888sport

888sport မန်စီးတီး Vs အာဆင်နယ် [ 27 Jan 23 - 02:30 hrs]

888sport မန်စီးတီးအသင်း ပြီးခဲ့တဲ့တစ်ပွဲတုန်းက အံ့ဩစရာကောင်းတဲ့ တကျော့ပြန်တိုက်ပွဲကြီးနဲ့ အနိုင်ရရှိလာပါတယ်။ အဲ့ပွဲ စပါးနဲ့တွေ့ပြီး ပထမပိုင်းနဲ့တင် စပါးဂိုး ဂိုး ၂ လုံး သွင်းခံထိခဲ့ပါတယ်။ အဲ့နေရာ စီးတီးတို့ရဲ့ မှားယွင်းမှုကြီးကနေ သွင်းခံထိသွားကြတာဖြစ်ပါတယ်။ ခန ခန မြင်ခဲ့ရပါတယ်။ ဂိုးသမားကြီးက လွယ်လွယ်လေးနဲ့ မှားခဲ့တယ်။ Ederson က မာတဲ့ဂိုးသမားဖြစ်နေပေမယ့် အဲ့လိုမျိုးတော့ ခန ခန မှားတတ်ပါတယ်။ တော်သေးတယ် ပထမပိုင်းပြီးသွားတော့ ဒုတိယပိုင်းမှာ ပွဲရှိန်ပြန်ထိန်းနိုင်တယ်။ ဒုတိယပိုင်းရောက်တော့ စူပါအသင်းလိုမျိုး တိုက်စစ်တွေရှယ်ဆင်ပြီး စပါးကိုပြန်ကြုံးခဲ့ကြတယ်။ အဲ့ပွဲ ဟာလန်းကြီးက ဂိုးပြန်သွင်းနိုင်ပြီး ၃ လုံးတောင် ပိတ်သွင်းခဲ့လိုက်ပါတယ်။ တကယ့်ကလေးပါဗျာ။ ပြီးတော့ Riyad Marrez လည်း ခြေစွမ်းတွေ အသက်ပြန်ဝင်လာပြီး ခြေစွမ်းတက်ပြခဲ့ပါတယ်။ သူ့ခြေထောက်က ချိတ်လားဘာလားမသိဘူး ဘောလုံးကို အရမ်းခေါ်သွားနိုင်တယ်။ ဒီပွဲ သူ့မှာ ထပ်ပြီးဆင်းရမယ်လို့ ယုံကြည်ထားတယ်။ ဒီပွဲ စီးတီးဘက်က Rotation စရာမလိုသေးပါဘူး။ ဘာလို့လည်းဆိုတော့ လိဂ်တိုက်ပွဲက နောက်အပတ်မှ ဆင်းကန်ရမှာဖြစ်သောကြောင့်ပါ။ အဲ့တော့ စီးတီးတို့ အကြီးဆုံးကစားသမားအဖွဲ့အစုကိုပဲ အသုံးပြုသွားလောက်ပါတယ်။ ဒီပွဲ နံပါတ် ၁ အသင်းကြီးနဲ့တွေ့ရမှာဆိုတော့ လုပ်ပြချင်ကြလောက်ပါတယ်။ ဒီပွဲ ပြသာနာက ဧည့်သည်ကနေ မဖြစ်ပေါ်ပဲ သူ့ဟာသူဖန်တီးမှာပဲကြောက်တယ်။ ပက်က မထင်မှတ်တဲ့အရာတွေ အရမ်းလုပ်တတ်လို့လေ။ ထူးထူးဆန်းဆန်းတွေမလုပ်ရင်တော့ စီးတီးတို့ အာကြီးကို ရိုက်လွတ်နိုင်လောက်ပါတယ်။ ဒီပွဲ အာကြီးဘက်က စီးတီးထက် အရာရာကြည့်ကောင်းပေမယ့် စီးတီးဘက်ကိုပဲ ပါချင်ပါတယ်။

အာဆင်နယ်တို့ကျတော့ အင်္ဂလန်ကျွန်းတစ်ကျွန်းလုံးပဲ သူတို့ကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ်လို့ တစ်ယောက်မှယုံကြည်ကြမှာမဟုတ်ပါဘူး။ အာကြီးအသင်း ဒီရာသီ တော်တော်လေးကောင်းနေပါတယ်။ အဲ့ထက်ကောင်းတာ အာဆင်နယ်အဖွဲ့ချုပ်က အာတီတာကို အချိန်တော်တော်ပေးရဲတဲ့ဟာပဲဖြစ်ပါတယ်။ အော်ဒါကတ်က တော်တော်အဆင်ပြေတဲ့အသင်းကပ္ပတိန်ဖြစ်လာမယ်လို့ ဘယ်သူမှမထင်ခဲ့ပါဘူး။ Bukayo Saka နဲ့ မာတီနယ်လီတို့ကလည်း ဒီနှစ်မှာ ခြေစွမ်းတော်တော်ပြနိုင်ခဲ့ကြပါတယ်။ ပြီးတော့ နောက်တစ်ယောက်က Granite Xhaka ပါပဲ။ ဒီ ကစားသမားတွေအားလုံးက အာကြီးရဲ့အဓိကကစားသမားတွေ ဖြစ်နေကြတယ်။ တောင့်တင်းမှုတော်တော်ရှိကြပါတယ်။ နောက်ပြီး အသစ်ဝယ်ယူလိုက်တဲ့ Gabriel Salaba နဲ့ Zinchenko Jesus တို့မှာလည်း အသင်းရဲ့အဆင့်အတန်းကို လာရောက်ပင့်ပေးနိုင်ခဲ့ကြပါတယ်။ ဒီပွဲ ငါတို့  Leandro Trossard ဆိုတဲ့ ဘရိုက်တန်မှရောက်လာတဲ့ ကစားသမားအသစ်ကြီးကိုလည်း မြင်ရမယ်ထင်တယ်။ သူ့အတွက် Team work ပိုင်းကတော့ စိတ်ပူစရာမရှိပါဘူး။ ဒီပွဲ အာတီတာက သူငယ်ချင်းဟောင်း ပက်နဲ့တွေ့ရမှာဖြစ်ပါတယ်။ ပက်ရဲ့အကြောင်းကို အသိကျွမ်းဆုံးက အာတီတာထက် ဘယ်သူမှမရှိတော့ပါဘူး။ ဒါပေမယ့် အနိုင်အရမ်းလိုချင်တဲ့ဘက်ကျတော့ စီးတီးဘက်က ပိုများနေပါတယ်။ အာကြီးအသင်း ဒီပွဲ တိုက်စစ်ဆင်တဲ့စနစ်နဲ့ပဲ ရောက်လာလိမ့်မယ်။ တစ်သင်းလုံးကိုပဲ လှုပ်ရှားခိုင်းပြီး တိုက်စစ်ဆင်ခိုင်းလိမ့်မယ်။ လျင်မြန်တဲ့ Pressing နဲ့ ရှယ်ကစားမယ်။ ဒါပေမယ့် အသေးစိတ် နည်းနည်းပါးပါတွေ ဂရုစိုက်ဖို့ပဲ လိုလိမ့်မယ်။ ဒီပွဲသာ အနိုင်ရရှိခဲ့ရင်တော့ ဒီဖလားပဲမဆို လိဂ်ချန်ပီယံကိုပါ ဖြစ်ဖို့ပဲစောင့်နေရလိမ့်မယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အခုနောက်ပိုင်း အိမ်ရှင်ဘက်က ပိုသာခဲ့ပါတယ်။ အိမ်ရှင်အသင်းရဲ့အရည်အချင်းက အခုအချိန်မှာအင်္ဂလန်ကျွန်းထဲက နံပါတ် ၁ ကြီးဖြစ်နေပါတယ်။ ဒီညပွဲဟာ ဖလားပွဲဖြစ်နေပေမယ့် လိဂ်ပွဲစဉ်လိုမျိုးတော့ ဆူဆူပူပူဖြစ်လိမ့်မယ်။ အိမ်ရှင်ဘက်က ဧည့်သည်အသင်းကို ကြောက်အောင်လုပ်ချင်တဲ့အနေနဲ့ ဂိုးအပြတ်သွင်းဖို့ အရမ်းကြိုးစားလိမ့်မယ်။ အဲ့လိုမျိုးလုပ်နိုင်ရင်တော့ လိဂ်ပွဲစဉ်တွေနဲ့ များများမဟုတ်ရင်တောင် နည်းနည်းတော့ထိခိုက်မှုရှိသွားလောက်တယ်။ အနောက်ကနေ လိုက်ခံနေရတဲ့အသင်းက ဖိအားပိုများပါတယ်။ အဲ့ဒီတော့ စီးတီးတို့ မရပ်မနားပဲ အနောက်ကနေ အသက်ကုန်လိုက်ဖို့ ဒီပွဲကနေ စတင်သွားလိမ့်မယ်။ ဒါပေမယ့်လည်း ဧည့်းသည်အသင်းက လိဂ်ရဲ့နံပါတ် ၁ ကြီး ဖြစ်နေတယ်လို့တော့ မမေ့ကြပါနဲ့။ ကြီးမားတဲ့အသင်းတွေနဲ့လည်း တိုက်ခိုက်ခဲ့ဖူးပြီးပြီ။ သူတို့ကိုရိုက်သွားတာ မန်ယူပဲရှိသေးတယ်။ ဒါပေမယ့် မကြာသေးမီကမှ ပြန်ရိုက်နိုင်ခဲ့ပါပြီ။ အဲ့တာနဲ့ပဲ အာကြီးအသင်းက ဒီနှစ်မှာ တော်တော်လေး အဆင်သင့်ဖြစ်နေကြပါတယ်။ ကစားသမားအသစ်ဝယ်ယူလိုက်တဲ့အပိုင်းကလည်း တော်တော်အကျိုးပေးတယ်။ အိမ်ရှင်ဘက်က ဒီပွဲ တိုက်စစ်ဆင်ဖို့ပဲစီစဉ်ထားလောက်ပါတယ်။ အနိုင်ရခဲ့ရင်တော့ လိဂ်တိုက်ပွဲအထိ ထိခိုက်သွားလိမ့်မယ်။ ဂိုးများများနဲ့အနိုင်ရလေပိုကောင်းလေပဲဖြစ်ပါတယ်။ ဒီပွဲအခြေနေကတော့ ပြောစရာတောင်မလိုဘူး ရှယ်ကြည့်ကောင်းလိမ့်မယ်။ စီးတီးဘက်က အိမ်ကွင်းနဲ့ အကျောရထားပါတယ်။ ဒီပွဲ စီးတီးဘက်က အိမ်ကွင်းနဲ့ကစားရမှာဆိုတော့ အာဆင်နယ်ကို ရှုံးစရာအကြောင်းမရှိပါဘူး။ အနိုင်ပါ ကောက်ရသွားလိမ့်မယ်။

11 Players

Man city (4-3-3) – Ederson – Cancelo – Walker – Akanji – Laporte – Rodri – Silva – De Bruyne – Foden – Mahrez – Haaland

Arsenal (4-2-3-1) – Ramsdale – White – Gabriel – Salaba – Zinchenko – Partey – Xhaka – Odergaard – Martinelli – Saka – Nkietieh

Missing Players

Manchester City – ဒဏ်ရာနဲ့ ဘန်းခံထိတဲ့သူမရှိပါ။

Arsenal FC – Gabriel Jesus (Knee Injury), Reiss Nelson (Thigh Problems)

Facebook