ရာသီကုန်ခါနီးလာသော ဖလားလုပွဲ

ရာသီကုန်ခါနီးလာသော ဖလားလုပွဲ ချယ်လ်ဆီး Vs ဝက်စ်ဟမ်း [ 5 May 24 - 19:30 hrs]

ရာသီကုန်ခါနီးလာသော ဖလားလုပွဲ ဒီတစ်ပတ် လန်ဒန်ဒါဘီတိုက်ပွဲလေးက အဆင့်ဇယားထဲမှာ အဆင့်အတန်း ကွာဟမှုမရှိတဲ့အသင်းတွေရဲ့ပြိုင်ပွဲ ဖြစ်ပါတယ် အခုနောက်ပိုင်း အိမ်ရှင်ဘက်က စွမ်းဆောင်ရည်ပိုကောင်းပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၂ ပါဲအရှုံးဖြစ်ပါတယ် ဝက်စ်ဟမ်းတို့ကျတော့ ၂ ပွဲသရေ ၃ ပွဲအရှုံးဖြစ်ပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ၅ ပွဲတုန်းကကျတော့ ၂ ပွဲစီအနိုင်ရပြီး ၁ ပွဲ သရေကျသွားပါတယ် အရည်အသွေး နီးစပ်ကြပါတယ် ဒါပေမယ့် ဝက်စ်ဟမ်ဘက်က ပိုပြီး အဆင်သင့်ဖြစ်ပါတယ် ဘာလို့လဲဆိုတော့ ချယ်လ်ဆီးအသင်းမှာ ဒဏ်ရာရထားတဲ့ကစားသမား ၁၀ ဘောက်ကြီးတောင်ရှိနေလို့ပါ ဝက်စ်ဟမ်းတို့ကျတော့ အဓိကကစားသမားတော်တော်များများကို ပြန်လည်ကိုင်တွယ်လို့ရနေပါပြီ နှစ်သင်းစလုံးမှာ အဆင့်အတန်းကပ်ရပ်နေကြတာဆိုတော့ ဥရောပတိုက်ပွဲတွေထဲ ပါဝင်နိုင်အောင် ကြိုးစားခဲ့ကြလိမ့်မယ် ဒီပွဲ အနိုင်အရှုံး ဖြစ်ပေါ်လို့ရှိရင် အဆင့်တွေ ပြောင်းလဲသွားလိမ့်မယ် အဲ့ဒီတော့ ဒီပြွ နှစ်သင်းစလုံးအတွက် အရမ်းအရေးကြီးပါတယ် ချယ်လ်ဆီးအသင်းက ဒီပွဲ တိုက်စစ်ဆင်ပြီးဝင်လုံးမယ် ဝက်စ်ဟမ်းကျတော့ ထိန်းကစားပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စီစဉ်ထားလောက်ပါတယ် ဒီနေရာမှာ ချယ်လ်ဆီးက ဝက်စ်ဟမ်းရဲ့ ခံစစ်ပိုင်းကို ထိုးဖောက်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ် ပြီးတော့ ချယ်လ်ဆီးရဲ့ခံစစ်ပိုင်းက ဝက်စ်ဟမ်းရဲ့ တန်ပြန်တိုက်စစ်ကို ဘယ်လိုမျိုးကာကွယ်မလဲမသိသေးဘူး Mo Kudus, Jarrod Bowen, Michael Antonio, ပြီးတော့ Lucas Paqueta တို့က အကယ့်ခြေစွမ်းကောင်းတိုက်စစ်မှူးတွေပါ ဝက်စ်ဟမ်းရဲ့စွမ်းဆောင်ရည်က သိပ်မကောင်းပေမယ့် ဒီပွဲမှာတော့ ချယ်လ်ဆီးအတွက် မလွယ်လားပါဘူး ဒဏ်ရာရထားတဲ့ ကစားသမားတွေလည်း အများကြီးရှိနေတယ် ဒီပွဲ မနိုင်မရှုံးလေးနဲ့ သရေကျဖို့ အတော်များပါတယ်။

Chelsea : ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းပြပြီး စပါးအပေါ် ၂-၀ နဲ့ အနိုင်ရရှိလာပါတယ် ဒီရာသီ ၃၄ ပွဲကစားပြီး လက်ထဲ ၅၁ မှတ်လေးနဲ့ အဆင့် ၈ မှာရပ်တည်နေတယ် ဥရောပတိုက်ပွဲဇုန်မှာရှိတဲ့ မန်ယူရဲ့ အနောက်ကနေ ၃ မှတ်လိုက်နေပါတယ် ချယ်လ်ဆီးအသင်းမှာ ဒဏ်ရာရထားတဲ့ Wesley Fofana, Reece James, Romeo Lavia, Enzo Fernandes, Lesley Ugochukwu, Robert Sanchez, Malo Gusto, Ben Chilwell, Diego Silva, Axel Disasi နဲ့ Carney Chukwuemeka တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Christopher Nkunku, Levi Colville နဲ့ Raheem Sterling တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ ချယ်လ်ဆီးအသင်း ၄-၂-၃-၁ စနစ်နဲ့ ဂိုးသမားနေရာ George Petrovic ကိုတာဝန်ပေးပြီး ညာဘက်ခံစစ်ကျတော့ Alfie Gilchrist ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်ခံစစ်နေရာမှာ Benoit Badiacil က Trevoh Chalobah နဲ့အတူ တာဝန်ဆင်းယူမယ် ဘယ်ဘက်ခံစစ်ကျတော့ Marc Cucurella ပဲဖြစ်လိမ့်မယ် ကွင်းလယ်တိုက်စစ်နေရာကျတော့ Conor Gallagher, Moses Caicedo တို့နှစ်ယောက်ဖြစ်ပြီး တိုက်စစ်မှူးသုံးယောက်ကျတော့ Cole Palmer, Noni Madueke, Mikailo Mudrik တို့ပဲ ဖြစ်လိမ့်မယ် ပြီးရင် Striker နေရာမှာ Nicholas Jackson ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

West Ham United : ဝက်စ်ဟမ်းအသင်းကျတော့ အခု ချယ်လ်ဆီးနဲ့အတူ ဥရောပတိုက်ပွဲခွဲတမ်းလုယက်နေပါတယ် ဒါပေမယ့် သူတို့ရဲ့ အခုနောက်ပိုင်းစွမ်းဆောင်ရည်က သိပ်မကောင်းပါဘူး ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး ၃ ပွဲတောင် ရှုံးနိမ့်သွားပါတယ် နောက်ဆုံးတစ်ပွဲတုန်းက လီဗာပူးလ်နဲ့ ၂-၂ သရေကျအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ် ဒီရာသီ ၃၅ ပွဲကစားပြီး လက်ထဲ ၄၉ မှတ်လေးနဲ့ အဆင့် ၉ မှာရပ်တည်နေပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ George Earthy, Konstantinos Mavropanos နဲ့ Nayef Agerd တို့ရဲ့အခြေနေကိုပဲ စစ်ဆေးဖို့လိုပါတော့တယ် ကျန်တဲ့နေရာတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပြွ ဝက်စ်ဟမ်းက ၄-၂-၃-၁ စနစ်လေးနဲ့ ဂိုးသမားနေရာ Alphonse Areola ကိုတာဝန်ပေးပြီး Vladimir Coufal, Kurt Zouma, Konstantinos Mavropanos, Emerson တို့ကိုကျတော့ ခံစစ်ပိုင်းနေရာမှာ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်တိုက်စစ် နေရာကျတော့ Edson Alvarez နဲ့ Tomas Soucek တို့နှစ်ယောက်ကိုတာဝန်ပေးပြီး Mohamed Kudus က Jarod Bowen နဲ့ Lucas Paqueta တို့နဲ့အတူ ကစားပွဲဖန်တီးဖို့ တာဝန်တွဲယူထားကြလိမ့်မယ် ပြီးရင် Striker နေရာမှာ Antonio ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Chelsea (4-2-3-1) : Petrovic; Gilchrist, Chalobah, Badiashile, Cucurella; Caicedo, Gallagher; Madueke, Palmer, Mudryk; Jackson

West Ham United (4-2-3-1) : Areola; Coufal, Zouma, Mavropanos, Emerson; Alvarez, Soucek; Bowen, Paqueta, Kudus; Antonio

Missing Players

Chelsea – Reece James (surgery), Carney Chukwuemeka (unknown injury), Thiago Silva (unknown injury), Levi Colwill (Toe injury), Raheem Sterling (unknown injury), Malo Gusto (unknown injury), Ben Chilwell (Knee problems), Axel Disasi (unknown injury), Enzo Fernández (Groin problems), Wesley Fofana (Cruciate ligament tear), Roméo Lavia (Hamstring injury)

West Ham United – Nayef Aguerd (Ankle Injury), K.Mavropanos (Knock Injury), George Earthy

Facebook

နှစ်သင်းစလုံးရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ လီဗာပူးလ်ဘက်က နည်းနည်းပိုကောင်းပါတယ် ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံးဖြစ်ပါတယ် လီဗာပူးလ်က လောလောဆယ် တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါ ချို့ယွင်းမှုရှိပါတယ် တစ်ရာသီလုံးကစားထားလို့ ပင်ပန်းသွားတာနေမယ် စပါးအသင်းကျတော့ နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲအရှုံးဖြစ်ပါတယ် အချင်းချင်းရင်ဆိုင်ခဲ့တဲ့ ၅ ပွဲတုန်းကဆိုရင် လီဗာပူးလ်ဘက်က ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲ ရှုံးသွားပါတယ် ဒီပွဲ နှစ်သင်းစလုံးကပဲ တိုက်စစ်ဆင်ပြီးဝင်လုံးမယ် အိမ်ရှင်ဘက်က ကစားပွဲ ပိုထိန်းချုပ်နိုင်လောက်တယ် ဒါပေမယ့် စပါးအသင်းမှာလည်း အခွင့်အရေးကြုံရင် အပီတိုက်ခိုက်လိမ့်မယ် လက်ရှိ နှစ်သင်းစလုံးရဲ့ အကြီးမားဆုံးပြသာနာကတော့ အခွင့်အရေးဖန်တီးမှုနဲ့ ဂိုးသွင်းမှုဖြစ်ပါတယ် ပိုပိုလိုလိုတွေ ဖြစ်နေကြတယ် ပြီးတော့ ခံစစ်ပိုင်းက ရာသီကုန်ခါနီးလာသော ဖလားလုပွဲ အားနည်းပြီး အချိန်မရွေး ဂိုးသွင်းခံထိနိုင်တယ် အဲ့တော့ မှားယွင်းမှုနဲ့ ပြတ်သားမှုချင်း ယှဉ်ပြိုင်ခဲ့ရလိမ့်မယ် အခွင့်အရေးကို ဆုပ်ကိုင်နိုင်တဲ့အသင်းကပဲ ၃ မှတ်ရသွားလိမ့်မယ် ပထမတွေ့ဆုံပွဲတုန်းက စပါးဘက်က ၂-၁ နဲ့ အရင်နိုင်သွားပါတယ် အဲ့ပွဲ လူမကျွန်ပဲ လူကျွန်ဘောဆိုပြီး ဆုံးဖြတ်သွားတာ မှတ်မိကြလောက်ပါတယ် ဒီပွဲ လီဗာပူးလ်ဘက်က လက်စားချေဖို့အခွင့်အရေး ရောက်လာပါပြီ ဒါပေမယ့် လက်ရှိိအနေအထားနဲ့ဆိုရင်တော့ လွယ်မယ်မထင်ပါဘူး ကလော့ပ်ရဲ့ အသင်းကစားသမားတွေက ရည်မှန်းချက်အားနည်းသွားပြီ ဒါပေမယ့် နည်းပြကိုယ်တိုင်ကတော့ ဖလားလေးနဲ့ နှုတ်ဆက်ချင်နေတုန်းပါ ဖြစ်ချင်သလိုတော့ ဖြစ်မလာသေးပါဘူး ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ ကစားရမှာဆိုတော့ The kop အားလုံးက အသက်ကုန်အားပေးခဲ့ကြလိမ့်မယ် လီဗာပူးလ်ဘက်ကပဲ အနိုင်ရသွားမယ်ထင်တယ်။

Liverpool : အိမ်ရှင်လီဗာပူးလ်အသင်း ချန်ပီယံလိဂ်မှ အပယ်ခံထိလာကတည်းက စွမ်းဆောင်ရည်တွေ တော်တော်ဆိုးနေပါတယ် နောက်ဆုံး ၂ ပွဲကစားပြီး ၁ မှတ်လေးပဲ ကောက်သိမ်းနိုင်တယ် အဲဗာတန်ကို ၂-၀ နဲ့ ရှုံးပြီး ဝက်စ်ဟမ်းနဲ့ ၂-၂ သရေကျလာပါတယ် ချန်ပီယံအတွက် ရင်ခုန်လို့တောင် ရသေးလားမသိတော့ဘူး လက်ထဲမှာ ၇၅ မှတ်လေးနဲ့ အဆင့် ၃ မှာရပ်တည်နေတယ် အာဆင်နယ်ရဲ့ အနောက်ကနေ ၅ မှတ်တောင် လိုက်နေပါတယ် ကစားစရာ ၃ ပွဲလေးပဲ ကျန်ပါတော့တယ် ကလော့ပ်အသင်းရဲ့အနေအထားကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Joel Matip, Thiago Alcantara နဲ့ Diogo Jota တို့ ရှိနေပါသေးတယ် Virgil van Dijk နဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးဖို့လိုပါသေးတယ် ကျန်တဲ့ကစားသမားတွေကျတော့ အဆင်သင့်ပါပဲ ဂိုးသမားနေရာ Alisson Becker ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းမှာကျတော့ Trent Alexander-Arnold, Ibrahima Konate, Virgil van Dijk နဲ့ Andrew Robertson တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် Wataru Endo က Curtis Jones နဲ့ Alexis Mac Allister တို့နဲ့အတူ ကွင်းလယ်နေရာမှာ အတူတူထိန်းမယ် ပြီးရင် တိုက်စစ်ပိုင်းမှာကျတော့ Mohamed Salah, Darwin nunez နဲ့ Luis Dias တို့ကိုပဲ အားကိုးလိမ့်မယ်။

 

Tottenham Hotspurs : စပါးအသင်းမှာလည်း အခြေနေကျဆင်းနေပြီး ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီဖြစ်ပါတယ် နယူးကာဆယ်ကို ၄-၀ နဲ့ အရင်ရှုံးပြီး အာဆင်နယ်ကို ၂-၃ နဲ့ ထပ်ရှုံးလာတယ် ပြီးရင် ချယ်လ်ဆီးကို ၂-၀ ကို ခံခဲ့ရပါတယ် အဆင့် ၅ မှာရပ်တည်ပြီး အဆင့် ၄ မှာရှိတဲ့ အက်စတွန်ဗီလာရဲ့ အနောက်ကနေ ၇ မှတ် လိုက်နေပါတယ် ဒါပေမယ့် စပါးဘက်က ၁ ပွဲ လျော့ကစားထားပါတယ် စပါးအသ်ငးမှာဒီပွဲ ဒဏ်ရာရထားတဲ့ Destiny Udoghi, Fraser Forster, Manor Solomon နဲ့ Ryan Sessegnon တို့ကို ကိုင်တွယ်လို့မရေသေးပါဘူး Richarlison နဲ့ Pedro Porro တို့ကျတော့ ဒီပွဲ ပြန်လာနိုင်ပြီထင်တယ် ကျန်တာတော့ အဆင်သင့်ဖြစ်နေကြပါတယ် ဒီပွဲ စပါးအသင်း ၄-၂-၃-၁ စနစ်လေးနဲ့ ဂိုးသမားနေရာ Guillermo Vicario ကိုတာဝန်ပေးပြီး ခံစစ်နေရာမှာ Pedro Porro, Christian Romero, Micky van der Ven နဲ့ Ben Davis တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်တိုက်စစ်နေရာမှာကျတော့ Yves Bissouma နဲ့ Rodrigo Bentancur တို့နှစ်ယောက်ကို တာဝန်ပေးပြီး တိုက်စစ်ပိုင်းမှာ Brennan Johnson, James Maddison, Timo Werner တို့ သုံးယောက်ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် Striker နေရာမှာ ဆွန်ဟောင်မင်ကိုပဲ အားကိုးလိမ့်မယ်။

11 Players 

Liverpool (4-3-3) : Alisson; Alexander-Arnold, Quansah, Konate, Robertson; Szoboszlai, Endo, Mac Allister; Salah, Nunez, Diaz

 

Tottenham Hotspurs (4-2-3-1) : Vicario; Porro, Romero, Van de Ven, Emerson; Bentancur, Bissouma; Kulusevski, Maddison, Johnson; Son

 

Missing Players

Liverpool – Thiago (Muscle injury), Conor Bradley (Ankle injury), Ben Doak (Meniscus tear), Joel Matip (Cruciate ligament tear),Diogo Jota (Muscle Injury)

 

Tottenham Hotspurs – Destiny Udogie (Hamstring injury), Fraser Forster (Ankle injury), Timo Werner (Thigh problems), Ben Davies (Calf problems), Ryan Sessegnon (Hamstring injury), Manor Solomon (Meniscus injury)

Facebook