မောင်းလောင်းနည်း အာဆင်နယ် Vs စပါး [24 Sep 23 - 19:30 hrs]

မောင်းလောင်းနည်း ဒီပွဲ မဖြစ်မနေကြည့်ဖြစ်အောင်ကြည့်ကြပါဗျ မြောက်ပိုင်းလန်ဒန်ဒါဘီတိုက်ပွဲဖြစ်တဲ့အတွက် အတော်လေးကြည့်ကောင်းလိမ့်မယ် နှစ်သင်းစလုံးက အခုတလော ခြေစွမ်းတွေတက်နေတာချင်းတူနေတယ်။ အဲ့တာကြောင့် အရမ်းကြည့်မယ့်ပြိုင်ပွဲတစ်ပွဲဖြစ်လိမ့်မယ်။ အာဆင်နယ်အသင်းမှာတော့ သူတို့ဒီပွဲ တိုက်စစ်ဆင်ပြီး ကစားခဲ့ကြလိမ့်မယ်။ စပါးတို့ကျတော့ အခြေနေအရပေါ်မူတည်ပြီး ကစားမယ်ထင်တယ်။ အဲ့ဒီတော့ ဒီပွဲ အိမ်ရှင်ဘက်က တိုက်စစ်ဆင်ကစားပြီး ဧည့်သည်ဘက်က ခံစစ်ပိတ်ကစားခဲ့ကြလိမ့်မယ်။ နှစ်သင်းစလုံးက သတိထားပြီး ကစားကြမှာသေချာတယ် အခွင့်ရေးတကယ်ကြုံတော့မှပဲ ဝင်လုံးလိမ့်မယ် နှစ်သင်းစလုံးရဲ့ လက်ရှိအခြေနေက အရမ်းကောင်းတာချင်းတူတဲ့အတွက် သရေနဲ့တောင် ပြီးသွားနိုင်ပါတယ်။ ဒီ လာမယ့်လန်ဒန်ဒါဘီတိုက်ပွဲက အရင်ပွဲတွေထက် တော်တော်ကြည့်လို့ကောင်း လောက်တယ် စပါးအသင်းက အနည်းဆုံး တစ်မှတ်လေးနဲ့ ပြန်ဖို့ရှိနိုင်ပါတယ်။ စပါးအသင်း လိဂ်ပွဲစဉ် နောက်ဆုံး ၅ ပွဲကစားပြီး ၄ ပွဲတောင် အနိုင်ရရှိခဲ့တယ် တစ်ပွဲမှတောင်မရှုံးခဲ့ပါဘူး အဲ့ဒီ ၅ ပွဲထဲနဲ့ ၁၃ ဂိုးတောင် သွင်းသွားနိုင်တယ်။ ပြောမယ်ဆိုရင် တစ်ပွဲနဲ့တစ်ပွဲမှာ အနည်းဆုံး ဂိုး ၂ လုံး သွင်းနိုင်နေတာခြင်းဖြစ်ပါတယ်။ အာဆင်နယ်တို့ကျတော့ အခုမှ PSV ကို ၄-၀ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့ပွဲ သူတို့ဘက်က အကောင်းဆုံးကစားသမားနဲ့ပဲ ကစားခဲ့ကြတော့ အင်အားတွေ တော်တော်ကုန်ခန်းသွားမယ်ထင်တယ် စပါးတို့ကျတော့ တော်တော်လေးကို အနားယူထားတော့ ပွဲပြီးခါနီးအချိန်မှာပဲ အခြေနေကောင်းတဲ့ဘက်က အခွင့်ကောင်းရသွားမယ်ထင်ပါတယ်။

Arsenal : အာဆင်နယ်အသင်း အခုတလော စွမ်းဆောင်ရည်တွေအရမ်းကောင်းနေပြီး ၇ ပွဲထဲမှာ တစ်ပွဲမှမရှုံးသေးပါဘူး ဒီရာသီ ၇ ပွဲကစားပြီး ၆ ပွဲတောင် အနိုင်ရသွားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီး PSV ကို ၄-၀ နဲ့တောင် အနိုင်ရရှိလာပါတယ်။ လိဂ်ပွဲစဉ်တွေမှာလည်း အခြေနေအရမ်းကောင်းပါတယ် ၄ ပွဲနိုင် ၁ ပွဲသရေလေးနဲ့ အဆင့် ၄ မှာရပ်တည်နေတယ် လက်ရှိ သူတို့အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ခြေကြောနေရာဒဏ်ရာရထားတဲ့ Urian Timber နာမည်မရှိသေးပါဘူး Mohamed Elneny မှာလည်း ဒူးခေါင်းဒဏ်ရာရထားလို့ မပါနိုင်မှန်းသေချာသွားပါပြီ ပြီးတော့ Thomas Partey လည်း ဒဏ်ရာမသက်သာသေးလို့ မပါနိုင်သေးပါဘူး ပြီးခဲ့တဲ့တစ်ပွဲကမှ ဒဏ်ရာရသွားတဲ့ Gabriel Martinelli ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ်။ အာတီတာက ဒီပွဲ ၄-၃-၃ စနစ်ကိုပဲ စီစဉ်ထားလောက်ပါတယ်။ ဂိုးသမားနေရာ David Raya ကိုပဲ တာဝန်ပေးထားပြီး Ben White, Gabriel Magalhaes, William Saliba နဲ့ Oleksandr Zinchenko တို့ကိုကျတော့ ခံစစ်ပိုင်းနေရာ တာဝန်ပေးထားလိမ့်မယ်။ ကွင်းလယ်ပိုင်းနေရာကျတော့ Declan Rice နဲ့ Martin Odegaard တို့နှစ်ယောက် ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်ပါတယ်။ ပြီးရင် တိုက်စစ်ပိုင်းနေရာ Eddie Nketiah က Leandro Trossard နဲ့အတူ တွဲဆင်းခဲ့ကြလိမ့်မယ်။ ဒီကြားထဲမှာ အာဆင်နယ်အတွက် ဂိုးယူပေးနိုင်တဲ့ Gabriel Jesus လည်း ပြန်လာပါပြီ။

 

Tottenham hotspur : စပါးအသင်းကျတော့ စွမ်းဆောင်ရည် တော်တော်လေးထိရောက်မှုရှိပါတယ်။ အပတ်အတွင်းမှ အလယ်ပိုင်းအချိန် ပြိုင်ပွဲတွေမရှိတဲ့အတွက် အနားတော်တော်ယူထားခဲ့ကြပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ရှက်ဖီးလ်နဲ့တွေ့ပြီး ၂-၁ နဲ့ အနိုင်ရအောင် ရုန်းကန်ခဲ့ပါတယ်။ စပါးတို့က ဒီနှစ်အတွင်း စွမ်းဆောင်ရည်တွေ တော်တော်ကောင်းတယ် ၄ ပွဲနိုင် ၁ ပွဲသရေဖြစ်ပါတယ်။ အာဆင်နယ်နဲ့တူပေမယ့် သွင်းဂိုးစံချိန်ကျတော့ ပိုကောင်းပါတယ်။ အဲ့တာကြောင့် သူတို့အဆင့် ၂ မှာရပ်တည်နေတယ်။ လက်ထဲမှာ ၁၃ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၁ မှာရှိတဲ့မန်စီးတီးထက် ၂ မှတ်ပဲ ပိုနည်းနေတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ အခုမှဒဏ်ရာရသွားတဲ့ Ivan Perisic မရှိသေးပါဘူး ဟိုးအရင်ကတည်းက ဒဏ်ရာရထားတဲ့ Brian Gill, Ryan Sessegnon နဲ့ Alfie Whiteman တို့လည်း ဒီပွဲ ပါဖို့မရှိသေးပါဘူး စပါးအသင်း ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ ကစားကြမယ်ထင်တယ် ဂိုးသမားနေရာ Gujelmo Vicario ကိုပဲ တာဝန်ပေးထားပြီး ခံစစ်ပိုင်းနေရာကျတော့ Pedro Porro က Destiny Udoghi နဲ့အတူ ခံစစ်တောင်ပံကနေ တိုက်စစ်ဆင်ကစားခဲ့ကြလိမ့်မယ်။ ကွင်းလယ်ပိုင်းနေရာကျတော့ Papa Sarr, Yves Bissouma, James Maddison နဲ့ Manor Solomon တို့ပဲ ကစားပွဲဖန်တီးဖို့ တာဝန်ယူထားကြလောက်တယ်။ စပါးရဲ့ လက်ရှိအသင်းဝင်တွေက တော်တော်လေးအဆင်ပြေနေတယ် တိုက်စစ်ပိုင်းနေရာကျတော့ Dejan Kulusevski နဲ့ Son Heung-min တို့ပဲ ဂိုးယူပေးဖို့ တာဝန်ထမ်းဆောင်ထားလိမ့်မယ်။ ဒီကြားထဲမှာ Richarlison က ဂိုးသွင်းဖို့ ယုံကြည်မှုတွေ ပြန်ရလာနေပါပြီ။

11 Players

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Vieira; Saka, Jesus, Trossard

Tottenham hotspur (4-2-3-1) : Vicario; Porro, Romero, Van de Ven, Udogie; Sarr, Bissouma; Kulusevski, Maddison, Son; Richarlison

Missing Players 

Arsenal – Jurrien Timber (Cruciate Ligament Rupture), Thomas (Groin Injury),Matineli (Hamstring Injuruy)

Tottenham hotspur – Ivan Perisic (Cruciate Ligament Rupture), Bryan Gil (Pubitis), Rodrigo Bentancur (Cruciate Ligament Rupture), Alfie Whiteman (Ankle Injury), Ryan Sessegnon (Surgery), Giovani Lo Celso (Hamstring Injury),Hugo Lioris (Hip Injury)

Facebook

ဒီပွဲလည်း အတော်လေးကြည့်ချင်စရာကောင်းပါတယ်။ ဒီပွဲဟာ စွမ်းဆောင်ရည်ကောင်းတာချင်းတူတဲ့ ပြိုင်ဘက်တွေ ဖြစ်နေကြပါတယ်။ လီဗာပူးလ်အသင်းက ခြေစွမ်းတွေတက်ကြွပြီး အခုထိ တစ်ပွဲမှမရှုံးသေးပါဘူး ဝက်စ်ဟမ်းတို့လည်း အသင်းနည်းပြရဲ့အရည်အချင်းအတိုင်း ပြန်ကောင်းနေပါတယ်။ ဒီပွဲမှာတော့ လီဗာပူးလ်ဘက်က တိုက်စစ်ဆင်ပြီး ကစားမယ် ဝက်စ်ဟမ်းတို့ကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ်။ ဝက်စ်ဟမ်းရဲ့ ဘတ်စ်ကားပုံစံနဲ့ ခံစစ်ပိတ်ကစားနည်းကို လီဗာပူးလ်ရဲ့တိုက်စစ်ပိုင်းက ဘယ်လိုနည်းလမ်းနဲ့ ချိုးဖောက်မလဲဆိုတာ စောင့်ကြည့်ရလိမ့်မယ်။ မောင်းလောင်းနည်း  ကြားထဲ အန်တိုနီယို, Bowen ပြီးတော့ Paqueta တို့ရဲ့ တန်ပြန်တိုက်စစ်ကိုလည်း သတိထားဖို့လိုသေးတယ် ဒီပွဲကတော့ အတော်လေး ကတိကအောက်ဖြစ်လောက်တယ်ဗျ ဒါပေမယ့် အစစအရာရာကြည့်လိုက်ရင်တော့ လီဗာပူးလ်ဘက်က ခြေစွမ်းပြပြီး အနိုင်ကောက်ရသွားလောက်ပါတယ်။ ဒါပေမယ့်လည်း ဝက်စ်ဟမ်းတို့က အခြေနေ အရမ်းသတိထားပြီးကစားတတ်တဲ့အတွက် ဂိုးသွင်းခံမထိပဲ အချိန်ကြာကြာဆွဲထားနိုင်ရင်တော့ သူတို့ဘက်က အခွင့်ရေးကောင်း ပြန်ရသွားနိုင်ပါတယ်။ ဒီပွဲ ဝက်စ်ဟမ်းတို့ ဂိုးအပြတ်နဲ့ မရှုံးလောက်ဘူးလို့ ဝက်ဆိုဒ်တော်တော်များများက ယုံကြည်ထားသလို ကျွန်တော်လည်းသဘောတူပါတယ်။ နောက်ပြီး ပေါက်ကြေးနေရာ ဈေးတော်တော်ကြီးပါတယ်။ သူတို့စွမ်းဆောင်ရည်ကလည်း တက်ကြွမှုရှိနေပါတယ် ပွဲစုံ နောက်ဆုံး ၅ ပွဲကစားပြီး ၄ ပွဲတောင် အနိုင်ရရှိသွားပါတယ် ၁ ပွဲလေးပဲရှုံးထားပါတယ်။ အဲ့ဒီ ၅ ပွဲထဲနဲ့ ဂိုး ၁၀ လုံးတောင်သွင်းထားနိုင်တယ် နောက်ပြီး နှစ်သင်းစလုံးရဲ့ လက်ရှိအခြေနေကလည်း ကွာခြားမှုမရှိပါဘူး ဒီတစ်ပတ် အလယ်ပိုင်းတုန်းကလည်း ပြိုင်ပွဲဖြတ်လာတာချင်းတူတယ် ဒါပေမယ့် ဝက်စ်ဟမ်းဘက်က ကိုယ့်အိမ်ကွင်းနဲ့ ကစားခဲ့ရတာဆိုတော့ ခရီးပန်းတာဘာညာမရှိပါဘူး လီဗာပူးလ်တို့ကျတော့ သြစတြီးယားအထိတောင် ခရီးစဉ်ပြီး အခြေနေမကောင်းလို့ အဓိကကစားသမားအချို့ကို အသုံးပြုလိုက်ရပါတယ်။ အဲ့ဒီတော့ ဒီပွဲရဲ့ နောက်ဆုံး ပွဲပြီးခါနီးအချိန်မှာ ပင်ပန်းနွမ်းနယ်မှုတွေ မြင်ရကြလောက်တယ်။ အဲ့တာကြောင့် သူတို့ကို ဂိုးများများလေးသွင်းဖို့ မမျှော်လင့်နိုင်လောက်တော့ပါဘူး ဒီနှစ်သင်း အချင်းချင်းရင်ဆိုင်ခဲ့ဖူးတဲ့ ၁၄၇ ပွဲထဲမှာ လီဗာပူးလ်ဘက်က ပိုသာပြီး ၈၁ ပွဲတောင် အနိုင်ကောက်ရသွားပါတယ် ၃၇ ပွဲသရေကျပြီး ဝက်စ်ဟမ်းဘက်က ၂၉ ပွဲ ပြန်နိုင်သွားပါတယ်။ အဓိက နောက်ဆုံး ၁၄ ပွဲတုန်းကဆိုရင် လီဗာပူးလ်ဘက်က ၁၁ ပွဲတောင် အောင်ပွဲခံခဲ့ရပါတယ် သရေ ၂ ပွဲလေးနဲ့ ဝက်စ်ဟမ်းဘက်က ၁ ပွဲပဲ ပြန်နိုင်သွားပါတယ်

 Liverpool : အိမ်ရှင်လီဗာပူးလ်အသင်း လက်ရှိရာသီအတွင်း စွမ်းဆောင်ရည်တွေ အရမ်းကောင်းနေပြီး ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီး ၁-၃ နဲ့ အနိုင်ရရှိလာပါတယ်။ လိဂ်ပွဲစဉ်တွေမှာလည်း ၁၅ မှတ်ထဲက ၁၃ မှတ်တောင် ကောက်သိမ်းသွားနိုင်တယ် အဲ့တာနဲ့ သူတို့ အဆင့် ၃ မှာရပ်တည်နေပြီး မန်စီးတီးထက် ၂ မှတ်ပဲ ပိုနည်းနေတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ တင်ပါးဒဏ်ရာရထားတဲ့ Thiago Alcantara ကို အသုံးချလို့မရသေးပါဘူး Trent Alexander Arnold မှာလည်း ပေါင်ဒဏ်ရာရထားပေမယ့် အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ်။ ကလော့ပ်က ဒီပွဲ ၄-၃-၃ စနစ်ကိုပဲ စီစဉ်ထားမယ်ထင်တယ် တိုက်စစ်ပိုင်းကနေ ဂိုးသွင်းဖို့ Mohamed Salah, Cody Kakpo နဲ့ Luis Diaz တို့ကိုပဲ စီစဉ်ထားလောက်ပါတယ်။

West ham United : ဝက်စ်ဟမ်းအသင်းကျတော့ ဒီရာသီမှာ အခြေနေတော်တော်ကောင်းပါတယ်။ လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းက မန်စီးတီးကို ၁-၃ ခံခဲ့ရပေမယ့် ယူရိုပါလိဂ်ပွဲစဉ်ရောက်သွားတော့ ဆားဗီာယားမှအသင်းကို ၃-၁ နဲ့ အနိုင်ကောက်ရလာပါတယ်။ ဝက်စ်ဟမ်းအသင်းအခု လိဂ်အတွင်း အဆင့် ၆ မှာ ရပ်တည်နေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ Edson Alvarez ဆိုတဲ့ ကွင်းလယ်အသစ်ရဲ့အခြေနေကို စစ်ဆေးဖို့လိုပါတယ်။ ဒီပွဲ ပါနိုင်မလားမသေချာသေးပါဘူး ကျန်တဲ့ Jarrod Bowen, Lucas Paqueta နဲ့ James Ward-Prowse တို့ကျတော့ ဒီပွဲအတွက် အဆင်သင့်ဖြစ်ပါတယ်။ ဒီပွဲ ဝက်စ်ဟမ်းဘက်က ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားကြမယ်ထင်တယ်။ အရှေ့ဆုံးမှာ ဂိုးသွင်းဖို့နေရာ Mikhail Antonio ကိုပဲတာဝန်ပေးထားပြီး Jarrod Bowen, Mohammed Gudous နဲ့ Lucas Paqueta တို့ကိုကျတော့ ကွင်းလယ်ပိုင်းကနေ ကစားပွဲဖန်တီးဖို့တာဝန် ပေးထားလောက်ပါတယ်။

11 Players

Liverpool (4-3-3) : Alisson; Gomez, Konate, Van Dijk, Robertson; Szoboszlai, Mac Allister, Jones; Salah, Gakpo, Jota

West ham United (4-2-3-1) : Areola; Coufal, Zouma, Aguerd, Emerson; Ward-Prowse, Alvarez; Bowen, Kudus, Benrahma; Antonio

Missing Players

 Liverpool – Thiago (Fitness), Trent Alexander-Arnold (Hamstring Injury)

West ham United – ဒဏ်ရာရကစားသမားမရှိပါ

Facebook