777kyat

ချယ်လ်ဆီး Vs အာဆင်နယ် [06 Nov 22 - 18:30 hrs]

777kyat ချယ်လ်ဆီးအသင်း နောက်ဆုံးတစ်ပွဲတုန်းက ဘရိုက်တန်နဲ့တွေ့ပြီး ပိုးစိုးပက်စက်ရှုံးလာခဲ့တာဖြစ်ပါတယ်။ အဲ့ပွဲ သူတို့ရဲ့အချို့ကစားသမားက အခြေခံခြေစွမ်းတောင်မပြနိုင်ခဲ့ကြပါဘူး။ ဥပမာ အသစ်ဖြစ်တဲ့ Sterling နဲ့ Cucurella ဆိုရင် ပိုဆိုးပါတယ်။ အသင်းအတွက် ဘာ impact မှ မပြုနိုင်ခဲ့ပါဘူး။ ပြောတဲ့ ပထမတစ်ယောက်ဆိုရင် လုံးဝအဆင်ပြေမနေဘူး။ ချယ်လ်ဆီးအသင်းရဲ့ အကြီးမားဆုံးပြသာနာကတော့ နောက်ဆုံးဧရိယာပါပဲ ကောင်းသင့်သလောက် မကောင်းနိုင်သေးပါဘူး။ ရိစ်ဂျိမ်းမရှိတော့တဲ့နောက်ပိုင်း မြောက်ဘောတွေ ကြောက်စရာလုံးဝပျောက်ဆုံးသွားပါတယ်။ ပြီးတော့ နောက်ဆုံးတစ်ပွဲတုန်းက အသင်းနည်းပြမှာ ဘာစိတ်ကူးပေါက်ပြီး false 9 ကို အသုံးပြုလိုက်တာလဲမသိဘူး၊ Aubameyong နဲ့ Armando Broja တို့ရှိရက်နဲ့ အသုံးပြုခဲ့ပါတယ်။ အဲ့ပွဲမတိုင်ခင် တစ်ခါမှတောင် မသုံးဖူးခဲ့ပါဘူး။ အဲ့တာနဲ့ပဲ သူတို့ရဲ့တိုက်စစ်ပိုင်းအရည်သွေးက လုံးဝကျဆင်းသွားပါတယ်။ Havertz က ဘောလုံးကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိရက်သားနဲ့ ဘောလုံးပဲအနားယူပေးနေရပါတယ်။ အဲ့တာနဲ့ပဲ ခါတိုင်းလို တိုက်စစ်တွေ မဆင်နိုင်ပဲ ရှုံးလာတယ်။

အာဆင်နယ်တို့ကျတော့ မန်စီးတီးထက် ပြိုင်ပွဲအရေတွက်နည်းပေမယ့် မန်စီးတီးဆီက နံပါတ် ၁ နေရာကို ပြန်လုယူနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံးတစ်ပွဲတုန်းက လီဗာပူးလ်ကိုနိုင်ထားတဲ့ ဖောရက်စ်အပေါ် အနိုင်ရလာပါတယ်။ အဲ့ပွဲ ဖောရက်စ်က ခပ်ညံ့ညံ့လေးနဲ့ ပထမ ၅ မိနစ်ကစပြီး ဂိုးသွင်းခံထိခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်သွားတော့ အာဆင်နယ်ဘက်က ဂိုး ၅ လုံးတောင်သွင်းယူသွားနိုင်တယ်။ အနိုင်ရှယ်ရသွားပေမယ့် Bukayo Saka ဒဏ်ရာရသွားတော့ စိတ်ပူစရာကောင်းပါတယ်။ ဒါက အာဆင်နယ်နဲ့ပဲ ထိခိုက်တာမဟုတ်ပါဘူး ကမ္ဘာ့ဘောလုံးပွဲက စတင်တော့မှာဆိုတော့ အင်္ဂလန်တစ်ကျွန်းလုံးပါ ထိခိုက်သွားပါတယ်။ သူ့သတင်းအပ်ဒိတ်က ထွက်မလာသေးတော့ သူးဒဏ်ရာက ဘယ်လောက်ထိပြင်းထံမှန်းမသိသေးပါဘူး။ အဲ့ဒီတော့ ဒီပွဲ သူမပါလောက်ဘူးလို့ပဲ ကြိုခန့်မှန်းထားမယ်။ သူ့အစား Nelsson ဆင်းရလောက်တယ်။ သူ့မှာ Form တော်တော်ကောင်းနေတယ်။ ဒီပွဲ အာဆင်နယ်တို့ ချယ်လ်ဆီးကို အမွှေးရိတ်သိမ်းသွားလောက်တယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ချယ်လ်ဆီးဘက်က အနိုင်ပိုရထားပါတယ်။ ဒါပေမယ့် နောက်ဆုံး ၅ ပွဲစံချိန်ကိုပဲ ယူကြည့်ရင်တော့ အာဆင်နယ်ဘက်က ပိုကောင်းပါတယ်။ အဲ့ဒီ ၅ ပွဲထဲမှာ ချယ်လ်ဆီးဘက်က အနိုင် ၁ ပွဲလေးပဲရပြီး ကျန်တဲ့ ၄ ပွဲက လေးပွဲစလုံးပဲရှုံးသွားပါတယ်။ ပြီးတော့ ချယ်လ်ဆီးတို့ ကိုယ့်အိမ်ကွင်းနဲ့ အာဆင်နယ်အပေါ် အနိုင်ရသွားတဲ့ပွဲ ကြည့်ချင်ရင် ပြီးခဲ့တဲ့ ၄ နှစ်အထိပြန်ကြည့်မှတွေ့ရပါတယ်။ အဲ့ဒီလိုနဲ့ပဲ အခုတလော နှစ်သင်းစလုံးရဲ့အစစအရာရာယှဉ်ကြည့်ရင် အာဆင်နယ်ဘက်က နည်းနည်းပိုသာပါတယ်။ ဒီနှစ်သင်းစလုံး အချင်းချင်းတွေ့ကြတဲ့ပွဲတိုင်းမှာ တော်တော်ရင်ခုန်ရပါတယ်။ ပြီးတော့ အာဆင်နယ်အသင်းက အခုတလော နံပါတ် ၁ ပါဖြစ်နေတော့ ဒီပွဲအနိုင်ရသွားခဲ့ရင် ကစားသမားအသီးသီးတွေ ကိုယ့်ကိုယ်ကိုပိုပြီး ယုံကြည်မှုရှိလာကြလောက်ပါတယ်။ အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းက အခြေနေတော်တော်ကောင်းနေပြီး ခံစစ်ပိုင်းကပါ အားကောင်းနေတော့ ချယ်လ်ဆီးတို့ မခံနိုင်လောက်ပါဘူး။

11 Players –

Chelsea (3-4-2-1) – Mendy – Silva – Cholabah – Cucurella – Gallagher – Kovacic – Sterling – Chilwell – Mount – Havertz – Aubameyong

Arsenal (4-2-3-1) – Ramsdale – Tomiyasu – Gabriel – Saliba – White – Partey – Odegaard – Xhaka – Nelsson – Martinelli – Jesus

Missing Players –

Chelsea FC – N’Golo Kanté (Hamstring Injury), Wesley Fofana (Knee Injury), Reece James (Knee Injury)

Arsenal FC – Mohamed Elneny (Thigh Problems), Oleksandr Zinchenko(Calf Injury), Emile Smith Rowe (Groin Surgery), Bukayo Saka (injury)

အိမ်ရှင်အက်စတွန်ဗီလာအသင်း Steven Gerrard ကို အလုပ်ဖြုတ်လိုက်တာနဲ့ အသင်းထဲက ကစားသမားအသီးသီးတွေ ကိုယ့်အဖွဲ့နဲ့ကို ခွဲခြား ခွဲခြားလုပ်သွားကြတယ်လို့ သတင်းဌာနတွေက တင်ပြကြပါတယ်။ ဒါပေမယ့် အဲ့သတင်းတွေက ကောလဟာလသတင်းတွေပါဗျ၊ Gerrard ကိုအလုပ်ဖြုတ်လိုက်တာနဲ့ နောက်တစ်ပွဲ အနိုင်တန်းရသွားပါတယ်။ အစစအရာရာ ပိုမိုအဆင်ပြေလာပါတယ်။ ဒါပေမယ့်လည်း တစ်ပွဲ နှစ်ပွဲလေးပဲကောင်းပြီး နယူးကာဆယ်နဲ့တွေ့ရတော့မှ ဂိုး ၄ လုံးတောင် သွင်းခံထိခဲ့ပါတယ်။ အရင်အတိုင်း ပြန်ဖြစ်သွားပါတယ်၊ အရင်ထက်တောင် ဆိုးချင်ဆိုးလိမ့်မယ်။ ခံစစ်ပိုင်းက တကယ်ပဲအားနည်းတယ်။ တိုက်စစ်ပိုင်းကျတော့လည်း ပြတ်သားမှုမရှိဘူး၊ ကစားပွဲကို ဘယ်လိုမှမပင့်နိုင်ခဲ့ကြပါဘူး။ အရေးထဲမှာ နံပါတ် ၁ ဂိုးသမားကိုပါဆုံးရှုံးသွားတော့ ဘယ်လိုအဆင်ပြေအောင် လုပ်ရမလဲတောင် မသိတော့ပါဘူး။ အိမ်ကွင်းဖြစ်နေတဲ့အတွက် အကျောပိုရထားတယ်လို့ပဲ ပြောနိုင်ပါတယ်။

မန်ယူတို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ဖန်တွေ မထင်မှတ်တဲ့ ဟယ်ရီမက်ဂွိုင်းယားကို တွေ့ခဲ့ကြရတယ်။ ရွေးစရာမရှိလို့ မဖြစ်မနေ ဆင်းခိုင်းခဲ့ရပါတယ်။ တော်တော်လန့်သွားကြပါတယ်။ အနိုင်ဂိုးတွေ ကြိုသွင်းထားလို့သာ အနိုင်ရလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့ Form တွေကတော့ အရမ်းမကောင်းသေးပါဘူး။ de Gea ကောင်းလို့သာ အဆင်ပြေတယ်။ အဲ့ပွဲ တန်ဟက်ကို သိပ်နားမလည်ဘူး ကစားပွဲက ပြိုင်ဘက်ထက်ဆိုးနေတာတောင် ပိုဆိုးအောင်ထပ်လုပ်လိုက်သေးတယ်။ တော်တော်ထူးဆန်းပါတယ်။ Mc နဲ့ Fred ကို တွဲပြီးဆင်းကစားခိုင်းတယ်။ အဲ့တော့ ဘောလုံးဘယ်လိုမှ မပိုင်နိုင်ခဲ့ပါဘူး။ ကံကောင်းလို့ ကိုကြီးမက်ဂွိုင်းယားက အရမ်းမပြလို့ပါ။ ပြီးတော့ ဘေးနားက ခံစစ်မှူးနှစ်ယောက်မှာလည်း ခြေစွမ်းပြနိုင်လို့ တော်ပါသေးတယ်။ မန်ယူအသင်း သူ့ဟာနဲ့သူတော့ အဆင်ပြေပါတယ်။ အဲ့ဒီတော့ ဒီပွဲ အမှတ် ၃ မှတ် ရသွားလောက်ပါတယ်။

777kyat အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်ယူဘက်က ပိုကောင်းပါတယ်။ မန်ယူအသင်း အခုနောက်ပိုင်း ခြေစွမ်းတွေသိပ်မပြနိုင်ပေမယ့် အက်စတွန်ဗီလာအပေါ်ကိုတော့ အနိုင်အမြဲရတတ်ပါတယ်။ အချင်းချင်းတွေ့တဲ့ နောက်ဆုံး ၁၀ ပွဲစံချိန်ထဲမှာ မန်ယူဘက်က အနိုင် ၇ ပွဲနဲ့ သရေ ၂ ပွဲ လုပ်ထားနိုင်ပါတယ်။ အရှုံးတစ်ပွဲလေးပဲ ရှိပါတယ်။ မန်ယူအသင်း လက်ရှိရာသီမှာ အရင်ရာသီထက် ပိုတောင့်တင်းမှုရှိပါတယ်။ ရာသီရဲ့ ပထမ ၂ ပွဲတုန်းက မကောင်းပေမယ့် အဲ့ဒီနောက်ပိုင်းမှာကျတော့ TOP4 နေရာ ရင်ခုန်လို့ရတဲ့အထိ ခြေစွမ်းပြနိုင်လာပါတယ်။ အက်စတွန်ဗီလာတို့ ဂျရတ်ကိုအလုပ်ဖြုတ်လိုက်ပြီး အခုတလော Aaron Dank ကို ယာယီနည်းပြခန့်အပ်ထားပါတယ်။ ဂျရတ်အလုပ်ပြုတ်သွားပြီး နောက်တစ်ပွဲမှာ ဘရန့်ဖိုတ်အပေါ် ၄ ဂိုး ၀ နဲ့တောင်အနိုင်ရသွားပါတယ်။ အဲ့ပွဲပြီးတော့ နယူးကာဆယ်ကို ၄ ဂိုး ၀ နဲ့ ပြန်ထိခဲ့ပါတယ်။ ပြောမယ်ဆို ဘရန့်ဖိုတ်ရဲ့ ကစားပုံကစားနည်းက အက်စတွန်ဗီလာတို့ရဲ့အကြိုက်ဖြစ်လို့သာ အနိုင်ရသွားတာပါ။ အဲ့တာနဲ့ပဲ အက်စတွန်ဗီလာအသင်း အခုတလော ဘာမှကြောက်စရာမကောင်းပါဘူး။ မန်ယူနဲ့တခြားစီပဲ မန်ယူအသင်းရဲ့ နောက်ဆုံးတစ်ပွဲတုန်းက ဝက်စ်ဟမ်းအပေါ် အနိုင်ရလာတယ်။ အဲ့ပွဲ မနည်းရုန်းလိုက်ရပေမယ့် ဂိုးပြန်သွင်းခံမထိပဲ အနိုင်ရလာပါတယ်။ အဲ့ဒီတော့ ဒီပွဲ မန်ယူတို့ Clean sheet နောက်တစ်ပွဲ ရသွားလောက်ပါတယ်။

11 Players

Aston Villa (4-3-3) – Olsen – Digne – Mings – Konsa – Cash – Luiz – Ramsey – Coutinho – Watkins – Buendia – Ings

Man Utd (4-2-3-1) – de Gea – Shaw – Martinez – Maguire – Dalot – Casemiro – Eriksen – Anthony – Rashford – Ronaldo – Fernandes

Missing Players

Aston Villa – Lucas Digne (Ankle Injury), Diego Carlos (Achilles tendon rupture), Boubacar Kamara (Knee Injury)

Manchester United – Raphaël Varane (Leg Injury), Anthony Martial (Back Injury)

စပါးအသင်း နောက်ဆုံးတစ်ပွဲတုန်းက မနည်းရုန်းပြီး အနိုင်ရလာပါတယ်။ အချိန်ကုန်ခါနီးမှ ဂိုးထသွင်းနိုင်တယ်။ သူတို့ရဲ့ Form က သေချာကြည့်ရင် တကယ်ကျဆင်းနေပါတယ်။ အဓိက အရင်နှစ် သွင်းဂိုးအများဆုံးနဲ့ ဆွန်ဟောင်မင်းဆိုရင် ဒီနှစ်မှာ အခြေနေမကောင်းဘူးဖြစ်နေတယ်။ အရင်နှစ်လို ဂိုးတွေ မသွင်းပေးနိုင်တော့ပါဘူး။ အဲ့တော့ စပါးအသင်းရဲ့အခြေနေက လိုလိုပိုပိုဖြစ်နေပါတယ်။ အဲ့တာနဲ့ပဲ တာဝန်အားလုံးက အသင်းကပ္ပတိန်ဖြစ်တဲ့ ဟယ်ရီကိန်းဆီ ကျရောက်သွားပါတယ်၊ ကိန်းက အခု လိဂ်ထဲမှာ သွင်းဂိုး ၁၀ လုံးရှိသွားပါပြီ။ သူက အခွင့်ရေးဖန်တီးပေးနိုင်သလို ဂိုးလည်း သွင်းပေးနေရပါတယ်။ တိုက်စစ်ပိုင်းက ဘောလုံးနားနေတဲ့နေရာလည်း ဖြစ်နေတယ်။ သူ့တာဝန်က အရမ်းများတဲ့အတွက် ဘယ်လိုမှမရုန်းပေးနိုင်ပါဘူး။ အဲ့ဒီလိုနဲ့ပဲ စပါးအသင်းရဲ့ Form က အလိုလိုကျဆင်းနေပါတယ်။ အဲ့ဒီ Form မျိုးနဲ့ လီဗာပူးလ်ကိုကြိုဆိုရမှာဆိုတော့ မသန်မစွမ်းဖြစ်နေတဲ့ လီဗာပူးလ်ကို နိုင်ဖို့ မလွယ်သေးပါဘူး။ ဒီပွဲ သရေကျရုံနဲ့ ပြီးဖို့များပါတယ်။

လီဗာပူးလ်တို့ကျတော့ ဖန်တွေမထင်မှတ်တဲ့အဖြစ်မျိုး ၂ ခါတောင် ဖြစ်သွားပါတယ်။ ပထမ အောက်ဆုံး အဆင့် ၂၀ ကိုရှုံးပြီး အဆင့် ၁၉ ကိုပါ ထပ်ရှုံးတယ်။ အဲ့တာ သူတို့ရဲ့ခြေစွမ်းက အခြေခံမရှိလို့သာ ဖြစ်သွားပါတယ်။ Gomez က တစ်ပွဲလေးပဲကောင်းတယ်၊ မန်စီးတီးနဲ့ပွဲတုန်းကလောက်ပဲကောင်းခဲ့ပါတယ်။ Trent Arnold မှာလည်း ယုံကြည်မှုပျောက်ဆုံးနေတယ်။ တိုက်စစ်ဆင်ရမှာ ခပ်ကြောက်ကြောက်နဲ့ ခံစစ်ပိတ်မယ်လုပ်ပြန်တော့လည်း အပေါက်မပိတ်နိုင်ဘူး။ Gomez နဲ့ပါတွဲထားတော့ ဆီတွင်းကြီးဖြစ်သွားပြီပေါ့။ ဖာဘင်ဟိုဆိုသည်မှာလည်း နှေးကွေးလာပြီး Form တော်တော်ကျဆင်းသွားပါတယ်။ လီဗာပူးလ်ရဲ့စတိုင်လ်က Pressing ပါပဲ ဒါပေမယ့် အရင်လိုမကောင်းတော့ဘူး။ သူတို့ရဲ့ Pressing စနစ်ကို အသင်းတိုင်းပဲ ဖျက်ဆီးနိုင်ပါတယ်။ သူတို့ဆီက ဘောလုံးဖြတ်ယူနိုင်တာတို့ ပြီးတော့ လီဗာပူးလ်ကိုယ်တိုင်ကလည်း ဘောလုံးဆုံးရှုံးတတ်ပါတယ်။ တိုက်စစ်ဆင်တဲ့အခါမှာ တစ်ပြင်လုံးအရှေ့တိုးပြီး ကွင်းလယ်က ဘောလုံးဆုံးရှုံးတာနဲ့ အနောက်တန်းမှာ ဘယ်သူမှမရှိတော့ပဲ ဂိုးသမားပဲကျန်ခဲ့တော့တယ်။ ဒီလို Form မျိုးနဲ့ဆိုရင် လီဗာပူးလ်တို့ ပြန်မလာနိုင်လောက်တော့ပါဘူး။ ကွင်းလယ်နဲ့ ခံစစ်ပိုင်းက ဒီတိုင်းပဲ ဆက်ဆိုးနေမယ်ဆိုရင် Top4 ကိုထည့်မပြောပဲ ယူရိုပါတောင် ပါချင်မှပါနိုင်လိမ့်မယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်က ပိုသာခဲ့ဖူးပါတယ်။ နောက်ဆုံး ၁၀ ပွဲတုန်းကဆိုရင် စပါးဘက်က လီဗာပူးလ်အပေါ် အနိုင်တစ်ပွဲမှမရသေးပါဘူး။ အိမ်ကွင်းဖြစ်ဖြစ် အဝေးကွင်းဖြစ်ဖြစ် အနိုင်ရအောင် မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ အသင်းအခြေနေနဲ့ Form အသီးသီး ပြောင်းလဲသွားပါပြီ၊ စပါးအသင်း ဒီနှစ်ရဲ့ အစပိုင်းတုန်းက တော်တော်ကောင်းပြီး အခုနောက်ပိုင်း တည်ငြိမ်မှုမရှိပဲ Form ကျဆင်းသွားပါတယ်။ 777kyat အရင်နှစ် သွင်းဂိုးအများဆုံးနဲ့ ဆွန်ဟောင်မင်းဟာ ဒီနှစ်မှာ ဂိုးနည်းနည်းလေးပဲ သွင်းပေးနိုင်ပါတယ်။ အဲ့တာနဲ့ပဲ စပါးအသင်းက ပိုလိုက် လိုလိုက် ဖြစ်နေတယ်။ လီဗာပူလ်းတို့ကျတော့ ကြိုးကြာနီမဟုတ်တော့ပါဘူး၊ ဘဲနီကြီးဖြစ်နေတယ်။ သူတို့ရဲ့ Form က လုံးဝညံ့ဖျင်းနေတယ်။ တိုက်စစ်ပိုင်းက ပြတ်သားမှုမရှိဘူး ကွင်းလယ်ပိုင်းက အားနည်းနေတယ် ခံစစ်ပိုင်းက ကြောင်ပျောက်နေပါတယ်။ ဂိုးသမားတစ်ယောက်ပဲကောင်းနေတယ်။ ဒီပွဲမှာလည်း Allison က အားစိုက်ရဦးမှာပဲ၊ ဒါပေမယ့် လီဗာပူးလ်က စပါးနဲ့တွေ့တိုင်း ခြေစွမ်းပြတတ်တော့ အနိုင်အရှုံးမရှိပဲ ပြီသွားလောက်တယ်။

11 Players

Tottenham Hotspurs (3-5-2) – Lloris – Davies – Dier – Sanchez – Perisic – Bissouma – Hojbjerg – Bentancur – Emerson – Kane – Son

Liverpool (4-2-3-1) – Allison – Van Dijk – Gomez – Trent Arnold – Robertson – Elliot – Henderson – Thiago – Salah – Firmino – Nunez

Missing Players

Tottenham Hotspur – Dejan Kulusevski (Thigh Problems), Richarlison (Calf Injury)

Liverpool FC – Naby Keïta (Hamstring Injury), Luis Díaz (Knee Injury), Diogo Jota (Calf Injury), Arthur Melo (Surgery)

အိမ်ရှင် ဂျူဗင်တပ်စ်အသင်း နောက်ဆုံးတစ်ပွဲတုန်းက အမှတ် ၃ မှတ်ရရှိလာပေမယ့် အဲ့ပွဲမတိုင်ခင် ပြိုင်ပွဲတွေမှာကျတော့ အခြေနေတော်တော်ဆိုးခဲ့ပါတယ်။ UCL တိုက်ပွဲထဲမှာ ခပ်ညံ့ညံ့လေးနဲ့ အပယ်ခံထိသွားပါပြီ၊ အမှန်တော့ PSG နဲ့အတူ ဆန်ကာတင်သွားသင့်ပါတယ်။ လိဂ်ပွဲစဉ်ထဲမှာ အခြေနေကောင်းနေလို့သာ အသင်းနည်းပြက အလုပ်မပြုတ်ပဲနေနေတယ်။ လိဂ်ထဲမှာ ၃ ပွဲဆက်တိုက် အနိုင်ရရှိထားပြီးပြီ။ အသင်းထဲက ခြေစွမ်းထူးခြားတာ တစ်ယောက်ထဲပဲရှိပါတယ်၊ Dusan Vlahovich ဆိုတဲ့တစ်ယောက်ပေါ့ ဒါပေမယ့် ဒဏ်ရာရထားတုန်းပါ။ ကျန်တာတော့ ခေါင်းခါပါရစေ၊ သူငယ်ချင်းဆီ ဘောလုံးကို တည့်အောင်‌ပို့ဖို့တောင် မလုပ်နိုင်ကြသေးပါဘူး။ ဟိုပို့ ဒီပို့ ၃ ခါ ၄ ခါ ပို့ပြီးတာနဲ့ ဘောလုံးတန်းရှုံးတယ်။ ဒီလိုမျိုးဖြစ်လာတာကြာပါပြီ။ ကံကောင်းလို့ အခုနောက်ပိုင်း နည်းနည်းပြန်ကောင်းလာတယ်။ တိုးတက်မှု နည်းနည်းပါးပါးရှိလာပါတယ်။

အင်တာတို့ကျတော့ အစပိုင်းတုန်းက ကောင်းလားဆိုတော့လည်း သိပ်မကောင်းပါဘူး။ အနိုင်အရှုံးတစ်ယောက်တစ်လှည့်စီဖြစ်ခဲ့တယ်။ ဒါပေမယ့် အခုတလော လိဂ်ပွဲစဉ် ၄ ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့အတွက် နေသားကျသွားလောက်ပါပြီ။ သူတို့ရဲ့တိုက်စစ်ပိုင်းက တော်တော်ထက်ပါတယ်။ အခွင့်ရေးသိပ်မရပေမယ့် ဂိုးသွင်းနိုင်တယ်။ သူတို့ကစားတဲ့ပုံစံကတော့ လိမ့်ဘောနဲ့ အရှေ့ကို သိပ်မတိုးကြဘူး။ သူတို့ရဲ့လိမ့်ဘောက အိမ်ရှင်ထက်ကောင်းတယ်။ ပြီးတော့ ကွင်းလယ်ပိုင်းက အခုတလော ခြေစွမ်းကောင်းနေတယ်။ အဲ့တာနဲ့ပဲ အင်တာရဲ့ တိုက်စစ်ပိုင်းဒုတိယအတန်းက တော်တော်ကြောက်စရာကောင်းလာတယ်။ ဂိုးအဝေးကနေလည်း ပိတ်သွင်းနိုင်တယ်။ Martinez ဆိုတဲ့ တိုက်စစ်မှူးကလည်း တော်တော်အားကိုးလို့ရနေတယ်။ ပုံမှန် ဂိုးသွင်းပေးနိုင်နေတယ်။ ပထမကစားသမားနေရာ Dzeco နဲ့ Lukaku နဲ့ အလှည့်ကျ တွဲကစားခဲ့ရတတ်တယ်။ အဲ့တာနဲ့ပဲ အင်တာတို့ရဲ့ ကစားစနစ်က အစုံပဲရှိနေပါတယ်။ အဲ့ဒီတော့ အနိုင်ရသွားမယ့်အသင်းက ဒီပွဲ အင်တာဖြစ်ဖို့များပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ဂျူဗင်တပ်စ်ဘက်က အနိုင်ပွဲပိုရထားပါတယ်။ တွေ့ခဲ့တဲ့ထဲက တစ်ဝက်နီးပါး အနိုင်ရသွားတယ်လို့တောင် ပြောဆိုလို့ရတယ်။ ဒါပေမယ့် ခေတ်ကာလပြောင်းလဲသွားပါပြီ။ အင်တာအသင်းက အရင်ထက် ပိုမိုတောင့်တင်းလာပြီး ဂျူဗင်တပ်စ်ထက်တောင် ပိုကောင်းနေတယ်။ အချင်းချင်းတွေ့ခဲ့တဲ့ နောက်ဆုံး ၅ ပွဲထဲမှာဆိုရင် ဂျူဗင်တပ်စ်ဘက်က အနိုင် ၁ ပွဲလေးပဲ ရရှိခဲ့တယ်။ အခုတလော နှစ်သင်းစလုံးရဲ့ အခြေနေက ထပ်တူထပ်မျှပါပဲ။ လိဂ်ပွဲစဉ်ထဲမှာ အခြေနေသိပ်မကောင်းကြသေးပါဘူး။ ဒါပေမယ့် ဂျူဗင်တပ်စ်ထက် အင်တာက 777kyat နည်းနည်း ပိုကောင်းပါသေးတယ်။ Form ကြည့်ကောင်းနေသေးတယ်။ ဂျူဗင်တပ်စ်တို့ရဲ့ Form က သဘောကျစရာမကောင်းပါဘူး။ နှစ်သင်းစလုံးရဲ့ ကစားသမားအသီးသီး တစ်ယောက်နဲ့တစ်ယောက် ယှဉ်ကြည့်လိုက်တဲ့အခါမှာ ကျွန်တော့်အထင်ကတော့ အင်တာဘက်က ပိုသာပါတယ်။ အဲ့ဒီတော့ ဒီပွဲ အင်တာတို့ အမှတ် ၃ မှတ်ရသွားလောက်ပါတယ်။

11 Players

Juventus (4-4-1-1) – Szczesny – Alex Sandro – Gatti – Danillo – Cuadrado – Rabiot – McKennie – Kostic – Soule – Miretti – Milik

Inter Milan (3-5-2) – Onana – de Vrij – Bastoni – Skriniar – Dimarco – Calhanoglu – Mkhitaryan – Barella – Dumfries – Lukaku – Martinez

Missing Players

Juventus FC – Dušan Vlahović (Adductor problems), Marley Aké (Fibula Fracture), Kaio Jorge (Patella rupture), Ángel Di María(Biceps femoris muscle injury), Mattia De Sciglio(Hamstring Injury), Bremer (Biceps femoris muscle injury), Leandro Paredes (Biceps femoris muscle injury), Federico Chiesa (Fitness), Paul Pogba (Knee Surgery)

Inter Milan – Dalbert (Cruciate Ligament Injury), Gabriel Brazão(Cruciate Ligament Rupture), Marcelo Brozovic(Hamstring Injury)