20bet

လီဗာပူးလ် Vs ချယ်လ်ဆီး [21 Jan 23 - 19:00 hrs]

20bet လီဗာပူးလ်တို့ နောက်ဆုံးတစ်ပွဲတုန်းက ဘရိုက်တန်နဲ့တွေ့ပြီး ကလေးလိုမျိုးနဲ့ ရှုံးနိမ့်ဘာပါတယ်။ အဲ့ပွဲ လီဗာပူးလ်တို့ရဲ့အခွင့်ရေးတွေ သိပ်မရှိခဲ့ပါဘူး။ ဘောလုံးအရှေ့ကို ထိုးပေးဖို့အရေးတောင် မနည်းရှာလိုက်ရပါတယ်။ ကွင်းလယ်ပိုင်းက မိနစ် ၉၀ လုံးလုံး ကစားပွဲအရှိန်ကို မထိန်းနိုင်ခဲ့ကြပါဘူး။ ခံစစ်ပိုင်းကလည်း တာဝန်မကျေကြဘူး။ မှားယွင်းမှုတွေလုပ်မိပြီး ဂိုးပေးလိုက်ရပါတယ်။ သူတို့ရဲ့ကစားသမားတိုင်းက ကြိုးစားချင်စိတ်တွေပျောက်နေကြတယ်။ အသင်းနည်းပြရဲ့မျက်ဝန်းကိုကြည့်ပြီး လီဗာပူးလ်အသင်းက အမှောင်ထဲကျရောက်မယ့်ကာလ ရောက်ရှိခါနီးပြီလို့ ပြသခဲ့ပါတယ်။ အဲ့ဒီတော့ အသင်းအဖွဲ့ချုပ်တို့ နောက်နှစ် UCL တိုက်ပွဲထဲပါချင်သေးတယ်ရင် ဒီဆောင်းတွင်းရာသီဈေးကာလအတွင်းမှာ ကွင်းလယ်ကစားသမားအသစ် ထပ်မံခေါ်ယူဖို့လိုလိမ့်မယ်။ လက်ရှိကွင်းလယ်ပိုင်းက အရမ်းအားနည်းနေတော့ တာဝန်အားလုံးက တိုက်စစ်ပိုင်းအပေါ် အကုန်ပဲကျရောက်သွားပါတယ်။ တောင်ပံနှစ်ဖက်ကလည်း လိုသလောက် မဖြည့်ဆည်းပေးနိုင်ဘူး။ Pressing စနစ်က ကွင်းလယ်ပိုင်းအဓိကဖြစ်နေပြီး အရည်အချင်းမမှီတော့ ဘယ်လိုမှအဆင်မပြေပါဘူး။ ကွင်းလယ်ပိုင်းက အရမ်းနှေးကွေးတော့ ပြိုင်ဘက်ကလည်း ကာကွယ်ပြီး လုယက်ဖို့အချိန်ရသွားတယ်။ လီဗာပူးလ်မှာ box to box ပုံစံနဲ့ကွင်းလယ် ၂ ယောက်လောက်တော့ လိုအပ်နေပါတယ်။ တစ်ယောက်က အလုပ်ကြိုးစားမယ် တစ်ယောက်က ကစားပွဲကိုဖန်တီးပေးရမယ်။ အဲ့လိုကစားသမားမျိုးတွေက ဒီပွဲမှာရောက်မလာသေးပါဘူး။ အဲ့တော့ ကွင်းလယ်ပိုင်းကို ဒီပွဲ ဘောလုံးထိန်းနိုင်ပါစေလို့ပဲ ဆုတောင်းရလိမ့်မယ်။ ထိန်းနိုင်ချေရှိပါတယ်။ ဘာလို့လည်းဆိုတော့ ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်လည်း ညံ့တာချင်းတူနေလို့ပါ။

ချယ်လ်ဆီးတို့ကျတော့အခုမှပဲအနိုင်ရသွားတော့တယ်။ အဲ့ပွဲ ခရစ်စတယ်ပဲလေစ့်နဲ့တွေ့ပြီး အနိုင်ရလာပါတယ်။ မထူးဆန်းပါဘူး။ ဘာလို့လည်းဆိုတော့ ပဲလေစ့်က ချယ်လ်ဆီးအတွက် အော်တိုဝင်းဖြစ်နေလို့ပါ။ ဒီပွဲ အခြေနေဆိုးနေတဲ့ အိမ်ရှင်နဲ့တွေ့ရမှာဖြစ်ပြီး နည်းနည်းတော့ စိတ်ပူမိပါတယ်။ အိမ်ရှင်ဘက်က ကြမ်းလို့မဟုတ်ပါဘူး။ ချယ်လ်ဆီးတို့ကပဲ ညံ့နေတာကို စိတ်ပူနေပါတယ်။ အဝေးကွင်းနဲ့အခြေနေဆို ပိုဆိုးပါတယ်။ အမှန်တော့ သန်း ၃၀၀ အထိ အသုံးပြုပြီး ချန်ပီယံလုမယ့်ထဲ ပါသင့်ရက်သားနဲ့ မပါပဲနေနေတယ်။ ဟိုမရောက် ဒီမရောက်ဖြစ်နေကြပါတယ်။ ဒါပေမယ့်လည်း သူတို့မှာရှိတဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရထားတာလည်းပါပါတယ်။ ဥပမာ ဂိုးဖန်တီးရှင်ဖြစ်တဲ့ စတာလင်တို့ ဈေးကြီးကြီးနဲ့ဝယ်ထားတဲ့ နောက်ခံလူ ဖိုဖာနာတို့ပေါ့။ ကန်တေဆိုတဲ့ အလုပ်ကြိုးစားသူကလည်း ဒီနှစ်မှာ တစ်ပွဲမှမဆင်းရသေးပါဘူး။ အဲ့တာ ချယ်လ်ဆီးရဲ့ ဆရာဝန်အဖွဲ့တွေကို ဘာတွေလုပ်နေကြလဲလို့ မေးရမလိုလိုဖြစ်နေပါတယ်။ ပြောမယ်ဆို ချယ်လ်ဆီးအသင်းရဲ့ ဒဏ်ရာရရှိထားတဲ့ကစားသမားအရေအတွက် ပရီးမီးယားလိဂ်ထဲမှာ အများဆုံးလို့တောင် ဖြစ်နေပါပြီ။ အဓိက ကစားသမားတွေဒဏ်ရာရထားတော့ ကွင်းထဲကစွမ်းဆောင်ရည်တွေကလည်း အလိုလိုကျဆင်းသွားပါတယ်။ ကောင်းကိုမကောင်းဘူးဖြစ်နေတယ်။ တိုက်စစ်ပိုင်းက ဂိုးတစ်လုံးသွင်းဖို့အရေး မနည်းရုန်းနေကြရတယ်။ အဲ့တော့ ဒီပွဲ အင်အားပိုင်း လီဗာပူးလ်နဲ့ယှဉ်ကြည့်ရင် ချယ်လ်ဆီးဘက်က ပိုနစ်နာနေပါတယ်။ ဒါပေမယ့်လည်း သူတို့က ကွင်းလယ်ပိုင်းကိုဦးစားပေးပြီး ဖိအားအရမ်းပေးလိုက်ရင်တော့ ခြံထဲမှာရှိတဲ့ ငန်းနီရဲ့အမွှေးကို တက်နှုတ်သွားနိုင်လောက်ပါတယ်။ ချယ်လ်ဆီးတို့ရဲ့ ကွင်းလယ်ပိုင်းက အလုပ်ကြိုးစားတဲ့ထဲမရှိတော့ လီဗာပူးလ်ရဲ့ကွင်းလယ်ပိုင်းထက် ညံ့လောက်တယ်။ အန်ဖီးလ်ကွင်းနဲ့ အမှတ်မရပဲ ပြန်သွားဖို့များပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်က နည်းနည်းပိုကောင်းပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းဟာကိုပဲယူကြည့်ရင်တော့ သရေကျသွားတာများပါတယ်။ ဒီနှစ် နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်က တကယ့်သူငယ်ချင်းတွေပါ ဘာလို့လည်းဆိုတော့ ညံ့နေတာချင်းတူနေပါတယ်။ အိမ်ရှင်တို့ရဲ့အခြေနေက ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး အရှုံး ၂ ပွဲတောင်ရသွားသေးတယ်။ ကောင်းကောင်းလေးကစားကြပြီး ရှုံးသွားရင်တော့တစ်မျိုးပေါ့ဗျာ။ အခုက ကစားပွဲဖန်တီးဖို့အခွင့်ရေးတောင် မလုပ်နိုင်ခဲ့ကြပါဘူး။ ချယ်လ်ဆီးတို့မှာလည်း အတူတူပဲ။ နောက်ဆုံး ၁၀ ပွဲထဲမှာဆိုရင် အနိုင် ၂ ပွဲလေးပဲရသွားတယ်။ အရှုံး ၇ ပွဲ ရရှိသွားပါတယ်။ အဲ့တော့ ဒီအချိန်မှာ ပေါ်တာဆိုတဲ့နည်းပြကလည်း အလုပ်ပြုတ်ကိန်းနံပါတ် ၁ ဖြစ်နေပါပြီ၊ စာချုပ်သက်တမ်းက အကြာကြီးကျန်သေးပေမယ့် ဒီလိုပဲ ဆက်ညံ့နေရင်တော့ အလုပ်ထုတ်ခံထိမှာသေးချာပါတယ်။ နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်က ညံ့တာချင်းတူပါတယ်။ ဒါပေမယ့် ကစားသမားအသီးသီးယှဉ်ကြည့်ရင်တော့ လီဗာပူးလ်ဘက်က ပိုသာပါတယ်။ အရည်အချင်းနည်းနည်းထုတ်နိုင်ရင်တော့ ချယ်လ်ဆီးအပေါ် အသာလေးနဲ့ အနိုင်ရသွားလောက်ပါတယ်။ လီဗာပူးလ်တို့ ဒီပွဲ အနိုင်ရသွားရင်တော့ နောက်နှစ် UCL တိုက်ပွဲထဲပါဖို့ ရှိနေပါသေးတယ်။

11 Players

Liverpool (4-3-3) – Allison – Trent Arnold – Robertson – Konate – Gomez – Henderson – Thiago – Elliot – Carvalho – Salah – Gakpo

Chelsea (4-2-3-1) – Kepa – Cucurella – Badiashile – Silva – Azpillicueta – Jorginho – Kovacic – Mount – Ziyech – Havertz – Chukwuemeka

Missing players

Liverpool FC – Virgil van Dijk (Hamstring Injury), Darwin Núñez (Dead Leg), Diogo Jota (Calf Injury), Luis Díaz (Knee Injury)

Chelsea FC – João Félix (Red card suspension), Raheem Sterling (Hamstring Injury), Edouard Mendy (Shoulder Injury), Ben Chilwell (Hamstring Injury), Christian Pulisic (Knee Problems), Reece James (Knee Injury), Wesley Fofana (Knee Injury), Denis Zakaria (Hamstring Injury), N’Golo Kanté (Hamstring Injury), Armando Broja (Cruciate Ligament Rupture)

Facebook

Patrick Vieira နည်းပြရဲ့ ခရစ်စတယ်ပဲလေ့စ်အသင်း ပြီးခဲ့တဲ့တစ်ပွဲ မန်ယူနဲ့သရေကျပြီး အမှတ် ၁ မှတ် ကောက်သိမ်းလာနိုင်ခဲ့ပါတယ်။ အဆင့်ဇယားထဲမှာ နံပါတ် ၁၂ ဖြစ်ပြီး ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ ဒီပွဲ အသင်းရဲ့အဆင်သင့်ဖြစ်မှုကတော့ Joachim Andersen, James McArthur နဲ့ Nathan Ferguson တို့ ဒဏ်ရာရထားတဲ့အတွက် မဆင်းနိုင်သေးပါဘူး။ ဒီပွဲ Vieira မှာ ၄-၂-၃-၁ စနစ်နဲ့ စောင့်နေမယ်ထင်တယ်။ အနောက်တန်းကွင်းလယ်နေရာ Richards နဲ့ Guehi တို့ကို တွဲထားပြီး ကွင်းလယ်ပိုင်းကိုကျတော့ Jeffrey Schlupp နဲ့ Shaq Doucoure Jordan တို့အတွက် တာဝန်ပေးထားလောက်ပါတယ်။ Striker နေရာ Ayew ကိုထားထားပြီး Wilfried Zaha, Michael Olise နဲ့ Eberechi Eise တို့ကို တိုက်စစ်ဆင်ကစားဖို့ တာဝန်ပေးထားကြလောက်ပါတယ်။

Eddie Howe နည်းပြလက်ထဲကနယူးကာဆယ်တို့ကျတော့ အခုနောက်ပိုင်း ထစ်ခနဲဖြစ်ပြီး သရေကျသွားတဲ့ပွဲတွေ ဖြစ်ပေါ်ပေမယ့် နောက်ဆုံးတစ်ပွဲမှာ ဖူဟမ်အပေါ် အနိုင်ရရှိလာပါတယ်။ အသင်းထဲကအခြေနေဟာ Jonjo Shelvey, Emile Kraft နဲ့ Matt Targett တို့က ဒဏ်ရာရထားတဲ့အတွက် အနားယူနေရတုန်းဖြစ်ပါတယ်။ မကြာမီ ကာရာဘောင်းဖလားပွဲရှိနေသေးတဲ့အတွက် ဒီပွဲ အချို့ Position မှာ ပြောင်းလဲမှုရှိလိမ့်မယ်။ ဒီပွဲ နယူးကာဆယ်တို့ ၄-၃-၃ စနစ်နဲ့ပဲ ရောက်ချလာလိမ့်မယ်။ Miguel Almiron, Callum Wilson နဲ့ Choelinton တို့ကို ၃ ယောက်ပူးပေါင်းလက်တွဲပြီး ပြိုင်ဘက်ဂိုးကို ကူသွင်းရမှာဖြစ်ပါတယ်။ Jacob Murphy ကတော့ ကွင်းလယ်ပိုင်းကိုပဲ အဓိကထိန်းပေးရလိမ့်မယ်။

20bet ခရစ်စတယ်ပဲလေစ့်အသင်း အိမ်ကွင်းနဲ့ နယူးကာဆယ်ကိုကြိုဆိုရမှာဖြစ်ပါတယ်။ ဒီအသင်းနှစ်သင်း ဒီရာသီအတွင်း ၂ ပွဲတွေ့ခဲ့ဖူးကြပြီး ပထမတစ်ပွဲ ၀-၀ နဲ့ သရေကျသွားခဲ့ပါတယ်။ ဒုတိယပွဲကျတော့ ကာရာဘောင်းဖလားဖြစ်ပြီး မိနစ် ၉၀ အတွင်း ၀-၀ နဲ့ပဲ သရေကျသွားခဲ့တယ်။ အဲ့တော့ ပင်နယ်တီကန်ခဲ့ကြရပြီး နယူးကာဆယ်ဘက်က ခြေစွမ်းပိုကောင်းတော့ နောက်တစ်ဆင့် ဆန်ကာတင်သွားပြီဖြစ်ပါတယ်။ ခရစ်စတယ်ပဲလေစ့်တို့က အခုမှ တက်ကြွမှုရှိတဲ့မန်ယူနဲ့သရေကျလာခဲ့ကြပေမယ့် စွမ်းဆောင်ရည်ကို သေသေချာချာ ပြန်ကြည့်ရင်တော့ ကောင်းတာထက်ဆိုးပါတယ်။ လိဂ်ပွဲစဉ်ထဲက နောက်ဆုံး ၆ ပွဲမှာ အရှုံး ၄ ပွဲတောင် ရရှိခဲ့ပြီး ဂိုး ၁၀ လုံးတောင် သွင်းခံထိခဲ့ပါတယ်။ ပြီးတော့ သူတို့ကစားသမားတွေက နောက်ဆုံးတစ်ပွဲ ပြီးသွားတာမကြာသေးပဲ ဒီပွဲ ထပ်ပြီးကစားရကြတော့မှာဆိုတော့ ခနလေးပဲ အနားယူဖြစ်ပါတယ်။ နယူးကာဆယ်တို့ကျတော့ ၆ ရက်တိတိတောင် အနားယူဖြစ်ကြတယ်။ သူတို့ရဲ့ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ အမြဲလိုလိုကောင်းနေပါတယ်။ သူတို့ နောက်ဆုံး ၉ ပွဲကစားပြီး အနိုင် ၇ ပွဲတောင် ရရှိခဲ့ပါတယ်။ အဲ့ဒီ ၉ ပွဲထဲနဲ့ ဂိုး ၁၆ လုံးတောင် သွင်းနိုင်ကြပါတယ်။ အဲ့ဒီတော့ ဒီပွဲ နယူးကာဆယ်တို့ရဲ့ တက်ကြွမှုကို ခရစ်စတယ်ပဲလေစ့်တို့ မခံနိုင်ကြလောက်ပါဘူး။

11Players

Crystal palace (4-2-3-1) : Guaita; Clyne, Richards, Guehi, Mitchell; Eze, Doucoure, Hughes; Olise, Ayew, Zaha

Newcastle (4-3-3) : Pope; Trippier, Schar, Botman, Burn; Willock, Longstaff, Joelinton; Almiron, Isak, Saint-Maximin

Missing Players

Crystal palace : j. Mcarthur (Hip injury), J. Andersen (Calf Injury), N. Ferguson(Foot injury)

Newcastle  : J. Shelvey (Calf Injury), E. Krafth (Ligament Injury), Matt Targett(Foot Injury), B. Guimaraes(Ankle injury)

Facebook