16သင်းအဆင့် ချန်ပီယံလိဒ်ပွဲစဥ်များ

မန်စီးတီး vs ဘရန့်ဖိုတ့် [ 20 Feb 24 - 02:00 hrs]

16သင်းအဆင့် ချန်ပီယံလိဒ်ပွဲစဥ်များ  မန်စီးတီးအသင်းဟာ အခုမှမှားပြီး ချယ်လ်ဆီးအသင်းနဲ့ ၁-၁ သရေကျလာပါတယ် အဲ့ဒီတော့ သူတို့ လီဗာပူးလ်ရဲအနောက်ကနေ ၄ မှတ် လိုက်နေရပါပြီ အဲ့ဒီတော့ သူတို့ ဒီပွဲ မဖြစ်မနေ ထပ်ပြီးမှားလို့မရတော့ပါဘူး မန်စီးတီးက ဒီပွဲ သူတို့ဆီမှာရှိတဲ့ အကောင်းဆုံးကစားသမားတွေကိုပဲ အသုံးချမယ်ထင်တယ် ပွဲစစလာချင်းကတည်းက တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် ဘရန့်ဖိုတ့်အသင်းက အမှတ်လေးဘာလေးများ ရမလားဆိုပြီး ခံစစ်ပိတ်စနစ်နဲ့ ရောက်ရှိလာလိမ့်မယ် မန်စီးတီးမှာ အချို့ Position လောက်ပဲ Rotation ရှိပေမယ့် အသင်းရဲ့အရည်အသွေးကတော့ လျော့ကျမသွားပါဘူး မန်စီးတီးက ချန်ပီယံနေရာ လိုချင်နေသေးတဲ့အတွက် ဒီပွဲ အမှားမရှိအောင်စွမ်းဆောင်လိမ့်မယ် နောက်ဆုံးမှာတော့ တောင့်တင်းမှုရှိရှိနဲ့ အသာလေး တက်နင်းသွားမှာသေချာတယ် ဟာလန်းရယ် ဒီဘရိုင်းရယ်ပြီးတော့ ဖိုဒန်းတို့က ပထမဂိုး စောစောစီးစီးသွင်းနိုင်လို့ကတော့ ဂိုးအပြတ်နဲ့တောင် အနိုင်ရရှိသွားနိုင်တယ်။

Manchester City : အိမ်ရှင်မန်စီးတီးအသင်းဟာ ခြေစွမ်းတွေပြပြီး ၁၁ ပွဲဆက်တိုက် အနိုင်ရရှိပြီးမှ နောက်ဆုံး ချယ်လ်ဆီးနဲ့မှားပြီး ၁-၁ သရေကျလာခဲ့ပါတယ် အဲ့ဒီတော့ လတ်တလော အဆင့် ၃ မှာရပ်တည်နေပြီး လီဗာပူးလ်ရဲ့ နောက်ကနေ ၄ မှတ် လိုက်နေရပါတယ် ဒီပွဲ စပိန်နည်းပြမှာ ဒဏ်ရာရထားတဲ့ Josco Guardiol, Jack Grealish တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Bernardo Silva နဲ့တစ်ယောက်ကျတော့ ဒီပွဲ ဆင်းကစားဖို့ အဆင်သင့် ဖြစ်နေပါတယ် ချယ်လ်ဆီးနဲ့ ၁-၁ သရေကျသွားတဲ့ပွဲက ကစားသမားအဖွဲ့အစုကိုပဲ ဆက်လက်အသုံးပြုမယ်ထင်တယ် Ruben Dias, Manuel Akanji တို့ကို Center Half အနေနဲ့ တာဝန်တွဲပေးထားပြီး Kevin de Bruyne ကိုကျတော့ Playmaker အနေနဲ့ Phil Foden, Julian Alvarez, Jeremy Doku တို့နဲ့အတူ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်ပါတယ် ပြီးရင် Striker နေရာ ဟာလန်းကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

 

Brentford : ဘရန့်ဖိုတ့်အသင်းကျတော့ ချန်ပီယံလမ်းခရီးဆက်နေတဲ့အသင်းတွေကို ၂ ပွဲဆက်တိုက် ဆုံနေရလို့ တော်တော်ကံဆိုးနေပါတယ် အဲ့ထက်ဆိုးတာ မန်စီးတီးက အခုမှ ထစ်ခနဲဖြစ်လာတဲ့အတွက် ၃ မှတ်ရအောင် အသက်ကုန်လုပ်ယူလိမ့်မယ် ဒီပွဲ ဒိန်းမတ်နည်းပြမှာ Rico Henry, Kevin Shade, Aaron Hickey နဲ့ Brian Mbumo တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံးက ဒဏ်ရာရထားကြလို့ပါ အရင်တစ်ပွဲတုန်းက Ethan Pinnock ရဲ့နာမည်လည်မပါခဲ့သေးပါဘူး အသင်းနည်းပြက ဒီ Jamaica ခံစစ်မှူးဟာ နိုင်ငံအသင်းနဲ့ အလုပ်ပြီးမှ ပြန်လာမယ်လို့တော့ ကြိုပြောထားခဲ့ဖူးပါတယ် လီဗာပူးလ်ကို ၁-၄ နဲ့ ရှုံးသွားတဲ့ပွဲက ကစားသမားအဖွဲ့အစုတွေကိုပဲ ဆက်ပြီး ကိုင်တွယ်သွားမယ်ထင်တယ် ၅-၃-၂ စနစ်နဲ့ ခံစစ်နေရာမှာ Ben Mee, Christopher Ayer, Nathan Collins တို့ကိုပဲ အဓိကတာဝန်ပေးပြီး Christian Norgaard က Matthias Jensen, Vitaly Janelt တို့နဲ့အတူ ကွင်းအလယ်ပိုင်းကနေ ကစားပွဲဖန်တီးခဲ့ကြလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းနေရာ ဂိုးဖန်တီးရှင်ဖြစ်တဲ့ Ivan Toney က Neil Maupay နဲ့မတူ ဂိုးသွင်းဖို့ တာဝန်ယားထားလိမ့်မယ်။

11 Players

Manchester City (4-2-3-1) : Ederson; Lewis, Dias, Stones, Ake; Rodri, Nunes; Silva, De Bruyne, Foden; Haaland

Brentford (3-5-2) : Flekken; Ajer, Collins, Mee; Lewis-Potter, Janelt, Jensen, Norgaard, Reguilon; Toney, Wissa

 

Missing Players

Manchester City – Jack Grealish (Groin Injury), Josko Gvardiol (Ankle Injury ) 

Brentford – Rico Henry (Knee Injury), Josh Dasilva (Gorin Injury),Byan Mbeumo (Ankle Injury),Kevin Schade (Hip Injury), Aaron Hickey (Hamstring Injury)

Facebook

အခုအချိန်မှာ နှစ်သင်းစလုံးပဲ အခြေနေအရမ်းကောင်းနေကြပါတယ် လိဂ်ပွဲစဉ်တုန်းကလည်း အနိုင်ရလာတာချင်းတူတယ် နောက်ပြီး ချန်ပီယံလိဂ်ပွဲတွေမှာ အတွေ့အကြုံ ရှိနေတာချင်းတူတယ် အင်တာနဲ့ အက်သလက်တီကိုအသင်းတွေက ခံစစ်အားကောင်းတဲ့အသင်းတွေဖြစ်တယ် အဲ့ဒီတော့ မိနစ် ၉၀ လုံးလုံး စိတ်တိုင်းမကျပဲ 16သင်းအဆင့် ချန်ပီယံလိဒ်ပွဲစဥ်များ  ဖြစ်သွားနိုင်တယ် ပြီးတော့ ၁ ဂိုးဦးနိုင်ရုံနဲ့ ပွဲသိမ်းလို့ရတယ် နှစ်သင်းစလုံးရဲ့ အင်အားပိုင်း ယှဉ်ကြည့်ရင် ကိုယ့်ဟာနဲ့ကိုယ် ပါရမီရှင်ရှိနေကြတယ် ဒီပွဲ အချင်းချင်းရဲ့တိုက်စစ်ပိုင်းမှာပဲ ယှဉ်ပြိုင်ခဲ့ရလိမ့်မယ် ဒါပေမယ့်လည်း ယုံကြည်မှုရှိပြီး ကိုယ့်အိမ်ကွင်းနဲ့ပါ ကစားရမယ့်အင်တာအသင်းက နည်းနည်းပိုသာပါတယ် အနိုင်ရရှိမယ့်အသင်းကိုပြောရမယ်ဆိုရင် အင်တာဖြစ်ဖို့ ပိုများပါတယ်။

Inter Milan : အိမ်ရှင်အင်တာအသင်းဟာ အီတလီစီးရီးအေနဲ့ ယူဖာချန်ပီယံလိဂ်ပွဲတွေမှာ ခြေစွမ်းကောင်းကောင်းပြီးပြီး အနိုင်ပွဲတွေ တောက်လျှောက်ရရှိလာနေပါတယ် သူတို့က D ဂရုရဲ့ အဆင့် ၂ ဖြစ်ပြီး ဒီအဆင့်ကို ရောက်ရှိလာတယ် ဂရုအဆင့်ပွဲတုန်းက ၃ ပွဲနိုင် ၃ ပွဲသရေ ဖြစ်ပါတယ် အင်တာအသင်းရဲ့ အဆင်သင့်ပြင်ဆင်မှုကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Juan Cuadrado ကို အသုံးချလို့မရသေးပါဘူး ဒါပေမယ့် သတင်းကောင်းတစ်ခုက Francesco Azerbi ဟာ ဒီပွဲ ပြန်လည်ဆင်းကစားဖို့ အဆင်သင့်ပြန်ဖြစ်သွားပါပြီ ဒါပေမယ့်လည်း အခြေနေအရင််စောင့်ကြည့်မယ်ထင်ပါတယ် ဒီပွဲ အသင်းနည်းပြက ခံစစ်ပိုင်းနေရာမှာ Bong Jamine Pavard, Stefan de Vrij နဲ့ Alessandro Bastoni တို့ကိုပဲ အသုံးချမှာဖြစ်ပြီး Denzel Dumfries နဲ့ Carlos Augusto တို့ကိုကျတော့ စည်းဘေးနှစ်ဖက်မှာ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်ပိုင်းနေရာကျတော့ Nicolo Barella, Hakan Chalhanolu နဲ့ Henrikh Mkhitaryan တို့ကိုပဲ တာဝန်ပေးပြီး တိုက်စစ်ပိုင်းနေရာမှာ Lautaro Martinez နဲ့ Marcus Thuram တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Atletico Madrid : အက်သလက်တီကိုအသင်းကျတော့ ဒီ နောက်ဆုံး ၁၆ သင်းအဆင့်ကို E ဂရုရဲ့ အဆင့် ၁ နဲ့ ရောက်ရှိလာပါတယ် လိဂ်ပွဲတွေမှာလည်း အခြေနေအရမ်းကောင်းတယ် နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် Las Palmas ကို ၅-၀ နဲ့ အနိုင်ကောက်ရလာတယ် အဲ့ဒီလိုနဲ့ပဲ လာလီဂါအတွင်း အဆင့် ၄ မှာရပ်တည်ပြီး လက်ထဲ ၅၁ မှတ် ကိုင်ဆောင်ထားပါတယ် အသင်းရဲ့ အဆင်သင့်ပြင်ဆင်မှုကတော့ ဒီပွဲ Lemar, Cesar Azpilicueta, Gabriel Paulista တို့ကို အသုံးချလို့မရသေးပါဘူး Alvaro Morata နဲ့တစ်ယောက်မှာလည်း ဒီပွဲ မပါနိုင်သေးပါဘူး ဒါပေမယ့် ကံကောင်းတာ Alvaro Morata ရဲ့ဒဏ်ရာက အဲ့လောက်ထိ စိုးရိမ်စရာမလိုဘူး ၃-၄ ပတ်လောက်ပဲ အနားယူခဲ့ရလိမ့်မယ် ဒီပြွ အသင်းနည်းပြက သူ့အသင်းရဲ့ ခံစစ်ပိုင်းနေရာမှာ Mario Hermoso, Axel Witsel နဲ့ Jose Jimenez တို့ကို တာဝန်ပေးထားမှာဖြစ်ပြီး Nahuel Molina နဲ့ Samuel Lino တို့ကိုကျတော့ စည်းဘေးကနေ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်ပိုင်းနေရာကျတော့ Koke, Pablo Barrios နဲ့ Rodrigo de Paul တို့ကိုပဲ တာဝန်ပေးထားပြီး တိုက်စစ်ပိုင်းနေရာမှာ Antoine Griezmann နဲ့ Memphis de Pai တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။ 

11 Players

Inter Milan (3-5-2) : Sommer; Pavard, Acerbi, Bastoni; Darmian, Barella, Calhanoglu, Mkhitaryan, Dimarco; Thuram, Martinez

 

Atletico Madrid (3-5-2) : Oblak; Savic, Witsel, Hermoso; Llorente, Barrios, De Paul, Koke, Lino; Griezmann, Depay

 

Missing Players

Inter Milan – Francesco Acerbi (Calf injury), Juan Cuadrado (Achilles tendon surgery)

Atletico Madrid –  Thomas Lemar (Achilles tendon rupture), Álvaro Morata (Inner ligament stretch of the knee), César Azpilicueta (Meniscus tear), Marcos Paulo (Cruciate ligament surgery)

Facebook

ဒီပွဲ တော်တော်လေးရုန်းကန်ခဲ့ရလိမ့်မယ် ဘာလို့လဲဆိုတော့ နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်က ကောင်းတာချင်းတူနေလို့ပါ အိမ်ရှင်အသင်းက အိမ်ကွင်းနဲ့ တောင့်တင်းမှုရှိတယ် ဧည့်သည်အသင်းကျတော့ ၂၀၂၄ ခုနှစ် စတင်လာကတည်းက တစ်ပွဲမှမရှုံးသေးပါဘူး ဒေါ့မွန်အသင်းရဲ့ ကစားသမားတွေ 16သင်းအဆင့် ချန်ပီယံလိဒ်ပွဲစဥ်များ အရည်အသွေးပိုကောင်းပြီး ဥရောပဇာတ်ခုံထဲက အတွေ့အကြုံပိုများပေမယ့် PSV အသင်းက အိမ်ကွင်းနဲ့ အမြဲကောင်းအောင် စွမ်းဆောင်နိုင်ပါတယ် နှစ်သင်းစလုံးရဲ့ အစစအရာရာ ကစားသမားအသီးသီး ပြီးတော့ စွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင် မနိုင်မရှုံးလေးဖြစ်ပါတယ် PSV ဘက်က အိမ်ကွင်းနဲ့ အကျောပိုရပါတယ် ဒေါ့မွန်မှာလည်း အခုနောက်ပိုင်း အခြေနေအရမ်းကောင်းနေတော့ တအားကြီးနစ်နာမနေပါဘူး ဒီပွဲ မိနစ် ၉၀ လုံးလုံး ရင်ခုန်နေရလိမ့်မယ် သရေကျရုံနဲ့ ပြီးဖို့ အရမ်းများပါတယ်။

PSV Eindhove : ဒတ်ချ်လိဂ်မှ နာမည်ကြီးသော အိမ်ရှင်အသင်းဟာ လောလောဆယ် နယ်သာလန်လိဂ်ရဲ့အဆင့် ၁ နေရာမှာရပ်တည်ပြီး ချန်ပီယံဖြစ်မယ့်အနေအထား အရမ်းများနေပါတယ် သူတို့ရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ၂-၀ နဲ့ အနိုင်ကောက်ရလာတယ် ဒီပွဲမှာတော့ သူတို့မှာ ဒဏ်ရာရထားတဲ့ ကွင်းလယ်ကြည်ပွင့် Gus Till ကို အသုံးပြုလို့မရသေးပါဘူး သတင်းကောင်းက အဓိကခံစစ်မှူးဖြစ်တဲ့ Armel Bella-Kotsup ဟာ ဒီပွဲ ပြန်ဆင်းနိုင်ပြီ ကျန်တဲ့ကစားသမားတွေကလည်း အပြည့်အစုံ ရှိနေပါတယ် ဒီပွဲ အသင်းနည်းပြက သူ့ရဲ့တိုက်စစ်ပိုင်းနေရာမှာ Johan Bakayoko, Luc de Jong နဲ့ Irving Lozano တို့ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်နေရာကျတော့ Ismael Sybari နဲ့ Birdie Skauten တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် ခံစစ်ပိုင်းနေရာမှာ Andre Ramalho နဲ့ Serginho Dest တို့ကိုပဲ အဓိကနေရာမှာ တာဝန်ပေးထားလိမ့်မယ်။

 

Dortmund : ဂျာမနီဘွန်ဒက်လီဂါမှ ဒေါ့မွန်အသင်းကျတော့ ၂၀၂၄ ခုနှစ် စစဝင်လာကတည်းက ခြေစွမ်းတွေ တောက်လျှောက်ပြပြီး တစ်ပွဲမှမရှုံးသေးပါဘူး သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၄ ပွဲနိုင် ၁ ပွဲသရေဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက Wolfsburg ကို ၁-၁ သရေကျလာပါတယ် ဒီပွဲ ဒေါ့မွန်အသင်းမှာ Rami Bensebaini, Karim Adeyemi နဲ့ Felix Nmecha တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် Sebastian Allaire နဲ့တစ်ယောက်ကျတော့ အခုမှ နိုင်ငံအသင်းနဲ့ ကစားထားပြီးဒဏ်ရာရထားလို့ မပါနိုင်လောက်သေးပါဘူး ဒီပွဲ အသင်းနည်းပြက သူ့အသင်းအတွက် Striker နေရာမှာ Niklas Fullcrook ကိုပဲ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Donyell Marlen, Julian Brand, Jadon Sancho တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် Marcel Sabitzer ကိုရောပဲ ကိုင်တွယ်သွားမယ်ထင်တယ် ပြီးရင် ခံစစ်နေရာ Niklas Sule နဲ့ Nico Schlotterbeck တို့ကိုပဲ အဓိကတာဝန် ပေးထားလိမ့်မယ်။

11 Players

PSV Eindhove (4-3-3) : Benitez; Teze, Boscagli, Ramalho, Dest; Saibari, Schouten, Veerman; Bakayoko, De Jong, Lozano

 

Dortmund (4-2-3-1) : Kobel; Ryerson, Sule, Schlotterbeck, Maatsen; Can, Sabitzer; Brandt, Reus, Sancho; Fullkrug

Missing Players

PSV Eindhove – Noa Lang (Hamstring injury), Richard Ledezma (Fitness)

Dortmund – Salih Özcan (Fever), Julien Duranville (Fitness), Felix Nmecha (Hip problems), Sébastien Haller (Ankle injury), Karim Adeyemi (muscular problems)

Facebook