ယူရိုပွဲစဥ်များကို သုံးသပ်ကြည့်ခြင်း

ဘယ်လ်ဂျီယံ VS စလိုဗက်ကီးယား [17 Jun 24 - 22:30 hrs]

ယူရိုပွဲစဥ်များကို သုံးသပ်ကြည့်ခြင်း ဒီပွဲမှာတော့ ကမ္ဘာ့အဆင့် ၃ ဖြစ်တဲ့ ဘယ်လ်ဂျီယံအသင်းက လက်ရွေးစင်ရွေးပွဲတုန်းက အဆင့် ၂ နဲ့ ဖြတ်သန်းလာတဲ့ စလိုဗက်ကီးယားတို့ရဲ့ပြိုင်ပွဲဖြစ်ပါတယ် ဘယ်လ်ဂျီယံအသင်းရဲ့စွမ်းဆောင်ရည်က အခုနောက်ပိုင်း တောင့်တင်းမှုအရမ်းရှိပါတယ် ၁၅ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး စလိုဗက်ကီးယားအသင်းကျတော့ နောက်ဆုံး ၅ ပွဲကစားပြီး ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ၃ ပွဲတုန်းကကျတော့ ခြေစမ်းပွဲတွေချည်းဖြစ်ပြီး ၂ ပွဲသရေကျကာ ဘယ်လ်ဂျီယံတစ်ပွဲနိုင်သွားပါတယ် ဒီပွဲမှာတော့ ဘယ်လ်ဂျီယံဘက်က အစစအရာရာပိုသာပါတယ် ကစားသမားအသီးသီးကစ ပိုကောင်းတယ် အဓိက တိုက်စစ်ပိုင်းမှာဆိုရင် ကမ္ဘာ့အဆင့်ရှိကစားသမားတွေ တော်တော်များများရှိနေတယ် ဒါပေမယ့် ဒီပွဲ စလိုဗက်ကီးယားအသင်းက ခံစစ်ပိတ်ပြီးကစားမှာဆိုတော့ မအီမလည်နဲ့ ကြည့်ရမယ်ထင်ပါတယ် ဒါပေမယ့်လည်း အဆင့်မြင့်ပြိုင်ပွဲဝွေမှာ ခန ခန ပါဝင်ကစားနေပြီး ကမ္ဘာ့အဆင့်ရှိ ကစားသမားတော်တော်များများ ပိုင်ဆိုင်ထားတဲ့ ဘယ်လ်ဂျီယံအသင်းက ရုန်းကန်ပြီး ကပ်နိုင်သွားမယ်ထင်ပါတယ်။

Belgium – ဘယ်လ်ဂျီယံအသင်း ဒီနှစ်ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ့်အသင်းတွေထဲကအတိုင်း စွမ်းဆောင်ရည်အရမ်းကောင်းနေပါတယ် လောလောဆယ် ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး အိမ်ကွင်းနဲ့ မွန်တီနီဂရိုးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး နောက်ဆုံးတစ်ပွဲတုန်းကလည်း လူဇင်ဘတ်ကို ထပ်ပြီး ၃-၀ နဲ့ အနိုင်ရရှိလာပါတယ် ဘယ်လ်ဂျီယံအသင်း ဒီပွဲ ဒဏ်ရာရထားတဲ့ Jan Vertonghen နဲ့ Arthur Thiate တို့ကို ကိုင်တွယ်လို့မရသေးပါဘူး ဥရောပမှနတ်ဆိုးအသင်း ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ ဂိုးသမားနေရာ Coon Castells ဖြစ်ပြီး ခံစစ်လေးယောက်နေရာမှာကျတော့ Timothy Castagne, Zeno Debast, Vaut Fas နဲ့ Maxim de Kuiper တို့ပဲ ဖြစ်ပါလိမ့်မယ် ကွင်းလယ်ခံစစ်နှစ်ယောက်ကျတော့ Orel Mangala နဲ့ Amadou Onana တို့ပဲဖြစ်ပြီး တိုက်စစ်ပိုင်းမှာ Leandro Trossar, Kevin De Bruyne, Jeremy Doku တို့ပဲ ဖြစ်ပါလိမ့်မယ် ပြီးရင် Striker နေရာ Romelu Lukaku ပဲ ဖြစ်လိမ့်မယ်။

Slovakia – စလိုဗက်ကီးယားအသင်းကျတော့ စွမ်းဆောင်ရည် သဘောကျစရာကောင်းပါတယ် သူတို့လည်း ဒီအစီစဉ်မစခင် ၃ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး ပထမတစ်ပွဲ အိမ်ကွင်းနဲ့ ဆန်မာရီနိုကို ၄-၀ နဲ့ အနိုင်ရပြီး နောက်ဆုံးတစ်ပွဲ ဝေးလ်အသင်းကို ၄-၀ နဲ့ ထပ်ပြီး အနိုင်ရရှိလာပါတယ် ယုံကြည်မှုတော်တော်ရသွားကြပါတယ် စလိုဗက်ကီးယားအသင်းက ကစားသမားနဲ့ပတ်သက်ပြီး ဘာပြသာနာမှမရှိပါဘူး အားလုံး အဆင်သင့်ပဲ ဖြစ်နေပါတယ် ဒီပွဲ သူတို့ ၄-၃-၃ စနစ်လေးနဲ့ ဂိုးသမားနေရာ ရီးရဲလ်မက်ဒရစ်ကလပ်မှ Andrei Lunin ပဲဖြစ်ပြီး ခံစစ်ပိုင်းလေးယောက်မှာကျတော့ Peter Pekaric, Denis Vavro, Milan Skriniar နဲ့ David Hanschko တို့ပဲ ဖြစ်ပါလိမ့်မယ် ကွင်းလယ်ပိုင်းနေရာမှာကျတော့ Yurai Kuchka, Stanislav Lobotka, Ondrej Duda တို့ပဲဖြစ်ပြီး တိုက်စစ်ပိုင်းမှာ Tomas Suslov, Robert Bocenik နဲ့ Lukas Haraslin တို့ပဲ ဖြစ်ပါလိမ့်မယ်။

11 Players 

Belgium (4-2-3-1) :  Casteels; Faes, Witsel, De Cuyper; Castagne, Mangala, Onana, Doku; Trossard, De Bruyne; Lukaku

Slovakia (4-3-3) : Dubravka; Pekarik, Vavro, Skriniar, Hancko; Kucka, Lobotka, Duda; Schranz, Bozenik, Haraslin

Missing Players

Belgium – Youri Tielemans (Groin injury), Arthur Theate (Ankle injury), Jan Vertonghen (Groin injury), Thomas Meunier (Partial muscle tear)

Slovakia – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Facebook

ယူရိုပွဲစဥ်များကို သုံးသပ်ကြည့်ခြင် Ralf Rangnick နည်းပြလက်ထဲက သြစတြီးယားအသင်း အခုတလော အခြေနေတော်တော်ကောင်းနေပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၄ ပွဲနိုင် ၁ ပွဲသရေ စွမ်းဆောင်နိုင်တယ် ဒါပေမယ့် ဒီပွဲ တကယ့်အသင်းဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ် ပြင်သစ်အသင်းမှာကျတော့ ကမ္ဘာ့အဆင့်ရှိကစားသမားတွေ ပိုင်ဆိုင်ထားတယ် ဥပမာ N’Golo Kante – Ousmane Dembele, Antoine Griezmann, Kylian Mbappe နဲ့ Olivier Giroud တို့လိုကစားသမားတွေပါ တစ်ယောက်ချင်းစီယှဉ်ကြည့်ရင် ပြင်သစ်ဘက်က အရမ်းပဲပိုသာပါတယ် ပြင်သစ်ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာ စွမ်းဆောင်ရည်သိပ်မကောင်းပေမယ့် ကျွန်တော့်ကိုယ်ပိုင်အမြင်ကတော့ သြစတြီးယားအပေါ် အနိုင်ရသွားမှာသေချာပါတယ်။

Austria – Ralf Rangnick နည်းပြလက်ထဲက သြစတြီးယားအသင်းရဲ့ စွမ်းဆောင်ရည်က မဆိုးပါဘူး သူတို့ လောလောဆယ် ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာကျတော့ ၄ ပွဲနိုင် ၁ ပွဲသရေ လုပ်ထားနိုင်ပါတယ် ဒါပေမယ့် ဒီပွဲမှာတော့ ဖီရင်နုကလပ်မှ Gernot Trauner ကို ကိုင်တွယ်လို့မရသေးပါဘူး ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ခေ့ကျင့်ခန်းတောင်မဆင်းနိုင်ဘူး အခြေနေစောင့်ကြည့်ရလိမ့်မယ် ဒါပေမယ့်လည်း Stefan Posch နဲ့တစ်ယောက် ဒူးခေါင်းဒဏ်ရာသက်သာသွားပါပြီ Maximilian Wober, Philippe Mwene နဲ့ Kevin Danso တို့နဲ့အတူ ဆင်းကစားဖို့ အဆင်သင့်ပဲဖြစ်နေပါပြီ Ralf Rangnick နည်းပြရဲ့ သြစတြီးယားအသင်း ဒီပွဲ ၄-၂-၃-၁ စနစ်လေးနဲ့ ကစားမယ်ထင်တယ် ဒီပွဲ သူတို့ဘက်က တော်တော်နစ်နာနေတဲ့အတွက် ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေမယ်ထင်တယ်။

France – ပြင်သစ်အသင်းကျတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြီးသွားကတည်းက နောက်ဆုံး ၁၂ ပွဲကစားပြီး တစ်ပွဲလေးပဲရှုံးသွားပါတယ် ယူရို ၂၀၂၄ မတိုင်မီ နောက်ဆုံးတစ်ပွဲတုန်းက ကနေဒါနဲ့ ၀-၀ ပဲ သရေကျသွားပါတယ် ပြင်သစ်အသင်းက လောလောဆယ် ပြီးပြည့်စုံနေပါတယ် ဒါပေမယ့် ခြေစမ်းပွဲတုန်းကစွမ်းဆောင်ရည်ဟာ သိပ်မကောင်းပါဘူး နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် အဲ့အရှုံးတစ်ပွဲက ဂျာမနီအသင်းကို ၀-၂ နဲ့ ရှုံးသွားတာဖြစ်ပါတယ် ဒီပွဲမှာတော့ Didier Deschamps ရဲ့အသင်းက ၄-၃-၃ စနစ်လေးနဲ့ Mike Meignan (GK) – Jules Gunde၊ Ibrahima Konate၊ Wiliam Saliba၊ Dayot Upamecano၊ Theo Hernandez – A Drian Rabiot – Ousmane Dembele၊ Antoine Griezmann၊ Kylian Mbappe – Marcus Thuram တို့စတဲ့ကစားသမားတွေကို ကိုင်တွယ်သွားမယ်ထင်ပါတယ် ဒီပွဲ ပြင်သစ်အသင်း ယုံကြည်မှုပြန်ရအောင်ကစားလိမ့်မယ်။

11 Players

Austria (4-2-3-1) : Pentz; Posch, Danso, Wober, Mwene; Siewald, Grillitsch; Laimer, Sabitzer, Baumgartner; Gregoritsch

France (4-3-3) : Maignan; Kounde, Saliba, Upamecano, Hernandez; Kanate, Rabiot; Dembele, Griezmann, Mbappe; Thuram

Missing Players

Austria – Gernot Trauner

France – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Facebook