22bet

မန်စီးတီး Vs ဝုဗ်ဗာဟမ်တန် 22 Jan 23 - 20:30 hrs]

22bet မန်စီးတီးအသင်း လောလောဆယ် သူတို့ရဲ့တိုက်စစ်ဆင်ကစားခြင်းက အကောင်းဆုံးပဲလို့ သတ်မှတ်ခံခဲ့ရပါတယ်။ သူတို့နဲ့ တွေ့တဲ့အသင်းတိုင်း ခံစစ်ပိတ်ပြီး တန်ပြန်တိုင်စစ်ဆင်ဖို့ပဲ စောင့်နေကြတယ်။ ကစားပွဲထိန်းချုပ်မှုနဲ့ ဘောလုံးထိန်းချုပ်မှုက ဘယ်အသင်းမှ သူတို့လောက်မကောင်းပါဘူး။ ကြမ်းတဲ့နေ့ဆို အသေကြမ်းပေမယ့် မကြမ်းရင်တော့ ပြန်ခံရတတ်ကြတယ်။ ဘာလို့လည်းဆိုတော့ စီးတီးတို့ရဲ့နည်းစနစ်က ဘယ်-ညာခံစစ်နေရာကို ကွင်းလယ်အထိကျုံ့ထားတဲ့အတွက် စည်းဘေးမှာလွတ်နေလို့ပါ။ ပြီးရင် De Bruyne နဲ့ Bernardo Silva တို့ကို တိုက်စစ်ပိုင်းထောက်ကူပေးဖို့ စီစဉ်ထားကြပါတယ်။ အဲ့တာနဲ့ပဲ တန်ပြန်တိုက်စစ်ဆင်ခံခဲ့ရရင် ဂိုးပေးရတတ်ပါတယ်။ စီးတီးတို့ကို တိုင်ပတ်အောင်လုပ်နိုင်တဲ့အသင်းတွေထဲမှာ အပြေးမြန်တဲ့တိုက်စစ်မှူး ပိုင်ဆိုင်ထားကြတတ်တယ်။ ဘောလုံးကို နှစ်ချက် သုံးချက်တို့ပြီး ဂိုးပိတ်သွင်းတာမျိုးပေါ့။ အဲ့တာကြောင့် ဒီရာသီအတွင်း စီးတီးတို့ရဲ့အမှတ်တွေ ခန ခန ပြုတ်ကျသွားတာ မြင်ခဲ့ကြရတယ်။ အခု အာဆင်နယ်ထက် ၅ မှတ် နည်းနေပါတယ်။ အသင်းထဲကအခြေနေကတော့ အဆင်မပြေတာတွေမရှိပါဘူး။ အဲ့တော့ ဒီပွဲ သူတို့ဘက်က ပထမဂိုး မြန်မြန်သွင်းနိုင်ရင်တော့ ဝုဗ်တို့ တော်တော်ခံခဲ့ရလိမ့်မယ်။ ဒီပွဲ စီးတီးဘက်က ၃ မှတ်ရဖို့ တော်တော်များပါတယ်။

ဝုဗ်ဗာဟမ်တန်အသင်းကျတော့ စွမ်းဆောင်ရည်တွေ ကြောက်စရာကောင်းနေပါတယ်။ အရင်ရာသီကတည်းက အခုထိ ခြေစွမ်းတွေကျဆင်းနေမှန်း ကောင်းကောင်းမြင်ရတယ်။ Lopetegui ရောက်လာတဲ့အတွက် အသင်းကို နည်းနည်းပါးပါး ကြည့်ကောင်းစေလာပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက လီဗာပူးလ်ကိုရှုံးပြီး FA ဖလားထဲကနေ အပယ်ခံထိသွားခဲ့ပါပြီ။ ဝုဗ်တို့ရဲ့ လောလောဆယ်အခြေနေက အရင်ထက် ပိုကောင်းလာပါတယ်။ ဂိုး လွယ်လွယ်လေးနဲ့ သွင်းခံမထိတော့ဘူး။ ဒါပေမယ့် တိုက်စစ်ပိုင်းကတော့ အရင်အတိုင်းပါပဲ ဂိုးသိပ်မသွင်းနိုင်ခဲ့ကြပါဘူး။ အဲ့တော့ ၁-၀ နဲ့ မနိုင်ရင် ၁-၀ နဲ့ ရှုံးသွားတတ်တယ်။ စီးတီးတို့က ဒီပွဲ အပီကစားဖို့ရှိပြီး ကစားသမားအဆင့်အတန်းလည်း ကွာခြားမှုရှိတဲ့အတွက် ဝုဗ်တို့ တော်တော်ခံခဲ့ရလိမ့်မယ်။ ဒီပွဲ ဝုဗ်ဘက်က အမှတ်ခွဲယူနိုင်ဖို့ လုံးဝမရှိပါဘူး။ ပိုးစိုးပက်စက်တောင် ရှုံးသွားနိုင်ပါတယ်။ ဝုဗ်တို့မှာ ထူးချွန်တဲ့ကစားသမားမရှိပါဘူး။ Podence ကလွဲပြီး ကျန်တာ အားကိုးလို့မရဘူးဖြစ်နေပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲတုန်းက စီးတီးဘက်က အရမ်းပဲပိုသာခဲ့ပါတယ်။ စီးတီးဘက်ကပဲ ဝုဗ်ကို ပိုးစိုးပက်စက် နိုင်ထားခဲ့ဖူးပါတယ်။ စီးတီးတို့ ဒီရာသီရဲ့ စစလာချင်းကတည်းကစပြီးကြမ်းလာပါတယ်။ ပြီးတော့ ဟာလန်းဆိုတဲ့ တိုက်စစ်မှူးကြီးကိုပါ ပိုင်ဆိုင်ထားတယ်။ ဟာလန်းက အရမ်းပဲကြမ်းပါတယ်။ ဒါပေမယ့် အခုတလောမှာတော့ နည်းနည်းကျဆင်းသွားပါပြီ။ အဲ့တာနဲ့ပဲ သူတို့မှာ အာဆင်နယ်နဲ့ အမှတ်တော်တော် ကွာသွားကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်နဲ့မတွေ့ရသေးတော့ စီးတီးတို့အတွက် အခွင့်ရေးရှိပါသေးတယ်။ မှီအောင်လိုက်နိုင်ပေမယ့် ချန်ပီယံလိုချင်သေးတယ်ဆိုရင် သူတို့မှာ ထပ်ပြီးမှားခွင့်မရှိတော့ပါဘူး။ ဝုဗ်တို့ကျတော့ အမှတ်ဇယားထဲမှာ နံပါတ် ၁၆ ဖြစ်ပြီး အတန်းဆင်းမယ့်ဇုန်ထက် ၂ မှတ် ၃ မှတ်ပဲသာနေပါတယ်။ အဲ့တော့ ချန်ပီယံရှစ်ခရီးစဉ်ဖို့အတွက် ဘယ်အသင်းမဆို ဖြစ်နိုင်ချေရှိပါသေးတယ်။ ဝုဗ်တို့က အခုမှ အတွေ့ကြုံများတဲ့နည်းပြရလာတော့ နည်းနည်းစိတ်အေး ရလောက်ပါတယ်။ ဒါပေမယ့်လည်း ဒီပွဲကတော့ ဘယ်လိုပဲကြည့်ကြည့် သူတို့အတွက်လုံးဝမပါပါဘူး။ ဘာလို့လည်းဆိုတော့ ဒီပွဲပြီးသွားရင် အာဆင်နယ်နဲ့ မန်ယူပွဲစတင်တော့မှာဖြစ်ပြီး အချင်းချင်း အမှတ်ဖြတ်ယူသွားကြမှာဖြစ်တဲ့အတွက် ဒီလိုအခွင့်ရေးမျိုးကို စီးတီးတို့ လက်မလွတ်လောက်ပါဘူး။ ဒီပွဲ ဝုဗ်တို့ ဂိုးအပြတ်နဲ့ ရှယ်ကြုံးခံထိလောက်တယ်။

11 Players

Man City (4-3-3) – Ederson – Cancelo – Walker – Laporte – Akanji – Rodri – De Bruyne – Mahrez – Silva – Foden – Haaland

Wolves (4-2-3-1) – Sa – Bueno – Kilman – Collins – Semedo – Neves – Matheus – Moutinho – Troare – Podence – Cunha

Missing players

Manchester City – ဒဏ်ရာရထားသူနဲ့ ဘန်းခံထိတဲ့သူမရှိပါ။

Wolverhampton Wanderers – Chiquinho (Cruciate Ligament Injury), Sasa Kalajdzic(Cruciate Ligament Rupture)

Facebook

အာတီတာလက်ထဲက အာဆင်နယ်အသင်း လောလောဆယ် ၁၂ ပွဲဆက်တိုက် အရှုံးပွဲမရှိသေးပါဘူး။ စွမ်းဆောင်ရည်တွေကောင်းပြီး အခုမှ စပါးအပေါ် အနိုင်ရရှိလာပါတယ်။ အာဆင်နယ်တို့ နောက်ဆုံးရှုံးသွားတဲ့ပွဲကတော့ ပြီးခဲ့တဲ့ ၉ လပိုင်းတုန်းက အိုထရက်ဖိုဒ့်ကွင်းနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အခုမှာတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးအသင်းဖြစ်ပြီး လက်ထဲမှာ ၄၇ မှတ်တောင် ပိုင်ဆိုင်ထားပါတယ်။ ဒီပွဲ သူတို့မှာ ဂါဗြေလ ယေရှုမရှိသေးပါဘူး Reiss Nelson မှာလည်း ဒဏ်ရာရထားပါတယ်။ မိုဟာမက်အယ်နီနီကတော့ အခြေနေပြန်စစ်ဆေးဖို့လိုနေသေးတယ်။ ဒီပွဲ အာတီတာရဲ့ ပထမ ၁၁ ယောက်ကစားသမားတွေကတော့ ၄-၃-၃ စနစ်နဲ့ Martin Odegaard ကို ဗဟိုပြုထားလောက်ပါတယ်။ Partey နဲ့ Granit Xhaka တို့ကျတော့ ကွင်းလယ်ပိုင်းကို ထိန်းမယ်။ ပြီးရင် Saka, Martinelli နဲ့ Nketiah တို့ကို တိုက်စစ်ပိုင်းနေရာ ၃ ယောက် တွဲထားကြလောက်ပါတယ်။

တန်ဟက်လက်ထဲက မန်ယူတို့ကျတော့ ၁၀ ပွဲဆက်တိုက် ရှုံးနိမ့်မှုမရှိသေးပါဘူး။ လိဂ်ပွဲစဉ်ထဲမှာ ၁၉ ပွဲဆင်းကစားပြီး ၃၉ မှတ် ပိုင်ဆိုင်ထားနိုင်တယ်။ လိဂ်ထဲမှာဆိုရင် ၆ ပွဲဆက်တိုက် မရှုံးသေးပဲ အနိုင် ၅ ပွဲတောင် ရရှိသွားပါတယ်။ သရေ ၁ ပွဲလေးကတော့ ခရစ်စတယ်ပဲလေစ့်နဲ့တွေ့ပြီး ရသွားပါတယ်။ အဲ့ပွဲ သူတို့ရဲ့ အရေးကြီးတဲ့ ကာစီမီရိုကြီးက အဝါကဒ် ၅ ကဒ်ပြည့်သွား ထပ်ပြခံထိသွားတော့ ဘန်းခံထိသွားတဲ့အတွက် ဒီပွဲ မပါနိုင်သေးပါဘူး။ အသင်းထဲက အခြေနေကတော့ ဒီပွဲ Donny van de Beek မှာ ဒူးခေါင်းဒဏ်ရာ ရထားတဲ့အတွက် မပါနိုင်သေးပါဘူး။ ဆန်ချိုလည်း ဒီပွဲ မပါသေးဘူး။ ပြီးတော့ Diogo Dalot လည်း ဒဏ်ရာရထားတဲ့အတွက် အခြေနေစောင့်ကြည့်ဖို့ရှိသေးတယ်။ Anthony Martial ရောပဲ အခြေနေ စစ်ဆေးဖို့လိုသေးတယ်။ ဒီပွဲ မန်ယူဘက်က ၄-၂-၃-၁ စနစ်နဲ့ ရောက်လာမယ်ထင်တယ်။ Fred နဲ့ Scott McTominay တို့ကို ကွင်းလယ်ပိုင်း ဆင်းထိန်းခိုင်းလောက်တယ်။ ပြီးတော့ ဘရူနို ဖာနန်ဒက်စ်ကို အန်တိုနီနဲ့ Marcus Rashford တို့နဲ့ တွဲကစားဖို့ အရှေ့နည်းနည်း တိုးထားလောက်တယ်။ ဘယ်ဘက်ခြမ်းကနေ တိုက်စစ်ဆင်ကစားလို့ ပိုအဆင်ပြေစေပါတယ်။ ပြီးရင် Striker နေရာကိုကျတော့ Weghorst ကိုပဲ တာဝန်ပေးသွားလောက်ပါတယ်။

22bet  အမှတ်ဇယားရဲ့ ထိပ်ပိုင်းအခြေနေနဲ့ တည့်တည့်ကြီးထိခိုက်တဲ့ပြိုင်ပွဲဖြစ်ပါတယ်။ မန်ယူဘက်က အနိုင်ရသွားခဲ့လို့ရှိရင် နံပါတ် ၁ နဲ့ ၅ မှတ်ပဲနည်းသွားမှာဖြစ်ပြီး ချန်ပီယံတက်လုခွင့် ရသွားလိမ့်မယ်။ ပထမတစ်ပွဲတုန်းက အချင်းချင်းတွေ့ပြီး မန်ယူဘက်က အနိုင်ရသွားပါတယ်။ ဒီရာသီအတွင်း အာဆင်နယ်ကို နိုင်သွားတာ အခုထိ မန်ယူပဲရှိပါတယ်။ နှစ်သင်းစလုံးရဲ့ လက်ရှိစွမ်းဆောင်ရည်ကတော့ အရမ်းတူနေကြပါတယ်။ ၂၀၂၃ ခုနစ် စတင်လာကတည်းက အာဆင်နယ်တို့ ဂိုးတစ်လုံးမှ သွင်းခံမထိသေးပါဘူး။ သွင်းဂိုးကျတော့ ၂၈ လုံးတောင် လုပ်နိုင်ခဲ့တယ်။ မန်ယူတို့ကျတော့ ပထမ ၅ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး နောက်ဆုံးတစ်ပွဲ ရောက်တော့မှ သရေကျသွားတာဖြစ်ပါတယ်။ အချင်းချင်းတွေ့ခဲ့ဖူးတဲ့ နောက်ဆုံး ၇ ပွဲတုန်းက အာဆင်နယ်မှာ အိမ်ကွင်းနဲ့ ၅ ပွဲ နိုင်သွားပါတယ်။ သူတို့နှစ်သင်း ပွဲပေါင်း ၆၁ ပွဲ တွေ့ခဲ့ကြဖူးပြီး အာဆင်နယ်ဘက်က အနိုင် ၁၇ ပွဲနဲ့ မန်ယူဘက်က အနိုင် ၂၆ ပွဲ လုပ်နိုင်ခဲ့ဖူးပါတယ်။ ပြီးရင် သရေ ၁၈ ပွဲ ကျသွားခဲ့ကြပါတယ်။ ဒီပွဲ မန်ယူမှာ ကာစီမီရိုမရှိတဲ့အတွက် ပြသာနာတက်မှာပဲ။ ကစားပုံကစားနည်းကတော့ ဒီပွဲ အာဆင်နယ်ဘက်က အိမ်ရှင်ဖြစ်တဲ့အတွက် ဘောလုံးပိုင်ဆိုင်ပြီး တိုက်စစ် ခန ခန ဆင်ကစားခဲ့ကြလိမ့်မယ်။ ဒီပွဲကတော့ ဦးတဲ့သူပဲနိုင်လိမ့်မယ်။ ဘယ်အသင်းက ပိုပြတ်သားမလဲ မန်ယူဘက်က ဘယ်လိုစနစ်မျိုးနဲ့ ပြန်လှန်ခုခံမလဲဆိုတာ စောင့်ကြည့်ရလိမ့်မယ်။ ဒီပွဲ သရေကျဖို့ တော်တော်များပါတယ်။ တစ်ယောက်တစ်မှတ်ယူဖို့ရှိပေမယ့် အနိုင်ရသွားမယ့်အသင်း ဖြစ်ပေါ်မယ်ဆိုရင်တော့ အာဆင်နယ်ပဲ ဖြစ်ဖို့များပါတယ်။

11Players

Arsenal : Ramsdale; White, Saliba, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Nketiah

Man U : De Gea; Wan-Bissaka, Varane, Martinez, Shaw; Eriksen, Fred; Antony, Fernandes, Rashford; Weghorst

Missing Players

Arsenal : M. Elneny(Konck Injury), Gabriel Jesus (Knee Injury), R. Nelson( Knock Injury)

Man U : A. Martial (Konck Injury),D. Van De Beck (Knee Injury), A. Tuanzebe, J.Sancho (Illness), Casemiro (dissiplinaria)

Facebook