1xbet myanmar

ဆရာဖူရဲ့ ၁၃ ရက်နေ့ သြဂုတ်လ ၂၀၂၂ ခုနှစ်မှ ဘောလုံးသုံးသပ်ချက် ပရီးမီးလိဂ်ပွဲစဉ်က ကောင်းမွန်စွာစတင်ခဲ့ပြီဖြစ်ပါတယ် အသင်းအားလုံးပြိုင်ဆိုင်ကြပြီး ဂိုးပေါင်း ၃၀ ကျော် သွင်းယူနိုင်ခဲ့ကြပါတယ် စပါးအသင်းရဲ့ Form ကတော့ ရှယ်ကြမ်းတယ် ချန်ပီယံဟောင်းဖြစ်တဲ့မန်စီးတီးတို့အတွက်လည်း အေးဆေးဖြစ်တယ် အသင်းထဲ အခုမှရောက်လာတဲ့ Haaland တောင် ဂိုး ၂ လုံးနဲ့ စတင်ခဲ့ပါတယ် အာကြီးနဲ့ချယ်လ်ဆီးတို့ကျတော့ သိပ်ပြီးအဆင်မပြေသေးပါဘူး ဒါပေမယ့်လည်း အမှတ် ၃ မှတ်တော့ ကောက်သွားနိုင်ခဲ့ပါတယ် သိပ်ပြီးအဆင်မပြေသေးတဲ့အသင်းကတော့ ဒုတိယအဆင့်နဲ့ လီဗာပူးလ်ပါပဲ ပထမပွဲတုန်းက ဖူဟမ်လေးနဲ့သရေကျသွားခဲ့ပါတယ် ကြိုးကြာနီရဲ့ ပြိုင်ဘက်မန်ယူအသင်းကျတော့ အခြားအသင်းတွေထက်ဆိုးပါတယ် 1xbet myanmar အိမ်ကွင်းနဲ့တောင် ထုထောင်းခံခဲ့ရပါတယ် Pre-season တုန်းကလိုခြေစွမ်းမျိုးနဲ့ တခြားစီပဲ ဒါပေမယ့်လည်း လမ်းခရီးက ဝေးနေသေးတော့ ဘာအတည်မှယူဆလို့မရသေးပါဘူး အဲ့ဒီတော့ စနေနေ့မှာ ရာသီရဲ့ ဒုတိယပွဲတွင် တိုက်ခိုက်မယ့်အသင်းတွေကို ရှယ်ခန့်မှန်းထားပြီးပါပြီ

အက်စတွန်ဗီလာ Vs အဲဗာတန် [13 Aug 22 - 18:30 hrs]

အက်စတွန်ဗီလာအသင်း ပထမပွဲတုန်းက အသစ်ကလေးနဲ့ဘုန်းမောက်ကိုရှုံးလာတော့ အခြေနေဆိုးနေတယ်လို့ပဲ ပြောရမှာပေါ့ အဲ့တာကြောင့် အခုလက်ရှိ အမှတ်ဇယားထဲမှာ နံပါတ် ၁၆ ရောက်ရှိနေပါတယ် ဒါပေမယ့်လည်း ရာသီက အခုမှစတင်တာဆိုတော့ ထားလိုက်ပါဦး အက်စတွန်ဗီလာတို့ ဒီရာသီအတွင်း ကစားသမားသစ်တွေ တော်တော်များများခေါ်ထားတယ် ဂိုးသမားကစ တိုက်စစ်မှူးအထိ ခေါ်ထားပါတယ် ပထမပွဲတုန်းက ကစားသမားသစ် ၂ ယောက် ပါဝင်ကစားခဲ့သေးတယ် Diego Carlos နဲ့ Camara ပေါ့ အစစအရာရာအဆင်ပြေမနေသေးပါဘူး ပြီးတော့ အရေးကြီးတာ အသင်းနည်းပြက ၄-၃-၃ စနစ်ကိုအသုံးပြုပြီး Olay Watkins ဆိုတဲ့ စူပါစတားကိုကျ အသုံးအပြုဘူးတဲ့ အဲ့နေရာ ကျွန်တော့်အတွေးနဲ့ဆိုရင် တော်တော်မှားတယ် အကယ်၍ Watkins ကို အသုံးပြုလိုက်လို့ကတော့ ဒီထက်ကောင်းတဲ့ရလဒ်မျိုး ရချင်ရင်ရနိုင်ပါတယ် Coutinho ကို ကွင်းဘေးကနေ ဖြတ်ဝင်ပြီး ဂိုးပိတ်သွင်းတဲ့နေရာလည်း မထိရောက်သေးဘူး ပြီးတော့ Coutinho ဟာ နဂိုက ဖန်တီးမှုပဲကောင်းတော့ ကွင်းလယ်မှာပဲနေခိုင်းရင် ပိုပြီးအကျိုးရှိမယ်လို့ ထင်မြင်ထားပါတယ် အက်စတွန်ဗီလာတို့ရဲ့ ပထမပွဲတုန်းက Form ကို ဆိုးတယ်လို့ မပြောချင်သေးပါဘူး နေသားမကျသေးဘူးလို့ပဲ ပြောချင်တယ် ဒီနေ့ အဲဗာတန်နဲ့တွေ့ရမှာဆိုတော့ ဘုန်မောက်ထက် ခက်ခဲလိမ့်မယ်
အဲဗာတန်တို့ကျတော့ ဒီရာသီရဲ့ ပထမပွဲတုန်းက ချယ်လ်ဆီးနဲ့တွေ့ပြီး ကပ်ရှုံးလာပါတယ် အဲ့ပွဲရှုံးခဲ့ပေမယ့် Form အသီးသီးတော့ စိတ်ပျက်စရာမကောင်းပါဘူး ဒီရာသီအတွက် ကစားသမားသစ်ခေါ်သွင်းတဲ့နေရာမှာလည်း ဆုံးရှုံးသွားတဲ့ကစားသမားတွေကို ကောင်းမွန်စွာ အစားထိုးနိုင်ပါတယ် အခုမှအသင်းထဲရောက်လာတဲ့ ခံစစ်မှူး ၂ ယောက်က ခံစစ်ပိတ်ကစားတဲ့နေရာ ကျော်ကြားပြီးသားပါ Cody နဲ့ Tarshawsky တို့ပေါ့ တိုက်စစ်မှူး Dwight McNeil လည်း ကြည့်လိုက်ရင် စပါးကိုပေးလိုက်ရတဲ့ Richarlison ထက် လျင်မြန်လိမ့်မယ် ဒါပေမယ့် ရန်လိုမှုတော့ မမှီလောက်သေးဘူး အဲ့ဒီတော့ အဲဗာတန်ရဲ့ တိုက်စစ် Line up ကိုကြည့်လိုက်ရင် လျင်မြန်တဲ့ကစားသမားတွေချည်းဖြစ်နေတယ် မြောက်ဘောကစားနိုင်တဲ့ Calvert-Lewin လည်းရှိနေတယ် အဲ့ဒီလိုနဲ့ပဲ အဲဗာတန်တို့ရဲ့ တိုက်စစ်ပိုင်းက စိတ်ဝင်စားစရာကောင်းနေတယ် ဒီနေ့ သူတို့ဘက်က အိမ်ရှင်အသင်းထက်ညံ့ပေမယ့် နည်းနည်းလေးပါပဲ သရေကျဖို့ရှိပါတယ် အနည်းဆုံး တစ်မှတ်လေးနဲ့ ပြန်ဖို့ရှိပါတယ်
အချင်းချင်းတွေ့ခဲ့ဖူးတဲ့ ပွဲစဉ်အားလုံးထဲမှာ အိမ်ရှင်ဘက်က နည်းနည်းပိုသာခဲ့ဖူးပါတယ် တကယ်တမ်းပြောရရင်တော့ မနိုင်မရှုံးလောက်ပါပဲ ပြီးခဲ့တဲ့ရာသီတုန်းက အိမ်ရှင်ဘက်က ၂ ပွဲစလုံး အနိုင်ရသွားပါတယ် ဒါပေမယ့် ကြာပြီလေ ဒီရာသီမှာ ၂ သင်းစလုံးဟာ ပထမပွဲတုန်းက အရှုံးရလာတာချင်းတူနေတယ် ဒါပေမယ့် အဲဗာတန်ဘက်က ချယ်လ်ဆီးနဲ့တွေ့လို့ ရှုံးသွားတယ် အဲ့ပွဲ အဲဗာတန်ဘက်က ချယ်လ်ဆီးထက် အများကြီးညံ့မနေပါဘူး သူတို့ အရင်နှစ်ထက် ဒီနှစ် ပိုကြမ်းမယ့်အခြေနေရှိပါတယ် အိမ်ရှင်အသင်းကျတော့ အခုမှ ပရီးမီးယားလိဂ်ထဲ ပြန်ရောက်လာတဲ့ ဘုန်းမောက်ကို ၂-၀ နဲ့ရှုံးသွားတယ် သူတို့ရဲ့ ခံစစ်ပိုင်းက အားနည်းနေမှန်း ကောင်းကောင်းမြင်ရတယ် ဒီနေ့ သူတို့အတွက် မလွယ်လောက်ဘူး ဒီပွဲ သရေကျဖို့တော်တော်ပဲ များနေပါတယ်

11 Players 
Aston Villa (4-3-2-1) – Martinez – Digne – Konsa – Carlos – Cash – Mcginn – Ramsey – Luiz – Coutinho – Watkins – Buendia
Everton (3-4-2-1) – Pickford – Coady – Keane – Tarkowski – Doucure – Gbamin – Iwobi – Mykolenko – Gray – Gordon – McNiel

Missing Players
– ၂ သင်းစလုံး အဆင်သင့် ဖြစ်ပါတယ်

အာဆင်နယ်အသင်းဟာ ပထမပွဲတွင် အနိုင်ရရှိခဲ့ပါတယ် ပွဲဦးထွက်မှာ မိနစ် ၃၀ ခန့် ကစားပုံကောင်းမွန်ပြီး ဂိုးရရှိရန် ကောင်းမွန်နေဆဲ အဲဒီနောက်မှာတော့ ပြိုင်ဘက်တွေ ပြေလည်သွားတဲ့အခါမှာတော့ သူတို့ရဲ့ အမှားတွေကို စတင်ပြသခဲ့ပါတယ် ရမ်ဒေးဆိုတဲ့ဂိုးသမားက ကောင်းနေလို့ပဲ နို့မို့ဆို သရေကျသွားမယ့်ဂိုးကို အသွင်းခံထိခဲ့ပါပြီ ရာသီဈေးတုန်းက ကစားသမားအသစ်ဝယ်ဖြည့်တဲ့နေရာ ကောင်းတယ် ဘယ်ဘက်ခံစစ်မှူးနဲ့ Zinchenko အတွက် ဘာမှစိတ်ပူစရာမရှိဘူး Pep တောင် အသုံးပြုဖူးပြီးပြီ တိုက်စစ်မှူးနဲ့ Gabriel Jesus အတွက်လည်း အရမ်းကောင်းတဲ့ လက်တွဲမှုတစ်ခုပဲလို့ ယူဆနိုင်ပါတယ် William Saliba အတွက်ဆိုရင် စောင့်ရကျိုးနပ်တယ်လို့ ပြောချင်ပါတယ် အာကြီးရဲ့ အခုလက်ရှိ Line up ကိုကြည့်ရင် ဒီအသင်းက အရင်ထက် ကြီးမားသွားပါပြီ အရံကစားသမားတွေက အဓိကအစား တာဝန်ဆင်းယူပေးနိုင်မယ့်ပုံရှိလာတယ် ဒီနှစ် အာဆင်နယ်အသင်းဟာ ကြောက်စရာပိုကောင်းလာပါပြီ ဒီနေ့ ဘယ်လိုပဲကြည့်ကြည့် အာတီတာရဲ့ကလေးတွေက ပြိုင်ဘက်ကို Pressing ထိုးကျွေးလိမ့်မယ် ဒီပွဲ ဧည့်သည်အသင်း ဒုက္ခရောက်ကြလိမ့်မယ် 1xbet myanmar power by PlatinumclubMM
လက်စတာတို့ကျတော့ ပထမပွဲတုန်းက စိတ်ပျက်ဖို့ကောင်းတဲ့ရလဒ်မျိုးရသွားပါတယ် အဲ့ပွဲ ၂ ဂိုးအရင်သွင်းနိုင်ခဲ့တာတောင် နောက်ဆုံး ၂-၂ နဲ့ သရေကျသွားခဲ့ပါတယ် အိမ်ကလူတွေတောင် ဆဲဆိုနေကြကုန်ရော စည်းကမ်းအတိုင်း ကစားသမား ၅ ယောက်လဲလို့ရနေတာတောင် ကစားပုံကစားနည်းပြုပြင်မယ်မရှိဘူး ကိုကြီး Rodgers ရဲ့အတွေးကို နားမလည်ဘူး ခြေစွမ်းကောင်းတဲ့ကစားသမားတွေ အရံထိုင်ခုံမှာထိုင်နေတာရှိတယ် အသုံးမပြုခဲ့ဘူး ပွဲပြီးခါနီး သရေဂိုးအသွင်းမခံခင် Mendy ကို ဆင်းခိုင်းလို့ရရက်သားနဲ့မလုပ်ဘူး ဒါနဲ့ အဆဲခံရတာမထူးဆန်းပါဘူး ဈေးကွက်ထဲမှာလည်း ဘာလှုပ်ရှားမှုမှမရှိဘူး အသင်းပြောင်းရွှေ့မယ့်သတင်းတွေပဲ ဖြစ်ပေါ်နေပါတယ် ဒါပေမယ့် အတည်ယူလို့မရသေးပါဘူး ဒီနေ့ပွဲမှာ သရေကျသွားတဲ့စတိုင်လ်ကိုပဲ ဆက်လက်အသုံးပြုမယ်ဆိုရင်တော့ အကြီးကြီးခံရလိမ့်မယ် အဲ့လိုမျိုးမခံချင်ရင်တော့ အင်အားသုံးရမယ့်နေရာ သုံးပါ လျင်မြန်တဲ့ Pressing လုပ်ရမယ်ဆိုရင်လည်း လုပ်ပါ အိမ်ရှင်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘောလုံးမရအောင်ထိန်းနိုင်ဖို့ လိုပါတယ်
အချင်းချင်းတွေ့ခဲ့ဖူးတဲ့ပွဲတွေမှာ အနိုင်-အရှုံးကိုယှဉ်ရင်တော့ အိမ်ရှင်ဘက်က ပိုသာပါတယ် ဒါပေမယ့် ပေါက်ကြေးနေရာမှာကြည့်ရင်တော့ လက်စတာဘက်က အားပေးလို့ပိုကောင်းပါတယ် ဒီပွဲ အိမ်ရင်ဘက်က ၁.၅ တောင် အကျောပေးထားပါတယ် ဒါပေမယ့် အာကြီးတို့ရဲ့ အခုလက်ရှိတိုက်စစ်ပိုင်းအခြေနေနဲ့ဆိုရင် ဖြစ်နိုင်ကိန်းရှိပါတယ် ပြီးတော့ အာကြီးတို့က ကိုယ့်အိမ်ကွင်းနဲ့ပွဲတွေမှာ နာမည်ခံ ကောင်းပြီးသားပါ ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင် အချင်းချင်းတွေ့တဲ့နေရာမှာ အာကြီးဘက်ကပဲ အနိုင်ရသွားခဲ့တယ် ၂ သင်းစလုံးရဲ့ ကစားသမားချင်း ယှဉ်ကြည့်ရင် အာဆင်နယ်ဘက်က ပိုသာပါတယ် ကစားသမားသစ်ဝယ်ဖြည့်တဲ့နေရာ တော်တော်ကြည့်ကောင်းတယ် နေသားကျအောင်ပဲ စောင့်ကြည့်နေရပါတယ် Pre-season တုန်းကတော့ အဆင်ပြေမယ့်ပုံ ပေါ်ပေါက်လာပါတယ် အာကြီးခေါ်သွင်းလိုက်တဲ့ကစားသမားသစ်ဟာ မန်စီးတီးမှာနေတုန်းက အာတီတာနဲ့ သိကျွမ်းပြီးသားမို့လို့ ပိုအဆင်ပြေလိမ့်မယ် ဧည့်သည်အသင်းကျတော့ ဘာပြောင်းလဲမှုမှမရှိဘူး ပထမပွဲတုန်းက နိုင်မလိုလိုနဲ့ သရေကျသွားတယ် Rodgers ရဲ့ ကစားပုံပြုပြင်နည်းက အရမ်းရိုးရှင်းပါတယ် အဲ့တော့ ဒီပွဲ အာကြီးတို့ အေးဆေးအနိုင်ရရှိသွားလိမ့်မယ်

11 Players
Arsenal (4-3-3) – Ramsdale – Soares – Saliba – Gabriel – Zinchenko – Partey – Xhaxa – Odegaard – Saka – Martinelli – Jesus
Leicester City (3-5-2) – Ward – Evans – Amartey – Soyuncu – Castagne – Justin – Tielemans – Ndidi – Dewsbury – Maddison – Vardy

Missing Players
Arsenal FC – အဆင်သင့်
Leicester City – Ricardo Pereira

ဆောက်သမ်တန်အသင်း ပထမပွဲတုန်းက စိတ်ပျက်ချင်စရာအရမ်းကောင်းခဲ့ပါတယ် အဲ့ပွဲ စပါးနဲ့တွေ့ပြီး ၄-၁ ဂိုးနဲ့ အရှုံးရသွားလို့ပါ စပါးရဲ့ ကစားပုံကစားနည်းက သူတို့ထက် အရမ်းသာမနေပါဘူး ဒါပေမယ့် ဆောက်သမ်တန်တို့က စပါးရဲ့တိုက်စစ်ပိုင်းကိုမခံနိုင်လို့ပါ ခန ခန ဖောက်ခံရတော့ ပေါက်သွားတာ 1xbet myanamar ဆောက်သမ်တန်တို့ရဲ့ Form က အရင်ရာသီကုန်ကတည်းက ဆိုးနေတာဗျ ပြောမယ်ဆိုရင် သူတို့ရဲ့ နောက်ဆုံး ၁၀ ပွဲစံချိန်ထဲမှာ Pre-season အပါဝင် အနိုင် ၁ ပွဲထဲပဲ ရရှိခဲ့တယ် သရေကျသွားတာထက် အရှုံးရသွားတာ ပိုများတယ် အသင်းနည်းပြရဲ့ နည်းဗျူဟာက အရမ်းရိုးရှင်းလွန်းတယ်လို့ ယူဆထားပါတယ် ဒီအသင်းရဲ့ အရေးဆုံးနေရာကတော့ James Ward Prows နေရာပါပဲ အဲ့ Position ကို အသေပိတ်ထားပြီး လျင်မြန်တဲ့ Pressing ထိုးကျွေးလိုက်ရင် ဆောက်သမ်တန်တို့က လုံးဝထစ်ခနဲဖြစ်သွားနိုင်တယ် ကျန်တဲ့အခြား အားကိုးစရာကစားသမားကတော့ ကျွန်တော့်အမြင်မှာ မရှိတော့ပါဘူး ကစားသမားသစ် ဝယ်ဖြည့်းတဲ့နေရာလည်း ကြည့်ရသေးတယ် ဒီပွဲ သူတို့ အနိုင်ရမှာထက် သရေရသွားဖို့ပိုများပါတယ်

လိဒ်စ်တို့ကျတော့ ရာသီရဲ့ပွဲဦးတုန်းက အခြေနေကောင်းခဲ့ပြီး ဝုလ်ဗ်အပေါ် အနိုင်ရရှိခဲ့တယ် ဒါပေမယ့် အဲ့ပွဲ ကိုယ့်အိမ်ကွင်းနဲ့ပွဲပါဗျာ ဒီပွဲ သူများအိမ်ကွင်းနဲ့ ကစားရမှာ ဒါပေမယ့် Jesse Marsh ရဲ့အသင်းက မကြောက်တတ်ပါဘူး လိဒ်စ်အသင်းဆိုတာ တိုက်စစ်ပိုင်းကို ဦးစားပေးတတ်တဲ့အသင်းမျိုးဖြစ်တယ် ကစားသမားရောင်းဝယ်တဲ့အပိုင်းကိုကြည့်မယ်ဆိုရင် သူတို့မှာ အဓိကကျတဲ့ Rafinha နဲ့ Calvin Phillips ကို ရောင်းပစ်ပြီး ပေါင်သန်း ၁၀၀ ငွေရလာပါတယ် အဲ့ဒီ သန်း ၁၀၀ က ကစားသမားအသစ် ၆ ယောက်တောင် ပြန်ဝယ်လိုက်ကြပါတယ် အဲ့တော့ လိဒ်စ်အသင်းက ဒီအချိန်မှာ နည်းနည်းကြီးမားလာပါပြီ အလယ်အလတ်ကြီးမားတဲ့အသင်းတွေနဲ့ တိုက်ခိုက်လို့ရပြီ ကစားသမားသစ်က ၆ ယောက်ရှိပေမယ့် အသင်းနဲ့နေသားကျအောင်နေဖို့တော့ လိုအပ်နေပါတယ် ပထမပွဲတုန်းက အသစ် ၂ ယောက် ဆင်းကစားတာမြင်ခဲ့ရသေးတယ် ဒီပွဲ လိဒ်စ်ဘက်က လျင်မြန်တဲ့ Pessing နဲ့ တိုက်စစ်ပိုင်းကို ဦးစားပေးရင် ကောင်းသောရလဒ်ပိုင်ဆိုင်ဖို့ တော်တော်များနေပါတယ်
အိမ်ရှင်အသင်းကောင်းသလို ဧည့်သည်အသင်းလည်း ကောင်းနေတယ် သရေကျရုံနဲ့ပြီသွားဖို့ များတယ် အချင်းချင်းတွေ့ခဲ့ဖူးတဲ့ Form တွေ ယှဉ်ကြည့်ရင် မနိုင်မရှုံးလောက် ဖြစ်နေကြတယ် အနိုင်အရှုံးကို အပြန်လှန်ရနေကြတယ် ၂ သင်းစလုံးရဲ့ ဘောလုံးစတိုင်လ်ကတော့ အိမ်ရှင်ဘက်က တိကျမှုပေါ်မူတည်ပြီး ကစားတယ် Set Piece ကိုပိုအားပေးပါတယ် ဧည့်သည်အသင်းကျတော့ တိုက်စစ်ဆင်ကစားခြင်းကိုဦးစားပေးတယ် Bielsa ခေတ်ကတည်းက တိုက်စစ်ရှယ်ဆင်ပြီး ကစားလာတယ် အဲ့ခေတ်တုန်းက ခံစစ်ပိုင်းကိုတောင် ဂရုမစိုက်တတ်တဲ့စတိုင်လ်မျိုးဖြစ်နေတယ် Jesse Marsh ခေတ်ရောက်တော့မှပဲ အရှေ့အနောက်ညီအောင် ပြုပြင်လိုက်ပါတယ် ဒါပေမယ့် တိုက်စစ်ပိုင်းကိုတော့ ပိုဦးစားပေးနေတုန်းပါ ၂ သင်းစလုံးရဲ့ အစစအရာရာယှဉ်ကြည့်ရင် အိမ်ရှင်ဘက်ကပိုသာပါတယ် ဒါပေမယ့် ကျွန်တော့်အမြင်နဲ့တော့ အများကြီးသာမနေပါဘူး မနိုင်မရှုံးလောက်ပါပဲ အဲ့တော့ သရေကျရုံနဲ့ ပြီးသွားမယ်ထင်တယ်

11 Players

Southampton (3-5-2) – Bazunu – Bednarek – Salisu – Stephen – Walker Petersen – Perraud – Romeu – Lavia – Jame ward Prowse – Aribo – Redmond
Leeds Uniter (4-2-3-1) – Meslier – Struijk – Llorente – Koch – Kristensen – Klich – Adam – Rodrigo – Aaronson – Harrison – Bamford

Missing Players –
Southampton FC  – Tino Livramento (Cruciate Ligament Rupture)
Leeds United – Stuart Dallas (Thigh Problems), Mateusz Bogusz (Cruciate Ligament Rupture)

ချန်ပီယံဟောင်းနဲ့ မန်စီးတီးအသင်း ဒီရာသီကို ကောင်းမွန်စွာ အနိုင်လေးနဲ့ စတင်သွားနိုင်ခဲ့ပါတယ် အဲ့ပွဲအေးအေးဆေးဆေးဖြစ်ပြီး ဝက်စ်ဟမ်းအပေါ် ၀-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တယ် ကစားစတိုင်လ်ကတော့ အရင်အတိုင်းပါပဲ နည်းနည်းကွဲသွားတယ်ဆိုလို့ တိုက်စစ်ပိုင်းနေရာပဲဖြစ်ပါတယ် Haaland ရောက်လာတဲ့အတွက် 1xbet myanamar တိုက်စစ်ပိုင်းမှာ သဘာဝကျတဲ့ တိုက်စစ်မှူးအတိကျရှိသွားပါပြီ Gun Aguero မရှိတော့တဲ့နောက်ပိုင်း အဲ့ Position က တန်းပျောက်သွားပါတယ် အဲ့တုန်းကဆိုရင် တောင်ပံကစားသမားတွေနဲ့ ကွင်းလယ်တွေပဲ ဂိုးအမြဲသွင်းပေးနေရတယ် ဒါပေမယ့်အခု အဲ့လိုမျိုးမဟုတ်တော့ပါဘူး ဂိုးသွင်းတဲ့အပိုင်းကို Haaland တာဝန်လာယူပေးနေပါပြီ Haaland က စတိုင်လ်အမျိုးမျိုး ပြောင်းကစားတတ်ပါတယ် ခန္ဓာကိုယ်လည်းကြီးထွားတော့ တောင့်တင်းမှုရှိတယ် ခန္ဓာကိုယ်က ထွားပေမယ့် မနှေးပါဘူး လူကျွန်ဘောအကွက်တွေကိုလည်း သေသေချာချာ ရှောင်ဖယ်နိုင်တယ် ဂိုးသွင်းတဲ့နေရာလည်း တော်တော်ပြတ်သားတယ် သူက အခုမှတက်လာတဲ့ပါရမီရှင်ထက် 

ကျော်လွန်သွားပါပြီ အခု သူက ထိပ်တန်းတိုက်စစ်မှူးတောင်ဖြစ်နေပြီး world class player ဖြစ်ဖို့ပဲကျန်တော့တယ် ဒီပွဲ မန်စီးတီးအတွက် ဘာစိတ်ပူစရာမှမရှိပါဘူးဘုန်းမောက်တို့ကျတော့ ပွဲဦးထွက်ကစားတုန်းက ကောင်းတယ်ဗျာ အက်စတွန်ဗီလာအပေါ် ၂-၀ နဲ့တောင် အနိုင်ရလာတယ် ဒါပေမယ့် ဒီပွဲ ဒုက္ခရောက်မယ့်ပွဲဖြစ်လိမ့်မယ် ချန်ပီယံဟောင်းရဲ့ Etihad Stadium အထိ ခရီးစဉ်ရမှာမို့လို့လေ ကျွန်တော့်အမြင်ကတော့ အရှင်လတ်လတ်ပြန်ရမယ်မထင်ပါဘူး ၂ သင်းစလုံးရဲ့အရည်သွေးကလည်း အရမ်းကွာဟတယ် ဘုန်းမောက်တို့ရဲ့ ကစားစနစ်ကတော့ park the bus ပုံစံပဲအဆင်ပြေလိမ့်မယ် ၅-၃-၂ စနစ် သို့မဟုတ် ၅-၄-၁ စနစ်ကို အသုံးပြုမှ မိနစ် ၉၀ အတွင်းအဆင်ပြေလိမ့်မယ် ခံစစ်မှူးတွေ ပင်နယ်တီစည်းနဲ့မဝေးသင့်ဘူး အခွင့်ရေးကြုံလာတော့မှ ၁၉၅ cm လောက်မြင့်တဲ့ Moore ကို အားကိုးလိုက်ပေါ့ သူ့ဆီဘောလုံးနားပြီး တိုက်စစ်ဆင်ဖို့ ပြင်ဆင်လို့ရပါတယ် ပြီးတော့ သူတို့ရဲ့အားသာချက်နောက်တစ်ခုက Set Piece ပဲ အဲ့တာကို ကြိုးစားရမယ် ခံစစ်မှူးတွေ စည်းကမ်းရှိရှိကစားဖို့လိုတယ် နည်းနည်းငှေးမိတာနဲ့ ခံဖို့သာပြင်တော့ အဲ့တာတွေအားလုံး လုပ်နိုင်ခဲ့ရင်တောင် မန်စီးတီးကိုခံနိုင်ချင်မှခံနိုင်မယ် အရည်သွေးစောက်ရမ်းကွာနေလို့လေ

အချင်းချင်းတွေ့ခဲ့ဖူးတဲ့ပွဲတွေမှာ ဖလားပွဲနဲ့ လိဂ်ပွဲရောပဲပေါ့ ၂၀၁၅ ခုနှစ်ကတည်းကစတွက်ရင် အားလုံး ၁၁ ပွဲရှိပါတယ် အဲ့မှာ မန်စီးတီးဘက်က ၁၁ ပွဲစလုံးပဲ အနိုင်ရရှိခဲ့တယ် တစ်ပွဲမှတောင် မမှားခဲ့ဘူး ဒါပေမယ့် ဒီပွဲ အထက်ကြေးဖြစ်တဲ့မန်စီးတီးက အကျောရှယ်ပေးထားတော့ ကျော်နိုင်မလားတောင်မသေချာသေးပါဘူး ဒါပေမယ့် မန်စီးတီးအသင်းက အခုတလော ဘယ်အသင်းမှ ခံနိုင်မယ့်ပုံမပေါ်သေးပါဘူး ဒီရာသီဈေးကွက်ထဲမှာ ကစားသမားသစ်ဝယ်ယူလိုက်တဲ့အပိုင်း အကောင်းဆုံးပဲလို့တောင် သတ်မှတ်လို့ရတယ် Position ပိုပြည့်စုံသွားလို့ပါ ဧည့်သည်အသင်းကျတော့ ကစားသမားသစ်ဝယ်ဖြည့်တဲ့နေရာ ရိုးရိုးလေးပါပဲ အခုမှ ပရီးမီးယားလိဂ်ထဲပြန်‌ရောက်လာတယ် အမြဲတက်လိုက်ဆင်းလိုက် လုပ်နေတဲ့အသင်းဖြစ်နေပေမယ့် အသင်းရဲ့ ကြီးမားမှုက မန်စီးတီးကို ဘယ်လိုမှယှဉ်လို့မရသေးပါဘူး ဒီပွဲ မန်စီးတီးဘက်က ၂.၅ အကျောပေးထားတာ မထူးဆန်းပါဘူး မန်စီးတီးက တကယ်လုပ်ချင်ရင် အဲ့လောက်လေးနဲ့ အကျောပေးထားတာ ကိစ္စရှိကိုမရှိတာဗျာ Haaland လုပ်ပြဖူးပြီးပြီ ဘောလုံးက သူ့ခြေထောက်ပေါ်စိုက်လာတာနဲ့ ပြိုင်ဘက်အသင်း ခံဖို့သာပြင်ထားတော့ ဒီပွဲ မန်စီးတီးဘက်က အကျောပေးထားတာထက် ဂိုးသွင်းနိုင်လိမ့်မယ်

11 Players
Man City (4-3-3) – Ederson – Cancelo – Ake – Dias – Walker – Rodri – Silva – De Bruyne – Mahrez – Foden – Haaland
Bournemouth (5-4-1) – Travers – Zemura – Lerma – Mepham – Kelly – Smith – Billings – Tavernier – Pearson – Stanislas – Moore

Missing Players
Manchester City  – Aymeric Laporte (Knee Surgery)
AFC Bournemouth – အဆင်သင့်
ဂိုးသွင်းမှု ခန့်မှန်းခြေ မန်စီးတီး ၃-၀ ဘုန်းမောက်