အကောင်းဆုံး ဘောလုံးဝဘ်ဆိုဒ်

ဘန်လေ vs လီဗာပူးလ် [26 Dec 23 - 24:00 hrs]

အကောင်းဆုံး ဘောလုံးဝဘ်ဆိုဒ် ဒီနှစ်သင်းရဲ့အဆင့်အတန်းဟာ အရမ်းကွာခြားမှုရှိတယ် အိမ်ရှင်ဘန်လေအသင်း အခုမှအနိုင်ရလာပေမယ့် ဒီပွဲ သူတို့အတွက် အလွန်ခက်ခဲပါတယ် အသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့စံချိန်ထဲမှာလည်း ဆက်တိုက်ပဲ ရှုံးသွားတယ် ဂိုးအပြတ်နဲ့ရှုံးတာတွေချည်းလည်းဖြစ်နေတယ် လက်ရှိအခြေနေနဲ့ဆိုရင် လီဗာပူးလ်ဘက်က ပိုသာပါတယ် လီဗာပူးလ်အသင်းက ရသင့်တဲ့အမှတ်ကို မရပဲနေလာတာများနေပြီ အဲ့ဒီတော့ ဒီပွဲ အနိုင်ရအောင် လုပ်ယူခဲ့ကြလိမ့်မယ် ကလော့ပ်က သူ့အသင်းကစားသမားကို ဂိုးလိမ့်သွင်းခိုင်းလိမ့်မယ် ဒီပွဲ ဘန်လေရဲ့ ကာကွယ်မှုကို မြန်မြန်လေးထိုးဖောက်နိုင်ရင် ကျန်တာ ပိုလွယ်လာလိမ့်မယ် သူတို့မှာ ၂ ပွဲသရေကျထားပေမယ့် နစ်နာစရာအကြောင်းတော့ မရှိပါဘူး နောက်ဆုံးသရေပွဲကလည်း အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတယ် အာဆင်နယ်အသင်းက သူတို့ထက် ၁ မှတ်လေးပဲ ပိုသာနေတယ် ဘန်လေအသင်းကျတော့ အတန်းမဆင်းအောင် ရုန်းကန်နေပါတယ် အခုအချိန်မှာ Save zone ရဲ့နောက်ကနေ ၃ မှတ်ပဲ လိုက်နေရတော့တယ် ဒီကစားပွဲရဲ့ အခြေနေကတော့ လီဗာပူးလ်ဘက်က တိုက်စစ်ဆင်ပြီး ကစားခွင့်ပိုရလောက်တယ် ဒါပေမယ့်လည်း လက်ရှိဘန်လေအသင်းမန်နေဂျာက ခံစစ်ပိတ်ပြီး စောင့်နေတာမျိုးမဟုတ်ပါဘူး အခွင့်ရေးကြုံရင် ကြုံသလို ပြန်လှန်ခုခံတတ်ပါတယ် အခုအချိန်မှာ လီဗာပူးလ်အသင်းက အာဆင်နယ်ကို ဖိအားပေးဖို့အတွက် ၃ မှတ်အရမ်းလိုချင်နေတယ် ဘန်လေအသင်းကျတော့ အတန်းဆင်းမယ့်ဇုန်ကနေ ရုန်းထွက်ဖို့ အမှတ်လိုချင်တယ် ဒါပေမယ့်လည်း နှစ်သင်စလုံးရဲ့အရညအအသွေးချင်း အရမ်းကွာဟနေလို့ပါ လီဗာပူးလ်မှာ ဒဏ်ရာရထားတဲ့ အဓိကကစားသမားတွေ ရှိနေပေမယ့် ဘန်လေထက်တော့ ပိုသာနေတုန်းဖြစ်ပါတယ် ဒါပေမယ့်လည်း ဘန်လေရဲ့အိမ်ကွင်းဖြစ်တဲ့အတွက်  ဂိုးပိုးစိုးပက်စက်သွင်းလို့ရအောင် အရမ်းလွယ်မယ်လို့တော့မထင်ပါဘူး ဒီပွဲ လီဗာပူးလ်ဘက်က ၃ မှတ်ရသွားမှာသေချာပေမယ့် ဂိုးအပြတ်နဲ့တော့ အနိုင်မရလောက်ပါဘူး။

Burnley : ပရီးမီးယားလိဂ်အဆင့် ၁၉ မှာရပ်တည်နေတဲ့အိမ်ရှင်ဘန်လေအသင်း နောက်ဆုံးတစ်ပွဲတုန်းက ဖူဟမ်ကို ၀ – ၂ နဲ့ အနိုင်ရရှိလာပါတယ် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံးဖြစ်ပါတယ် ၅ ပွဲကစားပြီ ၇ မှတ်ကောက်သိမ်းနိုင်ခဲ့ပါတယ် အတန်းဆင်းမယ့်ဇုန်ထဲမှာ ရှိတဲ့အနေနဲ့ လက်ရှိစွမ်းဆောင်ရည်ဟာ မဆိုးပါဘူး ဘန်လေအသင်းရဲ့ အားနည်းချက်က ခံစစ်ပိုင်းပဲဖြစ်ပါတယ် လိဂ်အတွင်း ဂိုးအများသွင်းခံထိတဲ့ ဒုတိယမြောက်အသင်းဖြစ်နေတယ် တိုက်စစ်ပိုင်းကျတော့ တန်ပြန်တိုက်စစ်ဆင်ဖို့ပဲ စီစဉ်ထားတာ မလုံလောက်သေးပါဘူး ကစားပွဲဖန်တီးပြီး ခုခံနိုင်အောင် ကြိုးစားရမယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Luca Coliocio မှာ ဒူးခေါင်းဒဏ်ရာရထားတဲ့အတွက် မပါနိုင်သေးပါဘူး Aaron Ramsey, Jack Cork နဲ့ Johan Berg Gudmundsson တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ်။

 

Liverpool : အမှတ်ပေးဇယားအဆင့် ၂ ဖြစ်တဲ့လီဗာပူးလ်အသင်းကျတော့ နောက်ဆုံးအိမ်ကွင်းနဲ့တစ်ပွဲတုန်းက အာဆင်နယ်နဲ့ ၁-၁ သရေကျလာပါတယ် အဲ့ပွဲ သူတို့ဘက်က အခွင့်ရေးတော်တော်ဖန်းတီးနိုင်ပေမယ့် ဂိုးမပြတ်သားနိုင်လို့သာ ၃ မှတ်မရခဲ့ပါဘူး အဲ့ဒီအတွက်ကြောင့် အိမ်ကွင်းနဲ့ ၂ ပွဲဆက်တိုက် ထစ်ခနဲသွားပါပြီ ၃ မှတ်မရတဲ့အပြင် Costa Tsimikas ကိုပါ ဆုံးရှုံးသွားပါတယ် အသင်းရဲ့စွမ်းဆောင်ရည်က မဆိုးပါဘူး ဒါပေမယ့် အချို့ကစားသမားတွေက ခြေစွမ်းပြသင့်သလောက် မပြနိုင်သေးတာပဲရှိပါတယ် ဥပမာ Luis Diath, Dominic Soboszlai နဲ့ Darwin Núñez တို့စတဲ့ကစားသမားတွေပဲ ဖြစ်ပါတယ် ဂိုးမသွင်းနိုင်ပဲ ပွဲပြီးလာတာမနည်းတော့ဘူး အဲ့ဒီလိုနဲ့ပဲ သူတို့ရဲ့တိုက်စစ်ပိုင်းဟာ အရည်သွေးကျဆင်းနေပါတယ် ဒါပေမယ့်လည်း ဆာလာကြောင့် နည်းနည်းတော့ အဆင်ပြေပါသေးတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Stefan Bijcetic, Thiago Alcantara, Andy Robertson, Joel Matip, Alexis Mac Allister နဲ့ Kostas Tsimikas တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားလို့ ဆေးကုသနေကြပါတယ် Luis Diaz နဲ့ Diogo Jota တို့ကျတော့ အဆင်ပြေရင် ဒီပွဲ ပါနိုင်လောက်တယ်။

11 players

Burnley (4-4-2) : Trafford; Vitinho, O’Shea, Beyer, Taylor; Tresor, Berge, Brownhill, Odobert; Foster, Amdouni

Liverpool (4-3-3) : Alisson; Alexander-Arnold, Quansah, Van Dijk, Gomez; Szoboszlai, Endo, Gravenberch; Salah, Gakpo, Nunez

Missing Players

Burnley – Lyle Foster (depression), Luca Koleosho (Knee injury),J. Gudmaundsson, Jack Cork, Aaron Ramsey, L.Koleosho

Liverpool – Alexis Mac Allister (Knee injury), Konstantinos Tsimikas (Broken collarbone), Stefan Bajcetic (Calf injury), Diogo Jota (Muscle injury), Thiago (Hip injury), Andrew Robertson (Shoulder injury), Joel Matip (Cruciate ligament tear)

Facebook

အခုနောက်ပိုင်း စွမ်းဆောင်ရည်ကွာဟနေတဲ့အသင်းတွေရဲ့ပြိုင်ပွဲဖြစ်ပါတယ် မန်ယူအသင်း အခုထိ ပုံစံကောင်းမပြနိုင်သေးပါဘူး ကစားပုံကစားနည်းတွေကလည်း သဘောကျစရာမကောင်းဘူး အက်စတွန်ဗီလာအသင်းကျတော့ ဒီရာသီမှာ မထင်မှတ်တဲ့ခြေစွမ်းတွေ အရမ်းပြနိုင်နေပြီး ချန်ပီယံလုယက်မယ့်အသင်းတွေထဲ ပါဝင်နေတယ် မန်ယူအသင်းဟာ နောက်ဆုံး ၄ ပွဲကစားပြီး ၃ ပွဲတောင် ရှုံးနိမ့်သွားတဲ့အတွက် ပုံစံကောင်းပြန်ရအောင် အရမ်းလုပ်ယူနေရပါတယ် ဒီပွဲ အကောင်းဆုံး ဘောလုံးဝဘ်ဆိုဒ် ကိုယ့်အိမ်ကွင်းဖြစ်တဲ့အတွက် အနိုင်ရအောင်တော့ ရည်ရွယ်ထားကြလောက်တယ် ဒါပေမယ့်လည်း ခြေစွမ်းတက်ကြွနေတဲ့အက်စတွန်ဗီလာကို လက်ခံကြိုဆိုရမှာဆိုတော့ ဘယ်တော့မှမလွယ်သေးပါဘူး အက်စတွန်ဗီလာအသင်းဟာ နောက်ဆုံးတစ်ပွဲတုန်းက သရေကျလာပေမယ့် ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး သူတို့ရဲ့တိုက်စစ်ပိုင်းက သွက်လက်ပြီး ပြတ်သားတယ် မန်ယူအသင်း ကိုယ့်အိမ်ကွင်ူဆိုပေမယ့် ခံစစ်ပိုင်းက အဲ့လောက်ထိ အားကိုးလို့မရသေးပါဘူး Moussa Diaby, Ollie Watkins, Leon Bailey တို့လို တိုက်စစ်မှူးနဲ့ ရင်ဆိုင်ရမှာဆိုတော့ ခံနိုင်မယ်မထင်ပါဘူး ဒီကစားပွဲအခြေနေကတော့ ဧည့်သည်အသင်းက တိုက်စစ်ဆင်ကစားခွင့် ပိုရလောက်တယ် နာမည်ကျော်ကြားပိုင်း မန်ယူဘက်က ပိုသာပေမယ့် လက်ရှိစွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင် အက်စတွန်ဗီလာဘက်က ပိုသာပါတယ် နောက်ပြီး မန်ယူအသင်းက အိမ်ကွင်းမှာလည်း ခြေစွမ်းမပြနိုင်သေးပါဘူး ဘုန်းမောက်နဲ့ ဘိုင်ယန်တို့ကိုတောင် ရှုံးသွားခဲ့ဖူးတယ် အဲ့ထက်ဆိုးတာ ဒဏ်ရာရထားတဲ့ကစားသမားတွေလည်း အများကြီးရှိနေတယ် အဲ့တာကြောင့် ၃ မှတ်ရသွားမယ့်အသင်းက အက်စတွန်ဗီလာဖြစ်ဖို့များပါတယ်။

Manchester United : အိမ်ရှင်မန်ယူအသင်း လက်ရှိအခြေနေ ဆိုးနေပါတယ် ပွဲစုံ နောက်ဆုံး ၇ ပွဲကစားပြီး ၁ ပွဲလေးပဲ အနိုင်ရထားတဲ့အပြင် ၅ ပွဲကြီးတောင် ရှုံးနိမ့်သွားပါတယ် နောက်ဆုံးတစ်ပွဲတုန်းကလည်း ဝက်စ်ဟမ်းကို ၂-၀ နဲ့ ရှုံးနိမ့်လာပါတယ် အမှတ်ပေးဇယား အဆင့် ၈ မှာရပ်တည်ပြီး လက်ထဲမှာ ၂၈ မှတ် ကိုင်ဆောင်ထားပါတယ် Top4 ဇုန်ရဲ့နောက်ကနေ ၈ မှတ်လိုက်နေပါတယ် ဒီပွဲ အဲရစ်တန်ဟက်မှာ Lisandro Martinez, Casemino, Mason Mount, Victor Lindelof, Harry Maguire နဲ့ Tyrell Malazia တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံးဒဏ်ရာရထားကြပါတယ် Raphael Varane ကျတော့ ပြန်နေကောင်းသွားတော့ ပါနိုင်မလားမသိသေးဘူး Diogo Dalot နဲ့တစ်ယောက်လည်း ဘန်းစာရင်းမှ လွတ်မြောက်လာပါပြီ ဒီပွဲ တန်ဟက်က ၄-၂-၃-၁ စနစ်ကို စီစဉ်ထားလောက်တယ် Diogo Dalot, Raphael Varane, John Evans နဲ့ Luke Shaw တို့ ၄ ယောက်ကို ခံစစ်ပိုင်းနေရာမှာ တာဝန်ပေးထားပြီး Cobby Mainu နဲ့ Scott McTominay တို့နှစ်ယောက်ကိုကျတော့ ကွင်းအလယ်ပိုင်းမှာ ထိန်းချုပ်ဖို့ တာဝန်ပေးထားလောက်တယ် အသင်းကပ္ပတိန်ဖြစ်တဲ့ Bruno Fernandes က Antoni နဲ့ Alejandro Carnacio တို့နဲ့အတူ ကစားပွဲဖန်တီးဖို့ တာဝန်ယူထားလိမ့်မယ် ပြီးရင် Striker နေရာမှာ Rasmus Hojlund ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

Aston Villa : အက်စတွန်ဗီလာအသင်းကျတော့ စွမ်းဆောင်ရည်တွေ တောက်လျှောက်ကောင်းပြီး နောက်ဆုံးတစ်ပွဲရောက်တော့မှ မထင်မှတ်ပဲ ရှက်ဖီးလ်နဲ့ ၁-၁ သရေကျလာခဲ့ပါတယ် အမှတ်ပေးဇယား အဆင့် ၃ မှာရပ်တည်ပြီး လက်ထဲမှာ ၃၉ မှတ် ကိုင်ဆောင်ထားပါတယ် အဆင့် ၁ မှာရှိတဲ့အာဆင်နယ်ထက် ၁ မှတ်လေးပဲ နည်းနေတယ် ဒီပွဲ အသင်းနည်းပြက Tyrone Mings နဲ့ Yuri Tielemans တို့ကို အသုံးပြုလို့မရသေးပါဘူး ဒဏ်ရာရထားကြလို့ပါ Boubacar Kamara နဲ့တစ်ယောက်ကျတော့ ဘန်းခံထိထားလို့ မပါနိုင်သေးပါဘူး ဒါပေမယ့် ခံစစ်ပိုင်းအတွက် Pao Torres ပြန်လာပါပြီ Matty Cash, Esri Konsa နဲ့ Lucas Digne တို့နဲ့အတူ တာဝန်ဆင်းယူခဲ့ကြလိမ့်မယ် Jamaica လက်ရွေးစဉ်တိုက်စစ်မှူး Leon Bailey ကျတော့ John McGinn, Douglas Luis, Jacob Ramsey တို့နဲ့အတူ ကစားပွဲထိန်းချုပ်ဖို့ အလယ်တန်းနေရာမှာ တာဝန်ယူထားကြလောက်တယ် ကစားပွဲဖန်တီးဖို့ကျတော့ Moussa Diaby ကပဲ ဝန်ယူထားမှာဖြစ်ပြီး Ollie Watkins ကျတော့ Striker အနေနဲ့ ဂိုးသွင်းဖို့ တာဝန်ယူထားလောက်ပါတယ်။

11 Players

Manchester United (4-3-3) : Onana; Dalot, Evans, Varane, Reguilon; McTominay, Eriksen; Antony, Fernandes, Garnacho; Rashford

Aston Villa (4-4-1-1) : Martinez; Konsa, Carlos, Lenglet, Moreno; Zaniolo, McGinn, Luiz, Ramsey; Diaby, Watkins

 

Missing Players

Manchester United – Jadon Sancho (Suspended), Casemiro (Knock), Amad Diallo (Knee injury), Mason Mount (unknown injury), Harry Maguire (Groin injury), Lisandro Martínez (Foot injury), Tyrell Malacia (unknown injury)

Aston Villa – Matty Cash (Yellow card suspension), Boubacar Kamara (Red card suspension), Emiliano Buendía (Cruciate ligament tear), Tyrone Mings (Cruciate ligament tear)

Facebook