1bet168mm

ဖူဟမ် Vs မန်စီးတီး [ 30 Aug 23 - 19:30 hrs]

1bet168mm အိမ်ရှင်ဖူဟမ်အသင်း နောက်ဆုံးတစ်ပွဲတုန်းက နည်းနည်းမှားပြီး အက်စတွန်ဗီလာကို ရှုံးလာပါတယ်။ သူတို့အတွက် ဘာမှရင်ခုန်စရာမရှိလောက်တော့ပါဘူး။ ထိန်းကစားရုံနဲ့ ရာသီသိမ်းသွားလိမ့်မယ်။ သူတို့ရဲ့အဆင်သင့်ပိုင်းကတော့ မန်ယူနဲ့ပွဲတုန်းက အနီကဒ်ထိသွားတဲ့ A Mitrovic မပါနိုင်သေးပါဘူး။ ခြေစွမ်းကောင်းတဲ့ ကွင်းလယ်ကစားသမား H. Wilson နဲ့တစ်ယောက်လည်း နေမကောင်းလို့ မပါနိုင်သေးပါဘူး။ Layvin Kurzawa မှာလည်း နောက်လကျမှ ပြန်ဆင်းနိုင်လိမ့်မယ်။ ပေါင်ဒဏ်ရာရထားတဲ့ ဝီလျံလည်း ဒီပွဲ ဆင်းကစားဖို့မရှိသေးပါဘူး။ ဒီပွဲ ဖူဟမ်ဘက်က ၄-၂-၃-၁ စနစ်နဲ့ ကစားမယ်ထင်တယ်။ ဂိုးသမားနေရာ Leno ပဲ တာဝန်ယူသွားမှာဖြစ်ပြီး အနောက်တန်းနေရာ Tim Ream ကိုပဲ အဓိကတာဝန်ပေးထားလောက်ပါတယ်။ ပြီးရင် Tete နဲ့ Robinson တို့ကို ကစားပွဲလှုပ်ရှားဖို့ တာဝန်ယူထားကြလောက်ပါတယ်။ ကွင်းလယ်ပိုင်းကျတော့ Palhinha ရဲ့ ဘောလုံးဖျက်ချုပ်မှုအရည်အချင်းကိုအားကိုးရမှာဖြစ်ပြီး Bobby De Cordova၊ Andreas Pereira နဲ့ Manor Solomon တို့ရဲ့ ကစားပွဲဖန်တီးမှုကို အားကိုးခဲ့ရလိမ့်မယ်။ Daniel James နဲ့ Bobby Reid တို့ကျတော့ အသင်းရဲ့ မျှော်လင့်ချက် ဖြစ်သွားလိမ့်မယ်။

မန်စီးတီးတို့ကျတော့ ခြေစွမ်းတွေအရမ်းပဲတက်ကြွနေပြီး ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့ အာဆင်နယ်အပေါ် အနိုင်ရလာပါတယ်။ ဒီပွဲအတွက် အဆင်သင့်ပိုင်းကတော့ N.Ake လောက်ပဲ မရှိသေးပါဘူး။ သူက FA ဖလား ဆီမီးဖိုင်နယ်ပွဲကတည်းက ဒဏ်ရာရထားတာဖြစ်ပါတယ်။ မေလအလယ်ပိုင်းလောက်မှ ပြန်လာဖို့ရှိပါတယ်။ ဒီပွဲ ပက်က ၃-၄-၂-၁ စနစ်နဲ့ပဲ စီစဉ်ထားလောက်တယ်။ ဂိုးသမားနေရာ Ederson ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းနေရာ Akanji နဲ့ Dias တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ ကွင်းလယ်ပိုင်းမှာကျတော့ ရိုဒရီဂို ဟာနန်ဒက်ဇ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့ကိုပဲ အဓိက ဆင်းထိန်းခိုင်းလောက်ပါတယ်။ De Bruyne နဲ့ Gundogan တို့ကျတော့ တိုက်စစ်ပိုင်းကနေ ကစားပွဲဖန်တီးဖို့ ရှိနေကြပြီး ပြိုင်ဘက်က အနောက်ယှက်ပေးဖို့ Grealish တာဝန်ယူထားလောက်ပါတယ်။ သူကိုယ်တိုင်က ဂိုးသွင်းနိုင်တဲ့အရည်အချင်းလည်းရှိတယ်။ အဓိက ဂိုးသွင်းဖို့နေရာကျတော့ ဟာလန်းရဲ့ပြတ်သားမှုကို အားကိုးခဲ့ရလိမ့်မယ်။

ဒီပရီးမီးယားလိဂ်တိုက်ပွဲဟာ စီးတီးဘက်က အဆင့် ၁၀ ဖြစ်တဲ့ဖူဟမ်ရဲ့အိမ်ကွင်းအထိ ခရီစဉ်ရမှာဖြစ်ပါတယ်။ စီးတီးတို့ အခုမှအာဆင်နယ်အပေါ် ၄-၁ နဲ့ အနိုင်ရလာတဲ့အတွက် စွမ်းဆောင်ရည်တွေအရမ်းပဲတက်ကြွနေပါတယ်။ ပွဲစုံ ၁၃ ပွဲတုန်းက အနိုင် ၁၂ ပွဲရပြီး ဂိုး ၄၅ လုံးတောင် သွင်းနိုင်ကြတယ်။ နောက်ပြီး အခုတလော ပရီးမီးယားလိဂ်ချန်ပီယံနေရာ အာဆင်နယ်ထက်တောင်ရင်ခုန်နေရပါပြီ။ အာဆင်နယ်ရဲ့နောက်ကနေ ၂ မှတ်ကွာဟပေမယ့် အာဆင်နယ်ဘက်က သူတို့ထက် ၂ ပွဲပိုကစားထားပါတယ်။ ဒီပွဲ စီးတီးတို့ရဲ့ပစ်မှတ်ကတော့ ဖူဟမ်အပေါ် အနိုင်ရဖို့ပဲဖြစ်ပါတယ်။ ဖူဟမ်တို့ကျတော့ အက်စတွန်ဗီလာကို ၁-၀ နဲ့ ရှုံးလာတဲ့အတွက် ယုံကြည်မှုပျောက်ဆုံးသွားကြလောက်တယ်။ အဲ့ဒီတော့ သူတို့ရဲ့ နောက်ရာသီကျရင် ဥရောပတိုက်ပွဲထဲ ပါဝင်ကစားဖို့အခွင့်ရေး မရှိသလောက်ဖြစ်သွားပါပြီ။ အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ဟိုးအရင်ကတည်းကဆိုရင် ၇၁ ပွဲရှိပြီး စီးတီးဘက်က ၃၈ ပွဲအနိုင် ၁၆ ပွဲသရေ ရသွားခဲ့ဖူးပါတယ်။ ဖူဟမ်ဘက်ကကျတော့ ၁၇ ပွဲ အနိုင်ရသွားပါတယ်။ ဒီပွဲမှာတော့ ဘယ်လိုပဲကြည့်ကြည့် ဖူဟမ်ဘက်ကရှုံးသွားမှာသေချာတယ်။ ဖူဟမ်ရဲ့အစစအရာရာက စီးတီးနဲ့ ယှဉ်လို့လုံးဝမရပါဘူး။ အဲ့ဒီတော့ ဂိုးအပြတ်နဲ့တောင်ရှုံးချင် ရှုံးလိမ့်မယ်။

11 Players

Fulham Fc (4-2-3-1): Leno; Tete, Adarabioyo, Ream, Robinson; Reed, Palhinha; James, Pereira, Solomon; Decordova-Reid

Manchester city (3-4-2-1): Ederson; Akanji, Dias, Laporte; Stones, Rodri; Mahrez, De Bruyne, Gundogan, Grealish; Haaland

Missing Players

Fulham Fc : Layvin Kurzawa (Sideband tear),Willian (Muscle Injury),A Mitrovic (Red Card), H. Wilson (Muscle Cramps)

Manchester City : B.Mendy (Disciplinary Sanction), N.Ake (Hamstring Injury)

အဲရစ်တန်ဟက်နည်းပြလက်ထဲက မန်ယူအသင်း ၃၁ ပွဲ ဆင်းကစားပြီး အမှတ် ၆၀ သိမ်းနိုင်ခဲ့ပါတယ်။ အခုတလော အဆင့် ၄ မှာရောက်ရှိနေပြီး နောက်ဆုံးတစ်ပွဲကမှ စပါးနဲ့သရေကျလာခဲ့ပါတယ်။ မန်ယူရဲ့ ပွဲစုံ နောက်ဆုံး ၅ ပွဲတုန်းက ၁ ပွဲအနိုင် ၃ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ်။ ဒီပွဲမှာတော့ ဒဏ်ရာရထားတဲ့ Lisandro Martínez နဲ့ Raphaël Varane တို့ ပြီးတော့ Donny van de Beek နဲ့ Alejandro Garnacho တို့ မပါနိုင်သေးပါဘူး။ ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ Scott McTominay နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ ပြန်ဆင်းနိုင်ပါပြီ။ ဒီပွဲ တန်ဟက်နည်းပြက ၄-၂-၃-၁ စနစ် စီစဉ်ထားလောက်ပါတယ်။ ခံစစ်ပိုင်းနေရာ Lindelof နဲ့ Shaw တို့ကိုပဲ အဓိကတာဝန်ပေးပြီး ကွင်းလယ်ပိုင်းမှာ ကာစီမီရိုနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ ပြီးရင် စည်းဘေးနှစ်ယောက်မှာကျတော့ ဆန်ချိုနဲ့ အန်တိုနီတို့ဖြစ်ပြီး ဂိုးသွင်းဖို့နေရာကျတော့ Rashford ပဲ ဖြစ်ပါလိမ့်မယ်။

1bet168mm Unai Emery နည်းပြလက်ထဲကအက်စတွန်ဗီလာတို့ကျတော့ အခုမှဖူဟမ်အပေါ် အနိုင်ရရှိလာပါတယ်။ ဒီရာသီ ၃၃ ပွဲဆင်းကစားပြီး ၅၄ မှတ်နဲ့ အဆင့် ၆ မှာရောက်ရှိနေတယ်။ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် ၄ ပွဲအနိုင် ၁ ပွဲသရေ ဖြစ်ပြီး တစ်ပွဲမှမရှုံးခဲ့ပါဘူး။ အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ Matty Cash၊ Boubacar Camara၊ Philippe Coutinho၊ Leon Bailey နဲ့ Jade Steer တို့ ဒဏ်ရာရထားကြတဲ့အတွက် မပါနိုင်သေးပါဘူး။ ကျန်တဲ့အဓိကကစားသမားတွေကတော့ အဆင်သင့်ပဲဖြစ်နေကြပါတယ်။ ဒီပွဲ Emery နည်းပြက ၄-၂-၃-၁ စနစ်ကိုပဲ စီစဉ်ထားလောက်ပါတယ်။ အနောက်တန်းနေရာ အဓိက Konsa နဲ့ Mings တို့ကိုပဲ ထိန်းခိုင်းပြီး ကွင်းလယ်ပိုင်းကျတော့ Buendia၊ Ramsey နဲ့ McGinn တို့ကို ထိန်းခိုင်းလောက်ပါတယ်။ Douglas Luiz နဲ့တစ်ယောက်မှာလည်း အခွင့်ရေးဖန်တီးဖို့ တာဝန်ယူထားလောက်ပါတယ်။ ပြီးရင် ဂိုးသွင်းဖို့နေရာကျတော့ Watkins ပဲ ဖြစ်လိမ့်မယ်။

၃၁ ပွဲဆင်းကစားပြီး အမှတ် ၆၀ လေးနဲ့ အဆင့် ၄ မှာရောက်ရှိနေတဲ့ မန်ယူအသင်း အဆင့် ၅ မှာရှိတဲ့ စပါးထက် ၆ မှတ်ပိုသာနေတုန်းဖြစ်ပါတယ်။ နောက်ပြီး စပါးဘက်က မန်ယူထက် ၂ ပွဲ ပိုကစားထားသေးတယ်။ မန်ယူတို့ အခုနောက်ပိုင်း စွမ်းဆောင်ရည်သိပ်မကောင်းပါဘူး။ ပင်ပန်းနွမ်နယ်မှုကြောင့် ခြေစွမ်းကျဆင်းနေတာဖြစ်မယ်။ သူတို့က ပြိုင်ပွဲတစ်ပွဲမှာ ဒုတိယပိုင်းရောက်ရင် အားလျှော့ပြီးကစားတတ်ပါတယ်။ အက်စတွန်ဗီလာတို့ကျတော့ နောက်ဆုံး ၁၀ ပွဲတုန်းက ၈ ပွဲအနိုင်ဖြစ်ပြီး တစ်ပွဲမှမရှုံးသေးပါဘူး။ လက်ထဲမှာ ၅၄ မှတ် ပိုင်ဆိုင်ထားပြီး အဆင့် ၆ မှာ ရပ်တည်နေပါတယ်။ သူတို့လည်း Top4 နေရာ လုချင်နေတဲ့အသင်းဖြစ်ပါတယ်။ ဒီရာသီအတွင်း အချင်းချင်းတွေ့ဖူးတဲ့ ၂ ပွဲတုန်းက ပထမတစ်ပွဲ ကာရာဘောင်းဖလားဖြစ်ပြီး မန်ယူဘက်က ၄-၂ နဲ့ နိုင်သွားပါတယ်။ နောက်တစ်ပွဲကျတော့ Unai Emery ရဲ့ စစလာချင်းတစ်ပွဲဖြစ်ပြီး သူတို့ဘက်က ၃-၁ နဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ အစစအရာရာယှဉ်ကြည့်ရင် ကစားသမားနဲ့ စွမ်းဆောင်ရည်ပိုင်းကတော့ မန်ယူဘက်က ပိုသာပါတယ်။ မန်ယူမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေပေမယ့် ဒီပွဲ အိုထရက်ဖိုဒ့်ကွင်းကြီးဖြစ်တဲ့အတွက် တိုက်စစ်ဆင်ခွင့် ပိုရရှိလိမ့်မယ်။ အက်စတွန်ဗီလာတို့ကျတော့ ဖိအားတွေလိုက်ပေးပြီး တန်ပြန်တိုက်စစ်ဆင်ဖို့စောင့်နေလိမ့်မယ်။ ဒီပွဲမှာတော့ မန်ယူတို့ပဲ အသက်ကုန်ရုန်းပြီး အနိုင်ကောက်ရသွားမယ်ထင်ပါတယ်။

11 Players

Manchester United (4-2-3-1): De Gea; Wan-Bissaka, Lindelof, Shaw, Dalot; Casemiro, Eriksen, Fernandes; Antony, Rashford, Sancho

Aston Villa (4-2-3-1): Martinez; Young, Konsa, Mings, Alex Moreno; Dendoncker, Douglas Luiz, McGinn, Buendia, Ramsey; Watkins

Missing Players

Manchester United : Tom Heaton (Ankle Injury), Alejandro Garnacho (Ankle Injury), Scott McTominay (Unknown Injury), Raphaël Varane (Foot Injury), Lisandro Martínez (Metatarsal Fracture), Donny van de Beek (Knee Injury)

Aston Villa : P.Coutinho (Hamstring Injury),J.Steer (Achilles Tendon Injury),L.Bailey (Hamstring Injury),M.Cash (Calf Injury),B.Kamara (Ankle Injury)

အိမ်ရှင်လီဗာပူးလ်အသင်း စွမ်းဆောင်ရည်တွေပြန်ကောင်းနေပါပြီ။ အရင်ထက် လှုပ်ရှားမှုပိုရှိလာပြီး Pressing လည်း တော်တော်ကောင်းလာပါတယ်။ ကစားသမားတိုင်းက အခြေခံရှိရှိ ပြန်ကစားနိုင်နေတယ်။ အခု သူတို့မှာ ၄ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ ၃ ပွဲအနိုင် ၁ ပွဲသရေ လုပ်နိုင်ခဲ့ပါတယ်။ ဒီရာသီအတွင်းထဲက လက်ကျန်ပွဲတွေအားလုံး နိုင်အောင်ကြိုးစားကြမယ်။ ဒီပွဲအပါအဝင် ၆ ပွဲဖြစ်လိမ့်မယ်။ အဆင့်အတန်းကြည့်ပြီးပြောရင်တော့ ဖြစ်နိုင်ချေရှိပါတယ်။ ပြီးတော့ သူတို့ Top4 နေရာကိုလည်း နည်းနည်းပါးပါး မျှော်လင့်ထားကြလောက်ပါတယ်။ ဒီတိုင်းတွက်ကြည့်ရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လွယ်တော့မလွယ်ဘူး။ ဘာလို့လည်းဆိုတော့ သူတို့က အဆင့် ၄ အသင်းထက် နောက်ကနေ ၇ မှတ်တောင် ကွာနေလို့ပါ။ နောက်ပြီး ၁ ပွဲပိုကစားထားသေးတယ်။ အဲ့ဒီလိုနဲ့ပဲ ပြိုင်စရာပွဲတွေကြည့်ပြီးပြောရင် တော်တော်ခက်ပါတယ်။ အခုလက်ရှိ စွမ်းဆောင်ရည်ကိုသာ ဆက်လက်ထိန်းသိမ်းနိုင်ရင် ဖန်တွေအတွက် ကျေနပ်နေကြလောက်ပါပြီ။ အခုနောက်ပိုင်း ကလော့ပ်က နေရာတော်တော်များများ ပြောင်းလဲထားပါတယ်။ အဲ့တာနဲ့ပဲ အားနိုးရဲ့ခြေစွမ်းက ပြန်လည်သက်ဝင်လာပြီး စည်းဘေးမှခံစစ်ပိုင်းကို စိတ်ပူစရာမရှိတော့ပဲ ဖြစ်သွားပါတယ်။ ကလော့ပ်က အာနိုးကို ကွင်းလယ်မှာပဲ ပြောင်းနေခိုင်းလိုက်တော့တယ်။ အာနိုးရဲ့နောက်မှာရှိနေတဲ့ ခံစစ်မှူး ၃ ယောက်က သူ့ကို အထောက်အကူလုပ်ပေးနေပါတယ်။ အဲ့စနစ်နဲ့ ၄ ပွဲကစားပြီး တော်တော်အဆင်ပြေပါတယ်။ ဒါပေမယ့် အသင်းကြီးတွေရဲ့ အားကောင်းတဲ့ Pressing နဲ့တွေ့ရင်တော့ ဘယ်လိုနေမလဲမသိသေးပါဘူး။ လီဗာပူးလ်က အခုတလော တော်တော်ပြန်ကောင်းနေပါပြီ။ ကွင်းလယ်ပိုင်းမှာ Jones ရှိမယ် Jones က တစ်နေ့တစ်ခြား ပိုကောင်းလာပါတယ်။ လီဗာပူးလ်နဲ့ အနာဂတ်တည်ထောင်လိမ့်မယ်။ အခုအချိန်မှာ အဆင်ပြေတဲ့ တိုက်စစ်မှူး ၃ ယောက်ကတော့ ဆာလက် ဂျိုတာနဲ့ Gakpo တို့ပဲဖြစ်ပါတယ်။ နူးနက်ဇ်ကတော့ အခွင့်ရေးကြုံရင်ကြုံသလို ဆင်းကစားခွင့်ရပါတယ်။ ဒီပွဲကတော့ လီဗာပူးလ်တို့ စပါးနဲ့ ဝင်လုံးလိမ့်မယ်။ သွက်လက်တဲ့ Pressing ဆွဲမယ်။ အာနိုးရဲ့ killer pass ကို အားကိုးမယ်။ ဒီပွဲ လီဗာပူးလ်တို့ ခြေစွမ်းပြနိုင်မယ်ထင်ပြီး အနိုင်ကောက်ရသွားမယ်ထင်ပါတယ်။

ရွှေစပါးအသင်းက မုန့်စိန်ကြီးဖြစ်သွားပါပြီ။ သူတို့ရဲ့စွမ်းဆောင်ရည်က တော်တော်ချစ်စရာကောင်းပါတယ်။ အခုနောက်ပိုင်း သူတို့ခြေစွမ်းက ပြိုင်ဘက်အတွက် တော်တော်အကျိုးပေးနေတယ်။ ကစားသမားတွေ တစ်ယောက်ချင်းစီဆဲဆိုခံရပြီးနောက် အမှောင်ထဲတန်းကျသွားတော့တယ်။ နောက်ဆုံး ၆ ပွဲတုန်းကဆိုရင် တစ်ပွဲလေးပဲနိုင်ထားတယ်။ နောက်ပြီး အသင်းနည်းပြကို ထပ်မံပြောင်းလိုက်ပါပြီ။ သူတို့ရဲ့ အဆင့် ၄ ကိစ္စက ဒီလိုအခြေနေမျိုးနဲ့ဆိုရင် အဆင်မပြေလောက်တော့ပါဘူး။ ပြီးခဲ့တဲ့တစ်ပွဲ နည်းပြပြောင်းခါစအစွမ်းနဲ့ ပထမပိုင်းမှာ ၂ ဂိုး အရင်သွင်းခံထိခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းလို့ သူတို့ရဲ့ပြိုင်ဘက်က အင်အားတွေလျော့ကျသွားပြီး သူတို့ကို ၂ လုံးပြန်ပေးခဲ့တယ်။ တကယ်တမ်းပြောမယ်ဆိုရင်တော့ စပါးဘက်က ရှုံးခါနီးပါပဲ။ ဒီလိုစွမ်းဆောင်ရည်မျိုးနဲ့ Top4 နေရာ မျှော်လင့်လို့မရပါဘူး။ တစ်သင်းလုံးကိုမှ တစ်ယောက်ထဲပဲရုန်းပေးနေတယ်။ အဲ့ဒီတော့ ကိန်းက နောက်ရာသီကျရင် စိန်ခေါ်မှုအသစ်ကို ထွက်ရှာဖို့လိုပြီထင်တယ်။ ဒီလိုအခြေနေကြီးနဲ့ အသင်းမျိုးမှာနေရတာ ဖလားရမယ်မထင်ပါဘူး။ ဒီနှစ်ထဲမှာတောင် ကစားသမားအသစ် တော်တော်များများ ထည့်သွင်းပေမယ့် ဒီလောက်လေးပဲ ကောင်းနိုင်ကြတယ်။ ဆွန်ဟောင်မင်ကြီးကလည်း ခြေစွမ်းတော်တော်ကျသွားတယ်။ သူတို့ရဲ့ လက်ရှိပြသာနာအကြီးဆုံးကတော့ ယုံကြည်မှု ပျောက်ဆုံးနေတာပဲဖြစ်ပါတယ်။ အားမရှိပဲ ကစားနေရသလိုမျိုးဖြစ်နေတယ်။ Team work လည်းမဖြစ်ကြဘူး။ တိုက်စစ်ပိုင်းမှာ ကိန်းရှိနေလို့ ကြည့်ကောင်းပါသေးတယ်။ ဒါပေမယ့် ခံစစ်ပိုင်းကတော့ အရမ်းပဲဆိုးနေပါတယ်။ နောက်ပြီး ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က သူတို့ရဲ့ငယ်နိုင်လိုအသင်းမျိုးလည်းဖြစ်နေတယ်။ အဲ့ဒီတော့ ဒီပွဲ ထင်ထားတာ မလွဲချော်လောက်ပါဘူး။ အဆင့် ၅ ကနေပြုတ်သွားပြီး အဆင့် ၇ အထိတောင် ပြုတ်ကျသွားနိုင်ပါတယ်။

1bet168mm အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်က ပိုသာပါတယ်။ နောက်ဆုံး ၁၀ ပွဲတုန်းကဆိုရင် လီဗာပူးလ်ဘက်က ၈ ပွဲအနိုင်ရပြီး ၂ ပွဲသရေ ရသွားပါတယ်။ စပါးရဲ့ တကယ့်ငယ်နိုင်အသင်းမျိုး ဖြစ်နေပါတယ်။ တွေ့တိုင်းရှုံးနေရော။ အခုလက်ရှိ နှစ်သင်းစလုံးရဲ့အနေအထားကတော့ Top4 နေရာလုယက်နေတာချင်းတူတူပဲ။ လီဗာပူးလ်ဘက်က ၁ ပွဲပိုကစားထားပြီး အဆင့် ၇ မှာ ရောက်ရှိနေတယ်။ စပါးတို့ကျတော့ အဆင့် ၄ မှာရှိတဲ့အသင်းရဲ့နောက်ကနေ ၆ မှတ်ကွာပြီး  ၂ ပွဲ ပိုကစားထားပါတယ်။ အဲ့ဒီတော့ ဒီပွဲ ဘယ်အသင်းက အဆင့် ၄ တက်သွားမလဲဆိုတာ ကြည့်ရသေးတာပေါ့။ နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်ကတော့ လီဗာပူးလ်ဘက်က လောလောဆယ် ၃ ပွဲဆက်တိုက် အနိုင်ရရှိလာပါတယ်။ ပြီးတော့ အာနိုးကြီးက အသက်ပြန်ဝင်လာပါပြီ။ ပြီးခဲ့တဲ့ ၄ ပွဲတုန်းက သူ့ကို ခံစစ်မှူးကနေ အလယ်ပိုင်းအထိ Position ပြောင်းပေးလိုက်တော့မှ သူငယ်ချင်းကို ဂိုး ၄ လုံးသွင်းနိုင်အောင် အခွင့်ရေးဖန်တီးပေးခဲ့တယ်။ သူ့ရဲ့ယုံကြည်မှုကတော့ ပြန်ရှိလာလောက်ပါပြီ။ ဦးတည်ချက်ရှိရှိနဲ့ ပြန်ကစားနိုင်နေတယ်။ အခု အသင်းရဲ့စွမ်းဆောင်ရည်ကတော့ အရင်ထက် ပိုပြီးကောင်းလာပါတယ်။ စပါးတို့ကျတော့ ကွန်တီနည်းပြကြီးမရှိတော့တဲ့နောက်ပိုင်း တစ်ပွဲလေးပဲ အနိုင်ရထားသေးတယ်။ ဒီရာသီအတွင်း နည်းပြ ၃ ယောက်တောင် ပြောင်းလဲခဲ့တယ်။ ပြီးခဲ့တဲ့တစ်ပွဲတုန်းက မန်ယူနဲ့တွေ့ပြီး ဂိုး ၂ လုံးပြန်သွင်းနိုင်လို့သာ မရှုံးပဲပြီးလာပါတယ်။ အဲ့ပွဲ ပထမပိုင်းတုန်းက ကစားသမားအသီးသီးတွေရဲ့ စွမ်းဆောင်ရည်ကတော့ တော်တော်ဆိုးဆိုးဖြစ်ခဲ့တယ်။ ဒုတိယပိုင်းရောက်တော့ မန်ယူဘက်က ပင်ပန်းနွမ်းနယ်မှုတွေ ပြသခဲ့လို့ နည်းနည်းပါးပါး ပြန်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ စပါးဘက်က ကံကောင်းလို့ တတိယဂိုးသွင်းခံမထိခဲ့ပါဘူး။ ၂ ဂိုး ၁ ဂိုးဖြစ်နေတုန်းကအချိန်ပါပဲ။ သွင်းခံထိရင်တော့ အရှုံးရသွားမှာတော်တော်သေချာသွားလိမ့်မယ်။ ဒီပွဲ နှစ်သင်းစလုံးရဲ့အားကိုးရာကစားသမားကတော့ လိဗာပူးလ်ဘက်က ဆာလက်ရှိမယ်။ ဆာလက်ရဲ့ခြေစွမ်းက တစ်ဖြည်းဖြည်းနဲ့ ပြန်ကောင်းလာပါပြီ။ အရင်လို ကြမ်းမနေပေမယ့် အဆင်ပြေသလို ဂိုးသွင်းပေးနိုင်ပါတယ်။ အဲ့ဒီတော့ သူ့ကို လျှော့တွက်လို့မရသေးပါဘူး။ ဂျိုတာနဲ့တစ်ယောက်မှာလည်း စွမ်းဆောင်ရည်တွေ ကောင်းလာပြီး ဂိုးသွင်းပေးနိုင်ပါတယ်။ စပါးတို့ဘက်ကျတော့ ကိန်းတစ်ယောက်ထဲပဲဖြစ်ပါတယ်။ ကျန်တာ အဆင်မပြေပါဘူး။ နှစ်သင်းစလုံးရဲ့ အဆင်သင့်ပိုင်းဆိုရင် အနားယူထားတာချင်းတူတူပဲ။ ဒါပေမယ့် ဒီပွဲက အန်ဖီးလ်ကွင်းနဲ့ လီဗာပူးလ်ကိုတိုက်ခိုက်ရမှာဆိုတော့ စပါးအတွက် အရမ်းခက်တဲ့အလုပ်ဖြစ်ပါတယ်။ ဒီပွဲ လီဗာပူးလ်ဘက်က မုန့်အေးဆေးစားပြီး အဆင့် ၅ တက်သွားလိမ့်မယ်။

11 Players

Liverpool (4-3-3) – Allison – Trent Arnold – Robertson – Van Dijk – Konate – Fabinho – Jones – Henderson – Nunez – Salah – Gakpo

Tottenham Hotspur (3-4-2-1) – Forster – Dier – Lenglet – Romero – Hojbjerg – Skipp – Perisic – Porro – Son – Kulusevski – Kane

Missing Players

Liverpool FC – Calvin Ramsay (Knee Surgery), Stefan Bajcetic (Tear in the abductor muscle)

Tottenham Hotspur – Yves Bissouma (Ankle Fracture), Rodrigo Bentancur (Cruciate Ligament Rupture)