ယနေ့ည ပရီးလိဒ်ပွဲစဥ်များ

ခရစ်စတယ်ပဲလေစ့် vs မန်စီးတီး [ 6 Apr 24 - 18:00 hrs]

ယနေ့ည ပရီးလိဒ်ပွဲစဥ်များ အိမ်ရှင်ခရစ်စတယ်ပဲလေစ့်အသင်း အခုတလော စွမ်းဆောင်ရည်အရမ်းဆိုးနေပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲသာ အနိုင်ရရှိခဲ့တယ် သူတို့က အတန်းမဆင်းအောင် ရုန်းကန်နေကြရတာဆိုတော့ ဒီပွဲ အိမ်ကွင်းလေးနဲ့ အမှတ်ရအောင်စွမ်းဆောင်လိမ့်မယ် မန်စီးတီးအသင်းကျတော့ စွမ်းဆောင်ရည်တွေကို ထိန်းကစားနိုင်နေတယ် နောက်ဆုံးတစ်ပွဲတုန်းကလည်း အက်စတွန်ဗီလာအပေါ် အနိုင်ရရှိလာတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ ပွဲ ၃၀ ကစားပြီး လက်ထဲမှာ ၆၇ မှတ် ကိုင်ဆောင်ထားပြီး အဆင့် ၂ မှာရှိတဲ့အာဆင်နယ်ထက် ၁ မှတ်ပဲ လိုက်နေပါတော့တယ် ဒီပွဲမှာတော့ မဖြစ်မနေ ၃ မှတ်ရအောင်လုပ်ယူဖို့လိုပါတယ် နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်နဲ့ ကစားသမားအရည်အသွေးချင်း ယှဉ်ကြည့်တဲ့အခါမှာ မန်စီးတီးဘက်က ပိုသာမှန်း ကောင်းကောင်းမြင်ရပါတယ် ဒီပွဲမှာတော့ မန်စီးတီးဘက်က သေသေချာချာစီမံပြီး တိုက်စစ်ဆင်ကစားလိမ့်မယ် အိမ်ရှင်အသင်းကျတော့ ခံစစ်ပိတ်ပြီး သွက်လက်တဲ့ တန်ပြန်တိုက်စစ် ဆင်ကစားဖို့စောင့်နေလိမ့်မယ် နောက်ဆုံးမှာတော့ အနိုင်ရသွားမယ့်အသင်းက မန်စီးတီးပဲ ဖြစ်ဖို့ ပိုများပါတယ်။

Crystal Palace : အိမ်ရှင်ခရစ်စတယ်ပဲလေစ့်အသင်း အခုတလော စွမ်းဆောင်ရည် အရမ်းဆိုးနေပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲနိုင် ၂ ပွဲသရေနဲ့ ၂ ပွဲအရှုံး လုပ်နိုင်တယ် နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ဘုန်းမောက်ကို ၀-၁ နဲ့ ကပ်ရှုံးလာတယ် ဒီရာသီ ပွဲ ၃၀ ကစားပြီး အမှတ် ၃၀ လေးနဲ့ အဆင့် ၁၄ မှာရပ်တည်နေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Rob Holding, Cech Doucouré, Marc Guehi, Mateus Franco, Sam Johnston နဲ့ Jesurun Rak-Zakyi တို့ကို ကိုင်တွယ်လို့မရသေးပါဘူး အားလုံးဒဏ်ရာရထားကြလို့ပါ ခြေစွမ်းကောင်း ညာဘက်တောင်ပံတိုက်စစ် Michael Olise နဲ့တစ်ယောက်ကျတော့ လေ့ကျင့်ရေးကါင်းထဲ ပြန်ဆင်းနိုင်နေပါပြီ ဒီပွဲ ပဲလေစ့်အသင်း ခံစစ်ပိုင်းနေရာမှာ Joel Ward, Joachim Andersen နဲ့ Chris Richards တို့ကို တာဝန်ပေးပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Daniel Muñoz, Adam Wharton, Jefferson Lerma နဲ့ Tyrik Mitchell တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းနေရာမှာ Eberechi Eze, Jordan Ayew နဲ့ Jean-Philippe Mateta တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Manchester City : မန်စီးတီးအသင်းကျတော့ ပရီးမီးယားလိဂ်ချန်ပီယံလမ်းခရီးပေါ်ပဲ တက်လျှောက်နေပါတယ် နောက်ဆုံးတစ်ပွဲတုန်းက အက်စတွန်ဗီလာအပေါ် ၄-၁ နဲ့ အနိုင်ရရှိသွားပါတယ် ဒီရာသီ ပွဲ ၃၀ ကစားပြီး ၆၇ မှတ်လေးနဲ့ အဆင့် ၃ မှာရပ်တည်နေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ Nathan Ake, Kyle Walker နဲ့ နံပါတ် ၁ ဂိုးသမား Ederson တို့ကို ကိုင်တွယ်လို့မရသေးပါဘူး ကျန်တဲ့အဓိက ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ပက်က ဒီပွဲ သူ့အသင်းရဲ့ ခံစစ်နေရာမှာ Rico Luis, Manuel Akanji, Ruben Dias နဲ့ Yosco Guardiol တို့ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်နေရာမှာကျတော့ Rodri, Bernardo Silva နဲ့ Kevin De Bruyne တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် တိုက်စစ်ပိုင်းနေရာမှာကျတော့ Jeremy Dogu, Phil Foden နဲ့ Erling Haaland တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

11 Players

Crystal Palace (4-2-3-1) : Henderson; Ward, Andersen, Lerma; Munoz, Wharton, Hughes, Mitchell; Ayew, Mateta, Eze

Manchester City (4-3-3) : Ortega; Lewis, Akanji, Dias, Gvardiol; Rodri; Bernardo, De Bruyne, Foden, Doku; Haaland

Missing Players

Crystal Palace – Michael Olise (Hamstring injury), Marc Guéhi (Knee problems), Jesurun Rak-Sakyi (Hamstring injury), Cheick Doucouré (Achilles tendon rupture), Sam Johnstone (Elbow injury),Rob Holding (Ankle Injury)

Manchester City – Kevin De Bruyne (Groin strain), Ederson (Muscle injury), Kyle Walker (Knock Injury)

Facebook

ဘရိုက်တန်ရဲ့အိမ်ကွင်းကို ခရီးစဉ်ရမှာဖြစ်တဲ့အတွက် အပြောအဆို ဝေဖန်မှုတွေ သိပ်ရှိမယ်မထင်ပါဘူး ဒါပေမယ့် လွယ်တော့မလွယ်ပါဘူး ဒီပွဲမှာတော့ တိုက်စစ်ဆင်ကစားတတ်တဲ့အသင်းတွေရဲ့ပြိုင်ပွဲဖြစ်တယ် အာဆင်နယ်အသင်းက နှစ် ၂၀ အတွင်းသာ ပထမဆုံးချန်ပီယံဆုကို မတရားလိုချင်နေတော့ ၃ မှတ်ရအောင် အသက်ကုန်ကြိုးစားမယ် အိမ်ရှင်အသင်းက စွမ်းဆောင်ရည် ကောင်းလိုက်ဆိုးလိုက်ဖြစ်နေတော့ အတိကျ ယူဆလို့မရပါဘူး အဓိက ခံစစ်ပိုင်းမှာဆိုရင် မှားယွင်းမှုတွေ တော်တော်များနေတယ် ဒီပွဲမှာတော့ အာဆင်နယ်ဘက်ကပဲ တိုက်စစ်ဆင်ပြီး ဝင်လုံးလိမ့်မယ် အိမ်ရှင်အသင်းကျတော့ ခံစစ်ပိတ်ပြီး ယနေ့ည ပရီးလိဒ်ပွဲစဥ်များ အနောက်တန်းကနေ ကစားပွဲဖန်တီးမယ် အာဆင်နယ်အသင်းသတိထားရမယ့်အချက်ကတော့ ဘရိုက်တန်ရဲ့ တောင်ပံနေရာပဲဖြစ်ပါတယ် အဓိက ဘယ်ဘက်ခြမ်းဆိုရင် ပိုတောင် ဂရုစိုက်ဖို့လိုပါတယ် Zinchenko နဲ့ Kivior တို့က အရည်အချင်းရှိပေမယ့် သွက်လက်မှုရှိတဲ့ ပြိုင်ဘက်နဲ့ရင်ဆိုင်ခဲ့ရရင်တော့ မှားယွင်းမှုတွေ ဖြစ်ပေါ်တတ်ပါတယ် အိမ်ရှင်အသင်းရဲ့စတိုင်လ်က အနောက်တန်းကနေ ကစားပွဲဖန်တီးတဲ့အကြောင်းကို အခြားအသင်းက ရိပ်မိသွားပြီဆိုတော့ အားသာချက်ကနေ အားနည်းချက်ဖြစ်သွားပါပြီ ပြိုင်ဘက်က ဖိအားတက်ပေးလိုက်ရင် အမှားတွေတန်းပေါ်တတ်တယ် အဲ့ကနေ ဂိုးပေးရတာလည်းမနည်းတော့ပါဘူး အဲ့ဒီလိုနဲ့ပဲ ဒီပွဲ အသင်းနည်းပြအချင်းချင်းက ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲတိုက်ခိုက်ကြမလဲဆိုတော့ စောင့်ကြည့်ရလိမ့်မယ် ပထမဂိုးမှာ အာဆင်နယ်ဘက်ကအရင်သွင်းနိုင်လို့ရှိရင်တော့ ဂိုးအပြတ်နဲ့ ပွဲသိမ်းဖို့အနေအထားရှိလိမ့်မယ် ဒါပေမယ့် အိမ်ရှင်ဘက်က အရင်ဦးသွားလို့ရှိရင်တော့ လျှော့တွက်လို့မရတော့ပါဘူး ဒါပေမယ့်လည်း ချန်ပီယံဖြစ်ချင်စိတ်အရမ်းများနေတဲ့အာဆင်နယ်အသင်းကပဲ နောက်ဆုံးမှာ အနိုင်ကောက်ရသွားမယ်လို့ ထင်မြင်ထားပါတယ်။

Brighton : အိမ်ရှင်ဘရိုက်တန်အသင်း အရင်တစ်ပွဲကမှ လီဗာပူးလ်ကို ၂-၁ နဲ့ ရှုံးနိမ့်လာပြီး နောက်ဆုံးတစ်ပွဲရောက်ပြန်တော့လည်း ဘရန့်ဖိုတ့်နဲ့ ၀-၀ သရေကျအောင်ပဲ စွမ်းဆောင်နိုင်ခဲ့ပါတယ် အဲ့ပွဲ တစ်ပွဲလုံး တိုက်စစ်ဆင်ကစားခဲ့တာတောင် ပြိုင်ဘက်ရဲ့ခံစစ်ပိုင်းကို မဖောက်နိုင်ခဲ့ပါဘူး အဲ့ဒီလိုနဲ့ပဲ သူတို့ ဒီရာသီ ပွဲ ၃၀ ကစားပြီး ၄၃ မှတ်လေးနဲ့ အဆင့် ၉ မှာရပ်တည်နေတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ အသင်းနည်းပြက Billy Gilmour, Jack Hinshelwood, Solly March, James Milner နဲ့ Kaoru Mitoma တို့ကို ကိုင်တယ်လို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် ကျန်တဲ့ကစားသမားတွေကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဘရိုက်တန်အသင်း ဒီပွဲ ၃-၄-၃ စနစ်နဲ့ ကစားခိုင်းမယ်ထင်တယ် Danny Welbeck ကို Striker နေရာမှာ တာဝန်ပေးပြီး Leo Enciso, Pedro နဲ့ Simon Adengra တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ ဆင်းကစားခိုင်းလိမ့်မယ်။

 

Arsenal : အာဆင်နယ်အသင်းကျတော့ အခုမှလူတန်တောင်းကို ၂-၀ နဲ့ အနိုင်ရရှိလာပါတယ် ဒါပေမယ့် လီဗာပူးလ်အသင်းကလည်း အခုမှ ရှက်ဖီးလ်ကို ၃-၁ နဲ့ အနိုင်ရလာတဲ့အတွက် အာဆင်နယ်အသင်းက အဆင့် ၂ နေရာ ကျဆင်းသွားပါပြီ ဒီရာသီ ပွဲ ၃၀ ကစားပြီး ၆၈ မှတ်လေး ကိုင်ဆောင်ထားပါတယ် ကြိုးကြာနီရဲ့ အနောက်ကနေ ၂ မှတ်လေးပဲ လိုက်နေပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ အာတီတာမှာ Jurrien Timber ကိုပဲ ကိုင်တွယ်လို့မရသေးပါဘူး Bukayo Saka ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် ကျန်တဲ့ကစားသမားတွေကတော့ အရင်အတိုင်းပါပဲ Martin Odegaard ကို ကွင်းလယ်နေရာမှာ အဓိကတာဝန်ပေးပြီး ဂိုးသွင်းဖို့ Striker နေရာမှာကျတော့ Havertz ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11Players

Brighton (4-2-3-1): Verbruggen; Lamptey, Dunk, Van Hecke, Estupinan; Baleba, Gross; Adingra, Moder, Enciso; Welbeck

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Kiwior; Odegaard, Jorginho, Rice; Saka, Havertz, Martinelli

 

Missing Players

Brighton – Solly March (Knee injury), Kaoru Mitoma (Back injury), Jack Hinshelwood (Foot surgery),James Milner(Tigh Injruy), Billy Gilmour (Knee Injury), Evan Ferguson (Knock Injury)

Arsenal – Jurrien Timber (Cruciate ligament tear), Bukayo Saka (unknown injury)

Facebook