လိဒ်ပေါင်းစုံ ချန်ပီယံလိဒ်လုပွဲ

လာဇီယို vs ဘိုင်ယန် [14 Feb 24 - 02:30 hrs]

လိဒ်ပေါင်းစုံ ချန်ပီယံလိဒ်လုပွဲ  အိမ်ရှင်လာဇီယိုအသင်းဟာ အခုနောက်ပိုင်း အခြေနေဆိုးပြီး နောက်ဆုံး ၄ ပွဲစံချိန်ထဲမှာ တစ်ပွဲသာ အနိုင်ရရှိထားပါတယ် အနိုင်ရရှိခဲ့တဲ့ပွဲက ပြီးခဲ့တဲ့စနေနေ့က Cagliari ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲပဲ ဖြစ်ပါတယ် ဒီချန်ပီယံလိဂ်ပွဲစဉ်ထဲမှာ ကိုယ့်အိမ်ကွင်းနဲ့ ပုံစံကောင်းပြနိုင်အောင် ကြိုးစားဖို့လိုပါတယ် ဘိုင်ယန်အသင်းကျတော့ စွမ်းဆောင်ရည်တောက်လျှောက်ကောင်းခဲ့ပေမယ့် နောက်ဆုံးတစ်ပွဲကမှ လေဗာကူဆင်ကို ၀-၃ နဲ့ ရှုံးနိမ့်လာပါတယ် ဘိုင်ယန်အသင်းက ဒီပွဲ အနိုင်ရဖို့အရေး ခြေစွမ်းပြနိုင်အောင် ကြိုးစားရမယ် ဒီပွဲ အိမ်ရှင်အသင်းရဲ့အစစအရာရာကတော့ ဘိုင်ယန်ကိုမမှီပါဘူး ကစားသမားအရည်အချင်းကစ စွမ်းဆောင်ရည်တွေရောပဲပေါ့ ဘိုင်ယန်အသင်းက ဒီအဝေးကွင်းအတွက် တော်တော်လေးအဆင်သင့် ဖြစ်နေတယ် နောက်ပြီး အခုမှ ဂိုးအပြတ်နဲ့ရှုံးလာလို့ ပေါက်ကွဲနေကြလောက်တယ် ဒီပွဲကတော့ ဘီယာနယ်မြေမှအသင်း ပွဲစစလာချင်းကတည်းက တိုက်စစ်ဆင်ပြီး ဝင်လုံးလိမ့်မယ် အပြာ-ဖြူလင်းယုန်အသင်းကျတော့ အိမ်ရှင်အသင်းအနေနဲ့ တိုက်စစ်ဆင်ပြီ တည့်တည့်ဝင်လုံးလောက်တယ် ဒါပေမယ့် နောက်ဆုံမှာတော့ ဘိုင်ယန်ဘက်က ပြတ်သားမှုပိုရှိလိမ့်မယ် ဟယ်ရီကိန်းက သူ့ရဲ့ဂိုးပြတ်သားမှုနဲ့ ဘိုင်ယန်အတွက် အနိုင်ရယူပေးသွားလိမ့်မယ်။

SS Lazio : အိမ်ရှင်လာဇီယိုအသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်ကျဆင်းနေပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံးဖြစ်ပါတယ် အီတလီစီးရီးအေပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းက Cagliari အပေါ် ၃-၁ နဲ့ အနိုင်ရရှိလာတယ် အသင်းရဲ့ အဆင်သင့်ပြင်ဆင်မှုကတော့ Nicolo Rovella က ဘန်းစာရင်းမှ လွတ်မြောက်လာပါပြီ Matteo Guendouzi, Luis Alberto တို့နဲ့အတူ တွဲဆင်းလို့ရနေပါပြီ အဓိက ခံစစ်မှူးဖြစ်တဲ့ Patrick Cabarron ကျတော့ ပုခုံးဒဏ်ရာရထားလို့ အနားယူနေပါတယ် Mattia Zaccangli နဲ့တစ်ယောက်ကျတော့ ခြေချောင်းဒဏ်ရာရထားပေမယ့် သူ့အစား Felipe Anderson နဲ့ Ciro Immobile တို့နဲ့အတူ တွဲဆင်းကစားနိုင်တဲ့ Gustav Isaksen က အဆင်သင့်ဖြစ်နေတယ် ဒီပွဲ လာဇီယိုဘက်က ခံစစ်ပိုင်းနေရာမှာ Elseid Hisai, Alessio Romagnoli, Mario Gila နဲ့ Adam Marusic တို့ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Luis Alberto, Matteo Guendouzi နဲ့ Danilo Cataldi တို့ကိုပဲ ကစားပွဲထိန်းချုပ်ဖို့ တာဝန်ပေးထားလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းနေရာမှာ Gustav Isaksen, Felipe Anderson နဲ့ Ciro Immobile တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

 

Bayern Munich : ဘိုင်ယန်အသင်းကျတော့ ဘွန်ဒက်လီဂါပွဲမှာ အဆင့် ၁ နေရာနဲ့ရင်းပြီး လေဗာကူဆင်အသင်းကိုရှုံးနိမ့်လာပါတယ် ဒါပေမယ့် ချန်ပီယံလိဂ်မှာကျတော့ ၅ ပွဲနိုင် ၁ ပွဲသရေနဲ့ တော်တော်ကောင်းပါတယ် ဂရုအေရဲ့ချန်ပီယံအနေနဲ့ ဆန်ကာတင်လာခဲ့ပါတယ် လောလောဆယ် ထိပ်တန်းအုပ်စုနဲ့ ၅ မှတ်ကွာဟနေတဲ့အတွက် အသင်းနည်းပြရဲ့ရာထူးက ပူလှောင်နေတယ် ဒီအဝေးကွင်းပွဲစဉ်ထဲ ပါဝင်ယှဉ်ပြိုင်ဖို့ ကစားသမားအားလုံး အယောက် ၂၀ နဲ့ ရောက်ချလာမယ် အဲ့ဒီထဲက ၃ ယောက်မှာ အသစ်တွေဖြစ်နေတယ် ဥပမာ Sasha Boy, Eric Dyer နဲ့ Brian Zaragoza တို့ပဲ ဖြစ်ပါတယ် ဒါပေမယ့် ဒီပွဲ ဘယ်ခံစစ်မှူး Alphonso Davis ကတော့ အခြေနေမကောင်းလို့ မပါနိုင်သေးပါဘူး Kingsley Coman, Serge Gnabry, Konrad Laimer နဲ့ Boona Sarr တို့ရောပဲ ဒဏ်ရာရထားလို့ မပါနိုင်သေးပါဘူး ဘိုင်ယန်အသင်းက ဒီပွဲ ခံစစ်ပိုင်းနေရာမှာ Nusser Mazrauai, Matthijs de Ligt, Kim Min-jae နဲ့ Rafael Guerrero တို့ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်အတွဲနေရာကျတော့ Joshua Kimmich နဲ့ Leon Goretzka တို့ကိုပဲ ကစားပွဲထိန်းချုပ်ဖို့ တာဝန်ပေးထားလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းနေရာမှာ Jamal Musiala, Leroy Sane နဲ့ Thomas Muller တို့ကိုပဲ အဓိကတာဝန်ပေးပြီး Striker နေရာမှာ ဟယ်ရီကိန်းကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

11 Players

SS Lazio (4-3-3) : Provedel; Marusic, Romagnoli, Gila, Hysaj; Guendouzi, Rovella, Alberto; Isaksen, Immobile, Anderson

Bayern Munich (4-2-3-1) : Neuer; Mazraoui, Upamecano, Kim, Guerreiro; Kimmich, Goretzka; Sane, Muller, Musiala; Kane

 

Missing Players

SS Lazio – Patric (Shoulder injury), Mattia Zaccagni (Toe injury), Diego González (unknown injury)

Bayern Munich –  Daniel Peretz (Inner ligament injury), Tom Hülsmann (Hamstring injury), Alphonso Davies (Internal ligament strain), Serge Gnabry (Muscle injury), Konrad Laimer (Calf injury), Tarek Buchmann (Torn muscle bundle), Kingsley Coman (Internal ligament tear), Bouna Sarr (Cruciate ligament tear)

Facebook

လိဒ်ပေါင်းစုံ ချန်ပီယံလိဒ်လုပွဲ PSG အသင်းဟာ စွမ်းဆောင်ရည်တွေတောက်လျှောက်ကောင်းနေတဲ့အတွက် ကစားသမားအသီးသီးမှာ ယုံကြည်မှုအပြည့် ရှိနေကြပါတယ် ဆိုစီဒက်အသင်းကျတော့ ဂရုချန်ပီယံအနေနဲ့ တက်ရောက်လာပေမယ့် လက်ရှိ စွမ်းဆောင်ရည်အတွက် စိတ်ပျက်စရာကောင်းပါတယ် အခုအချိန် နှစ်သင်းစလုံးရဲ့ အစစအရာရာ နဲ့စွမ်းဆောင်ချင်းယှဉ်ကြည့်ရင် PSG ဘက်က ပိုသာမှန်းကောင်းကောင်းမြင်ရပါတယ် အဲ့ဒီတော့ PSG ဘက်ကပဲ ကောင်းကောင်းလေးတိုက်စစ်ဆင်ကစားပြီး အိမ်ကွင်းနဲ့ အနိုင်ကောက်ရသွားလောက်ပါတယ် ပထမကျော့အနေနဲ့ အနိုင်ရသွားရင်တော့ ပိုကောင်းပါတယ် PSG အသင်းရဲ့ အပိုင်းအားလုံးက ပိုသာနေရင်းနဲ့ အိမ်ကွင်းနဲ့ပါ ကစားရမှာဖြစ်ပါတယ် ကစားသမားတွေရဲ့အရည်အသွေးကကောင်းပြီး ဥရောပဇာတ်ခုံမှာလည်း အတွေ့အကြုံရှိတယ် နောက်ပြီး အဲ့ထက်အရေးကြီးတာ ကွင်းထဲကစွမ်းဆောင် အရမ်းတွေကောင်းနေကြပါတယ် အဲ့ဒီတော့ ဒီပွဲ မထင်မှတ်တဲ့အရာတွေ မဖြစ်ပေါ်ဘူးဆိုရင်တော့ PSG ဘက်က အသာလေးနဲ့ အနိုင်ရသွားမှာသေချာတယ်။

PSG Paris Saint-Germain : အသင်းဟာ အခုတလော ခြေစွမ်းအတော်ပြနိုင်နေပါတယ် ၂၀၂၄ ခုနှစ် စစဝင်လာကတည်းက ၈ ပွဲကစားပြီး ၇ ပွဲတောင် အနိုင်ရရှိသွားပါတယ် နောက်ဆုံးစနေနေ့နဲ့တစ်ပွဲတုန်းက လိုင်လီအပေါ် ၃-၁ နဲ့ အနိုင်ကောက်ရလာတယ် အဲ့ဒီတော့ လီဂူးရဲ့ အဆင့် ၁ နေရာမှာရပ်တည်နေပါတယ် ဒီအစီစဉ်ထဲမှာကျတော့ ဂရု F ရဲ့ဒုချန်ပီယံအနေနဲ့ ၁၆ သင်းအဆင့်ထဲ ဝင်ရောက်ခဲ့တယ် အသင်းရဲ့ အဆင်သင့်ပြင်ဆင်မှုကတော့ ဒီပွဲ အသင်းနည်းပြမှာ ဒဏ်ရာရထားတဲ့ Presnel Kimpembe, Milan Skriniar နဲ့ Sergio Rico တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Nuno Mendes နဲ့ Layvin Kurzawa တို့ကျတော့ အခြေနေစစ်ဆေးဖို့လိုသေးတယ် ကျန်တဲ့အဓိကကစားသမားအားလုံး အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ PSG ဘက်က ၄-၂-၃-၁ စနစ်နဲ့ ခံစစ် ၄ ယောက်နေရာ Achraf Hakimi, Danilo Pereira, Marquinhos နဲ့ Lucas Hernandez တို့ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်အတွဲကျတော့ Warren Zaire-Emery နဲ့ Manuel Ugarte တို့ကိုပဲ ကစားပွဲထိန်းချုပ်ဖို့ တာဝန်ပေးထားလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းကနေ ကစားပွဲဖန်တီးဖို့ Marco Asensio, Ousmane Dembele နဲ့ Rondal Golo Muani တို့ကိုပဲ တာဝန်ပေးပြီး အဓိက ဂိုးသွင်းဖို့ Striker ကျတော့ Kylian Mbappe ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

 

Real Sociedad : ဆိုစီဒက်အသင်းကျတော့ လောလောဆယ် ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတဲ့အတွက် အခြေနေတွေ စိတ်ပူစရာကောင်းနေပါတယ် အဲ့ဒီလေးပွဲထဲမှာ ၃ ပွဲက သရေကျသွားတယ် ပြီးကျမှ အိုဆာဆူနာကို အိမ်ကွင်းနဲ့ ၀-၁ ရှုံးနိမ့်သွားပါတယ် အဲ့တာနဲ့ပဲ သူတို့ လာလီဂါထဲ အဆင့် ၇ မှာရပ်တည်နေတယ် ဒီဖလားပွဲအစီစဉ်ထဲမှာကျတော့ ဂရု D ရဲ့ချန်ပီယံအနေနဲ့ ဒီအဆင့်ကိုတက်ရောက်လာတယ် အသင်းရဲ့ အဆင်သင့်ပြင်ဆင်မှုကတော့ ပြသာနာတော်တော်များနေပါတယ် Sheraldo Becker, Kieran Tierney, Alvaro Odriozola, Carlos Fernandez နဲ့ Ayén Muñoz တို့အားလုံးဟာ ဒဏ်ရာရထားကြပါတယ် Miguel Oyarzabal နဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ် ဒီပွဲ သူတို့ ၄-၃-၃ စနစ်နဲ့ ခံစစ် ၄ ယောက်နေရာမှာ Amari Traore, Igor Zubeldia, Robin Le Nordmand နဲ့ Javier Galan တို့ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Miguel Merino, Martin Subimendi နဲ့ Brais Mendez တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် ပြီးရင် တိုက်စစ်ပိုင်းနေရာမှာ Takefusa Kubo, Umar Sadiq နဲ့ Ander Barrenettia တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်ပါတယ်။

11 Players

PSG Paris Saint-Germain (4-2-3-1) : Donnarumma; Hakimi, Danilo, Marquinhos, Hernandez; Urgate, Zaire-Emery; Dembele, Asensio, Kolo Muani; Mbappe

Real Sociedad (4-3-3) : Remiro; Traore, Zubeldia, Le Normand, Galan; Merino, Zubimendi, Mendez; Kubo, Sadiq, Barrenetxea

Missing Players

PSG Paris Saint-Germain  – Milan Skriniar (Ankle injury), Presnel Kimpembe (Achilles tendon rupture),Muno Maendes (Hamstring Injury)

Real Sociedad – Aritz Elustondo (Toe injury), Kieran Tierney (Hamstring injury), Sheraldo Becker (Adductor pain), Álvaro Odriozola (Inner ligament stretch of the knee), Carlos Fernández (Meniscus damage), Aihen Muñoz (Cruciate ligament tear)

Facebook