မောင်းဘော်ဒီ ဘန်လေ Vs မန်စီးတီး [11 Aug 23 - 01:30 hrs]

မောင်းဘော်ဒီ ပရိသတ်တွေစောင့်မျှော်နေတဲ့ ကမ္ဘာပေါ်မှာအကြီးမားဆုံးနဲ့ ရေးပန်းစားဆုံး အင်္ဂခန်ပရီးမီးယားလိဂ် ၂၀၂၃/၂၄ ခုနှစ်ရာသီဟာ စတင်ယှဉ်ပြိုင်နေကြပါပြီ။ ရာသီသစ် ပွဲဦးထွက်ပြိုင်ပွဲမှာ အသင်းသစ်ဖြစ်တဲ့ဘန်လေအသင်းက ချန်ပီယံဟောင်းဖြစ်တဲ့မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒီပွဲကတော့ အသင်းဟောင်းဖြစ်ခဲ့ဖူးတဲ့ အသင်းသစ်ဆီက စပရိုက်တွေဘာတွေ ရှိမယ်မထင်ပါဘူး။ ဘန်လေရဲ့ကစားသမားအင်အားကို ကြည့်ပြီးပြောရင် မန်စီးတီးထက် တော်တော်ညံ့ပါတယ်။ နဂိုက မနိုင်လို့ ကစားသမားသစ်ထပ်ခေါ်လိုက်တာတောင် အဆင့်မမှီသေးပါဘူး။ မန်စီးတီးတို့ကျတော့ Community Shield ဖလားတုန်းက ရှုံးလာတဲ့အတွက် ဒေါသထွက်နေကြလောက်တယ်။ အဲ့ဒီတော့ ဒီလို ရာသီရဲ့ပွဲဦးဖြစ်တဲ့အတွက် အပီကစားခဲ့ကြလိမ့်မယ်။ သူတို့ရဲ့ အဓိကကစားသမားဖြစ်တဲ့ ဟာလန်းတို့ ဒီဘရိုင်းတို့ ပြီးတော့ Bernardo တို့ရှိနေသေးတဲ့အတွက် အရင်လိုပဲ ကြမ်းလိမ့်မယ်။ ကြားထဲ Mateo Kovacic ကိုပါ ရလာတော့ ကွင်းလယ်ပိုင်း ပိုပြီး တောင့်တင်းမှုရှိသွားပါပြီ။ အရင်ထက်တောင် ပိုကြမ်းမယ်ထင်ပါတယ်။ ဒီပွဲ ချန်ပီယံဟောင်းနဲ့ အသစ်တို့ရဲ့ တိုက်ခိုက်မှုပဲမဟုတ်ပါဘူး Vincent Kompany က သူ့ထက်အတန်းကြီးတဲ့ ပက်နဲ့ပါ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အရင်နှစ် ဖလားပွဲတုန်းက စီးတီးကို ၆-၀ နဲ့တောင် ရှုံးသွားခဲ့ဖူးပါတယ်။ ဒီပွဲအတွက် အသင်းထဲက ကစားသမားတွေ သိပ်ပြီး ပြောင်းလဲမယ်မထင်ပါဘူး။ ဘန်လေမှာတော့ နွေရာသီဈေးတုန်းက အဓိကကစားသမားကို တော်တော်များများ ဆုံးရှုံးသွားပါတယ်။ အသစ်ရောက်လာတဲ့လူကလည်း နေသားမကျသေးပါဘူး။ စီးတီးတို့ကျတော့ အခုထိ နေရာတိုင်းပဲအဆင်ပြေနေတယ်။ နှစ်သင်းစလုံးရဲ့စတိုင်လ်ချင်း အတူတူပဲဆိုပေမယ့် ကစားသမားအရည်သွေးကတော့ အရမ်းကွာဟပါတယ်။ ဘန်လေဘက်က လောပြီး ဝင်လုံးမယ်ဆိုရင် စီးတီးရဲ့အကြိုက် ဖြစ်သွားလိမ့်မယ်။ ဒီပွဲ စီးတီးဘက်က ၃ မှတ်ရသွားမှာ တော်တော်သေချာပါတယ်။

ပရီးမီးယားလိဂ်ထဲ ပြန်ရောက်ရှိလာတဲ့ ဘန်လေအသင်း ပြီးခဲ့တဲ့နှစ်တုန်းက ခြေစွမ်းပြပြီး EFL ချန်ပီယံရှစ်အဆင့်မှာ အမှတ် ၁၀၀ လေးနဲ့ ချန်ပီယံဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံးတစ်ပွဲတုန်းက ခြေစမ်းပွဲဖြစ်ပြီး Mainz ကို ၀-၁ နဲ့ ရှုံးနိမ့်လာပါတယ်။ လက်ရှိအသင်းနည်းပြက ဘန်လေအသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုမိုအားကောင်းအောင် လုပ်ပေးနိုင်ပါတယ်။ လိမ့်ဘောနေရာလည်းကောင်းပြီး သွက်လက်တဲ့ Pressing စတိုင်လ်နဲ့ တိုက်စစ်ပိုင်းကို ဦးစားပေးထားပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့အရည်သွေးကတော့ အဲ့လောက်ထိမြင့်မနေသေးပါဘူး။ ဘန်လေအသင်းရဲ့ အဆင်သင့်ပိုင်းကတော့ Michael Obafemi အပြင် အခြားဒဏ်ရာရရှိထားတဲ့ကစားသမားမရှိပါဘူး။ ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့ ကစားမယ်ထင်တယ်။ Rodriguez ကို Striker အနေနဲ့ ဆင်းခိုင်းသွားမှာဖြစ်ပြီး Bison Manuel, Joshua Brownhill နဲ့ Anass Saruri တို့ ၃ ယောက်ကိုကျတော့ တိုက်စစ်ပိုင်းအထောက်အကူလုပ်ဖို့ စီစဉ်ထားလောက်ပါတယ်။

မန်စီးတီးအသင်းကျတော့ အခုမှ အာဆင်နယ်ကို ပင်နယ်တီနဲ့ ၁-၄ ရှုံးနိမ့်လာပါတယ်။ အဲ့ပွဲ Community Shield ဖြစ်ပြီး ရှုံးလာပါတယ်။ ဒါပေမယ့် ဘာမှတော့ သိပ်ပြီးထိခိုက်မယ်မထင်ပါဘူး။ ဒီလိုရာသီသစ်ဖြစ်တဲ့အတွက် ပိုတောင်တွန်းအားရသွားသေးတယ်။ အသင်းထဲက နောက်ဆုံးရောက်လာတဲ့ မောင်းဘော်ဒီ ကစားသမားသစ်ကတော့ Yosco Guardiol ပဲ ဖြစ်ပါတယ်။ သူက ခံစစ်ကစားသမားဖြစ်တဲ့အတွက် ပက်ရဲ့ခံစစ်ပိုင်းက အရင်ထက်ပိုပြီး တောင့်တင်းမှုရှိသွားပါပြီ။ လက်ရှိ မန်စီးတီးအသင်းထဲက ကစားသမားအသီးသီး Position တိုင်းပဲ လူစားလဲပြီးကစားနိုင်ပါတယ်။ ကစားစနစ်က အခြေနေအရပေါ်မူတည်ပြောင်းလဲပြီး ပြိုင်ဘက်အတွက် ကာကွယ်ရခက်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ကစားသမားနဲ့ ဘန်းခံထိထားတဲ့ ကစားသမားတွေမရှိပါဘူး။ Nathan Ake လောက်ပဲ အခြေနေစစ်ဆေးဖို့ လိုနေပါတယ်။ ဒီပွဲ ပက်က ၄-၂-၃-၁ စနစ်နဲ့ စီစဉ်ထားလောက်တယ်။ ဂိုးသွင်းဖို့နေရာ ဟာလန်းကိုတာဝန်ပေးထားပြီး De Bruyne; Bernardo နဲ့ Grealish တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ စီစဉ်ထားလောက်ပါတယ်။

11 Players

Burnley (4-2-3-1): Trafford; Roberts, Beyer, O’Shea, Vitinho; Cork, Cullen; Redmond, Brownhill, Zaroury, Rodriguez

Manchester City (4-2-3-1) : Ederson; Walker, Stones, Dias, Akanji; Kovacic, Rodri, De Bruyne; Bernardo, Haaland, Grealish

Missing Players

Burnley : Josh Brownhill (Unknown Injury), Michael Obafemi (Hamstring Injuary)

Manchester City : Kevin De Bruyne (Muscle partial avulsion), Zack Steffen (Knee Surgery), Josko Gvardiol (Thigh Problems), Nathan Ake (Lack of fitness)

Facebook