အပြိုင်အဆိုင်ဖစ်လာတဲ့ ပွဲစဥ်များ

လီဗာပူးလ် vs လူတန်တောင်း [ 21 Feb 24 - 02:00 hrs]

အပြိုင်အဆိုင်ဖစ်လာတဲ့ ပွဲစဥ်များ အိမ်ရှင်လီဗာပူးလ်အသင်းဟာ အနိုင်ပွဲတွေတောက်လျှောက်ရအောင် ကြိုးစားနေပါတယ် သူတို့ဆီမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေတယ် ဒီပွဲ ဒုတိယကစားသမားကို ရောပြီး ကိုင်တွယ်ရမှာဆိုတော့ တိုက်စစ်ဆင်တဲ့အခါမှာ အရည်အသွေးကျဆင်းလိမ့်မယ် လူတန်တောင်းအသင်းကျတော့ မထင်မှတ်ပဲ ခြေစွမ်းအရမ်းကျဆင်းသွားပြီး ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ် သူတို့က အနည်းဆုံး တစ်မှတ်လေးလောက်တော့ ဦးတည်ချက်တင်ထားပြီး ဝင်လုံးလိမ့်မယ် အရင်တစ်ပွဲကမှ ရှုံးလာပေမယ့် လူတန်အသင်းက မန်ယူကို ကောင်းကောင်းလေး ပြန်လှန်တိုက်ခိုက်နိုင်ပါတယ် ပြီးတော့ အသင်းကြီးတွေနဲ့ ရင်ဆိုင်တိုင်း အဆင်ပြေအောင် အမြဲလုပ်နိုင်တယ် အဲ့ဒီတော့ လီဗာပူးလ်က ပေါ့ဆလို့မဖြစ်သေးပါဘူး ဒီပွဲ အိမ်ရှင်ဘက်က ပွဲစစလာချင်းကတည်းက တိုက်စစ်ဆင်ပြီးဝင်လုံးမယ် လူတန်တောင်းကျတော့ ခံစစ်ပိတ်ပြီး သွက်လက်တဲ့တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ် ဒါပေမယ့်လည်း လီဗာပူးလ်ရဲ့တိုက်စစ်ပိုင်းကို ခံနိုင်မယ်မထင်ပါဘူး နောက်ပြီး အချင်းချင်းရဲ့ စွမ်းဆောင်ရည်ကိုပါယှဉ်ကြည့်ရင် လီဗာပူးလ်ဘက်က ပိုပြီး အဆင်သင့်ဖြစ်ပါတယ် ဒဏ်ရာရထားတဲ့ကစားသမား အများကြီးရှိနေပေမယ့် ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲစွမ်းဆောင်ရည်ကတော့ လီဗာပူလ်းဘက်က ပိုကြည့်ကောင်းပါတယ် ဒါပေမယ့်လည်း ကြိုးကြာနီဘက်က ၃ မှတ်ရဖို့အရေး တော်တော်ရုန်းခဲ့ရလိမ့်မယ်။

Liverpool : အိမ်ရှင်လီဗာပူးလ်အသင်းဟာ နောက်ဆုံးတစ်ပွဲ ဘရန့်ဖိုတ့်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပေမယ့် အဓိကကစားသမား ၃ ယောက်ဖြစ်တဲ့ Darwin Nuñez, Curtis Jones နဲ့ Diogo Jota တို့မှာ ဒဏ်ရာရသွားကြလို့ အရမ်းပျော်မျူးမနေခဲ့ရပါဘူး နောက်ဆုံးနဲ့တစ်ယောက်က အကြာကြီးပဲ အနားယူဖို့ရှိနေမှာဖြစ်ပြီး Joel Matip, Trent Alexander-Arnold, Dominic Sobozlai, Alisson Becker, Thiago Alcantara တို့နဲ့အတူ အနားယူနေရမှာဖြစ်ပါတယ် Darwin Nuñez, Curtis Jones တို့ကျတော့ မြန်မြန်ဆန်ဆန်လေး ပြန်သက်သာသွားပါပြီ ဒီပွဲ လီဗာပူးလ်အသင်းမှာ အနည်းငယ်ပြောင်းလဲမယ်ထင်တယ် အီဂျစ်တိုက်စစ်မှူး ဆာလာက Darwin Nuñez, Luis Diaz တို့နဲ့အတူ တွဲဆင်းလိမ့်မယ် Alexis Mac Allister joins forces with Wataru Endo, Curtis Jones တို့ကျ‌တော့ ကွင်းအလယ်ပိုင်းကနေ ကစားပွဲထိန်းချုပ်ပြီး ခံစစ်ပိုင်းနေရာမှာ Conor Bradley, Ibrahim Konate, Virgil van Dijk, Andrew Robertson တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

Luton Town : လူတန်တောင်းအသင်းကျတော့ စွမ်းဆောင်ရည်တွေ ပြန်ကောင်းနေပြီး ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိပေမယ့် နောက်ဆုံးတစ်ပွဲရောက်တော့မှ အောက်ဆုံးအဆင့်ဖြစ်တဲ့ ရှက်ဖီးလ်ကို ၁-၃ နဲ့ ရှုံးနိမ့်လာပါတယ် အဲ့တော့ သူတို့ရဲ့လက်ထဲမှာ အမှတ် ၂၀ ကိုင်ဆောင်ထားပြီး အဆင့် ၁၇ မှာရပ်တည်နေပါတယ် အတန်းဆင်းမယ့်ဇုန်ထက် ၁ မှတ်လေးပဲ ပိုသာနေတယ် အသင်းရဲ့ အဆင်သင့်ပြင်ဆင်မှုကတော့ ဒဏ်ရာရထားတဲ့ Marvelous Nakamba, Tom Lockyer, Mads Andersen နဲ့ Daiki Hashioka တို့အပြင် ပြီးခဲ့တဲ့တစ်ပွဲတုန်းက Elijah Adebayo နဲ့တစ်ယောက်ကလည်း ကံဆိုးပြီးဒဏ်ရာထပ်ရသွားပါတယ် လူတန်က ဒီပွဲအတွက် မန်ယူနဲ့ပွဲတုန်းက ၁-၂ နဲ့ ရှုံးသွားတဲ့ ကစားသမားအဖွဲ့အစုကိုပဲ အဓိကကိုင်တွယ်လိမ့်မယ် ခံစစ်နေရာမှာ Teden Menghi, Gabriel Osho, Amari I Bell တို့ ၃ ယောာက်ကို Center Half အနေနဲ့ တာဝန်ပေးထားပြီး ခြေစွမ်းကောင်း ကွင်းလယ်ကစားသမား Ross Barkley က Chidosi Ogbene, Albert Sambi Lokonga နဲ့ Alfi Dotini တို့နဲ့အတူ အလယ်တန်းမှာတာဝန်ယူထားလိမ့်မယ် အသင်းရဲ့ ဂိုးဖန်တီးရှင် Carlton Morris က Thais Chong နဲ့အတူ ကစားပွဲဖန်တီးမယ် ပြီးရင် Striker နေရာ Cawley Woodrow ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Liverpool (4-3-3) : Kelleher; Gomez, Quansah, Van Dijk, Robertson; Gravenberch, Endo, Mac Allister; Salah, Gakpo, Diaz

Luton Town (3-4-2-1) : Kaminski; Bell, Osho, Mengi; Ogbene, Barkley, Lokonga, Doughty; Townsend, Chong; Morris

Missing Players

Liverpool – Thiago (Muscle injury), Curtis Jones (Ankle injury), Trent Alexander-Arnold (Knee problems), Ben Doak (Meniscus tear), Dominik Szoboszlai (Hamstring injury), Diogo Jota (Knee injury), Stefan Bajcetic (Calf injury), Alisson (Hamstring injury), Rhys Williams (unknown injury), Joel Matip (Cruciate ligament tear)

Luton Town – Tom Lockyer (heart problems),E.Adebayo (Thigh Injury),D.Hashioka

Facebook

ဒီအဆင့်အထိ တက်ရောက်နိုင်တဲ့ အင်္ဂလန်မှ ကိုယ်စားလှယ်အသင်းတွေထထဲမှာ အာဆင်နယ်ပါတယ် ဂရုအဆင့်ပြိုင်ပွဲတုန်းက ခြေစွမ်းတော်တော်ပြနိုင်တဲ့ အပြိုင်အဆိုင်ဖစ်လာတဲ့ ပွဲစဥ်များ ပေါ်တိုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ် ဒီ နှစ်သင်းဟာ အချင်းချင်း ရင်မဆိုင်ရတာ ၁၄ နှစ်တောင်ရှိသွားပါပြီ နောက်ဆုံး ထိပ်တိုက်ခဲ့ဖူးတဲ့တစ်ပွဲတုန်းကဆိုရင် ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကပါ အဲ့ဒီနှစ်မှာတော့ ကိုယ့်အိမ်ကွင်းနဲ့ကိုယ် ခြေစွမ်းပြနိုင်ပြီး သွင်းဂိုးအပေါင်းချုပ်လိုက်တော့ အာဆင်နယ်ဘက်က ၇-၁ နဲ့ အနိုင်ကောက်ရသွားပါတယ် ဒီပွဲမှာတော့ နှစ်သင်းစလုံးကပဲ တိုက်စစ်ဆင်ပြီး ဝင်လုံးမယ်ထင်တယ် ဒါပေမယ့် အာဆင်နယ်ဘက်က အတတ်နိုင်ဆုံး ဘောလုံးယူထားလိမ့်မယ် ဘယ်အသင်းကမှ ဇွတ်လုပ်မယ်မထင်ပါဘူး အခြေနေအရအတိုင်း ဖြည်းဖြည်းချင်း လုပ်ဆောင်ကြမယ်ထင်တယ် အာဆင်နယ်ဘကက် သတိထားရမှာ ပေါ်တိုရဲ့ Evanilson နဲ့ Galeno တို့ပါပဲ ဒီရာသီအတွင်း နှစ်ယောက်ရဲ့ သွင်းဂိုးက ၂၇ ဂိုးနဲ့ Assist ၁၄ ကြိမ် ရှိသွားပါပြီ ဒါပေမယ့်လည်း အာကြီးတို့မှာ စွမ်းဆောင်ရည်အရမ်းကောင်းနေတော့ ယုံကြည်မှုရှိရှိနဲ့ ကစားခဲ့ကြလိမ့်မယ် အဝေူကွင်းဆိုပေမယ့် အနိုင်ရဖို့အနေအထားရှိပါတယ်။

FC Porto : ပေါ်တူဂီလိဂ်အတွင်း အဆင့် ၂ မှ အိမ်ရှင်ပေါ်တိုအသင်းဟာ ဂရုအဆင့်တုန်းက ခြေစွမ်းတွေပြပြီး H ဂရုရဲ့ အဆင့် ၂ အနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ် ဘာစီလိုနာနဲ့အတူ ၁၂ မှတ်ကိုင်ဆောင်ပြီး ဝင်ရောက်လာတယ် ပေါ်တိုအသင်းရဲ့ လိဂ်ပွဲတေတွမှာ အရေးကြီးသော Saidu Sanusi ကို ဒဏ်ရာကြောင့် ဆုံးရှုံးသွားပါတယ် အဲ့ပွဲ ၃၂ မိနစ်ထဲပဲ ကစားလိုက်ရပါတယ် ပြီးတော့ သူ့ဒဏ်ရာရဲ့ပြင်းထန်မှုက ရာသီကုန်အထိ အနားယူရမယ်လို့ ပေါ်တိုအသင်းက အတည်ပြုခဲ့ပြီးပြီ Ivan Marcano နဲ့တစ်ယောက်မှာလည်း ဒူးခေါင်းဒဏ်ရာရထားလို့ ဒီပွဲ မပါနိုင်သေးပါဘူး Saidu Sanusi ရဲ့နေရာကျတော့ Wendell နဲ့တစ်ယောက် အစားထိုးပြီး ဆင်းသွားမယ် ခံစစ်နေရာမှာ Joao Mario, Otavio နဲ့ Pepe တို့ပဲ တာဝန်ယူသွားမှာဖြစ်ပြီး တိုက်စစ်ပိုင်းမှာကျတော့ Mehdi Taremi က Evanilson နဲ့အတူ တွဲဆင်းလိမ့်မယ်။

Arsenal :အာဆင်နယ်အသင်းဟာ လောလောဆယ် ခြေစွမ်းအရမ်းကောင်းနေပါတယ် လိဂ်ပွဲစဉ် နောက်ဆုံး ၃ ပွဲမှာ ၁၄ ဂိုးတောင် သွင်းနိုင်ပါတယ် ဒီအစီစဉ်ထဲမှာကျတော့ B ဂရုရဲ့ ချန်ပီယံအနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ် PSV အသင်းနဲ့ ပုခုံးဖက်ပြီး ၁၆ သင်းအဆင့်ကို ဝင်ရောက်ခဲ့တယ် ဒီပွဲမှာတော့ Jurrien Timber ကြီးက အခုအထိ ဒဏ်ရာမသက်သာသေးပါဘူး Oleksandr Zinchenko လည်း ခြေတလုံးဒဏ်ရာရထားတဲ့အတွက် ဒီပွဲ မပါနိုင်မှန်းသေချာတယ် Fabio Vieira, Thomas Partey, Gabriel Jesus နဲ့ Takehiro Tomiyasu တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ်။

11 Players

FC Porto (4-3-3) : Costa; Mario, Pepe, Otavio, Sanchez; Pepe, Varela, Gonzalez, Galeno; Taremi, Evanilson

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Kiwior; Odegaard, Rice, Havertz; Saka, Trossard, Martinelli

Missing Players

FC Porto – Zaidu (Torn knee ligaments), Iván Marcano (Cruciate ligament tear),Ivan Marcono (Cruciate Ligament Injury)

Arsenal – Oleksandr Zinchenko (Calf problems), Thomas Partey (Hamstring injury), Fábio Vieira (Groin surgery), Gabriel Jesus (Knee injury), Jurrien Timber (Cruciate ligament tear)

Facebook

နာပိုလီအသင်းဟာ အခုနောက်ပိုင်း အခြေနေသိပ်မကောင်းပါဘူး နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲသာ အနိုင်ရထားတယ် နာပိုလီမှာ လောလောဆယ် Mazzari ရဲ့ နည်းပြရာထူးကို Francesco Calzona က လာရောက်အစားထိုးပေးမယ်ဆိုတဲ့သတင်းတွေ ထွက်ရှိလာနေတယ် ဒါပေမယ့်လည်း အခုထိ ဘာမှတော့ ဖြစ်မလာသေးပါဘူး အကောင်းဘက်ကြည့်ရင် တည်ငြိမ်နေတုန်းဖြစ်ပါတယ် နာပိုလီမှာ အချို့ အဓိကကစားသမားတွေကို ပြန်လည်ကိုင်တွယ်လို့ရနေပြီဖြစ်တဲ့အတွက် အပြိုင်အဆိုင်ဖစ်လာတဲ့ ပွဲစဥ်များ တော်တော်လေး စိတ်အေးရတယ် ဘာစီလိုနာအသင်းကျတော့ အခုတလော ကစားပုံကစားနည်း အဆင်မပြေပါဘူး အဲ့တော့ နာပိုလီကို နိုင်သွားမယ်လို့လည်းမထင်ပါဘူး ပြောမယ်ဆိုရင် ဘာစီဘက်ကပဲ ရှုံးသွားရင် ရှုံးသွားနိုင်တယ် သူတို့ရဲ့ခံစစ်ပိုင်းက အရမ်းအားနည်းနေလို့ပါ ဘာစီအသင်းက ဒီပွဲ ဘယ်လိုပဲကြည့်ကြည့် နာပိုလီထက် သာမနေပါဘူး စွမ်းဆောင်ရည်တေါကလည်း ပိုမကောင်းဘူး နောက်ဆုံး ၄ ပွဲတုန်းက ၃ ပွဲနိုင်သွားပေမယ့် အဲ့လောက်ကြီးလဲ မကောင်းသေးပါဘူး ဒါပေမယ့် အစစအရာရာကြည့်လိုက်တော့ ဘာစီဘက်က Robert Lewandowski ရှိနေတဲ့အတွက် နည်းနည်းပိုသာပါတယ် ဘာပဲပြောပြော သူ့ကိုမျှော်လင့်ချက် တင်ထားလို့ရတယ် ဒီပွဲ တော်တော်လေးစိတ်ညစ်ခဲ့ရလိမ့်မယ် အနိုင်ရရှိမယ့်အသင်းက ဘာစီပဲလို့ ထင်မြင်ထားပါတယ်။

Napoli : အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ နည်းပြရဲ့ နာပိုလီအသင်းဟာ C ဂရုရဲ့ ဒုချန်ပီယံအနေနဲ့ နောက်ဆုံး ၁၆ သင်းအဆင့်ကို့ တက်ရောက်လာပါတယ် ဂရုအဆင့်ပွဲတုန်းက ၆ ပွဲကစားပြီး ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံးဖြစ်ပါတယ် ၁၀ ဂိုးသွင်းနိုင်ပြီး ၉ ဂိုး ပြန်သွင်းခံထိတယ် သူတို့မှာ ဂိုးအများကြီးသွင်းနိုင်ပေမယ့် ပြန်သွင်းခံထိတဲ့ဂိုးအရေအတွက် ကလည်း မနည်းပါဘူး အသင်းရဲ့ ခံစစ်အားနည်းမှုကို အသင်းနည်းပြက အတတ်နိုင်ဆုံး ရှင်းမှဖြစ်မယ် Juan Jesus နဲ့ခံစစ်မှူးက ဒီပွဲ အသင်းကို ဆင်းကူလို့ရပါတယ် အဲ့တာနဲ့ပဲ နာပိုလီအသင်းရဲ့အနေအထားက တော်တော်လေးအဆင်သင့်ဖြစ်နေပါတယ် ဒီပွဲ နာပိုလီအသင်းက ၄-၃-၃ စနစ်နဲ့ ခံစစ်နေရာမှာ Giovanni di Lorenzo, Amir Rahmani, Natan, Mario Rui တို့ကိုတာဝန်ပေးပြီး Andre-Franck Zambo Angissa, Stanislav Lobotka, Piotr Zielinski တို့ကိုကျတော့ ကွင်းလယ်နေရာမှာ တာဝန်ပေးထားလိမ့်မယ် Matteo Politano, Giovanni Simeone, Quisha Quaratskelia တို့ကျတော့ တိုက်စစ်နေရာမှာ တာဝန်ယူထားလိမ့်မယ်။

 

Barcelona : ဘာစီလိုနာအသင်းကျတော့ H ဂရုရဲ့ချန်ပီယံအနေနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်လာပါတယ် ဂရုအဆင့် ပြိုင်ပွဲတုန်းက ၆ ပွဲကစားပြီး ၄ ပွဲနိုင် သရေ ၀ နဲ့ ၂ ပွဲရှုံးသွားပါတယ် ၁၂ ဂိုးသါင်းနိုင်ပြီး ၆ ဂိုး ပြန်သွင်းခံထိခဲ့တယ် ဘာစီလိုနာအသင်းမှာလည်း ဒဏ်ရာရထားတဲ့ကစားသမား အများကြီးရှိနေတယ် အဲ့တော့ အသင်းနည်းပြက ဒုတိယကစားသမားတွေကို တော်တော်များများ အသုံးချခဲ့ရလိမ့်မယ် ဒီပွဲအတွက် အဆင်သင့်ပိုင်းကတော့ Gabi, Marcos Alonso, Joao Felix, Alejandro Balde နဲ့ Ferran Torres တို့ကို အသုံးပြုလို့မရသေးပါဘူး အဓိကကစားသမားတွေဖြစ်ပြီး ဒဏ်ရာရထားကြပါတယ် ကံကောင်းလို့ Robert Lewandowski , Ilkay Gundogan သို့မဟုတ် Pedri တို့ရှိနေသေးတယ် နာမည်ကျော်ကြားပိုင်းကတော့ ဘာစီဘက်က ပိုရှိပါတယ် ဒါပေမယ့် စိုးရိမ်စရာအကြောင်းက ဘာစီရဲ့ခံစစ်ပိုင်းဟာ Clean sheet သိပ်မလုပ်နိုင်ခဲ့ပါဘူး ဘာစီအသင်း ဒီပွဲ ၄-၃-၃ စနစ်နဲ့ ဂိုးသမားနေရာမှာ Marc Andre Ter Stegen ကိုပဲ တာဝန်ပေးပြီး ခံစစ်နေရာမှာ Jules Gunde, Ronald Araujo, Inigo Martinez, Joao Cancelo တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်နေရာကတော့ Frenkie de Jong, Oriol Romeu, Ilkay Gundogan တို့ကိုပဲ တာဝန်ပေးပြီး တိုက်စစ်ပိုင်းမှာ Lamine Yamal, Robert Lewandowski နဲ့ Pedri တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

11 Players

Napoli (4-3-3) : Meret; Di Lorenzo, Rrahmani, Jesus, Rui; Anguissa, Lobotka, Cajuste; Politano, Osimhen, Kvaratskhelia

Barcelona (4-3-3) : Ter Stegen; Kounde, Araujo, Martinez, Cancelo; De Jong, Gundogan, Pedri; Yamal, Lewandowski, Roque

Missing Players

Napoliဒဏ်ရာရကစားသမားများမရှိကြောင်းသိရသည်။

Barcelona – João Félix (Ankle injury), Marcos Alonso (Back injury), Ferran Torres (Hamstring injury), Alejandro Balde (Tendon rupture), Gavi (Cruciate ligament tear)

Facebook