1x2 betting tips

ဘရိုက်တန် Vs အက်စတွန်ဗီလာ [13 Nov 22 - 20:30 hrs]

1×2 betting tips အိမ်ရှင်ဘရိုက်တန်အသင်း အခုတလော စွမ်းဆောင်ရည်တွေတော်တော်ကောင်းနေပြီး ၂ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ အဲ့စံချိန်နဲ့ပဲ သူတို့အတွက် ပိုကြည့်ကောင်းစေပါတယ်။ အခုလိဂ်ထဲကအဆင့် ၆ မှာရောက်ရှိနေပြီး အဆင့် ၄ ထက် အမှတ် ၅ မှတ်နည်းနေပါတယ်။ ဒါပေမယ့် သူတို့ပြိုင်ပွဲက နံပါတ် ၄ ထက် ၁ ပွဲပိုနည်းပါတယ်။ ဘရိုက်တန်အသင်းဟာ လိမ့်ဘောကစားတဲ့နေရာ တော်တော်အဆင်ပြေတယ်။ ဘောလုံးရှိတဲ့အချိန်နဲ့ မရှိတဲ့အချိန်မှာ လှုပ်ရှားမှုတော်တော်ကောင်းတယ်။ အဲ့တာ ဂရေဟမ်ပေါ်တာရဲ့ တည်ဆောက်ထားပုံပဲဖြစ်ပါတယ်။ ဆာဘီဝင်လာတာနဲ့ အဲ့စနစ်ကို ဆက်လက်သုံးပြုနေပါတယ်။ အသင်းထဲက အရေးကြီးဆုံးကစားသမားမှာတော့ Trossard ပါပဲ၊ သူက ပြိုင်ဘက်ရဲ့ခံစစ်ပိုင်းကို တော်တော်အနောက်ယှက်ပေးနိုင်တယ်။ သူ့အပြေးက အရမ်းမမြန်ပေမယ့် ဘောလုံးထိုးပေးချက်နဲ့ ကိုယ်ပိုင်စကေးကတော့ ရှယ်ကောင်းပါတယ်။ ဒီပွဲ သူတို့အနိုင်ရသွားမှာ တော်တော်သေချာနေပါတယ်။

အက်စတွန်ဗီလာတို့ကျတော့ နည်းပြအသစ်ကို ကောင်းကောင်းလေး ကြိုဆိုခဲ့ပါပြီ။ နည်းပြအသစ်ရောက်လာတဲ့ပွဲစဉ်တုန်းက မန်ချက်စတာမြို့တော်မှအသင်းအပေါ် ၃ ဂိုး ၁ ဂိုးနဲ့ တက်နှိမ်သွားပါတယ်။ အဲ့ပွဲ သူတို့ရဲ့ Form က ဂျရတ်ခေတ်ထက် တော်တော်အဆင်ပြေတယ်။ ကစားသမားတိုင်းက အတူတူလေ့ကျင့်လာတာကြာပြီဆိုတဲ့အခြေနေမျိုးနဲ့ ချိတ်တွယ်ပြီး ကစားနိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့သွင်းဂိုး ၃ လုံးဟာ မန်ယူဘက်က မှားယွင်းမှုကြောင့်ပါလို့ ပြောချင်လည်းပြောနိုင်ပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာက အရင်ထက်တော့ ပိုကောင်းလာပါပြီ။ ဖိအားပေးတဲ့ Pressing ပိုင်းလည်း တော်တော်ထိရောက်လာတယ်။ အဲ့ပွဲ အက်စတွန်ဗီလာနည်းပြအသစ်ရဲ့စနစ်က မန်ယူကိုတော်တော်ဒုက္ခပေးနိုင်တယ်။ အဲ့တာနဲ့ပဲ ဒီပွဲ သူတို့ဘက်က အမှတ် ၃ မှတ်ရဖို့ရှိပါတယ်။ ဒါပေမယ့် ဘရိုက်တန်တို့က Pressing ရှယ်လုပ်တတ်တဲ့အသင်းနဲ့တွေ့ဖူးပြီးပြီ အဲ့တာတောင် ခံနိုင်သေးတယ်။ အဲ့ဒီလိုနဲ့ပဲ ဒီပွဲ ဘရိုက်တန်ဘက်က ပိုကြည့်ကောင်းပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အက်စတွန်ဗီလာဘက်ကပိုသာပါတယ်။ အချင်းချင်းတွေ့ဖူးတာ ၆ ပွဲရှိပြီး ဗီလာဘက်က အနိုင် ၃ ပွဲရသွားခဲ့ဖူးပါတယ်။ သရေ ၂ ပွဲလေးနဲ့ အရှုံး ၁ ပွဲထဲပဲရှိပါတယ်။ အဲ့ဒီ ၆ ပွဲထဲက နောက်ဆုံး ၂ ပွဲမှာ ဘရိုက်တန်ဘက်က အနိုင်တစ်ပွဲမှမရသေးပါဘူး။ ဒါပေမယ့် ဒီရာသီမှာကျ‌တော့ အစစအရာရာပြောင်းလဲသွားပါပြီ၊ နှစ်သင်းစလုံးက နည်းပြအသစ် ခန့်အပ်ထားခြင်းတူတူပဲ။ နည်းပြအချင်းချင်းကိုယှဉ်ကြည့်ရင် ဆာဘီထက် Unai Emery ဘက်က အတွေ့ကြုံပိုများပါတယ်။ ဒါပေမယ့် အစစအရာရာက ကစားသမားအပေါ်မူတည်ရသေးတယ်။ နှစ်သင်းစလုံးရဲ့ကစားသမားအရည်သွေးကတော့ တူတူပါပဲ။ ဒါပေမယ့်လည်း အခြေခံခြေစွမ်းကိုကြည့်ပြီးပြောရင်တော့ ဘရိုက်တန်ဘက်က နည်းနည်းပိုသာပါတယ်။ အက်စတွန်ဗီလာတို့ အခုမှမန်ယူအပေါ်အနိုင်ရရှိလာပေမယ့် ဒီပွဲ ဘရိုက်တန်ရဲ့အိမ်ကွင်းကြီးဖြစ်နေတော့ ဘရိုက်တန်တို့ပဲ အနိုင်ရသွားဖို့ပိုများပါတယ်။

11 Players –

Brighton (4-2-3-1) – Sanchez – Estupinan – Dunk – Webster – GroB – Caicedo – Mac Alister – Lallana – March – Trossard – Welbeck

Aston Villa (4-2-3-1) – Martinez – Digne – Mings – Konsa – Cash – Doughlas Luiz – Bailey – Ramsey – Buendia – Watkins

Missing Players –

Brighton & Hove Albion – Jakub Moder (Cruciate Ligament Rupture)

Aston Villa – Philippe Coutinho (Hamstring Injury), Boubacar Kamara (Knee Injury), Ludwig Augustinsson (Hamstring Injury), Diego Carlos(Achilles tendon rupture)

အိမ်ရှင်ဖူဟမ်အသင်း ကြီးမားတဲ့အသင်းမဟုတ်တဲ့အတွက် သူတို့အခြေနေကို သိပ်ပြီး စိတ်ချလို့မကောင်းသေးပါဘူး။ သေးငယ်တဲ့အသင်းမို့လို့ ကစားသမားအကန့်သတ်ရှိနေတယ်။ အဲ့တာနဲ့ပဲ ပွဲချိန်အတွင်း စနစ်ပြောင်းလဲကစားတာတွေဘာတွေ သိပ်မတွေ့ရပါဘူး။ သူတို့ရဲ့ အားသာချက်ကတော့ တိကျမှုရှိတဲ့ direct ပဲဖြစ်ပါတယ်။ မြောက်ဘောလည်း တော်တော်အဆင်ပြေတယ်။ အဲ့ဒီအားသာချက်နဲ့ပဲ မန်ယူကိုဆော်သွားလိမ့်မယ်။ ပြီးတော့ သူတို့ရဲ့ အားသာချက်နောက်တစ်ခုက Set Piece ပဲဗျ၊ ဒီပွဲ ကိုယ့်အိမ်ကွင်းဖြစ်နေပေမယ့် ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ခဲ့ကြလိမ့်မယ်။ မန်ယူရဲ့ ခံစစ်မှူးဖြစ်တဲ့ Varane က ဒီပွဲမပါနိုင်တဲ့အတွက် မန်ယူရဲ့ခံစစ်ပိုင်းက တောင့်တင်းမှုသိပ်ရှိမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း ဖူဟမ်တို့ရဲ့ အစစအရာရာကတော့ မန်ယူလောက်မရှိသေးပါဘူး။

မန်ယူအသင်းကျတော့ နောက်ဆုံးတစ်ပွဲတုန်းက စိတ်ပျက်စရာကြီးဗျာ။ တိုက်စစ်ပိုင်းကနေစပြောပါမယ်။ Rashford မှာ ဘာအန္တရာယ်မှမပြုနိုင်ခဲ့ပါဘူး။ ဒိုလေးဆိုရင်ပိုဆိုးတယ်။ Carnacho ဆင်းရတဲ့အဖြစ်က မဖြစ်မနေ ဆင်းခဲ့ရလို့ပါ။ တိုက်စစ်ပိုင်းက အညံ့ဆုံးနေရာကတော့ Van de Beek နေရာပဲဗျ၊ ရိုးရိုးဘောလုံးဖမ်းယူတာတောင် မှားလိုက်သေးတယ်။ ခံစစ်ပိုင်းကျတော့ Martinez တစ်ယောက်လေးပဲကောင်းပါတယ်။ ကျန်တာ သိပ်အဆင်မပြေကြဘူး။ အဲ့တာ မန်ယူအတွက် ကောင်းပါတယ်။ မန်ယူအသင်းရဲ့ အရံကစားသမားတွေရဲ့ အရည်အချင်းကို တန်ဟက်က ကောင်းကောင်းလေး မြင်သွားတာပေါ့။ ဒီပွဲ မန်ယူတို့ အပီကစားမှဖြစ်မယ်၊ ဒီပွဲကစပြီးမကြမ်းပြရင်တော့ အနာဂတ်မှာ ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒီပွဲ ကစားသမားပြောင်းလဲတာ ၂ ယောက် ၃ ယောက်လောက်ရှိမယ်ထင်တယ်။ အပေါ်ကပြောထားတဲ့အချို့တွေကို အသုံးမပြုသင့်တော့ပါဘူး။ ဖူဟမ်နဲ့တွေ့ဖူးတဲ့စံချိန်ထဲမှာ ပြီးတော့ ကစားသမားအရည်သွေးတွေကစ မန်ယူဘက်က ပိုသာပါတယ်။ အဲ့ဒီတော့ မန်ယူတို့ အနိုင်မရပဲမနေလောက်ဘူး။

1×2 betting tips အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်ယူဘက်က အရမ်းပဲပိုသာခဲ့ဖူးပါတယ်။ နောက်ဆုံး ၁၀ ပွဲစံချိန်ကိုကြည့်ရင် မန်ယူဘက်က အနိုင် ၈ ပွဲတောင်ရသွားတယ်။ အရှုံးတစ်ပွဲလေးတောင်မရှိခဲ့ပါဘူး။ အချင်းချင်းတွေ့တဲ့စံချိန်ထဲမှာတော့ မန်ယူဘက်က ပိုသာမှန်း ကောင်းကောင်းလေးမြင်ခဲ့ရပါတယ်။ ဒါပေမယ့် ဖူဟမ်အသင်းက အခုမှ ပရီးမီးယားလိဂ်ထဲ တက်ရောက်လာပြီး နောက်ဆုံး တွေ့တဲ့နှစ်တုန်းကဆိုရင် မန်ယူဘက်က သူတို့အပေါ် ကပ်နိုင်ရုံပဲ ရှိခဲ့တယ်။ အဲ့ဒီတော့ မန်ယူတို့ ပေါ့ဆလို့မဖြစ်သေးပါဘူး။ နှစ်သင်းစလုံးရဲ့ လက်ရှိ Form ကိုပြောရင် ဖူဟမ်ဘက်က အတိကျယူဆလို့မရသေးပါဘူး။ စိတ်ချလို့လည်းမရသေးပါ။ မန်ယူတို့ကျတော့ အစစအရာရာ ကောင်းပါတယ်။ အခုမှအက်စတွန်ဗီလာကိုရှုံးလာပေမယ့် အချင်းချင်းစံချိန်ကိုယူပြီးပြောရင်တော့ မန်ယူဘက်က ပိုကြောက်စရာကောင်းပါတယ်။ ဒီပွဲ မန်ယူတို့ပဲ ၃ မှတ်ရသွားလိမ့်မယ်။

11 Players

Fulham (4-2-3-1) – Leno – Robinson – Ream – Diop – Tete – Palhinha – Reed – Pereira – Wilson – Willian – Carlos

Man Utd (4-2-3-1) – de Gea – Shaw – Martinez – Maguire – Dalot – Fred – Casemiro – Eriksen – Martial – Garnacho – Ronaldo

Missing Players

Fulham FC – Kenny Tete (Yellow card suspension), Harrison Reed (Yellow card suspension), Neeskens Kebano (Achilles tendon rupture), Aleksandar Mitrović (Ankle Injury), Manor Solomon (Knee Surgery)

Manchester United – Raphaël Varane (Leg Injury), Jadon Sancho (Ill)