အသင်းကြီးများ ယဥ်ပြိုင်မှု

လီဗာပူးလ် Vs ရှက်ဖီးလ် [ 4 Apr 24 - 01.00 hrs]

အသင်းကြီးများ ယဥ်ပြိုင်မှု လီဗာပူးလ်အသင်းဟာ မိနစ် ၉၀ အတွင်းနဲ့ ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး ရှက်ဖီးလ်အသင်းကျတော့ နောက်ဆုံး ၁၀ ပွဲကစားပြီး ၁ ပွဲသာ အနိုင်ရထားတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်က ရှက်ဖီးလ်အပေါ် ၆ ပွဲဆက်တိုက် အနိုင်ရရှိထားပြီဖြစ်ပါတယ် စွမ်းဆောင်ရည် အရမ်းကွာဟနေပြီး အမှတ်ပေးဇယားထဲကအနေအထားလည်း အရည်အသွေး အရမ်းကွာခြားနေမှန်း ကောင်းကောင်းမြင်ရတယ် လီဗာပူးလ်လို ထိပ်တန်းအသင်းဖြစ်ပြီး အောက်ဆုံးအဆင့်အသင်းကို လက်ခံကစားရမှာဆိုတော့ ခက်တဲ့အလုပ်မဟုတ်ပါဘူး လီဗာပူးလ်မှာ တနင်္ဂနွေနေ့ကျရင် အနီရောင်တိုက်ပွဲ ရှိနေသေးပေမယ့် ဒီပွဲ အပီကစားဖို့ရှိလောက်ပါတယ် ကစားပြွအနေအထားကတော့ အိမ်ရှင်အသင်း ကစားပွဲထိန်းချုပ်ပြီး တိုက်စစ်ဆင်ကစားမယ် ရှက်ဖီးလ်အသင်းကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်တဲ့အခွင့်အရေးကို စောင့်နေလိမ့်မယ် ရှက်ဖီးလ်အသင်းက အခုနောက်ပိုင်း စွမ်းဆောင်ရည် ပြန်ကောင်းနေတယ် Ben Brereton Diaz ဆိုတဲ့တိုက်စစ်မှူးက ထိရောက်မှုရှိတယ် ဒါပေမယ့် လီဗာပူးလ်ဘက်က မပေါ့ဆပဲ ကောင်းကောင်းကစားရင်တော့ ရှက်ဖီးလ်ဘက်က ဘယ်လိုမှ ပြန်လှန်ခုခံလို့ရမယ်မထင်ပါဘူး ပြီးတော့ လီဗာပူးလ်အသင်းက အနိုင်ရသွားလို့ရှိရင် အာဆင်နယ်နဲ့ ရမှတ်ချင်းတူသွားမှာဖြစ်တဲ့အတွက် သွင်းဂိုးစံချိန်နဲ့ပဲ ယှဉ်ရလိမ့်မယ် အဲ့ဒီတော့ ဒီပွဲ လီဗာပူးလ်ဘက်က ဂိုးသွင်းနိုင်သလောက် ကြိုးစားပြီး သွင်းယူသွားလိမ့်မယ် ရှက်ဖီးလ်တို့က လေ့လာမှုအရ ပိုးစိုးပက်စက်ရှုံးဖို့ မသေချာပေမယ့် လက်တွေ့မှာတော့ ဂိုးအပြတ်နဲ့မရှုံးပဲ မနေလောက်ပါဘူး ဒီပွဲ ရည်ရွယ်ချက်ကြီးမားတဲ့ လီဗာပူးလ်ဘက်က ပိုးစိုးပက်စက် တက်ကြိတ်သွားလိမ့်မယ်။

Liverpool : အိမ်ရှင်လီဗာပူးလ်အသင်း အခုမှဘရိုက်တန်ကို ၂-၁ နဲ့ အနိုင်ရရှိလာပါတယ် အခုအချိန်မှာတော့ အဆင့် ၂ ပြန်ကျသွားပါပြီ ဒီရာသီ ၂၉ ပွဲကစားပြီး ၆၇ မှတ် ကောက်သိမ်းထားနိုင်တယ် အာဆင်နယ်အသင်းက အခုမှ လူတန်တောင်းကိုအနိုင်ရသွားလို့ အဆင့် ၁ နေရာ တက်သွားပါပြီ သူတို့က လီဗာပူးလ်ထက် ၁ ပွဲပိုကစားထားပြီး ၁ မှတ်ထဲပဲ ပိုသာပါတယ် ဒီပွဲ ယာဂင်ကလော့ပ်မှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိပါတယ် Stefan Bijcetic, Joel Matip, Ben Doek, Thiago Alcantara, Trent Alexander-Arnold, Alisson Becker, Diogo Jota, Curtis Jones (fitness check) နဲ့ Andrew Robertson (fitness check) တို့အားလုံးမှာ ဒဏ်ရာရထားကြပါတယ် Curtis Jones နဲ့ Andrew Robertson တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ်။

 

Sheffield : ရှက်ဖီးလ်အသင်းကျတော့ နှစ်ပွဲဆက်တိုက် သရေကျလာတဲ့အတွက် စွမ်းဆောင်ရည်တွေ ပြန်ကောင်းနေပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ဖူဟမ်နဲ့ ၃-၃ သရေကျလာတယ် အဲ့ပွဲ ပွဲခါနီးအချိန်မှ သရေဂိုးသွင်းခံထိသွားလို့ နှမြောစရာအရမ်းကောင်းတယ် အဲ့ဒီလိုနဲ့ပဲ ဒီရာသီ ၂၉ ပွဲကစားပြီး လက်ထဲ ၁၅ မှတ်လေးနဲ့ အောက်ဆုံးအဆင့်မှာရပ်တည်နေတယ် Save zone ရဲ့နောက်ကနေ ၇ မှတ် လိုက်နေပါတယ် ရှက်ဖီးလ်အသင်း ဒီပွဲ Max Lowe, John Egan, Chris Basham, Daniel Jebbison, Rhys Norrington-Davies, Rhian Brewster, George Baldock နဲ့ Cameron Archer တို့ကို ကိုင်တွယ်လို့မရသေးပါဘူး ဒါပေမယ့် နောက်ဆုံးတစ်ယောက်ကတော့ ဒီပွဲအတွက် ဆင်းကစားပေးနိုင်ပြီးထင်တယ် ဒီပွဲ ရှက်ဖီးလ်အသင်းက ၃-၅-၂ စနစ်ကို အသုံးချမယ်ထင်တယ် ခံစစ်ပိုင်းမှာ Mason Holgate, Anel Amedhodzic, Jack Robinson တို့ ၃ ယောက်ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်နေရာကျတော့ Jayden Bogle, Vinicius Souza, Oliver R.Blaster, Gustavo Hamer နဲ့ Ben Osborne တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် ပြီးရင် တိုက်စစ်မှူးနှစ်ယောက်ကိုကျတော့ Oliver McBurnie နဲ့ Ben Brereton Diaz တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Liverpool (4-3-3) : Kelleher; Bradley, Konate, Van Dijk, Gomez; Szoboszlai, Mac Allister, Gravenberch; Salah, Gakpo, Diaz

 

Sheffield (3-5-2) : Grbic; Holgate, Ahmedhodzic, Robinson; Bogle, Souza, Norwood, Hamer, Osborn; Brereton Diaz, McBurnie

 

Missing Players

Liverpool – Thiago (Muscle injury), Andrew Robertson (Ankle problems), Stefan Bajcetic (Calf injury), Rhys Williams (unknown injury), Diogo Jota (Knee collateral ligament tear), Trent Alexander-Arnold (Torn lateral knee ligament), Alisson (Hamstring injury), Ben Doak (Meniscus tear), Joel Matip (Cruciate ligament tear)

 

Sheffield – John Egan (Foot injury), Chris Basham (Leg injury),John Egan (Calf Injury),Max Lowe(Ankle Injury)Tom Davies(Knock Injury),Cameron Archer (Calf Injury),R. Norrington-Davies (Hamstring Injury),Daniel Jebbison (Groin Injury)

Facebook

ဒီပွဲမှာတော့ ကြီးမားပြီး စွမ်းဆောင်ရည်သိပ်မကောင်းတဲ့အသင်းကြီးနှစ်သင်းရဲ့ပြိုင်ပွဲဖြစ်တယ် အဆင့်ဇယားမှာတော့ မန်ယူဘက်က ပိုသာပါတယ် ဒါပေမယ့် နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာကျတော့ ချယ်လ်ဆီးဘက်က နည်းနည်းပိုသာတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၇ ပွဲထဲမှာကျတော့ ၅ ပွဲတောင် သရေကျသွားတယ် ဒါပေမယ့် ကျန်တဲ့ ၂ ပွဲမှာတော့ မန်ယူဘက်ကပဲ ၂ ပွဲလုံး အနိုင်ရသွားပါတယ် ချယ်လ်ဆီးအသင်းထဲက ခြေစွမ်းကောင်းတဲ့ကစားသမားကတော့ Cole Palmer ဆိုတဲ့ အင်္ဂလန်ကြယ်ပွင့်လေးပဲ ဖြစ်ပါတယ် သူက အခုမှ မန်စီးတီးကနေ ရွှေ့ပြောင်းလာပြီး အခုနောက်ပိုင်း စွမ်းဆောင်ရည် အရမ်းကောင်းနေတယ် ချယ်လ်ဆီးအသင်းရဲ့ ဦးဆောင်သူပဲလို့တောင် သတ်မှတ်လို့ရတယ် မန်ယူမှာကျတော့ Mainoo လေးပေါ့ သူ့မှာလည်း စွမ်းဆောင်ရည်ကောင်းပြီး အင်္ဂလန်နိုင်ငံအသင်းထဲ နာမည်ပါသွားပြီ ဒီပွဲမှာတော့ အသင်းကြီးများ ယဥ်ပြိုင်မှု နှစ်သင်းစလုံးကပဲ အခွင့်ရေး ကြုံရင်ကြုံသလို တိုက်စစ်ဆင်ပြီးကစားလိမ့်မယ် ပထမကျော့တို့လိုမျိုး ဆူဆူပူပူဖြစ်မယ် ဒါပေမယ့် မန်ယူဘက်က ဂိုးပြတ်သားမှုပိုရှိလို့ ၂-၁ နဲ့ အနိုင်ကောက်ရသွားတယ် ဒါပေမယ့်လည်း စတန်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ ၃ မှတ်ရဖို့အရေး ဘယ်တော့မှမလွယ်ပါဘူး နှစ်သင်းစလုံးက ကောင်းချင်တဲ့နေ့မှာ မပြောမဆို ခြေစွမ်းအရမ်းပြနိုင်တယ် ဆိုးချင်ပြန်တော့လည်း မထိန်းမသိမ်းနိုင်ပဲ အသက်ဆိုးလေရော စွမ်းဆောင်ရည် တည်ငြိမ်မှုမရှိကြဘူး အဲ့ဒီလိုနဲ့ပဲ ပွဲစစလာချင်းကတည်းက အကဲခတ်ရလိမ့်မယ် နောက်ဆုံးမှာတော့ သရေကျရုံနဲ့ ပြီးသွားမယ်လို့ပဲ ထင်မြင်ထားပါတယ်။

Chelsea : ချယ်လ်ဆီးအသင်း အခုမှမှားပြီး ကစားသမား ၁၀ ယောက်ထဲနဲ့ ကစားခဲ့တဲ့ဘန်လေကို ၂-၂ သရေကျလာပါတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ ဒီရာသီ ၂၈ ပွဲကစားပြီး အမှတ် ၄၀ လေးနဲ့ အဆင့် ၁၂ မှာရပ်တည်နေတယ် ချယ်လ်ဆီးအသင်းမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေတုန်းပါ Wesley Fofana, Reece James, Romeo Lavia, Lesley Ugochukwu, Christopher Nkunku, Levi Colville, Carney Chu Kwemeka နဲ့ နောက်ဆုံးမှ ဒဏ်ရာထပ်ရသွားတဲ့ Malo Gusto တို့ကစ ဒီပွဲ ပါဝင်ကစားလို့မရသေးပါဘူး ဒီပွဲ ချယ်လ်ဆီးအသင်း ၄-၂-၃-၁ စနစ်နဲ့ကစားမယ်ထင်တယ် ဂိုးသမားနေရာ George Petrovic ကိုပဲ တာဝန်ပေးပြီး ညာဘက်ခံစစ်နေရာကျတော့ Malo Gusto အစား Axel Disasi ကိုပဲ တာဝန်ပေးထားမယ် ကွင်းလယ်ခံစစ်နေရာကျတော့ Thiago Silva ကို Benoit Badia နဲ့အတူ တာဝန်ဆင်းယူလိမ့်မယ် ဘယ်ဘက်ခံစစ်နေရာ Marc Cucurella ကိုပဲ တာဝန်ပေးထားလောက်ပါတယ် ကွင်းလယ်တိုက်စစ်နေရာ Enzo Fernandez, Moses Caicedo တို့ကို တာဝန်ပေးပြီး Striker နေရာကျတော့ Jackson ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Manchester United : မန်ယူအသင်းကျတော့ လီဗာပူးလ်အပေါ် ၄-၃ နဲ့ အနိုင်ရရှိသွားကတည်းက အခြေနေတွေ အရင်လိုပြန်ညံ့သွားပါတယ် နောက်ဆုံးတစ်ပွဲ ဘရန့်ဖိုတ့်နဲ့ ၁-၁ ပဲ သရေကျလာတယ် အဲ့ပွဲ ပြိုင်ဘက်ကို တော်တော်ခံခဲ့ရတယ် အခုတလော အဆင့် ၆ မှာရပ်တည်ပြီး အဆင့် ၄ မှာရှိတဲ့ အက်စတွန်ဗီလာရဲ့ အနောက်ကနေ ၁၁ မှတ်တောင် လိုက်နေရပါတယ် ဒါပေမယ့် အဆင့် ၄ နဲ့အသင်းက မန်ယူထက် ၂ ပွဲ ပိုကစားထားပါတယ် ဒီပွဲမှာတော့ ဒဏ်ရာရထားတဲ့ Luke Shaw, Tyrell Malasia, Anthony Martial, Altay Bayindir, Ahmad Diallo နဲ့ Jonny Evans တို့ကို ကိုင်တွယ်လို့မရသေးပါဘူး ဒါ့အပြင် Raphael Varane နဲ့ Victor Lindelof တို့ကိုပါ ဆုံးရှုံးထားတယ် Lisandro Martinez နဲ့တစ်ယောက်လည်း ကြွက်သားဒဏ်ရာ ရထားတယ်လို့သိရပါတယ် ဒီပွဲ မန်ယူအသင်းရဲ့ အဓိကကွင်းလယ်ခံစစ်နှစ်ယောက်ကတော့ Harry Maguire နဲ့ Lisandro Martinez တို့ဖြစ်နေတယ် ဒါပေမယ့် Lisandro Martinez အဆင်မပြေသေးရင်တော့ သူ့နေရာ Jonny Evans ကပဲ တာဝန်ဆင်းယူပေးလိမ့်မယ် ဘယ်-ညာခံစစ်ကျတော့ Diogo Dalot နဲ့ Aaron Wan-Bissaka တို့ပဲဖြစ်တယ် ကွင်းလယ်တိုက်စစ်နေရာကျတော့ Kobbie Mainoo နဲ့ Casemiro တို့ပဲ တာဝန်ယူထားမှာဖြစ်ပြီး တိုက်စစ်ပိုင်းမှာကျတော့ Alejandro Carnacio, Bruno Fernandes, Marcus Rashford နဲ့ Rasmus Hojlund တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Chelsea (4-2-3-1) : Petrovic; Disasi, Silva, Badiashile, Cucurella; Caicedo, Fernandez; Palmer, Gallagher, Sterling; Jackson

Manchester United (4-2-3-1) : Onana; Dalot, Varane, Maguire, Wan-Bissaka; Mainoo, McTominay; Garnacho, Fernandes, Rashford; Hojlund

Missing Players

Chelsea – Ben Chilwell (Knee problems), Wesley Fofana (Cruciate ligament tear), Christopher Nkunku (unknown injury), Lesley Ugochukwu (Hamstring injury), Levi Colwill (Toe injury), Reece James (surgery), Roméo Lavia (Hamstring injury)

Manchester United – Luke Shaw (Muscle injury), Tyrell Malacia (Knee injury),Jonny Evans (Knock Injury),A.Martial (Illness), Victor Lindelof (Knock Injury),A.Bayindir(Muscle Injury),Lisandro Martinez (Calf Injury)

Facebook