football mm

ပြင်သစ် Vs ပိုလန် [04 Dec 22 - 21:30 hrs]

football mm ပြင်သစ်အသင်း အခုလက်ရှိ ဝက်စ်ဟမ်းအသင်းဆီက ဂိုးသမားကို ပြန်လည်ရရှိလာပါပြီ။ အဲ့ဒီတော့ ပြင်သစ်အသင်း အခုမှပဲ ၁၀၀% ဖြစ်ပါတော့တယ်။ Lucas Hernandez ကို ထည့်မတွက်ရင်တော့ ပြင်သစ်အသင်းက တော်တော်လေး အဆင်သင့်ဖြစ်နေပါပြီ။ သူတို့ရဲ့ အသက် ၃၆ နှစ်နဲ့ Olivier Giroud ဟာ Thierry Henry လုပ်ထားတဲ့ ဂိုးအများဆုံးစံချိန်ကိုမီဖို့ တစ်လုံးလေးပဲကျတော့တယ်။ Giroud က ဒီပွဲ ပထမကစားသမားအနေနဲ့ဆင်းပြီး သမိုင်းစံချိန်အသစ် ရေးတားဖို့ကြိုးစားလိမ့်မယ်။ ဒီပွဲ ပြင်သစ်အသင်း ၄-၂-၃-၁ စနစ်နဲ့ လာမယ်ထင်တယ်။ ဂိုးသမားနေရာကို Hugo Lloris ထားပြီး ကွင်းလယ်နောက်ခံနှစ်ယောက်ကျတော့ Raphaël Varane နဲ့ Dayot Upamecano တို့ကို ထားထားလောက်တယ်။ ညာဘက်ခြမ်းခံစစ်မှာ Schulz Gunde ထားမယ်။ ဘယ်ဘက်ခြမ်းကျတော့ Teo Hernandez ကို နေခိုင်းလောက်တယ်။ ကွင်းလည်းပိုင်းနေရာ ရီးရဲလ်အသင်းမှ Aurelian Jouameni နဲ့ Adrien Rabiot တို့ကို တွဲထားလောက်တယ်။ အရှေ့တန်းမှာကျတော့ Ousmane Dembele, Antoine Griezmann, Kylian Mbappe နဲ့ Olivier Giroud တို့ကို တာဝန်ချထားပေးလောက်တယ်။

ပိုလန်တို့ကျတော့ ဂရုအဆင့် ၃ ပွဲတုန်းက ကောင်းလိုက် ဆိုးလိုက်ပဲဖြစ်ပါတယ်။ ရမှတ် ၄ မှတ်လေးပဲ ရရှိခဲ့တယ်။ မက္ကဆီကိုနဲ့ သရေကျပြီး ဆော်ဒီကိုနိုင်လာတယ်။ ပြီးရင် အာဂျင်တီးနားကို ရှုံးသွားပါတယ်။ Knockout အဆင့်ကို အံ့ဩစွာနဲ့ ကျော်ဖြတ်လာပါတယ်။ ဒီပွဲကတော့ သူတို့ဘက်က ကစားစနစ်ကို သေသေချာချာ စီစဉ်ထားလောက်တယ်။ ပြင်သစ်ရဲ့ တက်ကြွမှုကို ခံနိုင်အောင်ကြိုးစားရမယ်။ ပြီးရင် သူတို့ရဲ့ဂိုးသမားကိုလည်း တော်တော်အားကိုးရလိမ့်မယ်။ Wojciek Szesny ဆိုတဲ့ပိုလန်ဂိုးသမားကြီးက ဒီကမ္ဘာ့ဖလားပွဲထဲမှာ ပင်နယ်တီဂိုး ၂ ခါဖမ်းနိုင်ဖူးပြီးပြီ။ ပိုလန်အသင်းရဲ့အဆင်သင့်ဖြစ်မှုကတော့ အေးဆေးပဲ။ အာဂျင်တီးနားတို့ကိုရှုံးသွားတဲ့ပွဲမှာ သူတို့ကစားသမားတော်တော်များများ အဝါကဒ်ထိပြီး ဘန်းခံထိဖို့ရှိနေပေမယ့် ရွေးစရာမရှိတော့ အသုံးမပြုပဲမရပါဘူး။ ဒီပွဲ လီဝန်ဒေါ့စကီးဦးဆောင်ပြီး ပြင်သစ်နဲ့ ဝင်လုံးရမယ်။

ပြင်သစ်အသင်းဟာ ဒီ ၁၆ သင်းအဆင့်ကို ပထမဦးဆုံးအသင်းအနေနဲ့ ဝင်ရောက်လာပါတယ်။ ဂရုအဆင့်တုန်းက ၃ ပွဲကစားပြီး အနိုင် ၂ ပွဲနဲ့ အရှုံးတစ်ပွဲဖြစ်ပါတယ်။ အမှတ် ၆ မှတ်လေးရပြီး D ဂရုရဲ့ချန်ပီယံအနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ်။ သူတို့ ဒီအဆင့်ကို တက်ရောက်နိုင်တာ ၃ ခါဆက်တိုက်ရှိသွားပါပြီ။ ပိုလန်တို့ကျတော့ C ဂရုရဲ့ဒုတိယအနေနဲ့ ဒီအဆင့်ကို ရောက်လာပါတယ်။ ဂရုအဆင့်တုန်းက ၃ ပွဲကစားပြီး အနိုင် ၁ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်ထားနိုင်တယ်။ ဂိုးအပေးအယူက မက္ကဆီကိုထက် နည်းနည်းသာနေလို့သာ ဒီအဆင့်ကို တက်ရောက်လာပါတယ်။ သူတို့ ဒီ ၁၆ သင်းအဆင့်မရောက်ဖြစ်တာ ၁၉၈၆ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ဒီပွဲ နှစ်သင်းစလုံးမှာ နောက်ဆုံးတစ်ပွဲတုန်းက အရှုံးရလာတာချင်းတူတူပဲ။ ဒါပေမယ့် ဘယ်လိုပဲကြည့်ကြည့် ပိုလန်က ပြင်သစ်ကိုမမှီပါဘူး။ အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ပြင်သစ်ဘက်က အနိုင် ၂ ပွဲနဲ့သရေ ၃ ပွဲ လုပ်ထားနိုင်ပါတယ်။ ပိုလန်ဘက်က ရှယ်ကောင်းတဲ့ဂိုးသမားရှိပြီး ရှယ်ကြမ်းတဲ့ လီဝန်ဒေါ့စကီးပါရှိနေပေမယ့် ဒီပွဲ ခံစစ်ပိတ်ကစားဖို့စီစဉ်ထားလောက်ပါတယ်။ တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်ကြလိမ့်မယ်။ ဒီပွဲ ပြင်သစ်တို့ပဲ အနိုင်ရသွားလိမ့်မယ်။

11 Player –

France (4-3-3): Hugo Lloris; Jules Gunde, Rafael Varane, Dayot Upamecano, Theo Hernandez; Adrienne Rabiot, Aurelian Thuameni; Ousmane Dembele, Antoine Griezmann, Kylian Mbappe; Olivier Giroud

Poland : (4-4-2) : Wojciech Szczesny; Matty Cash, Kamil Glick, Yakub Kivior, Bartosz Berezinski; Permislav Frankovski, Christian Bielik, Gregorz Krychowiak, Piotr Zilinski; Robert Lewandowski, Arkadiusz Milik

Missing player –

France : Lucas Hernandez

Poland : –

အင်္ဂလန်အသင်း ဂရုအဆင့်ထဲမှာ B ဂရုရဲ့ ချန်ပီယံအနေနဲ့ ကျော်ဖြတ်လာပါတယ်။ ထင်ထားတဲ့အတိုင်း ဖြစ်ပါတယ်။ ဂရုအဆင့်ပွဲတုန်းက ၃ ပွဲကစားပြီး အနိုင် ၂ ပွဲနဲ့ သရေ ၁ ပွဲ လုပ်နိုင်တယ်။ အင်္ဂလန်အသင်း လောလောဆယ်မှာတော့ Form တော်တော်ကောင်းနေကြပါတယ်။ ဒဏ်ရာရထားတဲ့ ကစားသမားမရှိပေမယ့် ကိုယ်ရေးကိုယ်သာကိစ္စရှိတဲ့ ဘင်ဝှိုက်က နှုတ်ထွက်သွားပါပြီ။ ဒါပေမယ့်လည်း ကျန်တဲ့ကစားသမားတွေနဲ့တင် လုံလောက်နေပါပြီ။ အဓိက တိုက်စစ်ပိုင်းဆိုရင် နည်းစနစ်အမျိုးမျိုး စီစဉ်ကစားနိုင်ပါတယ်။ အရံကစားသမားတွေကလည်း အဓိကတွေကို အစားထိုးပေးဖို့ အဆင်သင့်ဖြစ်နေကြတယ်။ ဒီပွဲ ပထမ ၁၁ ယောက်မှာတော့ ဂိုးသမားဆိုရင် Jordan Pickford ပဲ ဖြစ်လိမ့်မယ်။ ကွင်းလယ်နောက်ခံနေရာကျတော့ အသင်းနည်းပြက John Stones နဲ့ Harry Maguire တို့အတွဲကို ယုံကြည်နေတုန်းပါ။ သူတို့နှစ်ယောက်က ဒီနိုင်ငံတကာပြိုင်ပွဲထဲမှာ ခြေစွမ်းတော်တော်ပြနိုင်နေကြပါတယ်။ ဘယ်ဘက်ခံစစ်ကျတော့ လုရှော ညာဘက်ကျတော့ Kyle Walker တို့ပဲ ဖြစ်လိမ့်မယ်။ ကွင်းလယ်ပိုင်းကျတော့ ဆရာကြီးသုံးယောက်ပဲဖြစ်ဖို့များပါတယ်။ အဲ့တာ Declan Rice ရယ် ပြီးတော့ Jude Bellingham နဲ့ Mason Mount တို့ပဲ ဖြစ်လိမ့်မယ်။ စည်းဘေးတိုက်စစ်ကျတော့ ဘယ်ဘက်ခြမ်းမှာ Bukayo Saka ညာကျတော့ Marcus Rashford ဖြစ်ဖို့များပါတယ်။ အသင်းရဲ့ မျှော်လင့်ချက်ကတော့ ဟယ်ရီကိန်းပဲ ဖြစ်လိမ့်မယ်။

ဆီနီဂေါအသင်းကျတော့ ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာ ကောင်းကောင်းမစတင်နိုင်ခဲ့ပါဘူး။ ပထမပွဲတုန်းက နယ်သာလန်ကို ၂ ဂိုး ၀ နဲ့ ရှုံးခဲ့ပါတယ်။ အဲ့တာနဲ့ပဲ လူတော်တော်များများက ဒီနှစ်မှာ သူတို့ဘယ်မှမရောက်ပဲ အပယ်ခံထိသွားမယ်လို့တောင် ထင်နေကြပါတယ်။ ဒါပေမယ့် အဲ့ပွဲပြီးတော့ နောက်လာတဲ့ ၂ ပွဲမှာ Africa Cup of Nations 2021 ချန်ပီယံဖြစ်တဲ့အတိုင်း ခြေစွမ်းပေါက်ကွဲပြပြီး အေဂရုရဲ့ ဒုတိယအနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ်။ ဒီပြိုင်ပွဲက အဝေးကြီးလိုပါသေးတယ်။ အဲ့တော့ ဆီနီဂေါအသင်း ဒီထက်မက ရုန်းရလိမ့်မယ်။ သူတို့ရဲ့ စစလာချင်းမှာတော့ အင်္ဂလန်နဲ့တန်းတွေ့ရပါတယ်။ ဆီနီဂေါအသင်းရဲ့အခြေနေက ဒဏ်ရာရထားတဲ့သူမရှိပါဘူး အဓိကကျတဲ့ကွင်းလယ်ကစားသမားတစ်ယောက်လေးပဲ ဘန်းခံထိထားတာရှိတယ်။ အဲ့ဒိတော့ သူတို့ကွင်းလယ်ပိုင်းရဲ့ အရည်သွေးက အလိုလို ကျဆင်းလိမ့်မယ်။ ကျန်တဲ့ Position ကတော့ အဆင်သင့် ဖြစ်နေကြပါတယ်။

football mm အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာချန်ပီယံဖြစ်မယ့်စာရင်းထဲ ပါဝင်ရှိနေပါတယ်။ ဒီအဆင့်ကို ဘီဂရုချန်ပီယံအနေနဲ့ တက်ရောက်လာပါတယ်။ ဂရုအဆင့်ပွဲတုန်းက တစ်ပွဲမှမရှုံးပဲ ၇ မှတ်လေးနဲ့ ဆန်ကာတင်ခဲ့ပါတယ်။ ဂရုအဆင့်မှာ ၃ ပွဲကစားပြီး အနိုင် ၂ ပွဲနဲ့ သရေ ၁ ပွဲဖြစ်ပြီး သွင်းဂိုး ၉ လုံးနဲ့ ခံဂိုး ၂ လုံး ထိထားပါတယ်။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပွဲထဲ အရှုံးမရှိတာ ၇ ပွဲဆက်တိုက်ရှိသွားပါပြီ။ အသင်းရဲ့အဆင်သင့်ဖြစ်မှုကတော့ ဒီပွဲ ဘင်ဝှိုက်မရှိပဲကစားခဲ့ရလိမ့်မယ်။ သူက ကိုယ်ရေးကိုယ်သာကိစ္စကြောင့် နှုတ်ထွက်သွားပါတယ်။ ကျန်တဲ့အဓိကကစားသမားတွေကတော့ အဆင်သင့် ဖြစ်နေကြပါတယ်။ ဆီနီဂေါတို့ကျတော့ ဒီအဆင့်ကို အေဂရုရဲ့ချန်ပီယံအနေနဲ့ တက်ရောက်လာပါတယ်။ Knockout အဆင့်ကို ၂ ကြိမ်မြောက် ကျော်ဖြတ်နိုင်ပြီဖြစ်ပါတယ်။ ပထမတစ်ကြိမ်တုန်းက ၂၀၀၂ ခုနှစ်တုန်းကပဲ ဖြစ်ပါတယ်။ ဂရုအဆင့်ပွဲတုန်းက ကာတာနဲ့ အီဂွေဒေါတို့ကို အနိုင်ရရှိပြီး အခုမှပဲ ကမ္ဘာ့ဖလားပွဲထဲ အနိုင်ပွဲဆက်တိုက်ရဖူးပါတော့တယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းက ပြတ်သားမှာအားနည်းပြီး ခံစစ်ပိုင်းကလည်း တောင့်တင်းမှုလိုနေသေးတယ်။ ဒီပွဲ အင်္ဂလန်ဘက်က အစစအရာရာပိုကြည့်ကောင်းနေတော့ အနိုင်မရပဲ မနေလောက်ပါဘူး။

11 Player –

England – Jordan Pickford (GK), Kieran Trippier, John Stones, Harry Maguire, Luke Shaw, Declan Rice, Jude Bae. Rollingham, Bukayo Saka, Mason Mount, Raheem Sterling, Harry Kane

Senegal – Edouard Mendy (GK), Youssouf Zabaly, Kalidou Koulibaly, Ismail Jacobs, Abdou Diallo, Crepin Diat. Tar, Pape Gay, Pathe Siss, Iliman N’Dieye, Ismaila Sarr, Boulay Dia

Missing Player –

England : B. White

Seneal : C. Kouyate, l.Gueye