16သင်းအဆင့် ယူရိုပြိုင်ပွဲများ

ဆွစ်ဇာလန် Vs အီတလီ [29 Jun 24 - 22:30 hrs]

16သင်းအဆင့် ယူရိုပြိုင်ပွဲများ ဒီပွဲမှာတော့ စွမ်းဆောင်ရည် တည်ငြိမ်မှုမရှိသေးတဲ့ အသင်းတွေရဲ့ ပြိုင်ပွဲဖြစ်ပါတယ် နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်ကတော့ အတူတူပါပဲ ဆွစ်ဇာလန်မှာ နောက်ဆုံး ၅ ပွဲကစားပြီး ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာကျတော့ ၄ ပွဲသရေကျပြီး ကျန်တာ အီတလီဘက်က ၁ ပွဲနိုင်သွားပါတယ် ဒီနှစ်သင်းက တော်တော်မနိုင်မရှုံးဖြစ်ကြပါတယ် စွမ်းဆောင်ရည်အသီးသီးနဲ့ ကစားပုံကစားနည်းတွေ နီးစပ်တယ် ဒါပေယ့် ကစားသမားချင်း ယှဉ်ကြည့်ရင် အီတလီဘက်က နည်းနည်းပိုသာပါတယ် ဒီပွဲမှာတော့ နှစ်သင်းစလုံးက တိုက်စစ်ဆင်ပြီးလုံးလိမ့်မယ် ဒုတိယအခွင့်အရေး မရှိတော့တဲ့အတွက် အပီကစားခဲ့ကြလိမ့်မယ် ချန်ပီယံဟောင်းဖြစ်တဲ့ အီတလီဘက်က နည်းနည်းပိုသာပါတယ် ဒါပေမယ့် စွမ်းဆောင်ရည်ကိုကြည့်ပြီးပြောရင်တော့ ပထမခေါက်ကတည်းက အခြေနေကောင်းတဲ့ ဆွစ်ဇာလန်ဘက်က ပိုကြည့်ကောင်းပါတယ် တိုက်စစ်ဆင်ကစားတာကစ ခံစစ်ပိတ်တဲ့နေရာလည်းကောင်းတယ် ဒီပွဲ မနိုင်မရှုံးလေးနဲ့ အရမ်းကြည့်ကောင်းလိမ့်မယ် အီတလီအသင်းရဲ့ အစစအရာရာ သိပ်အဆင်မပြေပေမယ့် အတွေ့အကြုံကိုအားကိုးပြီး မရှုံးအောင် ထိန်းနိုင်လောက်ပါတယ် ပြီးတော့ သူတို့တွေ အချင်းချင်း ဆုံခဲ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲမှာလည်း သရေကျသွားတာများတယ် ဒီပွဲ အီတလီဘက်က နိုင်ဖို့ ပိုများပါတယ်။

Switzerland : ဆွစ်ဇာလန်အသင်းပွဲရှင်ကို စပရိုက်တိုက်ပြီး အနိုင်ရတော့မလိုဖြစ်သွားသေးတယ် ဒါပေမယ့် အချိန်ပိုအတောအတွင်းမှာ ဂျာမနီကို ၁ ဂိုးသွင်းခံထိသွားလို့ ၁-၁ နဲ့ သရေလာခဲ့ပါတယ် အုပ်စုအေရဲ့ ဒုချန်ပီယံအနေနဲ့ ဆန်ကာတင်လာပါတယ် ၃ ပွဲကစားပြီး ၁ ပွဲနိုင် ၂ ပွဲသရေ ဖြစ်ပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ ညာဘက်တောင်ပံခံစစ်မှူး Silvan Widmer ကို ကိုင်တွယ်လို့မရသေးပါဘူး အဝါနှစ်ကဒ်ပြည့်သွားလို့ ဘန်းခံထိထားပါတယ် သူ့နေရာ Dan Android နဲ့ အစားထိုးထားလိမ့်မယ် ပြီးရင် Xherdan Shaqiri ကိုလည်း ခံစစ်နေရာမှာ ထိန်းချုပ်ဖို့ တာဝန်ပေးထားလိမ့်မယ် ဒီပွဲ သူတို့ ၃-၄-၂-၁ စနစ်လေးနဲ့ ဂိုးသမားနေရာ Jan Sommer ကို တာဝန်ပေးပြီး ခံစစ်ပိုင်းမှာကျတော့ Fabian Chae, Manuel Akanji နဲ့ Ricardo Rodriguez တို့ကိုပဲ အဓိကတာဝန်ပေးထားမယ် Xherdan Shaqiri နဲ့ Michel Abischer တို့ကျတော့ တောင်ပံခံစစ်နှစ်ဖက်မှာ တာဝန်ယူထားလိမ့်မယ် Granit Shaka ဆိုတဲ့အသင်းကပ္ပတိန်ကျတော့ Remo Freuler နဲ့အတူ ကွင်းလယ်တိုက်စစ်နေရာမှာ ထိန်းချုပ်ပေးမယ် တောင်ပံတိုက်စစ်နှစ်ဖက်ကျတော့ Dan Endoy နဲ့ Ruben Vargas တို့ကိုပဲ စီစဉ်ထားလိမ့်မယ် ပြီးရင် Breel Embolo ကို Striker နေရာမှာ တာဝန်ပေးထားလိမ့်မယ်။

Italy – အီတလီအသင်း အုပ်စုဘီရဲ့ ဒုချန်ပီယံအနေနဲ့ ဆန်ကာတင်လာပါတယ် သူတို့ရဲ့စွမ်းဆောင်ရည်ကတော့ အားရစရာမရှိဘူး ပွဲဦးထွက်တုန်းက အယ်လ်ဘေးနီးယားကို တက်ကြိတ်ထားပေမယ့် အဲ့ကနေစပြီး တစ်ပွဲမှ မနိုင်တော့ပါဘူး နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ခရိုအေးရှားကိုတောင် ရှုံးတော့မလို့ဖြစ်သွားသေးတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ Riccardo Calafiori ဆိုတဲ့ ခံစစ်မှူးကို ကိုင်တွယ်လို့မရသေးပါဘူး ဘန်းခံထိထားနေလို့ပါ ကျန်တဲ့သူတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်လေးနဲ့ ဂိုးသမားနေရာ အသင်းကပ္ပတိန်ဖြစ်တဲ့ Gianluigi Donnarumma ဖြစ်ပြီး ခံစစ်နေရာမှာကျတော့ Giovanni di Lorenzo, Alessandro Bastoni, Gianluca Mancini နဲ့ Federico DiMarco တို့ပဲ ဖြစ်လိမ့်မယ် ကွင်းလယ်နေရာမှာ Jorginho နဲ့ Nicolo Barella တို့ပဲဖြစ်ပြီး တိုက်စစ်နေရာမှာကျတော့ Davide Frattasi, Lorenzo Pellegrini နဲ့ Federico Chiesa တို့ပဲ ဖြစ်ပါလိမ့်မယ် ပြီးရင် Striker နေရာမှာ Mateo Retegui ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Switzerland (3-4-2-1) :  Sommer; Schar, Akanji, Rodriguez; Stergiou, Xhaka, Freuler, Aebischer; Ndoye, Vargas; Embolo

Italy (4-2-3-1) : Donnarumma; Darmian, Mancini, Bastoni; Di Lorenzo, Barella, Jorginho, Pellegrini, Dimarco; Chiesa, Scamacca

Missing Players

Switzerland – Silvan Widmer (Yellow card suspension)

Italy – Riccardo Calafiori (Yellow card suspension), Alessandro Bastoni (Fever)

Facebook

Germany – ဂျာမနီအသင်း အုပ်စုအေမှာ ချန်ပီယံအနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ် အုပ်စုအဆင့်တုန်းက ပထမပွဲမှာ ကောင်းကောင်းစတင်နိုင်ပြီး နောက်ဆုံးတစ်ပွဲမှာ အနိုင်ရအောင် မစွမ်းဆောင်နိုင်ပေမယ့် ကြောက်စရာကောင်းတဲ့အသင်း ဖြစ်နေတုန်းပါ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ အဝါနှစ်ကဒ်ပြည့်သွားတဲ့ Jonathan Tah ကို ကိုင်တွယ်လို့မရသေးပါဘူး ဒါပေမယ့် ကိစ္စမရှိပါဘူး ဘာလို့လဲဆိုတော့ ဂျာမနီအသင်းရဲ့ ခံစစ်မှူးတွေက အများကြီးရှိနေလို့ပါ Nico Schlotterbeck နဲ့ Antonio Rudiger တို့ကလည်း ခံစစ်ပိုင်းရဲံ အဓိကကစားသမားဖြစ်နေတယ် တိုက်စစ်ပိုင်းမှာဆိုရင် အရည်အသွေးရှိတိုက်စစ်မှူး Ilkay Gundogan , Jamal Musiala , Florian Wiertz နဲ့ Kai Havertz တို့လည်း ရှိနေတယ် ကျွန်တော့်စိတ်ထဲမှာတော့ ဂိုးဒီထက် ပြတ်သားနိုင်တဲ့ ကစားသမားလိုအပ်သေးတယ်ဆိုပေမယ့် သူတို့မက အခြားကစားသမားတွေမှာလည်း ဂိုးသွင်းနိုင်တဲ့အစွမ်း ရှိနေကြပါတယ် ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်လေးနဲ့ ဂိုးသမားနေရာ ဘိုင်ယန်အသင်းမှာ Manuel Neuer ဖြစ်ပြီး ခံစစ်ပိုင်းမှာ Joshua Kimmich, Antonio Rudiger, Nico Schlotterbeck နဲ့ Maximilian Mittelstadt တို့ပဲ ဖြစ်ပါလိမ့်မယ် ကွင်းလယ်နေရာမှာ Robert Andrich နဲ့ Toni Kroos တို့ဖြစ်ပြီး တိုက်စစ်ပိုင်းမှာ Florian Wirtz, Ilkay Gundogan, Jamal Musiala တို့ပဲ ဖြစ်လိမ့်မယ် ပြီးရင် Striker နေရာမှာ Kai Havertz ကိုပဲ တာဝန်ပေးထထားလိမ့်မယ်။

Denmark – ဒိန်းမတ်အသင်းကျတော့ စွမ်းဆောင်ရည်သိပ်မကောင်းပဲ အုပ်စုစီရဲ့ဒုချန်ပီယံအနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ် အခုထိ တစ်ပွဲမှမနိုင်သေးဘူး အုပ်စုအဆင့်တုန်းက သရေကျသွားတာပဲရှိတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဘန်းခံထိထားတဲ့ Morten Hulmand ကို ကိုင်တွယ်လို့မရသေးပါဘူး အခုမှ နေပြန်ကောင်းသွားတဲ့ Thomas Delaney က ကွင်းလယ်နေရာမှာ Pierre-Emile Hojbjerg နဲ့အတူ ဆင်းကစားခဲ့ရလိမ့်မယ် Christian Eriksen ကိုကျတော့ Rasmus Hojlund နဲ့ Jonas Wind တို့ရဲ့ အနောက်ကနေ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလိမ့်မယ် ဒီပွဲ သူတို့ ၃-၄-၂-၁ စနစ်နဲ့ ဂိုးသမားနေရာ Kasper Schmeichel ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းမှာကျတော့ Joachim Andersen, Andreas Christensen, Jannik Vestergaard တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် တောင်ပံခံစစ်နှစ်ဖက်ကျတော့ Alexander Bah နဲ့ Joachim Mehle တို့ကိုပဲ စီစဉ်ထားပြီး ကွင်းလယ်တိုက်စစ်နေရာမှာ Pierre-Emile Heubier နဲ့ Thomas Delany တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် Christian Eriksen ကတော့ Free ကစားသမားအနေနဲ့ Rasmus Hojlund နဲ့ Jonas Wind တို့ရဲ့အနောက်ကနေ ကစားပွဲဖန်တီးပေးလိမ့်မယ်။

16သင်းအဆင့် ယူရိုပြိုင်ပွဲများ ဒီပွဲ စွမ်းဆောင်ရည် ကွာဟနေတဲ့အသင်းတွေရဲ့ပြိုင်ပွဲဖြစ်ပါတယ် ပွဲရှင်ဖြစ်တဲ့ ဂျာမနီအသင်းက စွမ်းဆောင်ရည်ကောင်းတယ် နောက်ဆုံးတစ်ပွဲကမှ ဆွစ်ဇာလန်နဲ့ သရေကျလာရုံပဲ ရှိပါတယ် ဒါပေမယ့် ဒိန်းမတ်အသင်းကျတော့ အခု တစ်ပွဲမှမနိုင်သေးပါဘူး နှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာဂျာမနီဘက်က ပိုကြည့်ကောင်းပြီး ၃ ပွဲနိုင် ၂ ပွဲသရေဖြစ်ပါတယ် ဒိန်းမတ်တို့ကျတော့ ၂ ပွဲနိုင် ၃ ပွဲသရေ ဖြစ်ပါတယ် အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာကျတော့ မနိုင်မရှုံးလေးတော်တော်ဖြစ်ပြီး သရေကျသွားတာများတယ် ၃ ပွဲတောင် သရေကျသွားပါတယ် ကျန်တာ တစ်ယောက်တစ်ပွဲ အနိုင်ရသွားတယ် ဒီနှစ်သင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်ချင်း ယှဉ်ကြည့်ရင် မနိုင်မရှုံးလေးပါပဲ ဒါပေမယ့် ဒီအစီစဉ်ထဲက အုပ်စုအဆင့်ရဲ့ အသေးစိတ်တွေအထိ ဝင်ကြည့်ရင်တော့ ဂျာမနီဘက်က ပိုသာတယ် ဒိန်းမတ်အသင်းက ပြီးခဲ့တဲ့ပွဲတွေကို ရုန်းကန်ပြီး ဖြတ်သန်းလာပေမယ့် ဂျာမနီလို တကယ့်တောင့်တင်းမှုရှိတဲ့အသင်းနဲ့မတိုးရသေးလို့ပါ နံပါတ် ၁ အသင်းလို့ ယူဆထားတဲ့ အင်္ဂလန်အသင်းတောင် ပြီးခဲ့တဲ့အဆင့်မှာ ခြေစွမ်းမပြနိုင်ပါဘူး အစစအရာရာ အဆင်မပြေသေးဘူး အဲ့စံချိန်ကိုယူပြီး ဂျာမနီနဲ့ ယှဉ်လို့မရပါဘူး ဒီပွဲမှာတော့ အလှည့်ကျ တိုက်စစ်ဆင်-ခံစစ်ပိတ် ကစားခဲ့ကြလိမ့်မယ် ဒါပေမယ့် ဂျာမနီဘက်က ပိုပြီး တက်လုပ်သွားလိမ့်မယ် ဒိန်းမတ်ဘက်က နည်းနည်းမှားမိတာနဲ့ အပြစ်ပေးခံထိလိမ့်မယ် ဒီပွဲမှာတော့ စွမ်းဆောင်ရည်ပိုကောင်းတဲ့ ပွဲရှင်ဂျာမနီအသင်းကပဲ အနိုင်ကောက်ရသွားလိမ့်မယ်။

11 Players

Germany (4-2-3-1) : Neuer; Kimmich, Schlotterbeck, Rudiger, Mittelstadt; Kroos, Andrich; Musiala, Gundogan, Wirtz; Havertz

Denmark (3-4-1-2) : Schmeichel; Andersen, Christensen, Vestergaard; Bah, Hojbjerg, Delaney, Maehle; Eriksen; Hojlund, Wind

Missing Players

Germany – Jonathan Tah (Yellow card suspension),A.Rudiger (Hip Injury)

Denmark – Morten Hjulmand (Yellow card suspension)

Facebook