mario Mitaj တို့ကို တာဝန်ပေးပြီး ကွင်းလယ်နေရာမှာ Yiber Ramadani က Kasim Lasi, Kristian Aslani တို့နဲ့အတူ ကစားပွဲဖန်တီးလိမ့်မယ် တိုက်စစ်ပိုင်းမှာကျတော့ Yasir Azani နဲ့ Nedim Bajrami တို့ကို ဘယ်-ညာတောင်ပံမှာ တာဝန်ပေးပြီး Armando Broya ဆိုတဲ့ နံပါတ် ၁ တိုက်စစ်မှူးကိုကတော့ Striker နေရာမှာ တာဝန်ပေးထားလိမ့်မယ်။

Spain –စပိန်အသင်းက ပထမ ၂ ပွဲ အနိုင်ရရှိပြီးနောက် အုပ်စုချန်ပီယံအနေနဲ့ နောက်တစ်ဆင့်တိုးသွားခဲ့ပါပြီ စပိန်နည်းပြရဲ့ အဓိကကစားသမားတွေကို အပြည့်အဝအနားပေးထားလို့ရနေပါပြီ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ကစားသမား Rotation ရှိမှာသေချာတယ် သူတို့ ၄-၃-၃ စနစ်လေးနဲ့ပဲကစားပြီး ဂိုးသမားနေရာ Unai Simon ဖြစ်ပြီး အယ်လ်နာဆာအသင်းမှ အဓိကခံစစ်မှူးဖြစ်တဲ့ Emmerich Laporte ကတော့ လက်ရှိအနေအထားကို ဆက်လက်ထိန်းသိမ်းဖို့ ဆက်ပြီး ဆင်းကစားခိုင်းလောက်ပါတယ် Rodri Hernandez ဆိုတဲ့ ကွင်းလယ်ကစားသမားကျတော့ အဝါနှစ်ကဒ်ပြည့်သွားတာကြောင့် ပွဲပယ်စာရင်းထဲ ပါသွားပါပြီ အနားယူလိုက်သလိုဖြစ်သွားတယ် Nacho Fernandez နဲ့ Ayoze Perez တို့ကျတော့ ဒဏ်ရာရထားကြပါတယ် ဒါပေမယ့် တအားကြီးစိတ်ပူစရာမလိုပါဘူး ကျန်တဲ့ ဒုတိယကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်ကြပါတယ် ဆိုဆီဒက်မှ Martin Subimendi က ရိုဒရီနေရကို အစားထိုးဆင်းကစားလိမ့်မယ် Miguel Oyarzabal, Miguel Merino, Ferran Torres, Alex Grimaldo, Jesus Navas တို့အားလုံး အဆင်သင့်ဖြစ်တယ် ဂိုးသမားဖြစ်တဲ့ David Raya ကတော့ Unai Simon နဲ့ အလှည့်ကျ ဆင်းကစားနေပါတယ်။

ဒီပွဲမှာတော့ အခြေနေကွားခြားမှုရှိတဲ့အသင်းနှစ်တွေ လာရောက်ပြိုင်ကစားကြမှာဖြစ်ပါတယ် ဆန်ကာတင်ပြီးသားဖြစ်တဲ့စပိန်အသင်းနဲ့ အယ်လ်ဘေးနီးယားတို့ရဲ့စွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင် စပိန်ဘက်က ပိုပြီးကြည့်ကောင်းတယ် စပိန်အသင်းရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၄ ပွဲနိုင် ၁ ပွဲသရေဖြစ်ပါတယ် အယ်လ်ဘေးနီးယားတို့ကျတော့ ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံးဖြစ်ပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ စပိန်ဘက်က ၅ ပွုလုံးနိုင်သွားပါတယ် ဒီအုပ်စု Group of Death လို့တောင်ပြောနိုင်တယ် ဘာလို့လဲဆိုတော့ အုပ်စုထဲမှာ ခရိုအေးရှား၊ ဟပိန်နဲ့ အီတလီတို့ရှိနေကြလို့ ၃ သင်းစလုံးက ဖီဖာအဆင့်သတ်မှတ်ချက်မှာ အဆင့်ကွားခြားမနေပဲ ကပ်ရပ်နေတယ် ဒါပေမယ့် လတ်တလောမှာတော့ စပိန်တစ်သင်းထဲသာ ဆန်ကာတင်နေတယ် ဘာလို့လဲဆိုတော့ သူတို့က အဆိုပါနှစ်သင်းကို ရိုက်လွတ်ပြီးပါပြီ အယ်လ်ဘေးနီးယားတို့ကျတော့ ဒီပွဲ အနိုင်ရအောင်လုပ်ဖို့လိုပါတယ် အရမ်းခက်တယ်လို့ယူဆနိုင်တယ် အခွင့်အရေးတော့ ရှိပါတယ် ဘာလို့လဲဆိုတော့ စပိန်အသင်းက သူတို့ရဲ့ အဓိကကစားသမားတွေကို အနားပေးထားတာကြောင့် အရင်ပွဲတွေလိုမျိုး အရည်အသွေးတအားကောင်းမယ် မထင်ပါဘူး ဒါပေမယ့်လည်း ဒုတိယကစားသမားတွေဆိုပေမယ့် အယ်လ်ဘေးနီးယားထက်တော့ သာနေပါသေးတယ်။

11 Players

Albania (4-2-3-1) : Strakosha; Hysaj, Ajeti, Djimsiti, Mitaj; Asllani, Ramadani; Asani, Laci, Bajrami; Manaj

Spain (4-3-3) : Raya; Navas, Vivian, Laporte, Grimaldo; Merino, Zubimendi, Baena; Torres, Joselu, Oyarzabal

Missing Players

Albania – Mirlind Daku (Suspension through sports court)

Spain – Rodri (Yellow card suspension),Ayoze (Muscular Problems)

Facebook

Croatia – ခရိုအေးရှားအသင်း နောက်ဆုတ်လို့မရတော့တဲ့အနေအထားဖြစ်နေတယ် ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့အရေး ဒီပွဲ ၃ မှတ်ရဖို့လိုပါတယ် ပထမ ၂ ပွဲမှာ သရေကျသွားတဲ့အတွက် လောလောဆယ် ၂ မှတ် ကိုင်ဆောင်ထားပါတယ် အဆင့် ၃ အတွက် ရင်ခုန်လို့ရပါသေးတယ် ဒါပေမယ့် လွယ်တော့မလွယ်ပါဘူး အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Nikola Vlasic ကို ကိုင်တွယ်လို့မရသေးပါဘူး သူ့မှာဒဏ်ရာရထားလို့ နှုတ်ထွက်သွားပါပြီ ဒါပေမယ့် အသင်းအတွက် ဘာမှမထိခိုက်ပါဘူး အဓိကကစားသမားလည်းမဟုတ်ဘူး ဒီပွဲ ခရိုအေးရှားအသင်း နိုက်စစ်ပိုင်းနေရာမှာ Andrej Gramaric, Lovro Mayor နဲ့ Ante Budimir တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားပြီး ကွင်းလယ်နေရာမှာကျတော့ Mateo Kovacic, Luka Susic ပြီးတော့ အသင်းကပ္ပတိန်ဖြစ်တဲ့ Luka Modric တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ခရိုအေးရှားရဲ့ လက်ရှိကစားသမားအဖွဲ့အစုက အဓိကကစားသမားတွေရဲ့ ကိုယ်ပိုင်အရည်အချင်းကို တော်တော်အားကိုးတယ်။

Italy – အီတလီအသင်းကျတော့ ပြီးခဲ့တဲ့တစ်ပွဲမှားပြီးစပိန်ကိုရှုံးလာပါတယ် ကံကောင်းလို့ ပထမပွဲတုန်းက ၃ မှတ်ရသွားသေးတယ် အဲ့ဒီတော့ ဆန်ကာတင်ဖို့အခွင့်အရေး များနေပါသေးတယ် ဘာလို့လဲဆိုတော့ ဒီပွဲမှာ ၁ မှတ်လေးရသွားတာနဲ့ အုပ်စုရဲ့ အဆင့် ၂ နဲ့ နောက်တစ်ဆင့်တက်လှမ်းဖို့ သေချာလိမ့်မယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ အီတလီအသင်းမှာ စပိန်နဲ့ပွဲတုန်းက ဒဏ်ရာရသွားတဲ့ Federico DiMarco ရဲ့အခြေနေကို စောင့်ကြည့်နေပါတယ် သူ့နေရာ Matteo Darmian နဲ့ အစားထိုးထားပါတယ် ကွင်းလယ်နေရာမှာကျတော့ ဂျူဗင်တပ်စ်မှ Nicolo Fagioli ကိုပဲ အားကိုးလိမ့်မယ် ပြီးခဲ့တဲ့နှစ်က သူ့မှာ အလောင်းကစားတွေကြောင့် ၇ လ တောင် ဘန်းခံထိသွားသေးတယ် ပုံစံကောင်းမပြနိုင်တဲ့ Jorginho နေရာကို အစားထိုးဆင်းသွားမယ်ထင်တယ် Federico Chiesa ဆိုတဲ့တိုက်စစ်မှူးလည်း ဒီပွဲ ဆင်းခွင့်ရမယ်မထင်သေးပါဘူး သူ့နေရာ လာဇီယိုမှ Mattia Zaccangli နဲ့ အစားထိုးထားလိမ့်မယ် Retegui လည်း ဒီပွဲ ဆင်းကစားခွင့်ရမယ်ထင်ပါတယ်။

ခြေစွမ်းညီမျှလာသောအသင်းကြီးများ ဒီနှစ်သင်း မဆုံဖြစ်တာ ၁၀ နှစ်နီးပါးရှိသွားပါပြီ ပြောမယ်ဆိုရင် ၂၀၁၅ ကတည်းကပါပဲ ယူရို ၂၀၁၆ ပြိုင်ပွဲ လက်ရွေးစင်ရွေးပွဲပါပဲ တော်တော်ကြာခဲ့ပါပြီ အဲ့ဒီတော့ ဘာမှယူပြီ ခန့်မှန်းလို့မရတော့ပါဘူး ယူရိုအုပ်စုအဆင့်နဲ့ ပြိုင်ကစားခဲ့ဖူးတဲ့ နောက်ဆုံးတစ်ပွဲကတော့ ၂၀၁၂ ခုနှစ်ယူရိုဖြစ်ပြီး ၁-၁ နဲ့ သရေကျသွားပါတယ် အဲ့နှစ်တုန်းက ကစားခဲ့တဲ့ကစားသမားဟာ တော်တော်များများ သိပ်မရှိကြတော့ပါဘူး ရှိတယ်ဆိုလို့ Wan Perisic နဲ့ Luka Modric တို့နှစ်ယောက်လေးပဲကျန်ပါတော့တယ် ဒီပွဲအနေအထားကတော့ နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်က သိပ်မကောင်းတာချင်းတူပါတယ် ခရိုအေးရှားက ပိုဆိုးပါတယ် အခုလေးတင်ကစားပြီး ၅ ဂိုးတောင် သွင်းခံထိသွားပါပြီ အီတလီအသင်းကျတော့ ၃ မှတ်စုဆောင်းထားနိုင်တယ် ဒါပေမယ့် သူတို့အနေနဲ့ သိပ်ပြီး စိတ်ချလို့မရသေးပါဘူး အားနည်းချက်တွေ အရမ်းများနေသေးတယ် ဒါပေမယ့်လည်း ခရိုအေးရှားထက်ဆိုင်ရင်တော့ ပိုသာပါတယ် ခရိုအေးရှားအသင်းက ပထမ ၂ ပွဲကစားပြီး အရမ်းနှေးကွေးတယ် ခံစစ်ပိုင်းကလည်း အဆင်မပြေဘူး ဒီပွဲ ခရိုအေးရှားဘက်က မရှုံးအောင် အတတ်နိုင်ဆုံးကစားမှာဆိုတော့ အီတလီအတွက် မလွယ်လောက်သေးဘူးထင်တယ် ဒါပေမယ့် နောက်ဆုံးမှာတော့ အီတလီဘက်က ဂိုးပြတ်ပြတ်သားသားနဲ့ ကပ်နိုင်သွားမယ်လို့ ထင်မြင်ထားပါတယ်။

11 Players

Croatia (4-3-3) : Livakovic; Stanisic, Sutalo, Gvardiol, Sosa; Modric, Sucic, Kovacic; Pasalic, Budimir, Kramaric

Italy (4-2-3-1) : Donnarumma; Darmian, Bastoni, Calafiori, Dimarco; Fagioli, Barella; Chiesa, Pellegrini, Zaccagni; Retegui

Missing Players

Croatia –  Nikola Vlašić (Muscle injury)

Italy – F.Dimarco (Calf Injury)

Facebook