အသင်းကြီးများရဲ့ ပရီးမီးယားလိဒ်လုပွဲ

မန်စီးတီး Vs လူတန်တောင်း [13 Apr 24 - 20:30 hrs]

အသင်းကြီးများရဲ့ ပရီးမီးယားလိဒ်လုပွဲ  အိမ်ရှင် မန်စီးတီးအသင်း စွမ်းဆောင်ရည် အရမ်းတက်ကြွနေပါတယ် အဓိက ပရီးမီးယားလိဂ်မှာ ၁၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး အနိုင်လိုချင်စိတ်တွေ အရမ်းများနေတယ် ဒီပွဲသာ အနိုင်ရခဲ့လို့ရှိရင် အဆင့် ၁ နေရာ ယာယီတက်ရောက်သွားလိမ့်မယ် အဲ့ဒီတော့ ပက်က ဒီအခွင့်အရေးကို လက်လွတ်ခံမယ်မထင်ပါဘူး ကစားပွဲထိန်းချုပ်ပြီး တိုက်စစ်ဆင်ဝင်လုံးလိမ့်မယ် လူတန်တောင်းအသင်းကျတော့ လက်ရှိစွမ်းတောင်ရည် အရမ်းဆိုးနေပါတယ် အခုမှ အနိုင်ကပ်ရလာပေမယ့် ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က ရှယ်ကောင်းတဲ့အသင်း ဖြစ်နေတယ် မန်စီးတီးအကြောင်းကို သေသေချာချာလေ့လာပြီး ထိန်းချုပ်ဖို့နည်းလမ်းမရှိရင်တော့ ဂိုးအပြတ်နဲ့ရှုံးဖို့ရှိလိမ့်မယ် နှစ်သင်းစလုံးရဲ့ အရည်အသွေးချင်းယှဉ်ကြည့်ရင် မန်စီးတီးဘက်က နေရာတိုင်းမှာပဲ ပိုသာနေတယ် သူတို့ရဲ့တိုက်စစ်ပိုင်းက အရမ်းကောင်းတယ် ဒီပွဲမှာတော့ လူတန်တောင်းအသင်း ဘယ်လိုပဲနေနေ ကြိတ်ခံရမှာသေချာတယ် ခံစစ်ပိုင်း ဘယ်လောက်ပဲ ပိတ်ထားပါစေ ဖောက်ခံထိမှာပါ ဂိုးအပြတ်နဲ့ ရှုံးဖို့ရှိမှာသေချာတယ်။

Manchester City : အိမ်ရှင်မန်စီးတီးအသင်း ပရီးမီးယားလိဂ်လမ်းခရီးပေါ်မှာ ရှိနေတုန်းဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ခရစ်စတယ်ပဲလေစ့်နဲ့ရင်ဆိုင်ပြီး ၄-၂ နဲ့ ရှယ်နိုင်ထားပါတယ် ဥရောပတိုက်ပွဲတွေမှာကျတော့ ရီးရဲလ်နဲ့တွေ့ပြီး ၃-၃ နဲ့ပဲ သရေကျလာပါတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲနိုင် ၂ ပွဲသရေ ဖြစ်ပါတယ် တစ်ပွဲမှမရှုံးသေးပါဘူး စွမ်းဆောင်ရည် ထိရောက်မှုရှိနေတုန်းဖြစ်ပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ Nathan Ake နဲ့ Kyle Walker တို့ပဲ ရှိတယ် Phil Foden ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် ကျန်တဲ့ကစားသမားတွေကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဘန်းခံထိထားတဲ့ ကစားသမားတွေလည်း မရှိပါဘူး ပက်က ဒီပွဲ သူ့အသင်းရဲ့ ခံစစ်နေရာမှာ Rico Luis, Manuel Akanji, Ruben Dias နဲ့ Yosco Guardiol တို့ကိုပဲ တာဝန်ပေးပြီး အလယ်တန်းနေရာကျတော့ Rodri, Bernardo Silva နဲ့ Kevin De Bruyne တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် တိုက်စစ်ပိုင်းမှာကျတော့ Jeremy Dogu, Julian Alvarez နဲ့ Erling Haaland တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

Luton Town : လူတန်တောင်းအသင်းကျတော့ အခုမှ ဘုန်းမောက်အပေါ် အနိုင်ရလာတဲ့အတွက် အသက်ရှူလို့ ပြန်ဝသွားပါပြီ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲအရှုံးဖြစ်ပါတယ် ဒီပွဲ သူတို့အတွက် ခက်ခဲတဲ့ထဲရှိလိမ့်မယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ Marvelous Nakamba, Tom Lockyer, Mads Andersen, Elijah Adebayo, Jacob Brown, Amari Bell, Dan Paul Tots, Albert Sambi Logonga, Chiadosi Ogbene, Dan Potts နဲ့ Gabriel Ocho တို့ကို ကိုင်တွယ်လို့မရသေးပါဘူး ဘန်းစာရင်းထဲ ပါသွားတဲ့ကစားသမားကျတော့ မရှိပါဘူး ဒီပွဲ အသင်းနည်းပြက သူ့အသင်းရဲ့ ခံစစ်နေရာမှာ Reece Berg, Teden Menji, Issa Cabore နဲ့ Daiki Hashioka တို့ကိုပဲ တာဝန်ပေးပြီး အလယ်တန်းနေရာကျတော့ Ross Barkley, Pelly Ruddock Mpanzu, Andros Townsend နဲ့ Alfie Doughty တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းနေရာကျတော့ Tahith Chong နဲ့ Carlton Morris တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Manchester City (4-2-3-1) : Ortega; Akanji, Dias, Gvardiol; Lewis, Kovacic; Doku, De Bruyne, Nunes, Grealish; Haaland

Luton Town (3-4-2-1) : Kaminski; Hashioka, Mengi, Burke; Onyedinma, Barkley, Clark, Doughty; Townsend, Chong; Morris

 

Missing Players

Manchester City – yle Walker (Hamstring injury), Nathan Aké (Calf injury)

Luton Town – Tom Lockyer (heart problems), Chiedozie Ogbene (unknown injury), Gabriel Osho (Knee injury)

Facebook

အိမ်ရှင်ဘုန်းမောက်အသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်အရမ်းကောင်းပါတယ် နောက်ဆုံး ၇ ပွဲစံချိန်ထဲမှာ တစ်ပွဲပဲရှုံးတယ် ပြီးကျမှ လူတန်တောင်းကို ရှုံးနိမ့်လာပါတယ် မန်ယူအသင်းကျတော့ စွမ်းဆောင်ရည် တည်ငြိမ်မှုမရှိပါဘူး အချို့ရည်ရွယ်ချက်ရှိမှသာ ကောင်းကောင်းကစားနိုင်ကြတယ် ဥပမာ လီဗာပူးလ်နဲ့ တိုက်ခိုက်ရတာမျိုးပေါ့ ဒါပေမယ့် ကျန်တဲ့ပွဲတွေမှာကျတော့ ဖြစ်သလိုကစားနေတယ် ဒီနှစ်သင်း အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့စံချိန်ထဲမှာ မန်ယူဘက်က ၃ ပွဲနိုင် ၂ ပွဲရှုံးသွားပါတယ် တစ်ရာသီလုံး စွမ်းဆောင်ရည်ကတော့ အသင်းကြီးများရဲ့ ပရီးမီးယားလိဒ်လုပွဲ မန်ယူဘက်က ပိုသာပေမယ့် အခုနောက်ပိုင်း စွမ်းဆောင်ရည်သက်သက်ကို ကြည့်ပြီးပြောရင်တော့ ဘုန်းမောက်လက်ကို ပိုအားပါတယ် အဓိက အိမ်ကွင်းနဲ့ပွဲတွေမှာဆိုရင် ၁၁ ပွဲကစားပြီး ၂ ပွဲလေးပဲရှုံးသွားတယ် အဲ့ဒီ အရှုံးနှစ်ပွဲတုန်းက သူတို့ရဲ့ပြိုင်ဘက်ဟာ လီဗာပူးလ်နဲ့ မန်စီးတီးလည်း ဖြစ်နေတယ် တကယ်တောင့်တင်းမှုမရှိရင်တော့ ဘုန်းမောက်ရဲ့အိမ်ကွင်းနဲ့ ၃ မှတ်ရယူလို့မလွယ်ပါဘူး ဒီပွဲအခြေနေကတော့ မန်ယူဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမယ် ပွဲစစလာချင်းမှာ ဂိုးသွင်းဖို့အရမ်းကြိုးစားပြီး မအောင်မြင်ရတော့ အားလျှော့လိမ့်မယ် ပြီးရင် ခံစစ်ပိတ်ကစားဖို့ စီစဉ်လိမ့်မယ် ပြီးကျမှ တန်ပြန်တိုက်စစ်နဲ့ ပြန်ုတိက်ခိုက်လိမ့်မယ် ဒီစနစ်က မန်ယူရဲ့အားသာချက်တစ်ခု ဖြစ်ပါတယ် ဒါပေမယ့် မန်ယူအသင်းက အခုနောက်ပိုင်း ပြိုင်ဘက်ကို တိုက်စစ်ဆင်ဖို့ အခွင့်အရေးပေးလိုက်တာနဲ့ တောက်လျှောက်ပေးနေတတ်တယ် ခေါင်းတောင်မဖော်နိုင်တဲ့အထိ ပေးတတ်တယ် အဲ့ဒီအပိုင်း တန်ဟက်က ဘယ်လိုမျိုး ပြုပြင်ထားသလဲဆိုတာ စောင့်ကြည့်ရလိမ့်မယ် ဘုန်းမောက်ရဲ့ အိမ်ကွင်းမှာ မလွယ်မှန်းသေချာပြီးသားပါ အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံးတစ်ပွဲတုန်းကတောင် မန်ယူဘက်က အိမ်ကွင်းနဲ့ ၀-၃ ရှုံးသွားသေးတယ် အဲ့ဒီတော့ ဒီပွဲ မန်ယူအသင်းက ၃ မှတ်ရမှာထက် ၁ မှတ်လေးရဖို့တောင် မနည်းရုန်းရလိမ့်မယ်။

Bournemouth : အိမ်ရှင်ဘုန်းမောက်အသင်း အခုမှ လူတန်တောင်းကို ၁-၂ နဲ့ ရှုံးနိမ့်လာပါတယ် ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့စံချိန်ကို အပြီးသတ်သွားခဲ့ပါပြီ ဒါပေမယ့် ဘုန်းမောက်အသင်းရဲ့အနေအထားက အဆင့် ၁၂ မှာရပ်တည်ပြီး လက်ထဲ ၄၁ မှတ်တောင် ကိုင်တွယ်ထားတော့ လုံခြုံမှုရှိပါတယ် အတန်းဆင်းမယ့်ဇုန်ထက် ၁၆ မှတ် ပိုသာပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ ခြေတလုံးဒဏ်ရာရထားတဲ့ Ryan Fredericks ကို ကိုင်တွယ်လို့မရသေးပါဘူး Louis Sinisterra မှာလည်း ပေါင်ဒဏ်ရာရထားတယ် Chris Mepham ကျတော့ နေမကောင်းဖြစ်လို့ အခြေနေစစ်ဆေးဖို့လိုသေးတယ် အသင်းရဲ့ ပြင်ဆင်မှုကတော့ ခံစစ်ပိုင်းနေရာမှာ Adam Smith, Illiya Zabarni, Marcos Senesi နဲ့ Lloyd Kelly တို့ပဲ တာဝန်ယူထားကြမှာဖြစ်ပြီး ကွင်းလယ်နေရာမှာကျတော့ Lewis Cook နဲ့ Ryan Christie တို့ပဲ တာဝန်ယူထားလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းနေရာမှာ Alex Scott, Danko Ottara, Justin Kluivert နဲ့ ဒီရာသီ ၁၆ ဂို သွင်းထားတဲ့ Dominic Solanke တို့ပဲ တာဝန်ယူသွားလိမ့်မယ်။

 

Manchester United : မန်ယူအသင်းကျတော့ အရင်တစ်ပတ်တုန်းက အိမ်ကွင်းနဲ့ လီဗာပူးလ်ကို ၂-၂ သရေကျလာပါတယ် အဲ့ဒီလိုနဲ့ပဲ မန်ယူအသင်း ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါပြီ ဒီရာသီ ၃၁ ပွဲကစားပြီး ၄၉ မှတ်လေးနဲ့ အဆင့် ၆ မှာရပ်တည်နေတယ် သူတို့အနေနဲ့ဆိုရင် Top4 နေရာအတွက် မလွယ်သေးပါဘူး ဘာလို့လဲဆိုတော့ အဆင့် ၄ မှာရှိတဲ့ စပါးရဲ့နောက်ကနေ ၁၁ မှတ်တောင် လိုက်နေရလို့ပါ အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ Luke Shaw, Lisandro Martinez, Tyrell Malasia, Victor Lindelof, Anthony Martial, Rafael Va Ran နဲ့ Jonny Evans တို့ကို ကိုင်တွယ်လို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားလို့ပါ ကျန်တာ Marcus Rashford နဲ့ Scott McTominay တို့က အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ် တန်ဟက်က ဒီပွဲ အရင်တစ်ပွဲတုန်းကလို ကစားသမားတွေကိုပဲ ဆက်လက်ကိုင်တွယ်လိမ့်မယ် Kobbie Mainoo နဲ့ Casemiro တို့က ကွင်းလယ်နေရာမှာ တာဝန်အတူတွဲယူပြီး တိုက်စစ်ပိုင်းနေရာမှာကျတော့ Alejandro Carnacio, Bruno Fernandes, Rasmus Hoylund နဲ့ Marcus Rashford တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် Rashford က ဒဏ်ရာအနည်းငယ် ရထားတယ်လို့တော့ ကြားရပါတယ် ဒါပေမယ့် ဆင်းနိုင်မယ်ထင်တယ်။

11 Players

Bournemouth (4-2-3-1) : Neto; Smith, Zabarnyi, Senesi, Kelly; Christie, Cook; Semenyo, Scott, Kluivert; Solanke

Manchester United (4-2-3-1) : Onana; Dalot, Kambwala, Maguire, Wan-Bissaka; Casemiro, Mainoo; Antony, Fernandes, Garnacho; Hojlund

 

Missing Players

Bournemouth  – Ryan Fredericks (Calf injury), Max Aarons (Hamstring injury), Lloyd Kelly (Hip injury)

 

Manchester United – Tyrell Malacia (Knee injury), Luke Shaw (Muscle injury), Jonny Evans (Muscle injury), Victor Lindelöf (Hamstring injury), Lisandro Martínez (Calf strain)

Facebook