မောင်းလောင်းမယ် မန်ယူ Vs Galatasaray [ 3 Oct 23 - 01:30 hrs]

မောင်းလောင်းမယ် အိမ်ရှင်အသင်း ပွဲစုံထဲကစွမ်းဆောင်ရည် တော်တော်ဆိုးဆိုးဖြစ်နေပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၂ ပွဲနိုင် ၃ ပွဲရှုံးဖြစ်ပါတယ် ဒီအစီစဉ်ထဲမှာဆိုရင် ဘိုင်ယန်ကိုရှုံးသွားတဲ့အတွက် အမှတ်တစ်မှတ်မှမရှိသေးပါဘူး တူရကီမှ Galatasaray အသင်းကျတော့ ၅ ပွဲကစားပြီး ၄ ပွဲနိုင် ၁ ပွဲသရေဖြစ်ပါတယ် ယုံကြည်မှုရှိရှိနဲ့ ကစားလိမ့်မယ် လတ်တလောမှာတော့ Galatasaray အသင်းရဲ့အခြေနေက မန်ယူထက် တော်တော်သာပါတယ် သူတို့ လိဂ်ပွဲစဉ် စတင်လာကတည်းက အခုထိတစ်ပွဲမှမရှုံးသေးပါဘူး သူတို့ဘက်က ကစားသမားတွေ မန်ယူလောက် နာမည်မကျော်ကြားပေမယ့် ယုံကြည်မှုအပြည့်ရှိတဲ့အတွက် အသက်ကုန်ကြိုးစားလိမ့်မယ် မန်ယူအသင်းက ဒီရာသီမှာ အတိကျယူဆလို့မရတဲ့အခြေနေနဲ့ ရှိနေတယ် အဲ့ထက်ဆိုးတာ သူတို့ရဲ့ခံစစ်ပိုင်း အချိန်မရွေး ဂိုးသွင်းခံထိသွားနိုင်တယ် အခြေနေမကောင်း ခြေစွမ်းတက်ကြွနေတဲ့အသင်းကို လက်ခံကစားရမှာဆိုတော့ မန်ယူအတွက် ဘယ်လိုမှ လွယ်မယ်မထင်ပါဘူး Galatasaray အသင်းရဲ့တိုက်စစ်ပိုင်းက ခြေစွမ်းတွေကောင်းပြီး ဂိုးတောက်လျှောက်သွင်းနိုင်တယ် သူတို့ ကစားသမားစာရင်းကိုကြည့်ရင် ငါတို့သိပြီးသားကစားသမား တော်တော်များများပါဝင်နေတယ် သူတို့တွေက အသင်းကြီးတွေမှာ ကစားဖူးကြတယ် အဲ့ဒီတော့ အရည်သွေးပိုင်း ဘယ်လောက်မှကွာဟမယ်မထင်ပါဘူး ဒီပွဲ မန်ယူအတွက် ခက်မှာသေချာတယ် အောက်ကြေးဖြစ်တဲ့ Galatasaray အသင်းနဲ့ပဲ လက်တွဲစေချင်တယ် ဂိုးအပြတ်နဲ့ရှုံးဖို့ မရှိသလောက်ပါပဲ သရေကျသွားတဲ့အထိတောင် ဖြစ်သွားနိုင်တယ်။

Manchester United : အိမ်ရှင်သရဲနီအသင်း နောက်ဆုံးတစ်ပွဲကမှ အိမ်ကွင်းနဲ့ရှုံးနိမ့်လာပါတယ် ဒီဖလားပွဲအစီစဉ်ထဲက ပထမပွဲမှာလည်း ဘိုင်ယန်ကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့ပါတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ ဂရုထဲက အောက်ဆုံးအဆင့်အထိ ကျဆင်းသွားပါပြီ လက်ထဲမှာ တစ်မှတ်မှတောင် မရှိသေးပါဘူး ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာကျတော့ ၉ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၁၀ မှာရပ်တည်နေတယ် အသင်းရဲ့အဆင််သင့်ပိုင်း ဒဏ်ရာရထားတဲ့ ကစားသမားတွေတော့ အများကြီးပဲရှိပါတယ် ဥပမာ Aaron Wan-Bissaka, Lisandro Martinez, Luke Shaw, Tyrell Malacia နဲ့ Cobbi Mainu တို့အားလုံးပဲဖြစ်ပါတယ် ဒါပေမယ့် နောက်ဆုံးသတင်းကောင်းတစ်ခုကတော့ စပိန်သားဘယ်ဘက်ခံစစ်မှူး Sergio Reguilon က အခြေနေပြန်ကောင်းသွားပါပြီ ဘရာဇီးသားဖြစ်တဲ့ အန်တိုနီလည်း ကိုယ်ရေးကိုယ်သာကိစ္စ ရှင်းပြီးပြီ အဲ့ဒီတော့ ဒီပွဲ ဆင်းကစားရလောက်ပါတယ် တန်ဟက်က ဒီပွဲ ၄-၂-၃-၁ စနစ်စီစဉ်ထားလောက်တယ် ဂိုးသမားနေရာ အဓိကဆုံးဖြစ်တဲ့ Andre Onana ပဲ တာဝန်ဆင်းယူလိမ့်မယ်။ ခံစစ်ပိုင်းကျတော့ Raphael Varane က Victor Lindelof နဲ့အတူ ခံစစ်ကွင်းလယ်နေရာ တွဲဆင်းလောက်တယ် တိုက်စစ်ပိုင်းမှာကတော့ Marcus Rashford က Striker ဖြစ်တဲ့ Rasmus Højlund နဲ့အတူ ကစားပွဲဖန်တီးပြီး ဂိုးသွင်းယူခဲ့ကြလိမ့်မယ်။

 

Galatasaray : တူရကီစူပါလိဂ်မှ အဆင့် ၂ ဖြစ်တဲ့ Galatasaray အသင်းကျတော့ လိဂ်ပွဲစဉ်တွေမှာ အခြေနေအရမ်းကောင်းပါတယ် ရာသီစတင်ကတည်းက တစ်ပွဲမှမရှုံးသေးပါဘူး နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းလေးနဲ့ အန်ကာရာဂူကူကို ၂-၁ နိုင်လာတယ် ဒီရာသီ ခြေစွမ်းကောင်းကောင်းလေးနဲ့ စတင်ကြတယ် ပထမဆုံးတစ်ပွဲ သရေနဲ့အရင်စတင်ပြီး နောက်လာတဲ့ ၆ ပွဲမှာကျတော့ ၆ ပွဲစလုံး အနိုင်ရသွားပါတယ် သူတို့ရဲ့အားသာချက်က တိုက်စစ်ပိုင်းတွေ ဂိုးတော်တော်သွင်းနိုင်တယ် အသင်းရဲ့ဂိုးဖန်တီးရှင်ကတော့ Mauro Icardi ပဲဖြစ်ပါတယ် သူက အခုအချိန်မှာ သွင်းဂိုး ၁၀ လုံး သွင်းနိုင်ပြီးပါပြီ ဥရောပဇာတ်ခုံထဲက အခြေနေကျတော့ ပထမတစ်ပွဲ FC ကိုပင်ဟေဂင်နဲ့ ၂-၂ သရေကျသွားပါတယ် တစ်မှတ်လေးတော့ ကိုင်ဆောင်ထားပါတယ် အသင်းရဲ့အဆင်သင့်ပိုင်း ဒီပွဲ အရေးကြီးတဲ့ တိုက်စစ်မှူး Hakim Ziyech မရှိသေးပါဘူး နည်းနည်းတော့ ထိခိုက်လိမ့်မယ် ဒါပေမယ့် ကိစ္စမရှိပါဘူး ဘာကြောင့်လဲဆိုတော့ ဆင်းကစားမယ့် အသင်းဝင်တွေက အခြေနေကောင်းနေသေးလို့ပါ ဂိုးသမားနေရာ Fernando Muslera ပဲဖြစ်ပြီး ခံစစ်ပိုင်းမှာကျတော့ Davinson Sanchez က Abdulkerim Badacci နဲ့အတူ ခံစစ်ကွင်းလယ်နေရာ တွဲဆင်းလိမ့်မယ် တိုက်စစ်ပိုင်းကျတော့ Wilfried Zaha ရှိပြီး Striker ဖြစ်တဲ့ Mauro Icardi နဲ့အတူ ဂိုးသွင်းဖို့ တာဝန်ယူထားလိမ့်မယ်။

11 Players

Manchester United (4-2-3-1) : Onana; Dalot, Varane, Lindelof, Reguilon; Casemiro, Amrabat; Fernandes, Mount, Rashford; Hojlund

Galatasaray (4-2-3-1) : Muslera; Boey, Sanchez, Bardakci, Angelino; Torreira, Demirbay; Zaha, Mertens, Akturkoglu; Icardi

Missing Players

Manchester United – Luke Shaw (Muscle Injury), Kobbie Mainoo (Ankle Injury), Lisandro Martínez (Foot Injury), Tyrell Malacia (Unknown Injury), Amad Diallo (Knee Injury), Aaron Wan-Bissaka (Hamstring Injury) , Sergio Reguilon (Illness)

Galatasaray – Halil Dervisoglu (No eligibility), Eyüp Aydin (No eligibility), Hakim Ziyech (Unknown Injury), Kazimcan Karatas (Twisted knee)

Facebook

ဒီဂရုထဲမှာတော့ အာဆင်နယ်အသင်းက ဂရုရဲ့ချန်ပီယံ ဖြစ်သွားမှာသေချာတယ် အခြားအသင်းတွေဟာ အာကြီးဆီက အမှတ်ကောက်ယူရမှာဖြစ်ပါတယ် အိမ်ရှင်လန်းစ်အသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေပြန်ကောင်းပေမယ့် အစစအရာရာခြုံကြည့်ရင်တော့ အရင်နှစ်တွေလောက်မကောင်းသေးပါဘူး အဓိက အသင်းကြီးတွေနဲ့ရင်ဆိုင်ခဲ့ရရင် ပိုဆိုးတယ် အာဆင်နယ်အသင်းကျတော့ အချို့နေရာလောက်ပဲ ပြောင်းလဲလိမ့်မယ် နှစ်သင်းစလုံးရဲ့အင်အားပိုင်း ယှဉ်ကြည့်ရင် လန်းစ်အသင်းထက် ခြေစွမ်းရော စွမ်းဆောင်ရည်ပါ ပိုကောင်းတယ် မောင်းလောင်းမယ် အာကြီးကစားသမားတွေက ယုံကြည်မှုအပြည့်ရှိနေကြတယ် လန်းစ်တို့က လံစစ်ပိုင်းနေရာ ချို့ယွင်းမှုတွေရှိနေတယ် ခံစစ်ပိုင်း အခြေနေမကောင်းပဲ အာကြီးနဲ့ရင်ဆိုင်ရမှာဆိုတော့ အာကြီးရဲ့တိုက်စစ်မှူးတွေကို ခံရလိမ့်မယ် လန်းစ်အသင်း အိမ်ကွင်းလေးနဲ့ ရှုံးဖို့တော်တော်များပါတယ်။

Lens : အိမ်ရှင်လန်းစ်အသင်း ပြင်သစ်လီဂူးထဲက အဆင့် ၁၅ မှာရပ်တည်နေပြီး ဒီရာသီကို စိတ်ပျက်စရာလေးနဲ့ စတင်ခဲ့ပါတယ် ဒီရာသီ ၇ ပွဲဆင်းကစားပြီး ၄ ပွဲတောင်ရှုံးနိမ့်ခဲ့တယ် နောက်ဆုံး ၂ ပွဲရောက်တော့မှ အနိုင်ပြန်ရသွားလို့ အခြေနေ နည်းနည်းပြန်ကောင်းသွားပါတယ် နောက်ဆုံးတစ်ပွဲ Strasbourg ကို ၁-၀ နဲ့ အနိုင်ရလာခဲ့ပါတယ် သူတို့ခံစစ်ပိုင်းမှာ အားနည်းနေပြီး ဂိုးသွင်းခံထိနေတယ် အဓိက အသင်းကြီးနဲ့ရင်ဆိုင်ခဲ့ရရင် ဘယ်လိုမှမယှဉ်နိုင်ဘူး တိုက်စစ်ပိုင်းရဲ့အားကိုးကျတော့ Florian Sotoka နဲ့ Elye Wahi ပဲဖြစ်ပါတယ် ယူဖာချန်ပီယံလိဂ်ထဲက ပထမပွဲအခြေနေ ဆီဗီလာနဲ့ ၁-၁ သရေကျလာခဲ့ပါတယ် အဲ့ပွဲ တော်တော်လေးတိုက်ခိုက်နိုင်ပြီး ၁ မှတ်ရသွားတယ် အခုအချိန် ဂရုထဲမှာ အဆင့် ၂ ဖြစ်နေတယ် နောက်တစ်ဆင့်ဆန်ကာတင်ဖို့ရှိပါတယ်။

Arsenal : ပရီးမီးယားလိဂ်အဆင့် ၃ ဖြစ်တဲ့ အာဆင်နယ်အသင်းကျတော့ စွမ်းဆောင်ရည်တွေ ပြန်တည်ငြိမ်ပြီး ဒီရာသီထဲမှာ တစ်ပွဲမှမရှုံးသေးပါဘူး နောက်ဆုံးတစ်ပွဲတုန်းက ဘုန်းမောက်ကို ၀-၄ နဲ့ အနိုင်ရလာတယ် သူတို့တိုက်စစ်ပိုင်းက ပြတ်သားမှုပိုအားကောင်းလာတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၁၂ ဂိုးတောင် သွင်းနိုင်တယ် ခံစစ်ပိုင်းကျတော့ Cleen Sheet ၄ ကြိမ်တောင်ရထားတယ် အသင်းဝင်တွေ တော်တော်လေးပဲ အဆင်သင့်ဖြစ်နေကြတယ် Urian Timber နဲ့ Thomas Partey တို့လောက်ပဲ အဆင်သင့်မဖြစ်ကြသေးပါဘူး Gabriel Martinelli ဆိုတဲ့တိုက်စစ်မှူးက အခုအချိန်မှာ အသင်းအတွက် ပြန်လည်အလုပ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ် Emile Smith Rowe, Reiss Nelson နဲ့ Fabio Vieira ဆိုတဲ့ဒုတိယကစားသမားတွေလည်း အသင်းနဲ့ ပါဝင်မှုများလာတယ် ယူဖာချန်ပီယံလိဂ်ထဲကအခြေနေကျတော့ ပထမတစ်ပွဲ PSV ကို ၄-၀ နဲ့ အနိုင်ကောက်ရသွားတယ် အဲ့တာနဲ့ သူတို့ လက်ရှိဂရုထဲမှာ အဆင့် ၁ ဖြစ်ပါတယ် နောက်တစ်ဆင့်ဆန်ကာတင်ဖို့ အေးဆေးပဲ။

11 Players

Lens  (3-4-2-1) : Samba; Gradit, Danso, Medina; Frankowski, Samed, Mendy, Machado; Fulgini, Sotoca; Wahi

Arsenal (4-3-3) :  Raya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Vieira; Trossard, Nketiah, Jesus

Missing Players

Lens – Jimmy Cabot (Cruciate Ligament Rupture)

Arsenal – Thomas Partey (Groin Injury), Jurrien Timber (Cruciate Ligament Rupture) , Martinelli (Hamstring Injury)

Facebook