အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်တွေ

အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အစ်ဝှစ်ချ်တောင်း Vs လီဗာပူးလ် [17 Aug 24 - 18:00 hrs]

အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်တွေ စနေနေ့ည ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းက အသင်းသစ်ဖြစ်တဲ့ Ipswich ရဲ့အိမ်ကွင်းကို သွားရောက်ကစားမှာဖြစ်ပါတယ် Ipswich အသင်းက ပရီးမီးယားလိဂ်မှာ မကစားရတာ ၂၂ နှစ်ရှိသွားပါပြီ လီဗာပူးလ်အသင်းကျတော့ ၉ နှစ်အတွင်းမှ ပထမဆုံးသော နည်းပြသစ်ပြောင်းလဲခြင်းဖြစ်တယ် ကစားပွဲအနေအထားကတော့ ဒီပွဲ လီဗာပူးလ်ဘက်က ဘောလုံးကိုင်တွယ်ပြီး တိုက်စစ်ဆင်ကစားမယ် စိတ်ဝင်စားဖို့ကောင်းတဲ့နေရာကတော့ နည်းပြသစ်နှစ်ယောက်ရဲ့ပြိုင်ပွဲပဲဖြစ်ပါတယ် သူတို့နှစ်ယောက် လူတွေထင်ထားတဲ့ စွမ်းဆောင်ရည်မျိုး ရှိမလားမသိသေးပါဘူး စလော့ကတော့ ဘောလုံးအပိုင်ချုပ်ထားလိမ့်မယ် McKenna ကျတော့ ခံစစ်ပိတ်ပြီး အခွင့်အရေးစောင့်နေလိမ့်မယ် ဒီပွဲ လီဗာပူးလ်ဘက်က ပိုသာပါတယ် ဂိုးသွင်းတဲ့အပိုင်း သိပ်ကြည့်မကောင်းပေမယ့် တောင့်တင်းမှုရှိပါတယ် လီဗာပူးလ်က Mohamed Salah, Darwin Nuñez, Cody Gakpo တို့ရဲ့ ဂိုးပြတ်သားမှုကို အားကိုးလိမ့်မယ် Ipswich ကျတော့ အခုမှ အတန်းတက်လာတဲ့စိတ်နဲ့ ကစားမယ် ကျွန်တော့်အမြင်ကတော့ လီဗာပူးလ်ဘက်က ၃ မှတ်ရပြီး ပြန်သွားမှာပါ။

Ipswich Town : အိမ်ရှင် Ipswich အသင်း ရာသီကြိုခြေစမ်းပွဲတုန်းက ကောင်းကောင်းစွမ်းဆောင်နိုင်ပြီး ၂ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ် ၂၀၂၄/၂၅ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်ဆုံးအသင်းလို့တောင် သတ်မှတ်လို့ရပါတယ် အဆိုပါစွမ်းဆောင်ရည်လေးနဲ့ အိမ်ကွင်းမှာ လီဗာပူးလ်ကို ဒုက္ခတော်တော် ပေးသွားလိမ့်မယ် Ipswich အသင်းရဲ့ အဆင်သင့်ဖြစ်မှုကတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေတယ် Harry Clarke, Nathan Broadhead, Janoy Donazian ကစ George Hearst ဆိုတဲ့ ခြေစွမ်းကောင်းတိုက်စစ်မှူးလည်း ဆင်းမကစားနိုင်သေးပါဘူး အရေးကြီးတဲ့ ကွင်းလယ်လူ Cameron Humphrey လည်း အခြေနေစစ်ဆေးဖို့လိုသေးတယ် ဒါပေမယ့် အရင်ရာသီက အငှါးစာချုပ်နဲ့ ချယ်လ်ဆီးအသင်းဆီက ငှါးထားတဲ့ Omari Hutchinson ကျတော့ ပုံစကောင်းပြနိုင်ခဲ့လို့ အပြတ်ဝယ်ပြီး ဒီပွဲအတွက် အဆင်သင့်ဖြစ်ပါတယ် Wess Byrne, Conor Chaplin, နဲ့ Liam Delap တို့နဲ့အတူ တိုက်စစ်နေရာမှာ တာဝန်ဆင်းယူခဲ့ကြလိမ့်မယ် မန်စီးတီးဆီက ရထားတဲ့တိုက်စစ်မှူးက Ipswich အသင်းရဲ့ မျှော်လင့်ချက်ဖြစ်လိမ့်မယ် အရည်အသွေးရှိပုံဆိုပေမယ့် စောစောစီးစီး လီဗာပူးလ်နဲ့ ရင်ဆိုင်ရတာဆိုတော့ နည်းနည်းစောသွားပါတယ် ၂ ပွဲ ၃ ပွဲလောက် အရင်ကစားပြီးမှဆုံရင်တော့ ကြည့်ကောင်းလိမ့်မယ် ဒီပွဲ Ipswich အသင်းက အိမ်ကွင်းနဲ့ ၄-၂-၃-၁ စနစ်နဲ့ ကစားလိမ့်မယ် ဂိုးသမားနေရာ Ariyanet Muric ကိုတာဝန်ပေးပြီး ခံစစ်နေရာ Axel Tuanzebe, Luke Wolfenden, Cameron Berge နဲ့ Lev Davis တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် Sam Morsey နဲ့ Massimo Luongo တို့ကျတော့ ကွင်းလယ်နေရာတာဝန်ရှိပြီး တိုက်စစ်နေရာမှာ Wes Burns, Conor Chaplin နဲ့ Omari Hutchinson တို့ပဲ တာဝန်ယူထားလိမ့်မယ် ပြီးရင် George Hearst က Stiker နေရာမှာ တာဝန်ယူထားလိမ့်မယ်။

 

Liverpool : လီဗာပူးလ်အသင်းကျတော့ ရာသီကြိုခြေစမ်းပွဲကာလတုန်းက တော်တော်ကောင်းကြတယ် အခုမှ အသင်းနည်းပြသစ် အာနီစလော့ပြောင်းလာပေမယ့် ခြေစမ်းပွဲတုန်းက ၅ ပွဲကစားပြီး ၄ ပွဲနိုင်တယ် တစ်ပွဲမှမရှုံးသေးပါဘူး ၁၀ ဂိုးသွင်းနိုင်ပြီး ၂ ဂိုးသာ သွင်းခံထိခဲ့တယ် နိုင်ငံအသင်းနဲ့ အောင်မြင်မှုရသွားတဲ့ အဓိကကစားသမားတွေကို မကိုင်တွယ်ပဲ အခြေနေကောင်းနေတယ် ကစားသမားအသီးသီးက နည်းပြသစ်ရဲ့စနစ်ကို နားလည်ကြပြီလို့ ယူဆနိုင်တယ် ဒီပွဲ နာမည်ကျော်ကြားမှုကိုကြည့်ရင် လီဗာပူးလ်ဘက်က လုံးဝပိုသာပါတယ် အပီကစားဖို့လည်းရှိတယ် ဒဏ်ရာရထားတဲ့ Bobby Clark လောက်ပဲ မဆင်းနိုင်သေးပါဘူး ဒီပွဲ တိုက်စစ်ပိုင်းမှာ Luis Diaz, Mohamed Salah နဲ့ Darwin Nuñez တို့ပဲ တာဝန်ယူထားမှာဖြစ်ပြီး Virgil van Dijk ကျတော့ Ibrahima Konate နဲ့အတူ ခံစစ်နေရာမှာ တွဲဆင်းမယ် ဒီည ပရီးမီးယားလိဂ်ပြိုင်ပွဲတွေထဲမှာ လီဗာပူးလ်အသင်းရဲ့ သွင်းဂိုးစံချန်က အကောင်းဆုံးဖြစ်မှာသေချာတယ် အဆင့် ၁ နေရာကိုပါ တက်ရောက်သွားလိမ့်မယ် ဒီပွဲ သူတို့ ၄-၃-၃ စနစ်နဲ့ကစားလိမ့်မယ် ဂိုးသမားနေရာ Alisson Becker ဖြစ်ပြီး ခံစစ်နေရာမှာ Conor Bradley, Jarrell Quansah, Virgil van Dijk နဲ့ Konstantinos Tsimikas တို့ပဲ ဖြစ်ပါလိမ့်မယ် ကွင်းလယ်နေရာ ကစားပွဲဖန်တီးဖို့ Dominik Soboszlai, Alexis Mag Allister နဲ့ Ryan Krafenberg တို့ပဲဖြစ်ပြီး ဂိုးသွင်းဖို့နေရာကျတော့ Mohamed Salah, Diogo Jota နဲ့ Luis Diaz တို့ပဲ ဖြစ်ပါလိမ့်မယ်။

11 Players

Ipswich Town : (4-2-3-1) Muric; Tuanzebe, Edmundson, Greaves; Johnson, Luongo, Morsy, Davis; Hutchinson, Delap, Harness

 

Liverpool  (4-2-3-1) : Alisson; Alexander-Arnold, Quansah, Van Dijk, Robertson; Szoboszlai, Gravenberch, Mac Allister; Salah, Jota, Diaz

Missing Players

Ipswich Town – George Hirst (Knee Injury), N.Broadhead (Hamstring Injury), Harry Clarke (Achilles Tendon Injury), C.Humphreys (Muscle Injury)

Liverpool – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Facebook

အာဆင်နယ်အသင်း ရာသီသစ်ရဲ့ ပထမဆုံးပြိုင်ပွဲမှာ အိမ်ကွင်းနဲ့ ဝုဗ်ဗာဟန်တန်ကို လက်ခံကစားရမှာဖြစ်ပါတယ် ဝုဗ်တို့ဟာ အရင်ရာသီတုန်းက အစပိုင်း စွမ်းဆောင်ရည်ကောင်းပြီး ဥရောပပြိုင်ပွဲအဆင့်အထိ တက်ရောက်လာပါသေးတယ် ဒါပေမယ့် ရာသီရဲ့ နောက်ဆုံးပိုင်းရောက်တော့ ကျဆင်းသွားတယ် အာကြီးတို့ကျတော့ အင်အားပိုင်း တော်တော်အဆင်ပြေပါတယ် ဝုဗ်တို့ကျတော့ အဓိကကစားသမားဖြစ်တဲ့ Max Kilman ကို ဆုံးရှုံးသွားတယ် နောက်ဆုံး Pedro Neto ကလည်း ပါသွားပြီ ကစားပွဲအနေအထားကတော့ အိမ်ရှင်ဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမယ် ဝုဗ်တို့ကျတော့ ခံစစ်ပိန်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ကြိုးစားမယ် မြောက်ဘောနဲ့ တိုက်ခိုက်လိမ့်မယ် ဒီပွဲမှာတော့ ဝုဗ်ဘက်က အာကြီးရဲ့အင်အားကို ဘယ်လောက်ထိခံနိုင်မလဲစောင့်ကြည့်ရလိမ့်မယ် ပြီးတော့ အာကြီးရဲ့တိုက်စစ်မှူးတွေရဲ့ ပြတ်သားမှုအပေါ်လည်း ရှိပါသေးတယ် ဒီပွဲမှာတော့ အာတီတာအတွက် ၃ မှတ်ရဖို့အရေး မလွယ်လောက်သေးပါဘူး အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်တွေ တော်တော်ရုန်းကန်ပြီးမှ အနိုင်ရသွားမယ်ထင်ပါတယ်။

Arsenal : အာဆင်နယ်အသင်း မိုက်ကယ်အာတီတာလက်ထက်မှ နှစ်ပေါင်းများစွာ အခြေနေကောင်းနေပါတယ် တစ်ချိန်ထဲမှာ ကစားသမားသစ်ခေါ်ယူလိုက်တဲ့အပိုင်းလည်းကောင်းတယ် ဥပမာ ဘိုလော့ဂ်နာမှ Ricardo Calafiori ဆိုစီဒက်မှ ကွင်းလယ်လူ Miguel Merino ရာသီဈေးမပိတ်ခင် အပိုင်ခေါ်ထားနိုင်မယ်လို့ ယုံကြည်ထားပါတယ် အာတီတာက အာဆင်နယ်ကိုဦးဆောင်ပြီး ဒုချန်ပီယံနဲ့ပြီးဆုံးသွားတာ ၂ နှစ်ဆက်တိုက် ရှိသွားပါပြီ အဲ့ဒီတော့ ဒီရာသီမှာ စပိန်နည်းပြက ချန်ပီယံဆုရအောင် နည်းလမ်းအစုံအသုံးပြုလိမ့်မယ် ရာသီကြိုခြေစမ်းပွဲတုန်းက အခြေနေတော်တော်ကောင်းကြပါတယ် ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ Jurriën Timber နဲ့ Takehiro Tomiyasu တို့ကို ကိုင်တွယ်လို့မရသေးပါဘူး ကြားထဲ Fabio Vieira နဲ့ Kieran Tierney တို့ရဲ့ကြံ့ခိုင်ရေး စစ်ဆေးဖို့လိုသေးတယ် ဒီနှစ်ယောက် ဆင်းမကစားနိုင်ပေမယ့် ကိစ္စမရှိပါဘူး ဘာလို့လဲဆိုတော့ အာကြီးရဲ့ကစာားသမားအသီးသီးက Position လဲလှယ်ကစားနိုင်ကြပါတယ် Emirates Cup အစီစဉ်မှာ လိုင်ယွန်းကို အနိုင်ရသွားတဲ့ ကစားသမားအဖွဲ့အစုကိုပဲ ဆက်ပြီးကိုင်တွယ်သွားပါလိမ့်မယ် ၄-၃-၃ စနစ်နဲ့လေးနဲ့ Bukayo Saka, Kai Havertz နဲ့ Gabriel Martinelli တို့ကို ဂိုးသွင်းဖို့နေရာမှာ တာဝန်ပေးထားပြီး Thomas Partey ကိုကျတော့ အဓိကကွင်းလယ်နေရာမှာ ချထားလိမ့်မယ်။

 

Wolverhampton : ဝုဗ်ဗာဟန်တန်အသင်းကျတော့ အရင်ရာသီတုန်းက အခြေနေကောင်းကြပေမယ့် ရာသီကုန်ခါနီးမှာ ဆိုးသွားတယ် ဒါပေမယ့် သူတို့အနေနဲ့ ခံစစ်ပိုင်းကိုကြည့်ရင်တော့ တောင့်တင်းမှုတော်တော်ရှိပါတယ် အခွင့်အရေးကြုံရင်လည်း ကောင်းကောင်းစွမ်းဆောင်နိုင်တယ် ဒါပေမယ့် ကံဆိုးတာ အခုနောက်ပိုင်း ငွေရေးကြေးရေး သိပ်အဆင်မပြေတော့ အဓိကကစားသမားအချို့ကို ရောင်းလွှတ်လိုက်ရပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ နည်းပြအတွက် စိတ်ညစစရာလေးပါ ဘာလို့လဲဆိုတော့ ရာသီသစ်စစလာတာနဲ့ ဒဏ်ရာရထားတဲ့ကစားသမားတွေ တစ်ပုံကြီးရှိနေလို့ပါ Leon Schivome, Daniel Podence, Matheus Cunha, Enzo Gonzalez နဲ့ Jorgen Strand Larsen ကစ Nelson Semedo ရောပဲ ပွဲပယ်စာရင်းထဲပါသွားလို့ မဆင်းနိုင်သေးပါဘူး ဒါ့အပြင် Max Kilman နဲ့ Pedro Neto ဆိုတဲ့ အဓိကကစားသမားတွေကိုလည်း ရောင်းထုတ်သွားပြီ ဒီပွဲ ဒဏ်ရာရထားမှုအပြည့်ရှိတဲ့ ဝုဗ်အသင်းက ၃ မှတ်အရမ်းလိုချင်တဲ့အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့်အဖြစ်က ဆိုးရွားမှုတစ်မျိုးပဲလို့ ယူဆနိုင်တယ် ဒီပွဲ ဝုဗ်အသင်းက ၄-၂-၃-၁ စနစ်လေးနဲ့ Hwang Hee Chan ကို Striker နေရာမှာချထားမယ် Jurgen Strand Larsen, Matheus Cunha နဲ့ Rodrigo Gomes တို့ကျတော့ အနောက်ကနေ ကစားပွဲဖန်တီးဖို့ တာဝန်ယူထားခဲ့ကြလိမ့်မယ်။

11 Players

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Zinchenko; Odegaard, Partey, Rice; Saka, Havertz, Martinelli

Wolverhampton (4-2-3-1) : Sa; Doherty, Mosquera, Toti, Ait-Nouri; Sarabia, Lemina, Gomes, Bellegarde; Cunha, Hwang

Missing Players

Arsenal – K.Tierney (Thigh Injury), T.Tomiyasu (Knee Injury), Jurrien Timber (Foot Injury), Fabio Vieira (Hip Injury)

Wolverhampton – Sasa Kalajdzic (Cruciate ligament tear), Daniel Podence (Calf Injury), J.Larsen (Thigh Injury), Matheus Cunha (Hamstring Injury), E. Gonzalez (Cruciae ligament Injury)

Facebook