အပြိုင်အဆိုင်များနဲ့ ပရီးမီးယားလိဒ်

ဘရန့်ဖိုတ့် Vs လီဗာပူးလ် [17 Feb 24 - 19:00 hrs]

အပြိုင်အဆိုင်များနဲ့ ပရီးမီးယားလိဒ် နှစ်သင်းစလုံးဟာ အခုမှပဲ အရှုံးရလာတာချင်းတူပါတယ် လီဗာပူးလ်ဘက်က အာဆင်နယ်ကိုခံခဲ့ရပြီး ဘန်လေနဲ့ပွဲကျမှ အမှတ်ပြန်ယူခဲ့တယ် ဘရန့်ဖိုတ့်ကျတော့ စပါးနဲ့တွေ့ပြီး မန်စီးတီးနဲ့ပါ ထပ်တွေ့သွားတယ် သနားစရာကောင်းပါတယ် ဒါပေမယ့်လည်း မဆိုးပါဘူး အခုမှ ဝုဗ်ဗာဟန်တန်ကိုပြန်ရိုက်လိုက်ပါတယ် ဘရန့်ဖိုတ့်အသင်းဟာ ဒီရာသီမှာ ကောင်းသင့်သလောက် မကောင်းနိုင်ပေမယ့် အသင်းကြီးတွေကို ဖိအားတော်တော်ပေးတတ်ပါတယ် အဲ့ဒီလိုနဲ့ပဲ ဒီပွဲ လီဗာပူးလ်အတွက် မလွယ်ပါဘူး ဒါပေမယ့် ဒီတစ်ပတ်အတွင်း ပထမဆုံးပြိုင်ပွဲဝင်အသင်းဖြစ်တဲ့အတွက် စိတ်ဖိအားတွေ အရမ်းမများပါဘူး ကစားပွဲအခြေနေကတော့ ဒီပွဲ လီဗာပူးလ်ဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမယ် အိမ်ရှင်အသင်းကျတော့ ကွင်းလယ်ပိုင်းကနေ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ကစားလိမ့်မယ် ဘရန့်ဖိုတ့်အသင်းရဲ့ ပြိုင်ပွဲတော်တော်များများထဲမှာ ပြိုင်ဘက်ရဲ့အမှားကနေ အခွင့်ရေးယူတတ်ပါတယ် သူတို့ရဲ့တိုက်စစ်ပိုင်းက ဂိုးပြတ်သားမှုအားကောင်းတယ် ခြေစွမ်းကောင်းတိုက်စစ်မှူးဖြစ်တဲ့ Ivan Toney ကလည်း ဒိပွဲ ပါဝင်ကစားဖို့ရှိတယ် တိုက်စစ်ပိုင်း ကောင်းပေမယ့် ခံစစ်ပိုင်းကတော့ နည်းနည်းလိုသေးတယ် အဲ့ဒီတော့ လီဗာပူးလ်နဲ့ဂိုးယှဉ်သွင်းမယ်ဆိုရင် လီဗာပူးလ်ရဲ့တိုက်စစ်ပိုင်းက ပိုသာပါတယ် ဒီပွဲ မလွယ်လားပေမယ့် ၃ မှတ်ရအောင်တော့ လုပ်ယူနိုင်မယ်ထင်ပါတယ်။

Brentford : အိမ်ရှင်ဘရန့်ဖိုတ့်အသင်းဟာ နောက်ဆုံးတစ်ပွဲကမှ ဝုဗ်ဗာဟန်တန်ကို ၀-၂ နဲ့ အနိုင်ရရှိလာပါတယ် အဲ့ပွဲမတိုင်ခင် စပါးကို ၃-၂ နဲ့ရှုံးပြီး နောက်တစ်ပွဲ မန်စီးတီးကိုလည်း ၁-၃ နဲ့ ရှုံးနိမ့်လာပါတယ် လက်ထဲ ၂၅ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၁၄ မှာရပ်တည်နေတယ် အတန်းဆင်းမယ့်ဇုံထက် ၆ မှတ် ပိုသာပါတယ် အရင်က ဒဏ်ရာရထားတဲ့ကစားသမားအပြင် Mathias Jansen ရဲ့အခြေနေကိုလည်း စစ်ဆေးဖို့လိုနေတယ် သတင်းကောင်းတစ်ခုကတော့ ဒီပွဲ Joan Wissa နဲ့ Frank Onyega တို့ကိုပဲ ပြန်ကိုင်တွယ်လို့ရနေပါပြီ သူတို့က နိုင်ငံအသင်းနဲ့ အလုပ်ပြီးသွားပါပြီ ဒီပွဲ Mathias Jansen မှာ အဆင်မပြေသေးဘူးဆိုရင် သူ့နေရာ Yehor Yarmoljuk က Vitaly Janelt, Christian Norgaard တို့နဲ့အတူ တာဝန်ဆင်းယူသွားလိမ့်မယ် တိုက်စစ်မှူးနှစ်ယောက်ကတော့ Neil Maupay နဲ့ Ivan Toney ပြီးတော့ ကစားနည်း ပြောင်းလဲဖို့ Yoan Wissa လည်း အဆင်သင့် ဖြစ်နေပါတယ်။

 

Liverpool  : လီဗာပူးလ်အသင်းကျတော့ နောက်ဆုံးတစ်ပွဲကမှ ဘန်လေကို ၃-၁ နဲ့ အနိုင်ကောက်ရလာပါတယ် လက်တလော လိဂ်ရဲ့အဆင့် ၁ နေရာမှာရပ်တည်ပြီး လက်ထဲ ၅၄ မှတ် ဦးဆောင်ထားပါတယ် ဒါပေမယ့်လည်း သူတို့ရဲ့နောက်ကနေ မန်စီးတီးနဲ့ အာဆင်နယ်တို့က အနီးကပ်နေပါပြီ ၂ မှတ်ထဲသာ လိုပါတော့တယ် နောက်ပြီး မန်စီးတီးထက်လည်း ၁ ပွဲပိုကစားထားသေးတယ် ကြားထဲ လီဗာပူးလ်မှာ Trent Alexander-Arnold ကြီးက ဒဏ်ရာရသွားသေးတယ် ဒါပေမယ့်လည်း သတင်းကောင်းတစ်ခုကတော့ ဆာလာက လေ့ကျင့်ခန်းပြန်လုပ်နေပြီး ဒီပွဲ ပါဝင်ကစားမယ်ထင်ပါတယ် Ibrahima Konate က ဘန်းစာရင်းကနေ လွတ်လာပြီ ဒီပွဲ အာနိုးမရှိသေးတဲ့အတွက် Conor Bradley ဆင်းကစားရမယ်ထင်တယ် သူက မိသားစုကိစ္စတွေ အပြီးသတ်သွားပါပြီ ကွင်းလယ်နေရာမှာကျတော့ Wataru Endo, Alexis Mac Allister နဲ့ Curtis Jones တို့ပဲ တာဝန်ယူသွားမှာဖြစ်ပြီး တိုက်စစ်ပိုင်းနေရာကျတော့ Diogo Jota, Darwin Nuñez နဲ့ Luis Diaz တို့ပဲ တာဝန်ယူသွားလိမ့်မယ်။

11 Players

Brentford (3-5-2) : Flekken; Collins, Mee, Pinnock; Roerslev, Janelt, Jensen, Norgaard, Reguilon; Toney, Maupay

 

Liverpool (4-3-3) : Alisson; Bradley, Konate, Van Dijk, Robertson; Jones, Endo, Mac Allister; Jota, Nunez, Diaz

Missing Players

Brentford – Kevin Schade (Adductor injury), Aaron Hickey (Hamstring injury), Bryan Mbeumo (Ankle injury), Rico Henry (Knee injury), Ryan Trevitt (Ankle surgery)

Liverpool – Ben Doak (Meniscus tear), Dominik Szoboszlai (Hamstring injury), Thiago (Muscle injury), Stefan Bajcetic (Calf injury), Rhys Williams (unknown injury), Joel Matip (Cruciate ligament tear)

Facebook

ဘန်လေအတွက် အရမ်းကံဆိုးပါတယ် ဘာလို့လဲဆိုတော့ အခုမှလီဗာပူးလ်နဲ့တွေ့ပြီးလာလို့ပါ ဒီပွဲရောက်ပြန်တော့လည်း ယုံကြည်မှုအပြည့်ရှိပြီး ၃ မှတ်အရမ်းလိုချင်တဲ့အာဆင်နယ်နဲ့ ထပ်တွေ့တယ် နှစ်သင်းစလုံးရဲ့အနေအထားကတော့ ကွာခြားမှုရှိတယ် ဘန်လေအသင်းမှာ ကစားပုံကစားနည်း လှပပေမယ့် စွမ်းဆောင်ကျတော့ သုံးစားလို့မရပါဘူး အတန်းဆင်းမယ့်ထဲ ပါဖို့အနေအထားအရမ်းများနေတယ် လုံခြုံတဲ့ဇုန်ရဲ့နောက်ကနေ ၇ မှတ်တောင် လိုက်နေရပါတယ် နောက်ပြီး သမိုင်းတစ်လျှောက်အတွင်း ၂၄ ပွဲကစားပြီး ၁၃ မှတ်သာ ကိုင်ဆောင်ထားတဲ့အသင်းတိုင်းမှာ ရာသီကုန်လို့ အတန်းမဆင်းပဲ မရှိခဲ့ဖူးသေးပါဘူး အာဆင်နယ်အသင်းကျတော့ ယုံကြည်မှုအပြည့်နဲ့ စွမ်းဆောင်ရည်အရမ်းကောင်းနေပါတယ် ပထမ လီဗာပူးလ်ကိုတက်ကြိတ်ပြီး အပြိုင်အဆိုင်များနဲ့ ပရီးမီးယားလိဒ် ဝက်စ်ဟမ်းကိုပါ ထပ်ကြိတ်လာတယ် ကစားပွဲအခြေနေကတော့ ဒီပွဲ အာဆင်နယ်ဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမယ် ဘန်လေကျတော့ ခံစစ်ပိတ်ပြီး အခြေနေအရအတိုင်း လုပ်ဆောင်လိမ့်မယ် ဘန်လေတို့ရဲ့ ကစားစနစ်က မဆိုးပါဘူး လီဗာပူးလ်နဲ့ပွဲတုန်းကတောင် ကြိုးကြာနီတို့ရဲ့တိုက်စစ်ပိုင်းကို တော်တော်တားဆီးနိုင်ပါတယ် တန်ပြန်တိုက်စစ်လေးဘာလေးလည်း ကောင်းတယ် လိုနေတာ ပြတ်သားမှုပါ အဲ့အပိုင်း အာဆင်နယ်တို့ သတိထားဖို့လိုလိမ့်မယ် Wilson Odobert နဲ့ David Detro Fofana တို့ကို ပိုပြီး သတိထားဖို့လိုပါတယ် သူတို့က ဘောလုံးနဲ့ အရမ်းသွက်လက်တယ် ဒါပေမယ့်လည်း အသင်းရဲ့စွမ်းဆောင်ရည်က အရမ်းကွာဟနေပြီး ဘန်လေဘက်က အိမ်ကွင်းနဲ့ ကစားရမှာဆိုပေမယ့် ကစားသမားရဲ့ အရည်အသွေးတွေ စွမ်းဆောင်ရည်တွေ ပြီးတော့ ယုံကြည်မှုတွေကျတော့ အာဆင်နယ်လောက်မရှိပါဘူး အဲ့ဒီတော့ မထင်မှတ်တဲ့အကြောင်းကြောင်းတွေ မဖြစ်ပေါ်ရင် ဒီပွဲ အာဆင်နယ်ဘက်က အနိုင်ကောက်ရသွားမှာသေချာတယ်။

Burnley : ဘန်လေအသင်းရဲ့ ညံ့ဖျင်းထဲမှာရှိတယ် ဘာလို့လဲဆိုတော့ နောက်ဆုံး ၁၁ ပွဲကစားပြီး ၁ ပွဲသာ အနိုင်ရထားလို့ပါ နောက်ဆုံးတစ်ပွဲတုန်းက လီဗာပူးလ်ကို ၃-၁ နဲ့ ရှုံးနိမ့်ထားပြီး အဆင့် ၁၉ အထိ ကျဆင်းသွားပါတယ် ဒီရာသီ ၂၄ ပွဲကစားပြီး ၁၃ မှတ် ကိုင်ဆောင်ထားပါတယ် အတန်းတက်မယ့်ဇုန်ရဲ့နောက်ကနေ ၇ မှတ် လိုက်နေတယ် ဒီပွဲ ဘန်လေအသင်းမှာ ဒူးခေါင်းဒဏ်ရာရထားတဲ့ Luca Coliocio ကို ကိုင်တွယ်လို့မရသေးပါဘူး Nathan Redmond လည်း ကြွက်သားဒဏ်ရာရထားတယ် Jordan Beyer ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် ဘယ်ခံစစ်မှူးဖြစ်တဲ့ Charlie Taylor က ဒီပွဲ ဒုတိယထိုင်ခုံမှာ ဆင်းနေလောက်တယ် ဒီပွဲ Sander Berge နဲ့ Josh Brownhill တို့က ကွင်းလယ်တိုက်စစ်အနေနဲ့ ဦးဆောင်လာမှာဖြစ်ပြီး စည်းဘေးမှာကျတော့ Aaron Ramsey နဲ့ Wilson O’Dobert တို့နှစ်ယောက် တာဝန်ယူထားလိမ့်မယ် ပြီးရင် Seki Umdouni နဲ့ David Datro Fofana တို့နှစ်ယောက် ဂိုးသွင်းဖို့နေရာ အဓိကတာဝန် ယူထားလိမ့်မယ်။

 

Arsenal : အာဆင်နယ်အသင်းကျတော့ စွမ်းဆောင်ရည်ပြန်ကောင်းပြီး လိဂ်ပွဲမှာ ၄ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ဝက်စ်ဟမ်းကို ၀-၆ နဲ့ အနိုင်ကောက်ရလာတယ် အဆင့် ၃ မှာရပ်တည်ပေမယ့် အဆင့် ၁ မှာရှိတဲ့လီဗာပူးလ်ရဲ့နောက်ကနေ အရမ်းနီးကပ်နေပါပြီ ဒီရာသီ ၂၄ ပွဲကစားပြီး လီဗာပူးလ်ရဲ့နောက်ကနေ ၂ မှတ်ထဲပဲ လိုက်နေရပါတော့တယ် ဒီပွဲ အာတီတာရဲ့အသင်းမှာ Jurrien Timber ကို အသုံးပြုလို့မရသေးပါဘူး Thomas Partey နဲ့တစ်ယောက်မှာလည်း ပေါင်ဒဏ်ရာရထားတယ် ခွဲစိတ်မှုခံယူခဲ့တဲ့ Fabio Vieira ကလည်း အနားယူနေရလို့ မပါနိုင်သေးပါဘူး Gabriel Jesus, Oleksandr Zinchenko နဲ့ Emile Smith Rowe တို့သုံးယောက်ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် အရင်တစ်ပွဲ နာမည်စာရင်းထဲမပါတဲ့ Takehiro Tomiyasu က ဒီပွဲမှာပဲ ပြန်ဆင်းခွင့်ရသွားမယ်ထင်တယ် Jakub Kivior က လောလောဆယ် ပုံစံကောင်းပြနိုင်နေလို့ ထပ်ပြီး ဆင်းကစားခွင့်ရသွားလောက်တယ် ကွင်းလယ်ပိုင်းနေရာမှာ အရင်က Declan Rice, Martin Odegaard နဲ့ Kai Havertz တို့ကိုပဲ တာဝန်ပေးထားမှာဖြစ်ပြီး တိုက်စစ်ပိုင်းနေရာကျတော့ Bukayo Saka, Gabriel Martinelli နဲ့ Leandro Trossard တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Burnley (4-4-2) : Trafford; Assignon, O’Shea, Esteve, Delcroix; Odobert, Berge, Brownhill, Bruun Larsen; Amdouni, Datro Fofana

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Kiwior; Odegaard, Rice, Havertz; Saka, Trossard, Martinelli

Missing Players

Burnley – Luca Koleosho (Knee injury),Jordan Beyer (Physical discomfort),C.Taylor (Shouder Injury)

Arsenal – Oleksandr Zinchenko (Calf problems), Thomas Partey (Hamstring injury), Fábio Vieira (Groin surgery), Gabriel Jesus (Knee injury), Jurrien Timber (Cruciate ligament tear)

Facebook

ချယ်လ်ဆီးအသင်းက အခုနောက်ပိုင်း အခြေနေပြန်ကောင်းပေမယ့် ၁၁ ပွဲဆက်တိုက်အနိုင်ရရှိထားပြီး ခြေစွမ်းအရမ်းတက်ကြွနေတဲ့မန်စီးတီးကိုတော့ မယှဉ်နိုင်လောက်သေးပါဘူး ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ ၁၇၆ ပွဲထဲမှာ မန်စီးတီးဘက်က ၆၅ ပွဲနိုင်ပြီး သရေ ၄၀ ဖြစ်ပါတယ် ပြီးရင် ချယ်လ်ဆီးဘက်က ၇၁ ပွဲ အနိုင်ရသွားခဲ့ဖူးပါတယ် အချင်းချင်းတွေ့တဲ့ နောက်ဆုံး ၅ ပွဲတုန်းကကျတော့ မန်စီးတီးဘက်ကကပဲ ၄ ပွဲနိုင် ၁ ပွဲသရေနဲ့ ပိုသာခဲ့တယ် ဒီရာသီအတွင်း ပထမတစ်ပွဲတုန်းက ချယ်လ်ဆီးဘက်က အိမ်ကွင်းနဲ့ မန်စီးတီးကို ၄-၄ နဲ့ ပြီးဆုံးခဲ့တယ် ဘယ်အသင်းမှ စိတ်မလျှော့ကြပါဘူး ဒီပွဲ မန်စီးတီးအသင်းက အခုမှ ဥရောပတိုက်ပွဲဝင်ထားပြီး ခရီးထွက်လာတဲ့အတွက် ပင်ပန်းနွမ်းနယ်နေကြပါတယ် ဒါပေမယ့်လည်း အသင်းရဲ့အရွယ်အစားနဲ့ ကစားသမားတွေရဲ့အရည်အသွေးကြောင့် ကိစ္စမရှိလောက်ပါဘူး ချယ်လ်ဆီးမှာကျတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေတယ် အဲ့တော့ ကိုင်တွယ်စရာတွေက တော်တော်နည်းပါတယ် အသင်းရဲ့စွမ်းဆောင်ရည်က ကောင်းလိုက်ဆိုးလိုက်ပါပဲ အဲ့တော့ ဒီပွဲ တော်တော်နစ်နာနေတယ် ကစားသမားရဲ့ အပြိုင်အဆိုင်များနဲ့ ပရီးမီးယားလိဒ်  အရည်အသွေးချင်းက သိပ်မကွာပေမယ့် ကစားစနစ်နဲ့ ကစားနည်းတွေကျတော့ စီးတီးဘက်က ပိုကြည့်ကောင်းပါတယ် အဲ့ဒီတော့ ၃ မှတ်က စီးတီးရဲ့လက်ထဲ ရောက်သွားမယ်ထင်ပါတယ်။

Manchester City : အိမ်ရှင်မန်စီးတိးအသင်းဟာ ချန်ပီယံလိဂ်ပွဲမှာ ကိုပင်ဟေဂင်အပေါ် ၃-၁ နဲ့ အနိုင်ရရှိလာပြီး စွမ်းဆောင်ရည်တွေ အရမ်းကောင်းနေပါတယ် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၅ ပွဲလုံးပဲ အနိုင်ရရှိသွားပါတယ် ပရီးမီးယားလိဂ်မှာ အဆင့် ၂ ဆိုပေမယ့် အဆင့် ၁ ရဲ့နောက်ကနေ ၂ မှတ်ထဲပဲ လိုက်နေရတော့တယ် ဒါပေမယ့် လီဗာပူးလ်က သူတို့ထက် ၁ ပွဲပိုကစားထားပါတယ် ဒိပွဲ အနိုင်ရသွားလို့ရှိရင်တော့ အဆင့် ၁ နေရာ တက်ရောက်ဖို့ရှိမယ် ဒါပေမယ့် တစ်ညထဲမှာ လီဗာပူးလ်ရဲ့ပြိုင်ပွဲလည်းရှိနေသေးတော့ စောင့်ကြည့်ရသေးတာပေါ့ မန်စီးတီးအသင်းမှာ ပြီးခဲ့တဲ့တစ်ပွဲတုန်းက Jack Grealish နဲ့ Bernardo Silva ကို ဒဏ်ရာကြောင့် ဆုံးရှုံးသွားတယ် Jack Grealish ကတော့ ပါဖို့မရှိတာသေချာတယ် ဆေးလ်ဗားက ပါချင်ပါလိမ့်မယ် ချန်ပီယံလိဂ်နဲ့တစ်ပွဲတုန်းက မကစားလိုက်ရတဲ့ Yosco Guardiol လည်း ဒီပွဲ ပါဖို့မရှိပါဘူး Bernardo Silva မရှိသေးတဲ့အချိန်မှာ Julian Alvarez က ဒီဘရိုင်းနဲ့အတူ ဆင်းကစားခဲ့ရလိမ့်မယ် ရိုဒရီက ကစားပွဲထိန်းချုပ်ပြီး စည်းဘေးနှစ်ယောက်ကျတော့ Phil Foden နဲ့ Jeremy Doku တို့နှစ်ယောက်ပဲ တာဝန်ယူထားလိမ့်မယ် Striker နေရာကျတော့ ဟာလန်းပဲ ရှိနေလိမ့်မယ်။

Chelsea  : အပြာခြင်္သေ့ချယ်လ်ဆီးအသင်းကျတော့ စွမ်းဆောင်ရည်ပြန်ကောင်းနေပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ခရစ်စတယ်ပဲလေစ့်ကို ၃-၁ နဲ့ အနိုင်ရရှိာလာပါတယ် အဲ့ဒီတော့ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံးဖြစ်ပါတယ် လက်ရှိအချိန် လက်ထဲ ၃၄ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၁၀ မှာရပ်တည်နေတယ် ချယ်လ်ဆီးအသင်းမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးပဲရှိနေတယ် Thiago Silva တောင် ဒဏ်ရာအနည်းငယ်ရထားလို့ ဆင်းနိုင်မလားမသိသေးဘူး Malo Gusto နဲ့တစ်ယောက်ကလည်း အရင်တစ်ပွဲ ပွဲပြီးခါနီးအချိန်မှာ လူစားလဲခံခဲ့ရတယ် ပင်ပန်းလို့တော့ပြောတာပဲ ဒီပွဲ Thiago Silva မဆင်းနိုင်သေးဘူးဆိုရင် Levi Colville က Axel Disasi နဲ့အတူ တွဲဆင်းခဲ့ရလိမ့်မယ် တိုက်စစ်ပိုင်းနေရာမှာ Conor Gallagher က Play Maker အနေနဲ့ တာဝန်ယူပြီး ကစားပွဲဖန်တီးဖို့ကျတော့ Cole Palmer, Nicholas Jackson နဲ့ Christopher Nkunku တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Manchester City  (4-1-4-1) : Ederson; Walker, Dias, Ake; Stones, Rodri; Bernardo, De Bruyne, Alvarez, Foden; Haaland

Chelsea (4-2-3-1) : Petrovic; Gusto, Disasi, Colwill, Chilwell; Fernandez, Caicedo; Palmer, Gallagher, Jackson; Nkunku

Missing Players

Manchester City – Mateo Kovacic (Knee Problem), Josko Gvadiol (Ankle Injury)

Chelsea – Lesley Ugochukwu (Hamstring injury), Wesley Fofana (Cruciate ligament tear), Benoît Badiashile (Groin injury), Roméo Lavia (unknown injury), Reece James (Hamstring injury), Marc Cucurella (Ankle surgery)

Facebook