အိမ်ကွင်းဘောလုံးပွဲ

အိမ်ကွင်းဘောလုံးပွဲ လူတန်တောင်း vs အာဆင်နယ် [5 Dec 23 - 02:45 hrs]

အိမ်ကွင်းဘောလုံးပွဲ  လူတန်တောင်းအသင်း နောက်ဆုံး ၅ ပွဲကစားပြီ ၃ ပွဲတောင် ရှုံးနိမ့်ခဲ့ပါတယ် နောက်ဆုံး ၈ ပွဲအထိပြန်ကြည့်ရင် ၅ ပွဲတောင်ရှုံးထားတယ် ဒါပေမယ့်လည်း သူတို့အိမ်ကွင်း လာရောက်ကစားခဲ့တဲ့အသင်းတိုင်း သူတို့ဆီက ၃ မှတ်ရပြီး လွယ်လွယ်လေးပြန်သွားရတာမျိုးတော့ မဟုတ်သေးပါဘူး ရာသီစတင်လာကတည်းက ဂိုးအပြတ်နဲ့တောင် မရှုံးသေးပါဘူး တိုက်စစ်ပိုင်း အရမ်းကြမ်းတဲ့စပါးအသင်းတောင် မနည်းရုန်းပြီး အနိုင်ကောက်ရသွားတယ် နောက်ဆုံး ၂ ပွဲတုန်းကလည်း ၄ မှတ်တောင် ကောက်သိမ်းသွားနိုင်တယ် အဲ့ဒီမှာ လီဗာပူးလ်နဲ့တောင်သရေကျသွားခဲ့ဖူးတယ် အာဆင်နယ်အသင်းကျတော့ ပွဲစုံ ၅ ပွဲဆက်တိုက် အနိုင်ရရှိထားတယ် ဒါပေမယ့် အခုနောက်ပိုင်း လိဂ်ပွဲစဉ်အဝေးကွင်းနဲ့ပွဲတွေမှာ ခြေစွမ်းကျဆင်းတာမြင်ခဲ့ရတယ် နောက်ဆုံး ၃ ပွဲတုန်းကဆိုရင် ၁ ပွဲလေးပဲ အနိုင်ရခဲ့တယ် မနည်းရုန်းကန်ပြီး ဝုဗ်ကိုကပ်နိုင်လာတယ် ဒီနှစ်သင်း အရင်တုန်းက လိဂ်အဆင့်ချင်းမတူတော့ တွေ့ဆုံမှုသိပ်မရှိပါဘူး ဒီပွဲ လူတန်တောင်းဘက်က အိမ်ကွင်းနဲ့ အကျောရထားပေမယ့် ကျန်တဲ့စံချိန်တွေကျတော့ အာဆင်နယ်ကိုမမှီသေးပါဘူး စွမ်းဆောင်ရည်ကစ ကစားသမားအရည်အချင်းတွေရောပါပဲ ပြီးတော့ ကစားနည်းပေါ် နားလည်မှုတွေနဲ့ အသင်းအပေါ်နားလည်မှုတွေလည်း အာဆင်နယ်ကို လုံးဝမမှီသေးပါဘူး အာဆင်နယ်အသင်းက ဒီပွဲမှာ ပွဲစစချင်းကတည်းက တိုက်စစ်ဆင်ပြီး အပီဝင်လုံးလိမ့်မယ် ဂိုးမြန်မြန်ရအောင်ကြိုးစားကြမယ် အိမ်ရှင်အသင်းကို ခံစစ်ပိတ်ပြီးကစားဖို့ ဖိအားပေးလိမ့်မယ် လူတန်တို့ရဲ့တိုက်စစ်ပိုင်းက ထူးခြားမှုမရှိတော့ တန်ပြန်တိုက်စစ်ဆင်တဲ့အခါ အားနည်းလိမ့်မယ် အာဆင်နယ်နဲ့တစ်ခြားစီပါ။

Luton town : အိမ်ရှင်လူတန်တောင်းအသင်း နောက်ဆုံးတစ်ပွဲကမှ ဘရန်ဖိုတ့်ကို ၃-၁ ရှုံးနိမ့်လာပါတယ် အဲ့ပွဲ ဘယ်လိုမှမတိုင်ခိုက်နိုင်ခဲ့ပါဘူး မိနစ် ၉၀ လုံးလုံးမှာ ဂိုးသွင်းခွင့် ၁ ကြိမ်ပဲဖန်တီးနိုင်တယ် ကျန်တာ ခံစစ်ပိတ်ဖို့နဲ့ပဲ ရှုပ်နေတယ် သူတို့ရဲ့ ခံစစ်ပိုင်းက သိပ်အဆင်မပြေပါဘူး ဒီရာသီ ၁၆ ပွဲကစားပြီး ၂၉ ဂိုးတောင်သွင်းခံထိခဲ့တယ် Clean sheet တစ်ပွဲမှမရှိခဲ့ပါဘူး တိုက်စစ်ပိုင်းလည်း သွင်းဂိုးအနည်းဆုံးနံပါတ် ၂ ဖြစ်နေတယ် ကစားသမားတွေရဲ့အရည်သွေးက နိမ့်တဲ့အတွက် ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ရတတ်ပါတယ် အခုတလော အဆင့်ဇယားထဲမှာ အောက်ပိုင်းတွင်ရောက်ရှိနေတယ် အတန်းဆင်းမယ့်ထဲပါဖို့အခြေနေရှိနေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ အဓိကဖြစ်တဲ့ ခံစစ်မှူး Tom Lockyer နဲ့ Theden Mengyi တို့ကို ဒဏ်ရာကြောင့် အသုံးပြုလို့မရသေးပါဘူး  Albert Loganga, Daniel Potts, Mads Andersen နဲ့ Reece Burke တို့လည်း အခုထိ ဒဏ်ရာမသက်သာကြသေးပါဘူး အဲ့ဒီတော့ ရွေးချယ်ဖို့ကစားသမားတွေ အရမ်းပဲနည်းနေတယ် Albert Sambi Lokonga နဲ့တစ်ယောက်ကျတော့ မူရင်းအသင်းနဲ့ တွေ့ရမှာဆိုတော့ စည်းမျဉ်းအတိုင်း ဆင်းခွင့်မရပါဘူး ဒီပွဲ သူတို့ရဲ့ခံစစ်ပိုင်းနေရာ Amari Bell နဲ့ Gabriel Ocho တို့နှစ်ယောက် တွဲပြီး အဓိကဖြစ်လိမ့်မယ် Tahit Chong နဲ့ Andros Townsend တို့ကျတော့ တိုက်စစ်ပိုင်းနေရာ တာဝန်ယူမယ် နောက်ဆုံး Striker နေရာ Carlton Morris ပဲ တာဝန်ယူထားလိမ့်မယ်။

 

Arsenal : အာဆင်နယ်အသင်းကျတော့ အခုထိ အဆင့် ၁ နေရာ ကောင်းကောင်းလေးစောင့်ရှောက်နိုင်တယ် နောက်ဆုံးတစ်ပွဲတုန်းက ဝုဗ်ဗာဟန်တန်ကို ၂-၁ နဲ့ နိုင်လာတယ် နှစ်ဂိုးလုံး စောစောစီးစီးသွင်းနိုင်တယ် ပွဲပြီးခါနီးမှ ၁ ဂိုးပြန်သွင်းခံထိသွားတာဖြစ်ပါတယ် အဲ့တာနဲ့ မနည်းရင်ခုန်ခဲ့ရပါတယ် အခုတလော အာတီတာအသင်းရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၃ ပွဲဆက်တိုက် အနိုင်ရရှိထားတယ် တစ်ပွဲလေးပဲရှုံးနိမ့်ခဲ့တယ် ကစားသမားအသီးသီး ယုံကြည်မှုအပြည့် ရှိနေကြတယ် ကစားနည်းတွေကလည်း အရမ်းအဆင်ပြေတယ် တိုက်စစ်ပိုင်းတွေ သွက်လက်မှုရှိတယ် သူတို့ရဲ့အားသာချက်ကတော့ ကစားသမားတိုင်းပဲ ဂိုးသွင်းနိုင်စွမ်းရှိတယ် အဲ့တာကြောင့် ပြိုင်ဘက်က ဘယ်သူ့ကို အရင်ဖမ်းချုပ်ရမှန်းမသိဖြစ်သွားတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဂျပန်လက်ရွေးစဉ်ကစားသမား Takehiro Tomiyasu က အခြေနေစစ်ဆေးဖို့လိုသေးတယ် ဝုဗ်နဲ့ပွဲတုန်းက လူစားလဲခံထိသွားသေးတယ် မဆင်းနိုင်ရင်တော့ သူ့နေရာ Ben White နဲ့ အစားထိုးသွားလိမ့်မယ် Jerrian Timber, Thomas Partey, Emile Smith Rowe နဲ့ Fabio Vieira တို့လည်း ဒီပွဲ မပါနိုင်သေးပါဘူး ကျန်တာတော့ အဆင်သင့်ပဲ ဖြစ်နေကြတယ် Bukayo Saka, Gabriel Jesus နဲ့ Gabriel Martinelli တို့ ၃ ယောက် ဦးဆောင်ပြီးရောက်ချလာလိမ့်မယ်။

11 Players

Luton town (4-2-3-1) : Kaminski; Osho, Bell, Giles; Kabore, Mpanzu, Barkley, Chong; Townsend, Brown, Ogbene

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Trossard

Missing Players

Luton town – Daniel Potts (Knock Injury), C.Woodrow (Calf Injury),M.Nakamba (Knee Injury),Reece Burke, A.Loklonga

Arsenal – Fábio Vieira (Red card suspension), Jurrien Timber (Cruciate ligament tear), Emile Smith Rowe (Knee injury), Thomas Partey (Hamstring injury) Fabio Vieira (Red Card)

Facebook