ဥရောပအသင်းကြီးများ

မန်စီးတီး Vs ခရစ်စတယ်ပဲလေစ့် [16 Dec 23 - 21:30 hrs]

ဥရောပအသင်းကြီးများ အိမ်ရှင်မန်စီးတီး အမှားတွေ ဆက်တိုက်လုပ်မိပြီးနောက် အခြေနေပြန်ကောင်းသွားပါပြီ နောက်ဆုံးတစ်ပွဲတုန်းက လူတန်တောင်းကို ၂-၁ နဲ့ အနိုင်ရရှိလာတဲ့အတွက် ယုံကြည်မှု ပြန်ရလာလောက်ကြပါပြီ ခရစ်စတယ်ပဲလေစ့်အသင်းကျတော့ ခြေစွမ်းတွေဆိုးရွားနေတုန်းဖြစ်ပါတယ် လိဂ်ပွဲစဉ် နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲသရေလေးနဲ့ ၄ ပွဲအရှုံးဖြစ်ပါတယ် အခြေနေပြန်ကောင်းအောင် နည်းလမ်းရှာဖွေရမယ် နှစ်သင်းစလုံးရဲ့ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ ၆၉ ပွဲစံချိန်ထဲမှာ မန်စီးတီးဘက်က ၃၇ ပွဲနိုင်ပြီး ၁၅ ပွဲ သရေကျသွားခဲ့ဖူးပါတယ် ခရစ်စတယ်ပဲလေစ့်အသင်းကျတော့ ၁၇ ပွဲ အနိုင်ရသွားခဲ့ဖူးပါတယ် မနှစ်တုန်းက ၅ ပွဲရင်ဆိုင်ခဲ့ကြပြီး မန်စီးတီးဘက်က ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံး လုပ်သွားနိုင်ခဲ့ပါတယ် နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင် မန်စီးတီးဘက်က ပိုသာမှန်း ကောင်းကောင်းမြင်ခဲ့ရပါတယ် အိမ်ကွင်းနဲ့လေးနဲ့ ခရစ်စတယ်ပဲလေစ့်ကို အနိုင်ရသွားလောက်ပါတယ်။

Manchester City : မန်စီးတီးအသင်း အခုနောက်ပိုင်း အမှားတွေမကင်းပေမယ့် နောက်ဆုံး ယူဖာချန်ပီယံလိဂ်ပွဲစဉ်မှာတော့ FK Cervena Zvezda အသင်းကို ၃-၂ နဲ့ အနိုင်ရရှိလာပါတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းကလည်း လူတန်တောင်းကို ၂-၁ နဲ့ နိုင်လာခဲ့တယ် သူတို့စွမ်းဆောင်ရည်က စပြီးပြန်ကောင်းလာတာတွေ့ရတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် ဒီလိုအခြေနေမျိုးနဲ့ဆိုရင် ချန်ပီယံလမ်းခရီးပေါ် ပြန်ရောက်အောင် ဒီပွဲ ၃ မှတ်ရအောင် ကြိုးစားလိမ့်မယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ဒီဘရိုင်းကို အသုံးပြုလို့မရသေးပါဘူး ကြားထဲမှာ ဟာလန်းနဲ့ Jeremy Doku တို့ရဲ့ အခြေနေကိုလည်း စစ်ဆေးဖို့လိုသေးတယ် နေမကောင်းဖြစ်နေတဲ့ Ederson ကလည်း ဒီပွဲ ပါနိုင်မလား မသေချာသေးပါဘူး ကျန်တာတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ပက်က ဒီပွဲ ခံစစ်ပိုင်းနေရာ Kyle Walker, Ruben Dias, Nathan Ake နဲ့ Yosco Guardiol တို့ကိုပဲ တာဝန်ပေးထားပြီး Rodri နဲ့ Mateo Kovacic တို့နှစ်ယောက်ကို ကွင်းလယ်နေရာ အတူထိန်းချုပ်ဖို့ တာဝန်ပေးထားလိမ့်မယ် Bernardo Silva, Phil Foden နဲ့ Jack Grealish တို့ကိုကျတော့ တိုက်စစ်ပိုင်းကနေ ကစားပွဲဖန်တီးဖို့ တာဝန်ပေးပြီး Striker နေရာကျတော့ Julian Alvarez ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

 

Crystals Palace : ခရစ်စတယ်ပဲလေစ့်အသင်းကျတော့ ခြေစွမ်းတွေမထင်မှတ်ပဲ ထိုးကျနေပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး တစ်ပွဲမှမနိုင်ခဲ့ပါဘူး နောက်ဆုံးတစ်ပွဲတုန်းက လီဗာပူးလ်ကို ၂-၁ နဲ့ ရှုံးနိမ့်လာပါတယ် အဲ့ဒီတော့ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၁ ပွဲသရေနဲ့ ၄ ပွဲအရှုံး ဖြစ်ပါတယ် စွမ်းဆောင်ရည်နဲ့ပတ်သက်တာ အရမ်းဆိုးရွားပါတယ် ဒီပွဲ ကောင်းကောင်းလေးမစီစဉ်ထားရင်တော့ ၃ မှတ်ထပ်ရှုံးဖို့ရှိလိမ့်မယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးပဲရှိပါတယ် ဒဏ်ရာသက်သာပြီး ဆင်းကစားဖို့အဆင်သင့်ဖြစ်တဲ့ကစားသမားတွေလည်း တော်တော်များများရှိနေပါတယ် ဥပမာ Jefferson Lerma နဲ့ Tyrik Mitchell တို့နှစ်ယောက်က ဒီပွဲ ဆင်းနိုင်တယ် Jordan Ayew နဲ့တစ်ယောက်ကျတော့ ဘန်းခံထိထားလို့ မပါနိုင်သေးပါဘူး အသင်းနည်းပြက ခံစစ်ပိုင်းနေရာ Joel Ward, Nathaniel Clyne, Marc Guehi နဲ့ Joachim Anders တို့ကိုပဲ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Chris Richards, Naouiru Ahamada နဲ့ Will Hughes တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် အရှေ့ဆုံး တိုက်စစ်မှူး ၃ ယောက်ကကျတော့ Michael Olise, Jeffrey Schlupp နဲ့ Jean-Philippe Mateta တို့ ၃ ယောက်ကိုပဲ အားကိုးခဲ့ကြလိမ့်မယ်။

11 Players

Manchester City (4-3-3) : Ederson; Walker, Stones, Dias, Ake; Kovacic, Rodri; Foden, Bernardo, Grealish; Alvarez

Crystals Palace (4-2-3-1) :  Matthews; Ward, Guehi, Andersen, Clyne; Richards, Ahamada, Hughes; Olise, Mateta, Schlupp

Missing Players

Manchester City – Kevin De Bruyne (Partial muscle tear), Zack Steffen (Knee surgery),E.Haaland (foot Injury), Jeremy Doku (Leg Injury)

Crystals Palace – Jesurun Rak-Sakyi (Hamstring injury), Dean Henderson (Torn thigh muscle), Cheick Doucouré (Achilles tendon rupture),Rob Holding (Ankle Injury), E.Eze (Ankle Injury), Jesuran Rak-Sakyi (Hamstring Injury), Tyrick Mitchell (Strain Injury)

Facebook

ဒီရာသီအတွင်း အခြေနေဆိုးတာချင်းတူတဲ့ အသင်းနှစ်သင်းရဲ့ပြိုင်ပွဲဖြစ်ပါတယ် ချယ်လ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်က အရမ်းပဲ ကြောင်ပျောက်နေတယ် ပြန်ကောင်းဖို့အခြေနေလည်း မနီးစပ်သေးပါဘူး အမှတ်ပေးဇယား အောက်ပိုင်းအဆင့်ထဲ ပါဝင်သွားပါပြီ ဥရောပအသင်းကြီးများ  ရှက်ဖီးလ်အသင်းမှာလည်း အတူတူပါပဲ ဒါပေမယ့် သူတို့က နည်းပြပြောင်းလဲရဲတယ် အသင်းပိုင်ရှင်က Chris Wilder ကို အသင်းမန်နေဂျာနေရာ ခန့်အပ်လိုက်တယ် သူ့အရည်အချင်းက မဆိုးပါဘူး ပထမလီဗာပူးလ်ကိုရှုံးပြီး နောက်တစ်ပွဲ ဘရန်ဖိုတ့်ကိုပြန်နိုင်သွားတယ် ဒီပွဲမှာတော့ ချယ်လ်ဆီးဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမှာသေချာတယ် ဧည့်သည်အသင်းကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်းဖို့ ထိန်းကစားခဲ့ကြလိမ့်မယ် ရှက်ဖီးလ်အသင်း ဘောလုံးပရိသတ်တွေ သိထားသလို ချယ်လ်ဆီးအသင်းက ပြင်းထန်စွာခံစစ်ပိတ်ကစားတတ်တဲ့အသင်းနဲ့ ရင်ဆိုင်ခဲ့ရရင် ပြန်မဖြေနိုင်ဘူးဆိုတာ သိထားလောက်တယ် ချယ်လ်ဆီးအသင်းက မထိုးနိုင်သာမက တန်ပြန်တိုက်စစ် ဆင်ခံထိတဲ့အခါမှာလည်း ဂိုးတန်းပေးရတတ်တယ် အဲ့လိုမျိုးနဲ့ရှုံးလာတာ မနည်းတော့ပါဘူး အဲ့ထက်ကောင်းတာ ဧည့်သည်အသင်းဟာ အခုမှ နည်းပြပြောင်းလဲခါစဖြစ်တဲ့အတွက် တော်တော်လေး တက်ကြွနေကြလောက်တယ် ဘရန်ဖိုတ့်ကို နိုင်ထားတော့ ယုံကြည်မှုအပြည့်ပါ ရှိနေကြလောက်တယ် အဲ့ဒီလိုနဲ့ ချယ်လ်ဆီးအတွက် တော်တော်ခက်လိမ့်မယ် ပိုချက်တီနိုက ဘယ်လောက်ထိ အစွမ်းပြနိုင်မလဲဆိုတာ စောင့်ကြည့်ရလိမ့်မယ် အခုတလော ဖြစ်နေကြတဲ့အတိုင်း ဆက်ဖြစ်သွားချင်လည်း ဖြစ်သွားနိုင်တယ်။

Chelsea : အိမ်ရှင်ချယ်လ်ဆီးအသင်း အခြေနေတော်တော်ဆိုးပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲလေးပဲ အနိုင်ရရှိခဲ့တယ် ၃ ပွဲတောင် ရှုံးနိမ့်သွားပါတယ် နောက်ဆုံး ၂ ပွဲတုန်းကဆိုရင် ၂ ပွဲလုံးရှုံးထားတယ် တစ်ပွဲက မန်စီးတီးကို ၂-၁ နဲ့ရှုံးပြီး နောက်တစ်ပွဲ အဲဗာတန်ကို ၂-၀ နဲ့ရှုံးခဲ့တယ် ဒီရာသီ ၁၆ ပွဲကစားပြီး ၁၉ မှတ်လေးနဲ့ အဆင့် ၁၂ မှာရပ်တည်နေပါတယ် နောက်ဆုံး ၆ ပွဲကစားပြီး ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲအရှုံးဖြစ်ပါတယ် ၁၃ ဂိုးသွင်းနိုင်ပြီး ၁၅ ဂိုး ပြန်သွင်းခံထိခဲ့ပါတယ် အိမ်ကွင်းသီးသန့် ၅ ပွဲတုန်းကကျတော့ ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲအရှုံး ဖြစ်ပါတယ် ၁၁ ဂိုးသွင်းနိုင်ပြီး ၁၀ ဂိုး ပြန်သွင်းခံထိခဲ့ပါတယ် ချယ်လ်ဆီးအသင်း ဒီပွဲ Wesley Fofana, Ben Chilwell, Trevoh Chalobah, Malo Gusto, Lesley Ugochukwu, Reiss James နဲ့ Carney Chukwuemeka တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် Romeo Lavia နဲ့ Christoph Nkunku တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ်။

 

Sheffield united : ရှက်ဖီးလ်အသင်းကျတော့ Chris Wilder ဆိုတဲ့ နည်းပြလက်ထဲရောက်လာတော့ ပထမ ၂ ပွဲကစားပြီး ၁ ပွဲနိုင် ၁ ပွဲရှုံး လုပ်နိုင်ခဲ့ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ဘရန်ဖိုတ့်ကို ၁-၀ နဲ့ အနိုင်ကောက်ရလာတယ် ဒါပေမယ့်လည်း အမှတ်ပေးဇယား အောက်ဆုံးအဆင့်မှာပဲ ရပ်တည်နေတယ် လုံခြုံတဲ့ဇုန်ရဲ့အနောက်ကနေ ၅ မှတ် လိုက်နေပါတယ် ရှက်ဖီးလ်အသင်းဟာ နောက်ဆုံး ၆ ပွဲကစားပြီး ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲအရှုံးဖြစ်ပါတယ် ၅ ဂိုးသွင်းနိုင်ပြီး ၁၂ ဂိုးတောင်ပြန်သွင်းခံထိခဲ့ပါတယ် အဝေးကွင်းသီးသန့် နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲသရေနဲ့ ၄ ပွဲအရှုံးဖြစ်ပါတယ် တစ်ပွဲမှမနိုင်သေးပါဘူး ၂ ဂိုးတည်းသွင်းနိုင်ပြီး ၁၆ ဂိုးတောင် ပြန်သွင်းခံထိခဲ့ပါတယ် Chris Wilder အသင်းက ဒီပွဲ Chris Bascham, Ryan Brewster, Tom Davies, John Egan နဲ့ Norrington Davis တို့ မရှိသေးပါဘူး အားလုံးဒဏ်ရာရထားကြလို့ အနားယူနေရပါတယ် ဒဏ်ရာရထားတဲ့ George Baldock ကလည်း ဒီပွဲ ပါနိုင်မလား မသေချာသေးပါဘူး။

11 Players

Chelsea (4-2-3-1) : Petrovic; Disasi, Silva, Badiashile, Colwill; Fernandez, Caicedo; Sterling, Gallagher, Palmer; Jackson

Sheffield united (4-1-4-1) : Foderingham; Bogle, Ahmedhodzic, Trusty, Lowe; McAtee, Norwood, Souza, Hamer, Archer; McBurnie

Missing Players

Chelsea – Christopher Nkunku (Fitness), Carney Chukwuemeka (Knee injury), Wesley Fofana (Cruciate ligament tear), Trevoh Chalobah (Thigh problems), Ben Chilwell (Hamstring injury), Roméo Lavia (Fitness), Reece James (Hamstring injury)

Sheffield united – Chris Basham (Leg injury), John Egan (Foot injury), Tom Davies (unknown injury),Jack Robinson (Disciplinary Points), Rhian Brewster (Hamstring Injury), I. Coulbaly,R. Norrington-Davies (Hamstring Injury), Danie Jebbison (Groin injury)

Facebook