စိတ်ချယုံကြည်ရတဲ့ဘောလုံးဝဘ်ဆိုဒ် လီဗာပူးလ် Vs ဖောရက်စ် [29 Oct 23 - 20:30 hrs]

စိတ်ချယုံကြည်ရတဲ့ဘောလုံးဝဘ်ဆိုဒ် လီဗာပူးလ်အသင်း ခြေစွမ်းတွေ ပြန်ပြနေပါတယ် အခုနောက်ပိုင်း နိုင်ပွဲတွေတောက်လျှောက်ရနေတယ် ဖောရက်စ်တို့ကျတော့ စွမ်းဆောင်ရည် တိကျမှုမရှိပေမယ့် တိုးတက်မှုတစ်ခုကတော့ သူတို့ဟာ အရင်နှစ်တွေလောက် လွယ်လွယ်လေးနဲ့ မရှုံးတတ်ပါဘူး လက်ရှိရာသီစတင်လာကတည်းက အခုထိ ၃ ပွဲလေးပဲ ရှုံးထားသေးတယ် ဂိုး ၂ လုံးကွာဟပြီးရှုံးတာ တစ်ပွဲလေးပဲရှိပါတယ် အဲ့ပွဲ မန်စီးတီးနဲ့ရင်ဆိုင်ပြီး ၂-၀ နဲ့ရှုံးနိမ့်ခဲ့တယ် ကျန်တဲ့ပွဲတွေကျတော့ ကပ်ရှုံးရုံပဲဖြစ်ပါတယ် ဒီပွဲ နှစ်သင်းစလုံးပဲ အနိုင်လိုချင်ကြပါတယ် လီဗာပူးလ်တို့က ဇယားထိပ်ပိုင်းအတွက် ၃ မှတ်လိုချင်ပြီး ဖောရက်စ်တို့ကျတော့ အနီရောင်ဇုန်နဲ့ ပိုဝေးအောင် ၃ မှတ်လိုချင်နေကြပါတယ် ဒီပွဲ လီဗာပူးလ်ဘက်က ၂ ဂိုးထက် ပိုသွင်းနိုင်မယ့်အနေအထားရှိပါတယ် ဘာလို့လည်းဆိုတော့ ဖောရက်စ်တို့က အခုတလောမှာ ခံစစ်ပိုင်းအားနည်းနေလို့ပါ တိုက်စစ်ပိုင်းကလည်း ဟိုမရောက် ဒီမရောက်ဖြစ်နေတယ် နောက်ဆုံး ၃ ပွဲတုန်းက ရှုံးပွဲမရှိပေမယ့် နိုင်ပွဲလည်းမရှိပါဘူး အဲ့ဒီလိုနဲ့ပဲ နိုင်ပွဲပျောက်ဆုံးခြင်းရဲ့ ဆက်တိုက်မှုကို ထပ်မံတိုးချဲ့သွားမယ့်အနေအထားရှိလောက်တယ် ဒီပွဲ လီဗာပူးလ်ဘက်က တိုက်စစ်ပြီး ဝင်လုံးတဲ့နေရာ တော်တော်လုပ်ယူရမယ်ထင်တယ် ကြားထဲ ဖောရက်စ်ရဲ့ တန်ပြန်တိုက်စစ်ကိုလည်း သတိထားဖို့လိုနေတယ် အဓိက မြောက်ဘောနဲ့ အဝေးပေးပို့မှုကို အထူးသတိထားဖို့လိုပါတယ် ဖောရက်စ်ရဲ့ Chris Wood ကြီးက တော်တော်ထိရောက်တယ် ဒါပေမယ့်လည်း ဘာပဲပြောပြောအိမ်ရှင်ဘက်က အကျောရထားပြီးသားပါ ဂိုးသွင်းတဲ့အပိုင်း လွဲချော်မှုသိပ်မရှိရင်တော့ ၃ မှတ်ရဖို့ အေးအေးဆေးဆေးဖြစ်ပါတယ် ဒါပေမယ့် ဂိုးအပြတ်နဲ့ နိုင်မလားဆိုတာကိုတော့ မပြောတတ်ပါဘူး။

Liverpool : အိမ်ရှင်လီဗာပူးလ်အသင်း ယူရိုပါလိဂ်ပွဲစဉ်တုန်းက အိမ်ကွင်းနဲ့ ၅-၁ အနိုင်ရရှိလာပါတယ် အဲ့ပွဲ ပိုးစိုးပက်စက်နိုင်သွားတဲ့အတွက် သူတို့ရဲ့စွမ်းဆောင်ရည်ဟာ တက်ကြွနေမှန်းမြင်ခဲ့ရပါတယ် ကြိုးကြာနီတို့က ဒီရာသီ အိမ်ကွင်းနဲ့ ၁၀၀% အနိုင်ရရှိထားပါတယ် အန်ဖီးလ်ကွင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး ဒီပွဲမှာလည်း ထပ်ပြီးမရှုံးပါဘူး အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Thiago Alcantara, Andy Robertson နဲ့ Stefan Bijcetic တို့ မရှိသေးပါဘူး ၃ ယောက်လုံး ဒဏ်ရာရထားကြပါတယ် Curtis Jones နဲ့တစ်ယောက်မှာလည်း ဘန်းခံထိထားတယ် ဒီပွဲပါဖို့မရှိသေးပါဘူး ဒီပွဲ ယာဂင်ကလော့ပ်က ဂိုးသမားနေရာ Alisson Becker ကိုပဲ တာဝန်ပေးထားမှာဖြစ်ပြီး ခံစစ်ပိုင်းနေရာတွေမှာကျတော့ Virgil van Dijk နဲ့ Ibrahima Konate တို့နှစ်ယောက်ကို အဓိက ကွင်းလယ်မှာ ခံထားလောက်တယ် အခြေနေပြန်ကောင်းပြီဖြစ်တဲ့ Trent Alexander Arnold ကျတော့ ညာဘက်ခံစစ်မှာ တာဝန်ယူပြီး ဘယ်ဘက်ခြမ်းမှာကျတော့ ၃ လတိတိ အနားယူရမယ့် Andrew Robertson အစား Costas Tsimikas ကိုပဲ တာဝန်ပေးထားလောက်ပါတယ် ကြားထဲမှာ Joe Gomez နဲ့တစ်ယောက်လည်း ခံစစ်ပိုင်းအတွက် အဆင်သင့်ဖြစ်နေပါတယ် ကွင်းလယ်ပိုင်းနေရာကျတော့ Dominik Szoboszlai, Alexis Mac Allister နဲ့ Ryan Grafenberg တို့ကိုပဲ တာဝန်ပေးထားမှာဖြစ်ပြီး ကြားထဲမှာ အရန်ကစားသမားဖြစ်တဲ့ Wataru Endo နဲ့ Harvey Elliott တို့လည်း အဆင်သင့် ဖြစ်နေပါတယ် တိုက်စစ်ပိုင်းမှာ Luis Diaz, Mohamed Salah နဲ့ Diogo Jota တို့ ၃ ယောက်ကိုပဲ တာဝန်ပေးထားမယ်ထင်တယ် Darwin Nuñez နဲ့ Cody Gakpo တို့နှစ်ယောက်မှာလည်း အဆင်သင့် ဖြစ်နေကြပါတယ်။

Nottingham Forest : နော်တင်ဟမ်ဖောရက်စ်အသင်းကျတော့ ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ် အရှုံးပွဲထက် သရေပွဲတွေ တော်တော်များပါတယ် နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် လူတန်တောင်းနဲ့ ၂-၂ သရေကျလာတယ် ဒီရာသီ ၉ ပွဲကစားပြီး ၁၀ မှတ်ကိုင်ဆောင်ထားကာ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ် အတန်းဆင်းမယ့်ဇုန်ထက် ၆ မှတ်သာနေပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Callum Hudson, Odoi, Danilo, Divock, Origi, Filipe နဲ့ Gonzalo Montiel တို့ မရှိသေးပါဘူး ဒဏ်ရာရထားကြပါတယ် Taiwo Awoniyi နဲ့ Nuno Tavares တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ် ဒီပွဲ ဖောရက်စ်ဘက်က ဂိုးသမားနေရာ Matt Turner ကိုပဲ တာဝန်ပေးပြီး Serge Aurier, Willy Boly, Murillo နဲ့ Harry Toffolo တို့ကိုကျတော့ ခံစစ်ပိုင်းနေရာ တာဝန်ပေးထားလောက်ပါတယ် ကွင်းလယ်ပိုင်းမှာကျတော့ Nicolas Dominguez, Orel Mangala နဲ့ Ibrahim Songare တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားမှာဖြစ်ပြီး ကြားထဲမှာ ကစားနည်းပြောင်းလဲဖို့ ကွင်းလယ်ပိုင်းနေရာအတွက် လူစားလဲရန် Cheikku Koyate နဲ့ Neco Williams တို့ ရှိပါတယ် တိုက်စစ်ပိုင်းနေရာကျတော့ Anthony Elanga, Morgan Gibbs-White နဲ့ Chris Wood တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Liverpool (4-3-3) : Alisson; Alexander-Arnold, Konate, Van Dijk, Tsimikas; Szoboszlai, Mac Allister, Gravenberch; Salah, Nunez, Diaz

Nottingham Forest (4-3-3) : Turner; Aurier, Boly, Murillo, Toffolo; Sangare, Mangala, Dominguez; Gibbs-White, Wood, Elanga

Missing Players

Liverpool – Conor Bradley (Back injury), Thiago (Fitness), Andrew Robertson (Shoulder injury),Curtis Jones (Red Card),Ben Doak (Muscle Injury),S.Bajcetic (Calf Injury)

Nottingham Forest – Danilo (unknown injury),Felipe (Knee Injury), T.Awoniyi (Groin injury),G.Montiel (Calf Injury),Nuno Tavares (Strain Injury), Danilo (Hamstring Injury)

Facebook

အကြီးမားဆုံးကတော့ ဒီမန်ချက်စတာဒါဘီတိုက်ပွဲပဲဖြစ်ပါတယ် မန်ယူနဲ့ မန်စီးတီးဟာ ဒီရာသီမှာ ပထမဆုံး ရင်ဆိုင်မှုဖြစ်ပြီး မန်ယူအိမ်ကွင်းနဲ့ စတင်မှာဖြစ်ပါတယ် နှစ်သင်းစလုံးရဲ့ ကစားသမားစွမ်းဆောင်ရည်ကို ယှဉ်ကြည့်ရင် ပက်လက်အောက်က မန်စီးတီးအသင်း ပိုကြည့်လို့ကောင်းပါတယ် ပိုလည်းသာပါတယ် ဒါပေမယ့်လည်း မန်ယူအတွက် အခွင့်ရေးမရှိတော့ဘူးဆိုတာတော့ မဟုတ်ပါဘူး ဒီပွဲ မန်ချက်စတာတိုက်ပွဲဖြစ်တဲ့အတွက် ၃ မှတ်ရပြီး လုပ်ပြချင်နေကြလောက်တယ် ဒီပွဲမှာတော့ မန်ချက်စတာမြို့တွင်း အနီဖြစ်မလား အပြာဖြစ်မလားဆိုတာ စောင့်ကြည့်ရလိမ့်မယ် နှစ်သင်းစလုံး ဒီအချိန်မှာ လာတွေ့ရတာ အချိန်တော်တော်မှန်ပါတယ် ဘာလို့လည်းဆိုတော့ စိတ်ချယုံကြည်ရတဲ့ဘောလုံးဝဘ်ဆိုဒ် မန်ယူဘက်က ၃ ပွဲဆက်တိုက် အနိုင်ရထားပြီး ယုံကြည်မှုအပြည့် ရှိနေကြလို့ပါ ဒါပေမယ့် ကစားပုံကစားနည်းကတော့ သိပ်ပြီး ကြည့်လို့မကောင်းသေးပါဘူး မန်စီးတီးတို့ကျတော့ အခြေခံပိုင်းအရမ်းမြင့်ပေမယ့် ခြေစွမ်းကောင်းတဲ့ဒီဘရိုင်းမရှိသေးပါဘူး မန်စီးတီးအသင်း ဒီပွဲ တိုက်စစ်ဆင်ပြီးကစားမယ်ထင်တယ် မန်ယူအသင်းက လောလောဆယ် ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ ထိုးစစ်ကျွေးခံထိနေတတ်ပါတယ် ဒါပေမယ့်လည်း အဲ့တာ တန်ဟက်ရဲ့နည်းဗျူဟာ ဖြစ်ချင်ဖြစ်မယ်သူက သူ့ခံစစ်ပိုင်းကို ကွက်လပ်ချထာပြီး သွက်လက်မှုရှိတဲ့တိုက်စစ်မှူးနဲ့ တန်ပြန်တိုက်စစ်ဖို့ စီစဉ်ထားတာလည်းဖြစ်နိုင်တယ် အချင်းချင်းရင်ဆိုင်ခဲ့တဲ့ လိဂ်ထဲက နောက်ဆုံး ၂ ပွဲ သရဲနီဘက်က အိမ်ကွင်းနဲ့ ၂-၁ အရင်နိုင်သွားပါတယ် နောက်တစ်ပွဲ FA ဖလားရောက်တော့ မန်စီးတီးဘက်က ပြန်ကျွေးခဲ့တယ် ဒါပေမယ့် အစစအရာရာ မန်ယူအသင်းဟာ ဒီရာသီအတွင်း အခြေနေတော်တော်ကျဆင်းသွားပါတယ် တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါ အားနည်းလာတယ် မန်စီးတီးတို့ကျတော့ အရင်အတိုင်းပဲ ကြောက်ဖို့ကောင်းနေတုန်းပါ ဒီပွဲမှာတော့ မန်ယူဘက်က အိမ်ကွင်းနဲ့ ကြိတ်ခံထိဖို့အခြေနေရှိပါတယ် အာရုံမစိုက်နိုင်ရင်တော့ ပိုးစိုးပက်စက်ရှုံးဖို့တောင် ဖြစ်သွားနိုင်တယ်။

Manchester United : အိမ်ရှင်မန်ယူအသင်း အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ ပြန်ကောင်းနေပါတယ် အခုမှပဲ ၃ ပွဲဆက်တိုက် အနိုင်ရရှိလာပါတယ် နောက်ဆုံးတစ်ပွဲ အိမ်ကွင်းလေးနဲ့ ကိုပင်ဟေဂင်ကို ၁-၀ နဲ့ အနိုင်ရရှိလာတယ် အဲ့ဒီလိုနဲ့ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲနိုင် ၂ ပွဲရှုံးဖြစ်ပါတယ် အခုလက်ရှိ ၃ ပွဲဆက်တိုက် အနိုင်ရရှိထားခြင်းဖြစ်ပါတယ် လိဂ်ပွဲစဉ်တွေမှာကျတော့ ဘရန်ဖိုတ့်နဲ့ ရှက်ဖီးလ်တို့ကို နိုင်လာတယ် လက်ထဲမှာ ၁၅ မှတ် ကိုင်ဆောင်ထားပြီး အဆင့် ၈ မှာ ရပ်တည်နေတယ် Top4 အဆင့်ရဲ့နောက်ကနေ ၅ မှတ်ကွာဟနေပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Ahmad Diallo, Lisandro Martinez, Luke Shaw နဲ့ Tyrell Malazia တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် Casemiro နဲ့ Aaron Wan-Bissaka တို့ကျတော့ အခြေနေစစ်ဆေးဖို့လိုပါတယ် ဆန်ချိုနဲ့တစ်ယောက်ကျတော့ ကိုယ်ရေးကိုယ်သာပြသာနာကြောင့် အရင်အတိုင်း ပါဖို့မရှိသေးပါဘူး တန်ဟက်က ဒီပွဲ ဂိုးသမားနေရာ အိုနာနာကို တာဝန်ပေးထားမှာဖြစ်ပြီး ခံစစ်ပိုင်းနေရာတွေကျတော့ Harry Maguire နဲ့ Raphael Varane တို့နှစ်ယောက်ကို ခံစစ်ကွင်းလယ်မှာ တွဲထားလောက်တယ် Maguire ရဲ့ခြေစွမ်းက အခုတလော မထင်မှတ်ပဲ ပြန်ကောင်းနေတယ် တောင်ပံခံစစ်နှစ်ယောက်ကျတော့ Diogo Dalot နဲ့ Sergio Reguilon တို့ကိုပဲ အနောက်တန်းကနေ တိက်စစ်ဆင်ဖို့ တာဝန်ပေးထားလောက်တယ် ကြားထဲမှာ ခံစစ်ပိုင်းအတွက် လူစားလဲဖို့ Victor Lindelof လည်း ရှိနေပါတယ် ကွင်းလယ်ပိုင်းနေရာကျတော့ Scott McTominay, Sofiane Amrabat, Anthony နဲ့ Bruno Fernandes တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်တယ် ကွင်းလယ်ပိုင်းအတွက် လူစားလဲဖို့ Christian Eriksen လည်း အဆင်သင့်ဖြစ်နေပါတယ် တိုက်စစ်ပိုင်းမှာ Marcus Rashford နဲ့ Rasmus Hojlund တို့ကိုပဲ တာဝန်ပေးပြီး ကြားထဲမှာ Anthony Martial လည်း တိုက်စစ်ပိုင်းအတွက် လူစားလဲပေးဖို့ အဆင်သင့်ပဲ ဖြစ်နေပါတယ်။ စိတ်ချယုံကြည်ရတဲ့ဘောလုံးဝဘ်ဆိုဒ်

Manchester City : မန်စီးတီးအသင်းကျတော့ တက်ကြွမှုရှိတဲ့စွမ်းဆောင်ရည်ကို ဆက်လက်ထိန်းသိမ်းနိုင်နေတုန်းဖြစ်ပါတယ် အချို့ပွဲတွေမှာ မှားယွင်းမှုရှိခဲ့ပေမယ့် သူတို့လိုအဆင့်မျိုးရှိတဲ့အသင်း ဖြစ်တဲ့အတွက် ခြေလှမ်းမှန်ပြန်ရသွားပါပြီ နောက်ဆုံး ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီး Young Boys ကို အသာလေးနဲ့ ၁-၃ နိုင်လာတယ် စီးတီးရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲနိုင် ၂ ပွဲရှုံးဖြစ်ပါတယ် လိဂ်ပွဲစဉ်ထဲက နောက်ဆုံးတစ်ပွဲ အိမ်ကွင်းနဲ့ ဘရိုက်တန်ကို ၂-၁ ကပ်နိုင်လာတယ် ဒီရာသီ ၉ ပွဲကစားပြီး ၂၁ မှတ် ကိုင်ဆောင်ထားကာ အဆင့် ၂ တွင်ရပ်တည်နေပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Kevin de Bruyne မရှိသေးပါဘူး အကြာကြီးပဲ အနားယူဖို့လိုပါတယ် Manuel Akanji နဲ့တစ်ယောက်လည်း အရင်တစ်ပွဲတုန်းက အနီကဒ်ရထားလို့ ဘန်းခံထိထားတုန်းဖြစ်ပါတယ် ဒီပွဲ ပက်က ဂိုးသမားသမားနေရာ Ederson ကိုပဲ တာဝန်ပေးပြီး Kyle Walker, Ruben Dias, Yosco Guardiol နဲ့ Nathan Ake တို့ကိုကျတော့ ခံစစ်ပိုင်းနေရာ အဓိကတာဝန် ပေးထားလောက်ပါတယ် ခံစစ်ပိုင်းအတွက် လူစားလဲဖို့ Sergio Gomez နဲ့ John Stones တို့လည်း ရှိနေတယ် ကွင်းလယ်ပိုင်းနေရာကျတော့ ရိုဒရီကို ခံစစ်ကစားဖို့တာဝန်ပေးပြီး Bernardo Silva, Jeremie Dogu နဲ့ Phil Foden တို့ကို ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်ပါတယ် ကွင်းလယ်ပိုင်းအတွက် လူစားလည်းဖို့ Matheus Nunes နဲ့ Mateo Kovacic တို့လည်း ရှိနေပါတယ် တိုက်စစ်ပိုင်းနေရာ Julian Alvarez က Erling Haaland နဲ့အတူ အရှေ့ဆုံးမှာနေပြီး ဂိုးသွင်းဖို့ တာဝန်ယူထားလောက်တယ် တိုက်စစ်ပိုင်းအတွက် လူစားလဲဖို့ Jack Grealish လည်းရှိနေတယ်။

11 Players

Manchester United (4-2-3-1) : Onana; Dalot, Varane, Maguire, Reguilon; Casemiro, Eriksen; Antony, Fernandes, Rashford; Hojlund

Manchester City (4-2-3-1) :  Ederson; Walker, Stones, Dias, Gvardiol; Rodri, Silva; Doku, Alvarez, Foden; Haaland

Missing players

Manchester United – Luke Shaw (Muscle injury), Kobbie Mainoo (Ankle injury), Lisandro Martínez (Foot injury), Tyrell Malacia (unknown injury), Amad Diallo (Knee injury), Aaron Wan-Bissaka (Hamstring injury)

Manchester City – Kevin De Bruyne (Partial muscle tear), Zack Steffen (Knee surgery) M.Akanji (Red Card)

Facebook