အသင်းကြီး3သင်းရဲ့ဖလားလုပွဲ

လီဗာပူးလ် vs ဘရိုက်တန် [31 Mar 24 - 19:30 hrs]

အသင်းကြီး3သင်းရဲ့ဖလားလုပွဲ ဒီပွဲမှာတော့ စိတ်ဝင်စားဖို့တော်တော်ကောင်းပါတယ် လီဗာပူးလ်အသင်းက အခုမှ FA ဖလားကနေ အပယ်ခံထိလာပါတယ် ဘရိုက်တန်အသင်းရောပဲ ယူရိုပါလိဂ် ၁၆ သင်းကနေ အပယ်ခံထိလာပါတယ် ဒါပေမယ့် လီဗာပူးလ်အသင်းက ရှေ့ရေးလိဂ်ချန်ပီယံဖြစ်ဖို့အတွက် ဒီပွဲ အပီကစားလိမ့်မယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ ၃၉ ပွဲထဲမှာ လီဗာပူးလ်ဘက်က ခြေစွမ်းပိုပြနိုင်ပြီး ပွဲ ၂၀ အနိုင်ရရှိသွားပါတယ် သရေ ၁၂ ပွဲလေးနဲ့ ဘရိုက်တန်ဘက်က ၇ ပွဲ အနိုင်ရသွားခဲ့ဖူးပါတယ် ဒါပေမယ့် အခုနောက်ပိုင်း အချင်းချင်းရင်ဆိုင်တဲ့နေရာမှာ လီဗာပူးလ်ဘကက သိပ်ပြီး မလုပ်နိုင်တော့ပါဘူး နောက်ဆုံး ၈ ပွဲတုန်းကဆိုရင်လည်း ဘရိုက်တန်ကို တစ်ပွဲထဲပဲ အနိုင်ရရှိသွားပါတယ် နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ၂-၂ နဲ့ပဲ သရေကျလာပါတယ် ဒီပွဲမှာတော့ နှစ်ဖက်စလုံး တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် အိမ်ရှင်ဘက်က ဘောလုံးပိုပိုင်နိုင်မယ်ထင်တယ် သူတို့က ဘရိုက်တန်ရဲ့ခံစစ်ပိုင်းကို ဖိအားပေးပြီး အပြန်လှန်တိုက်ခိုက်လို့မရေအောင် ပိတ်ပင်လိမ့်မယ် ဘရိုက်အသင်းရဲ့ ကစားပုံကစားနည်းကို အခုနောက်ပိုင်း အသင်းတွေ တော်တော်များများက ရိပ်မိသွားနေကြပါပြီ အဲ့ထက်ဆိုးတာ သူတို့ရဲ့ ခြေစွမ်းကောင်း Kaoru Mitoma နဲ့ Solly March ကပါ ပျောက်ဆုံးနေတော့ အသင်းနည်းပြရဲ့တာဝန်ယူမှုက ပိုပြီး ခက်သွားလိမ့်မယ် လီဗာပူးလ်ရဲ့ တက်ကြိတ်မှုကို ဘယ်လောက်ထိခံနိုင်မလဲမသိသေးပါဘူး လီဗာပူးလ်အသင်း ဒီပွဲ ပထမဂိုး စောစောသွင်းနိုင်လို့ကတော့ ဘရိုက်တန်ဘက်ကလည်း ငြိမ်ခံမနေတော့ပဲ တည့်တည့်ဝင်လုံးဖို့ ချက်ချင်းစီစဉ်လိမ့်မယ် အဲ့ခါကျရင် ပြိုင်ပွဲအနေအထားက တော်တော်လေး ဆူဆူပူပူဖြစ်သွားလိမ့်မယ် ဒီပွဲမှာတော့ မှားတဲ့အသင်းက ရှုံးသွားလိမ့်မယ် လီဗာပူးလ်အသင်း ဒီပွဲ အနိုင်ပွဲ ပြန်ရလာမယ်လို့ မျှော်လင့်ထားပါတယ်။

Liverpool : အိမ်ရှင်လီဗာပူးလ်အသင်း FA ဖလား နောက်ဆုံးနစ်ပွဲတုန်းက ထာဝရရန်သူဖြစ်တဲ့မန်ယူကို ရှုံးနိမ့်လာပါတယ် ဒါပေမယ့်လည်း စိတ်ဓာတ်ကျမသွားသေးပါဘူး အခုတလော အဆင့်ဇယားတွင် အဆင့် ၂ မှာရပ်တည်နေပြီး လက်ထဲ ၆၄ မှတ် ပိုင်ဆိုင်ထားပါတယ် အာဆင်နယ်အတူတူပဲ ဒါပေမယ့် သွင်းဂိုးစံချိန်ကျ အာဆင်နယ်ထက်ညံ့လို့ပါ မန်စီးတီးအသင်းကျတော့ ၆၃ မှတ်လေး ကိုင်ဆောင်ထားပြီး အဆင့် ၃ မှာရှိနေတယ် ဒီပွဲ လီဗာပူးလ်အတွက် အဆင့် ၁ နေရာ ပြန်ယူဖို့အခွင့်အရေးဖြစ်လိမ့်မယ် ဒီပွဲ အသင်းနည်းပြက ဒဏ်ရာရထားတဲ့ Alisson Becker, Stefan Bijcetic, Joel Matip, Thiago Alcantara, Trent Alexander, Arnold, Diogo, Jota နဲ့ Curtis Jones တို့ကို ကိုင်တွယ်လို့မရသေးပါဘူး အခုမှ နိုင်ငံအသင်းကနေ ထွက်ခွာလာတဲ့ Darwin Nuñez နဲ့ Andy Robertson တို့ကျတော့ အခြေနေစစ်ဆေးဖို့လိုသေးတယ် ကလော့ပ်က ဒီပွဲ ၄-၃-၃ စနစ်စီစဉ်ထားပြီး တိုက်စစ်ပိုင်းနေရာမှာ Mohamed Salah, Darwin Nuñez နဲ့ Luis Diaz တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Brighton  : ဘရိုက်တန်အသင်းကျတော့ ပထမ ၃ ပွဲဆက်တြိက် ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး ၂ ပွဲဆက်တိုက် အနိုင်ပြန်ရသွားပြီဖြစ်ပါတယ် ပထမတစ်ပွဲက အိမ်ကွင်းနဲ့ ရိုးမားအသင်းကို ၁-၀ နဲ့ အနိုင်ရသွားခဲ့ပြီး နောက်တစ်ပွဲ ဖောရက်စ်အပေါ် အနိုင်ကောက်ရလာပါတယ် လတ်တလော လက်ထဲမှာ ၄၂ မှတ် ပိုင်ဆိုင်ထားပြီး အဆင့် ၈ မှာရပ်တည်နေတယ် အတန်းဆင်းမယ့်ဇုန်နဲ့ တော်တော်ဝေးနေသေးတော့ စိတ်အေးရပါတယ် ဒါပေမယ့်လည်း ဥရောပတိုက်ပွဲထဲ ပါဝင်ဖို့ခွဲတမ်းအတွက်လည်း ခက်ပါတယ် ဘာလို့လဲဆိုတော့ အဆင့် ၅ မှာရှိတဲ့ စပါးရဲ့အနောက်ကနေ ၁၁ မှတ်တောင် လိုက်နေရလို့ပါ ဒီပွဲ အသင်းနည်းပြက ဒဏ်ရာရထားတဲ့ Solly March, Kaoru Mitoma, Jack Hinshelwood, Joao Pedro နဲ့ James Milner တို့ကို ကိုင်တွယ်လို့မရေးသေးပါဘူး ဒီပွဲ အသင်းနည်းပြက ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားခိုင်းမှာဖြစ်ပြီး သူ့အသင်းရဲ့ တိုက်စစ်ပိုင်းနေရာမှာ Simon Adengra, Facundo Buonanotte နဲ့ Ansu Fati တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11Players

Liverpool (4-3-3) : Kelleher; Bradley, Konate, Van Dijk, Gomez; Szoboszlai, Endo, Mac Allister; Salah, Nunez, Diaz

 

Brighton (4-2-3-1) : Verbruggen; Lamptey, Van Hecke, Dunk, Estupinan; Gross, Gilmour; Adingra, Lallana, Fati; Welbeck

 

Missing Players

Liverpool – Thiago (Muscle injury), Andrew Robertson (Ankle problems), Stefan Bajcetic (Calf injury), Rhys Williams (unknown injury), Diogo Jota (Knee collateral ligament tear), Trent Alexander-Arnold (Torn lateral knee ligament), Alisson (Hamstring injury), Ben Doak (Meniscus tear), Joel Matip (Cruciate ligament tear)

Brighton – Solly March (Knee injury), Kaoru Mitoma (Back injury)

Facebook

ဒီကြီးမားတဲ့ပြိုင်ပွဲလေးဟာ ရှေ့ရေးချန်ပီယံနေရာအတွက် ဆုံးဖြတ်ပေးမယ့်ပွဲလေးဖြစ်ပါတယ် နှစ်သင်းစလုံးရဲ့ လက်ရှိစွမ်းဆောင်ရည်ကတော့ ရှယ်ကောင်းကြပါတယ် မန်စီးတီးမှာ ၂၂ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး အာဆင်နယ်ကျတော့ ၁၀ ပွဲကစားပြီး ၉ ပွဲနိုင်ထားပါတယ် ဒီပွဲမှာတော့ ကြီးမားတဲ့ချန်ပီယံအဖြစ် လောင်းကြေးနဲ့ဆိုတော့ အသင်းကြီး3သင်းရဲ့ဖလားလုပွဲ အတော်လေးကြည့်ကောင်းလိမ့်မယ် အပြန်အခလှန်ခုခံတိုက်ခိုက်လိမ့်မယ် ပွဲစစလာချင်းကတော့ ပြိုင်ဘက်ရဲ့ အထှာကို အရင်စောင့်ကြည့်မယ် ဒါပေမယ့် အရင်မှားတဲ့ဘက်က ဆုံးရှုံးမှုတန်းပေါ်နိုင်ပါတယ် မန်စီးတီးအသင်းမှာ အိမ်ကွင်းနဲ့ကစားရမှာဆိုပေမယ့် အဓိကကစားသမားအချို့က ဒဏ်ရာရထားတော့ ပါနိုင်မလားမသေချာသေးပါဘူး ဥပမာ ဒီဘရိုင်းနဲ့တစ်ယောက်ဆိုရင် ပါဝင်ကစားဖို့ ၅၀-၅၀ ဖြစ်နေတယ် အာကြီးမှာလည်း အတူတူပါပဲ ဆာကာနဲ့တစ်ယောက်က နိုင်ငံအသင်းနဲ့ ဒဏ်ရာရထားတော့ အခြေနေစစ်ဆေးဖို့လိုနေတယ် ဒီပွဲမှာတော့ အတော်လေး ဆူဆူပူပူဖြစ်လိမ့်မယ် ဘာပဲပြောပြော မန်စီးတီးဘက်က ရှုံးဖို့မရှိပါဘူး အခြေခံအရည်အသွေးချင်းတူနေကြတာဆိုတော့ သရေကျရုံနဲ့ ပြီးဖို့အတော်များပါတယ်။

Manchester City : အိမ်ရှင်မန်စီးတီးအသင်း FA ဖလားပွဲတုန်းက နယူးကာဆယ်အပေါ် ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ၄ သင်းအဆင့် တက်လှမ်းနိုင်ခဲ့ပါပြီ လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းကကျတော့ လီဗာပူးလ်နဲ့ ၁-၁ သရေကျလာပြီး အဆင့် ၃ အထိ ကျဆင်းသွားပါတယ် လက်ထဲ ၆၃ မှတ်လေးနဲ့ ရပ်တည်နေတယ် အာဆင်နယ်အသင်းရဲ့နောက်ကနေ ၁ မှတ်လေးပဲ လိုက်နေပါတော့တယ် ပက်လက်ထဲက မန်စီးတိးအသင်းဟာ စွမ်းဆောင်ရည်အရမ်း တက်ကြွမှုရှိတယ် ၂၂ ပွဲဆက်တိုက် ရှုံးပွဲမရှိပဲ ချန်ပီယံဖြစ်မယ့်အနေအထား အရမ်းများနေတုန်းပါ (၁၉ ပွဲနိုင် ၃ ပွဲသရေ) အရှုံးရသွားတဲ့ပွဲကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ခါနီးအချိန်ကို ပြန်ကြည့်မှမြင်ရပါတယ် အဲ့ပွဲ အက်စတွန်ဗီလာကို ၀-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ် စီးတီးတို့ရဲ့ ဒဏ်ရာရ လူစာရင်းထဲမှာ ၆ ယောက်ရှိပေမယ့် အဓိကဖြစ်တဲ့ Ederson, Kevin De Bruyne, Manuel Akanji နဲ့ Kyle Walker တို့ကျတော့ ဒီပွဲ ပြန်လာကြလောက်ပါပြီ သူတို့အရမ်းလိုချင်တဲ့ ၃ မှတ်ကို ရအောင်လုပ်ယူလိမ့်မယ် ဒီပွဲမှာတော့ ပက်က သူ့အသင်းရဲ့ ခံစစ်ပိုင်းနေရာမှာ Kyle Walker, Ruben Dias, Nathan Ake နဲ့ Manuel Akanji တို့ကိုပဲ အဓိကတာဝန်ပေးပြီး ကွင်းလယ်နေရာမှာကျတော့ Rodri, Bernardo Silva, Phil Foden နဲ့ Jeremy Dogu တို့ကိုပဲ ထိန်းချုပ်ဖို့တာဝန်ပေးထားလိမ့်မယ် အဲ့အပိုင်း ကစားပုံးကစားနည်းပြောင်းလဲဖို့ Mateo Kovacic လည်း အဆင်သင့်ဖြစ်နေပါတယ် ပြီးရင် တိုက်စစ်ပိုင်းနေရာမှာ Julian Alvarez နဲ့ Erling Haaland တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

Arsenal  : အာဆင်နယ်အသင်းကျတော့ အခုမှ ယူဖာချန်ပီယံလိဂ်ပွဲစဉ်မှာ ပေါ်တိုအသင်းကို ပင်နယ်တီဆုံးဖြတ်မှုနဲ့ ၈ သင်းအဆင့်ထဲ တက်လှမ်းနိုင်ပြီဖြစ်ပါတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းကကျတော့ ဘရန့်ဖိုတ့်အသင်းအပေါ် ၂-၁ နဲ့ ကပ်နိုင်ခဲ့ပြီး အဆင့် ၁ နေရာမှာ ရပ်တည်နေတယ် လီဗာပူးလ်နဲ့ မန်စီးတီးတို့ထက် ၁ မှတ်ပိုသာပါတယ် အာတီတာလက်ထဲက အာဆင်နယ်အသင်း အခုနောက်ပိုင်း ခြေစွမ်းတွေမတရားပြနိုင်ပြီး ပြိုင်ဘက်တွေကို ရှုံးနိမ့်မှုပေးအပ်နေပါတယ် အမှတ်တွေ တောက်လျှောက်စုစည်းပြီး အဆင့် ၁ နေရာ တက်လှမ်းနိုင်ပါပြီ ဒါပေမယ့် အာဆင်နယ်အသင်းမှာ ခြေစွမ်းကောင်းပြီး မန်စီးတီးနဲ့ပွဲတုန်းက အနိုင်ဂိုးသွင်းပေးခဲ့တဲ့တောင်ပံဟီးရိုး Gabriel Martinelli က ဒဏ်ရာရထားလို့ ဒီပွဲ ပါဖို့ မရှိလောက်သေးပါဘူး Bukayo Saga နဲ့တစ်ယောက်ကျတော့ ဒီပွဲ ပြန်လာလောက်ပြီထင်တယ် ပထမကစားသမားအနေနဲ့ ဆင်းခွင့်ပါရသွားမယ်ထင်တယ် ကျန်တဲ့အဓိကကစားသမားတွေကျတော့ အဆင်သင့်ပဲဖြစ်နေကြပါတယ် ဒီပွဲကတော့ အဆင့် ၁ နေရာ လုယက်ရမယ့်ပြိုင်ပွဲဖြစ်ပါတယ် အာတီတာဘက်က သူ့ရဲ့ ဂိုးသမားနေရာ David Raya ကိုပဲ တာဝန်ပေးထားမှာဖြစ်ပြီး ခံစစ်ပိုင်းမှာကျတော့ Ben White, William Saliba, Gabriel Magalhaes နဲ့ Oleksandr Zinchenko တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် အဲ့အပိုင်း ကစားနည်းပြောင်းလဲဖို့ Jakub Kivior လည်း အဆင်သင့်ဖြစ်နေပါတယ် ကွင်းလယ်ပိုင်းနေရာမှာကျတော့ Martin Odegaard, Declan Rice နဲ့ Jorginho တို့ကိုပဲ ကစားပွဲထိန်းချုပ်ဖို့ တာဝန်ပေးထားလိမ့်မယ် အဲ့အပိုင်း ကစားပုံကစားနည်း ပြောင်းလဲကစားဖို့ Fabio Vieira နဲ့ Emile Smith-Rowe တို့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် တိုက်စစ်ပိုင်းနေရာမှာ Like Leandro Trossar, Bukayo Saka နဲ့ Kai Havertz တို့ကိုပဲ ဂိုးသွင်းပေးဖို့ အားကိုးလိမ့်မယ် အဲ့အပိုင်း အရန်ကစားသမားဖြစ်တဲ့ Eddie Nketiah နဲ့ Gabriel Jesus တို့လည်း အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။

11 Players

Manchester City  (4-1-4-1) : Ederson; Lewis, Dias, Akanji, Ake; Silva, Rodri, De Bruyne; Foden, Haaland, Doku

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Zinchenko; Odegaard, Jorginho, Rice; Saka, Havertz, Martinelli

Missing Players

Manchester City  – Kevin De Bruyne (Groin strain), Ederson (Muscle injury), Kyle Walker (Knock Injury), John Stone (Muscle Injury), M.Aknji (Knock Injury), Matheus Nunes (Foot Injury)

Arsenal – Jurrien Timber (Cruciate ligament tear), Bukayo Saka (unknown injury), Gabriel Martinelli (Foot injury)

Facebook