ယူရို 2024 ဘောလုံး သုံးသပ်ချက်

တူရကီ Vs ပေါ်တူဂီ [22 Jun 24 - 22:30 hrs]

ယူရို 2024 ဘောလုံး သုံးသပ်ချက် တူရကီအသင်းက အရမ်းမပေါ့ဆရင် နောက်တစ်ဆင့် ဆန်ကာတင်မယ့်အနေအထားအရမ်းများပါတယ် ဒီပွဲမှာတော့ ရမှတ်လေးရအောင် ထိန်းကစားလိမ့်မယ် ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့စောင့်နေလိမ့်မယ် ပေါ်တူဂီအသင်းကျတော့ ကစားသမားအသီးသီးက အင်အားပိုကောင်းတယ် အတွေ့အကြုံလည်းရှိတယ် စိတ်ချလို့ရပါတယ် ဂိုးပြတ်သားပိုင်းကိုပဲ နည်းနည်းပြုပြင်ရမယ် ခံစစ်ပိုင်းကလည်း အရင်ကစားသမားတွေကိုပဲ ချထားပါတယ် ဒီပွဲ ၃ မှတ်ရအောင် တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် လက်ရှိစွမ်းဆောင်ရည်နဲ့ ကစားသမားအနေအထားကိုယှဉ်ကြည့်ရင် ပေါ်တူဂီဘက်က ပိုကြည့်ကောင်းပါတယ် ဒါပေမယ့် ဂိုးသွင်းတဲ့နေရာလောက်ပဲ လိုနေတယ် ပြန်ပြင်ထားပြီထင်ပါတယ် တူရကီအသင်းကျတော့ ခံစစ်ပိတ်ကစားဖို့ ပိုဦးစားပေးလိမ့်မယ် ဒါပေမယ့် ပေါ်တူဂီတို့ရဲ့ တက်ကြွမှုကို ခံနိုင်မယ်မထင်ပါဘူး။

Türkiye – တူရကီအသင်း ပွဲဦးထွက်တုန်းက ကောင်းကောင်းလေးစွမ်းဆောင်နိုင်ပြီး ဂျော်ဂျီယာကို ၃-၁ နဲ့ အနိုင်ရရှိလာတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာ ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲအရှုံးဖြစ်ပါတယ် လောလောဆယ် အဆင့် ၁ နေရာရပ်တည်နေတယ် ဒီပွဲမှာတော့ အမှတ်တွေ ထပ်ရအောင် အကောင်းဆုံးကြိုးစားလိမ့်မယ် တူရကီအသင်းနည်းပြက သူ့စစ်တပ်အတွက် ဘာမှပြုပြင်စရာမလိုပါဘူး အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Irfan Khawesi ရဲ့အခြေနေကို စစ်ဆေးဖို့လိုတယ် ပွဲပယ်စာရင်းထဲမှာတော့ တစ်ယောက်မှမရှိပါဘူး ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်လေးနဲ့ ဂိုးသမားနေရာ နံပါတ် ၁ ဖြစ်တဲ့ Mert Goonock ကို တာဝန်ပေးပြီး ညာခံစစ် Mert Muldur ကွင်းလယ်ခံစစ်နှစ်ယောက်ကျတော့ Abdulkarim Bardaksi, Samet Akaydin ပြီးရင် Ferdi Cardioglu ကို ဘယ်ခံစစ်မှာ တာဝန်ပေးထားလိမ့်မယ် Hakan Calhanoglu ဆိုတဲ့အသင်းကပ္ပတိန်ကျတော့ Khan Eyhan နဲ့အတူ ကွင်းလယ်တိုက်စစ်နေရာမှာ တာဝန်ရှိတယ် တိုက်စစ်ပိုင်းကတော့ ရီးရဲလ်မက်ဒရစ်မှ Playmaker Arda Guler ဖြစ်ပြီး Orkun Kokku, Kenan Yildich တို့နဲ့အတူ ကစားပွဲဖန်တီးလိမ့်မယ် နောက်ဆုံး striker နေရာ Baris Yilmaz ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

Portugal – ပေါ်တူဂီအသင်းကျတော့ အခုမှ ချက်အပေါ် ၂-၁ နဲ့ အနိုင်ရရှိလာပြီး ဒုတိယနေရာမှာရပ်တည်နေတယ် လက်ထဲ ၃ မှတ်လေးနဲ့ သွင်းဂိုးစံချိန် သိပ်မကောင်းဘူး သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာတော့ ၃ ပွဲနိုင် ၂ ပွဲရှုံးဖြစ်ပါတယ် ဒါပေမယ့် လက်ရှိစွမ်းဆောင်ရည်က အဆင်မပြေသေးပါဘူး အဲ့ဒီတော့ နောက်တစ်ဆင့် ဆန်ကာတင်ဖို့ ၃ မှတ်လိုချင်နေပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ စိတ်ပူစရာမရှိပါဘူး ကြိုက်တဲ့ကစားသမားကို ကိုက်တွယ်လို့ရတယ် ပွဲပယ်စာရင်းမှာလည်း တစ်ယောက်မှမရှိဘူး ဒီပွဲ စပိန်နည်းပြက ၃-၄-၃ စနစ်လေးနဲ့ ခံစစ်နေရာကို အနည်းငယ်ပြောင်းလဲမယ်ထင်တယ် Diogo Dalot ဆိုတဲ့ ညာခံစစ်မှူးကို Center Half နေရာ ရွှေ့လာမယ် Gonzalo Isacio နဲ့ Ruben Dias တို့နဲ့အတူ တာဝန်ဆင်းယူကြလိမ့်မယ် Joao Cancelo, Nuno Mendes ကျတော့ ဘယ်နဲ့ညာခံစစ်နေရာမှာ တာဝန်ရှိမယ် Bruno Fernandes က Vitinha, Bernardo Silva တို့နဲ့အတူ ကွင်းလယ်နေရာမှာ ထိန်းချုပ်မယ် တိုက်စစ်ပိုင်းကတော့ အသက် ၃၉ နှစ်နဲ့ Cristiano Ronaldo ကို Rafael Leao နဲ့အတူ ဂိုးသွင်းဖို့ တာဝန်ရှိပါတယ်။

11 Players

Türkiye (4-2-3-1) : Gunok; Muldur, Akaydin, Bardakci, Kadioglu; Ozcan, Calhanoglu; Guler, Kokcu, Yildiz; Yilmaz

Portugal (4-3-3) : Costa; Pepe, Dias, Mendes; Dalot, Fernandes, Vitinha, Cancelo; Bernardo, Ronaldo, Leao

Missing Players

Türkiye – İrfan Can Kahveci (Muscle injury)

Portugal – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Belgium – ဘယ်လ်ဂျီယံအသင်း ယူရို ၂၀၂၄ ပွဲဦးထွက်တုန်းက စိတ်ပျက်စရာလေးနဲ့ စတင်ခဲ့ပါတယ် အဲ့ပွဲ မထင်မှတ်ပဲ ဆလိုဗက်ကီးယားကိုရှုံးလာတယ် သူတို့ဘက် ခန ခန တိုက်စစ်ဆင်ခဲ့တာတောင် ၁-၀ နဲ့ ရှုံးလာတယ် ထိုးဖောက်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး ဒီပွဲ သူတို့အသင်းမှာ ဒဏ်ရာရထားတဲ့ Thomas Meunier နဲ့ Axel Witsel တို့ကို အသုံးပြုလို့မရသေးပါဘူး ကံကောင်းတာ Jan Vertonghen ဆိုတဲ့ ခြေစွမ်းကောင်းကစားသမားကိုတော့ ပြန်လည်ကိုင်တွယ်လို့ရနေပါပြီ ဘယ်ခံစစ်မှူး Arctur Theat လည်း အဆင်သင့်ဖြစ်နေတယ် တိုက်စစ်ပိုင်းနေရာမှာတော့ လူကာကူကိုပဲ ထပ်ပြီးအားကိုးလိမ့်မယ် ဒီပွဲ ဥရောပမှသရဲနီဟာ ၄-၂-၃-၁ စနစ်လေးနဲ့ ဂိုးသမားနေရာ Coon Castells ဖြစ်ပြီး ခံစစ်ပိုင်းလေးယောက်ကျတော့ Timothy Castagne, Zeno Debast, Vaut Fas နဲ့  Maxim de Kuiper တို့ပဲဖြစ်လိမ့်မယ် Youri Tielemans နဲ့ Amadou Onana တို့နှစ်ယောက်ကျတော့ ကွင်းလယ်ခံစစ်မှာ တာဝန်ရှိပြီး တိုက်စစ်ပိုင်းနေရာမှာ Leandro Trossar, Kevin De Bruyne, Jeremy Doku တို့ တာဝန်ရှိပါတယ် ပြီးရင် Striker နေရာ လူကာကူကိုပဲ ချထားလိမ့်မယ်။

Romania – ရိုမေးနီးယားအသင်းကျတော့ ပွဲဦးထွက်တုန်းက အခြေနေကောင်းခဲ့ပါတယ် အဲ့ပွဲ ခပ်ညံ့ညံ့လေးနဲ့ စတင်ပေမယ့် တစ်ဖြည်းဖြည်းနဲ့ကောင်းလာတယ် နောက်ဆုံးမှာတော့ ယူကရိန်းအပေါ် ၃-၀ နဲ့ ပွဲသိမ်းနိုင်ခဲ့ပါတယ် လောလောဆယ် လက်ထဲ ၃ မှတ်ရှိပြီး အဆင့် ၁ နေရာ ရပ်တည်နေတယ် အသင်းထဲမှာ ဒဏ်ရာရထားတဲ့ ကစားသမားတွေမရှိပါဘူး ဒီပွဲ ဖုတ်ကောင်စစ်တပ်က ၄-၁-၄-၁ စနစ်နဲ့ ဂိုးသမားနေရာ Florin Nitta ဖြစ်ပြီး ခံစစ်နေရာ Andrei Ratiou, Radu Dragushin, Andrei Burka နဲ့ Nikuchor Banku တို့ပဲဖြစ်ပါလိမ့်မယ် ကွင်းလယ်ခံစစ်နေရာ Marius Marin ကိုပဲ တာဝန်ပေးပြီး အလယ်တန်းနေရာကျတော့ Dennis Man, Razvan Marin, Nicole Stanciu, Florinel Coman တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် Striker နေရာ Deni ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

ယူရို 2024 ဘောလုံး သုံးသပ်ချက် ဒီပွဲမှာတော့ ပထမပွဲတုန်းက ၃ မှတ်ရခဲ့တဲ့ရိုမေးနီးယားနဲ့ ရှုံးနိမ့်လာတဲ့ဘယ်လ်ဂျီယံအသင်းနဲ့ တိုက်ခိုက်ရမှာဖြစ်ပါတယ် နှစ်သင်းစလုံးရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာ ဘယ်လ်ဂျီယံဘက်က ပိုကြည့်ကောင်းပါတယ် သူတို့က ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲအရှုံး လုပ်နိုင်တယ် ရိုမေးနီးယားအသင်းကျတော့ ၁ ပွဲနိုင် ၃ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ရိုးမေးနီးယားဘက်က ၃ ပွဲနိုင် ဘယ်လ်ဂျီယံဘက်က ၂ ပွဲ နိုင်သွားပါတယ် ပြီးတော့ လောလောဆယ် ဘယ်ဂျီယံဘက်က နောက်ဆုတ်လို့မရတော့ဘူး အနိုင်ရအောင် တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် ရိုမေးနီးယားတို့လည်း ရှုံးထွက်အဆင့်ကို တက်ရောက်ချင်တာနဲ့ တိုက်စစ်ဆင်ပြီး ဝင်လုံးလိမ့်မယ် ကစားပြွအနေအထားကတော့ တော်တော်လေးကြည့်ကောင်းမယ်ထင်တယ် ရိုမေးနီးယားအသင်းဟာ ပထမပွဲကတည်းက စွမ်းဆောင်ရည်ကောင်းနေတယ် ဒါပေမယ့် ဘယ်လ်ဂျီယံအသင်းရဲ့တိုက်စစ်ပိုင်းက ပိုပြီး ပြည့်စုံပါတယ် De Bruyne, Trossar, Dogu နဲ့ Lukaku တို့က တော်တော်ကောင်းပါတယ် ရိုမေးနီးယားတို့မှာကျတော့ နာမည်ကျော်ကြားသူသိပ်မရှိပါဘူး ဒါပေမယ့် အရင်တစ်ပွဲက စွမ်းဆောင်ရည်ကျတော့ အဝေးကနေ ဂိုးသွင်းတာတို့ ဂိုးဖန်တီးမှုတို့ အခွင့်အရေးဖန်တီးတာတွေ ပြီးတော့ အပြေးလေးလည်း တော်တော်ကောင်းကြပါတယ် ဒါပေမယ့်လည်း ဒီပွဲ ဘယ်လ်ဂျီယံဘက်က ပိုပြီး ယုံကြည်လို့ရတယ် ထိပ်တန်းကစားသမားတွေလည်း အပြည့်ရှိနေတယ် အဲ့ဒီလိုနဲ့ပဲ ဘယ်လ်ဂျီယံအသင်း ၃ မှတ်ရသွားမယ်လို့ ထင်မြင်ထားပါတယ်။

11 Players

Belgium (4-2-3-1) : Casteels; Castagne, Debast, Faes, Theate; Tielemans, Onana; Doku, De Bruyne, Trossard; Lukaku

Romania (4-1-4-1) : Nita; Ratiu, Dragusin, Burca, Bancu; R. Marin, M. Marin, Stanciu; Man, Dragus, Mihaila

Missing Players

Belgium – Axel Witsel (Groin injury), Thomas Meunier (Partial muscle tear)

Romania – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Facebook