မောင်းထိုးမယ် လီဗာပူးလ် Vs အဲဗာတန် [21 Oct 23 - 18:00 hrs]

မောင်းထိုးမယ် ဒီမာဆေးဆိုက်ဒါဘီတိုက်ပွဲမှာ နှစ်သင်းစလုံးပဲ ဂုဏ်သရေအတွက် အနိုင်ရယူလိုကြပါတယ် နှစ်သင်းစလုံးက ၃ မှတ်ရတဲ့အထိ ရည်ရွယ်ထားကြလောက်တယ် ဒီပွဲမှာတော့ ဘယ်အသင်းက ပိုကောင်းမလဲဆိုတာ စောင့်ကြည့်ရမယ် လီဗာပူးလ်အသင်း အခုတလော လိဂ်ပွဲစဉ် ၂ ပွဲဆက်တိုက် နိုင်ပွဲမရှိသေးပါဘူး စပါးကို ၂-၁ ရှုံးသွားကတည်း စတင်ခဲ့ပါတယ် အဲဗာတန်အသင်းကျတော့ အခုနောက်ပိုင်း အခြေနေတွေ ပြန်ကောင်းနေပါပြီ ပွဲစုံ ၄ ပွဲကစားပြီး ၃ ပွဲတောင် အနိုင်ရရှိသွားပါတယ် ဒီပွဲ ကြိုးကြာနီဘက်က တိုက်စစ်ဆင်ပြီးကစားမယ်ထင်တယ် အဲဗာတန်တို့ကျ‌တော့ ဘတ်စ်ကားပုံစံနဲ့ ခံစစ်ပိတ်ပြီး မြောက်ဘောနဲ့ တန်ပြန်တိုက်စစ်ဆင်ကစားမယ်ထင်တယ် ကလော့ပ်ရဲ့အသင်းက အိမ်ကွင်းနဲ့ အကျောရထားပေမယ့် အဲဗာတန်ဘက်က ဂုဏ်သရေအတွက်တော့ အသကုန်ကြိုးစားမှာသေချာတယ် မြောက်ဘောနဲ့ တန်ပြန်တိုက်စစ်ဆင်တဲ့အဲဗာတန်ကို လီဗာပူးလ်ရဲ့ခံစစ်ပိုင်းက ဘယ်လိုမျိုးဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားစရာတော်တော်ကောင်းပါတယ် တိုက်စစ်ပိုင်းကိုကျတော့ ဘာမှစိတ်ပူစရာမရှိပါဘူး သူတို့ရဲ့ထိရောက်မှုနဲ့ ထိုးဖောက်အားက ကောင်းပြီးသားပါ ဒီပွဲကတော့ ကြိုးကြာနီတို့အတွက် ခက်တဲ့အလုပ်မဟုတ်လောက်ပါဘူး အန်ဖီးလ်ကွင်းနဲ့ ၃ မှတ်ရသွားလောက်ပါတယ်။

Liverpool : လီဗာပူး ရဲ့ ခြေစွမ်း က အနည်းငယ် ကျဆင်း သွားခဲ့ ပါတယ်။ တော့တင်ဟမ်ဟော့စပါးကို ရှုံးပြီး နောက်ဆုံးပွဲစဉ်မှာ ဘရိုက်တန်ကို ၂-၂ နဲ့ သရေကျပြီးနောက် ပြိုင်ပွဲတိုင်းရဲ့ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးထားပါတယ်။ လက်ရှိမှာတော့ အဆင့် ၄ နေရာအထိ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာ ၈ ပွဲကစားပြီး ၁၇ မှတ်လေးနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက စပါးအသင်းရဲ့နောက်ကနေ‌ ၃ မှတ်လိုက်နေတယ် ဒါဟာ လုံးဝရုပ်ဆိုးတဲ့ပုံစံမဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာရထားတဲ့ကစားသမားနဲ့ ဘန်းခံထိသွားတဲ့ကစားသမားတွေ ရှိနေသေးတော့ စိတ်ညစ်စရာရှိနေတုန်းဖြစ်ပါတယ် ဒီပွဲ ဒဏ်ရာရထားတဲ့ Thiago Alcantara, Queen Kelleher နဲ့ Stefan Baijcetic တို့ မရှိသေးပါဘူး Curtis Jones နဲ့တစ်ယောက်ကျတော့ ဘန်းခံထိထားလို့ မပါနိုင်သေးပါဘူး Cody Gakpo နဲ့ Andy Robertson တို့နှစ်ယောက်ကျတော့ ဒဏ်ရာသက်သာသွားပေမယ့် အခြေနေကောင်းပြီလား မသေချာသေးပါ Darwin Nuñez နဲ့တစ်ယောက်ရောပဲ ဖြစ်ပါတယ် သူကလည်း နိုင်ငံအသင်းနဲ့ကစားပြီး ဒဏ်ရာအနည်းငယ်ရထားပါတယ် ဒီပွဲ ယာဂင်ကလော့ပ်က ဂိုးသမားနေရာ သူ့ရဲ့ နံပါတ်တစ်ဂိုးသမားဖြစ်တဲ့ Alisson Becker ကိုပဲ အသုံးပြုမှာဖြစ်ပြီး Virgil van Dijk နဲ့ Ibrahima Konate တို့ နှစ်ယောက်ကိုကျတော့ ကွင်းလယ်ခံစစ်နေရာ တာဝန်ပေးထားလောက်ပါတယ် ညာဘက်နောက်ခံနေရာကျတော့ အဆင်သင့်ပြန်ဖြစ်သွားတဲ့ Trent Alexander Arnold ကိုပဲ တာဝန်ပေးထားလောက်တယ် ဘယ်ဘက်ခြမ်းမှာကျတော့ ဒုတိယကစားသမားဖြစ်တဲ့ Costas Simikas ဆိုတဲ့ ဒုတိယကစားသမားကိုပဲ တာဝန်ပေးထားမယ်ထင်တယ် Joe Gomez ကို အသုံးပြုချင်လည်း ပြုလိမ့်မယ် ကွင်းလယ်ပိုင်းနေရာကျတော့ Dominic Szoboszlai, Alexis Mac Allister နဲ့ Harvey Elliott တို့ကိုပဲ တာဝန်ပေးပြီး အဲ့အပိုင်းအတွက် ဒုတိယကစားသမားဖြစ်တဲ့ Wataru Endo နဲ့ Ryan Grafenberg တို့လည်း အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ တိုက်စစ်ပိုင်းနေရာကျတော့ Luis Diaz, Mohamed Salah နဲ့ Diogo Jota တို့ကိုပဲ အသုံးချသွားမယ်ထင်တယ်။

Everton : စပါးအသင်းကျတော့ ဒီရာသီကို ခပ်ညံ့ညံ့ပဲ စတင်ခဲ့ပါတယ် အခုနောက်ပိုင်း နည်းနည်းပါးပါး ပြန်ကောင်းလာပါပြီ သူတို့စွမ်းဆောင်ရည်က ဖြစ်သင့်သလောက် စပြီးပြန်ဖြစ်သွားပြီ နောက်ဆုံး ၃ ပွဲတုန်းကဆိုရင် ၂ ပွဲတောင် အနိုင်ရရှိသွားပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ဘုန်းမောက်နဲ့တွေ့ပြီး ၃-၀ နဲ့တောင် အနိုင်ရရှိလာတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၂ ပွဲနိုင်ထားပါတယ် လက်ထဲမှာ ၇ မှတ်လေးကိုင်ဆောင်ထားပြီး အဆင့် ၁၆ မှာရပ်တည်နေတယ် အတန်းဆင်းမယ့်ဇုန်ထက် ၃ မှတ် ပိုသာပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Idrissa Ghana Gay Andre Gomes နဲ့ Seamus Colman တို့ရဲ့အခြေနေကို စောင့်ကြည့်ဖို့ပဲလိုပါတော့တယ် ဒီပွဲ သူတို့ရဲ့ဂိုးသမားကတော့ Jordan Pickford ကိုပဲ အားကိုးမယ် ပြီးရင် အဓိက နောက်ခံနေရာ James Tarkowski နဲ့ Jarrad Branthwaite တို့ကိုပဲ တာဝန်ပေးထားလောက်တယ် အနောက်တန်းကနေ တိုက်စစ်ဆင်ဖို့ကျတော့ Ashley Young နဲ့ Vitaly Mikolenko တို့ကိုပဲ တာဝန်ချပေးထားလောက်တယ် ကွင်းလယ်ပိုင်းမှာ James Garner, Jack Harrison, Dwight McNeil နဲ့ Amadou Onana တို့ကိုပဲ ကစားပွဲဖန်တီးဖို့နဲ့ ထိန်းချုပ်ဖို့ တာဝန်ပေးထားပြီး ဂိုးသွင်းဖို့အပိုင်းကျတော့ Abdullai Doucouré ကို တိုက်စစ်ဒုတိယလိုင်းမှာ တာဝန်ပေးထားလောက်တယ် ပြီးရင် Striker နေရာကျတော့ Dominic Calvert-Lewin ကိုပဲ တာဝန်ပေးထားမယ်ထင်တယ် ကြားထဲမှာ တိုက်စစ်ကစားဖို့ Beto ဆိုတဲ့တစ်ယောက်လည်း ရှိပါသေးတယ်။

11 Players

Liverpool (4-3-3) : Alisson; Alexander-Arnold, Matip, Van Dijk, Tsimikas; Gravenberch, Mac Allister, Szoboszlai; Salah, Nunez, Jota

Everton (4-4-1-1) : Pickford; Young, Tarkowski, Branthwaite, Mykolenko; Harrison, Onana, Garner, McNeil; Doucoure; Calvert-Lewin

Missing Players

Liverpool – Conor Bradley (Back injury), Thiago (Fitness)

Everton –  Dele Alli (Partial muscle tear), Seamus Coleman (Knee injury)

Facebook

အိမ်ရှင်မန်စီးတီးအသင်း လိဂ်ပွဲစဉ် ၂ ပွဲဆက်တိုက် နိုင်ပွဲမရှိသေးပါဘူး မနိုင်တဲ့အပြင် ၂ ပွဲစလုံး ရှုံးနိမ့်သွားပါတယ် အဓိကကျတဲ့ ရိုဒရီမရှိလို့ ရှုံးသွားတာဖြစ်ပါတယ် ဒါပေမယ့် ဒီပွဲ အဲ့ဒီစပိန်ကွင်းလယ် မောင်းထိုးမယ် ကစားသမားကို ပြန်လည်အသုံးပြုနိုင်သွားပါပြီ ဘရိုက်တန်အသင်းကျတော့ လိဂ်ထဲမှာ ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတာချင်း တူတူပဲ သူတို့က ဒီထက်ကောင်းတဲ့အဆင့်ကို တက်ရောက်ဖို့ အနိုင်လိုချင်တယ် နောက်ပြီး သူတို့က ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးတဲ့စံချိန်ကိုလည်း မလိုချင်လောက်ပါဘူး နှစ်သင်းစလုံးရဲ့ အစစအရာရာယှဉ်ကြည့်ရင် နည်းပြညာဏ်ရည်ပြိုင်ပွဲလို့ပဲ ယူဆထားပါတယ် နှစ်သင်းလုံးက အနိုင်လိုချင်တာတူတူပဲ လက်ရှိစွမ်းဆောင်ရည်ကို ဒီထက်ဆိုးမသွားအောင် လုပ်ချင်တယ် မန်စီးတီးက ကိုယ့်အိမ်ကွင်းနဲ့ ပိုကြည့်ကောင်းပါတယ် နောက်ပြီး အဓိကကျတဲ့ကစားသမားကလည်း ဒီပွဲ ပြန်လာပြီဆိုတော့ ဘရိုက်တန်ကို နိုင်သွားလောက်ပါတယ်။

Manchester City : မန်စီးတီးအသင်းဟာ ၈ ပွဲကစား ၆ ပွဲနိုင် ၂ ပွဲ ရှုံး ၁၈ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ မှာ ရပ်တည်နေတယ် သူတို့ရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ အာဆင်နယ်ကို ၁-၀ နဲ့ ရှုံးနိမ့်ထားတယ် ဒီပွဲ ဒဏ်ရာရှိနေဆဲဖြစ်တဲ့ Kevin De Bruyne ကို အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ ရိုဒရီကျတော့ တားမြစ်ချက်ကနေ ပြန်လာပြီး ဒီပွဲမှာ ကွင်းထဲကို ဝင်နိုင်မှာပါ။ ပက်က ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ ကစားမယ်ထင်တယ် ဂိုးသမားနေရာ Ederson ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းနေရာကျတော့ Kyle Walker, Manuel Akanyi, Ruben Diaz နဲ့ Yosco Guardiol တို့ကိုပဲ တာဝန်ပေးထားလောက်တယ် ကွင်းလယ်ပိုင်းမှာ ရိုဒရီနဲ့ Bernardo Silva တို့ကို လက်တွဲထားပြီး တိုက်စစ်ပိုင်းနေရာ Jeremy Dogu, Julian Alvarez နဲ့ Phil Foden တို့ကိုပဲ တာဝန်ပေးထားလောက်တယ် Striker နေရာကျတော့ အာခင်ဟာလန်းပဲဖြစ်ပါတယ်။

Brighton & hove albion : ဘရိုက်တန်အသင်းကျတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲကစားပြီး ၅ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲ အရှုံးဖြစ်ပါတယ် လက်ထဲမျာ ၁၆ မှတ်ရရှိပြီး အဆင့် ၅ နေရာတွင် ရပ်တည်နေတယ် နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ်မှာ လီဗာပူးလ်နဲ့ အိမ်ကွင်းတွင် 2-2 ဖြင့် သရေကျခဲ့တယ်။ ဒီပွဲစဉ်မှာ အသင်းနဲ့အတူ ဒဏ်ရာကျန်နေတဲ့ Julio Encio နဲ့ Pervis Estupian တို့ ပါဝင်မှာ မဟုတ်ပါဘူး။ Jacob Moder နဲ့ James Milner တို့ကျတော့ ဒီပွဲအတွက် အဆင်သင့်ဖြစ်နိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးဖို့ပဲ လိုပါတော့တယ် အခြားကစားသမားတွေကျတော့ ပုံမှန်အတိုင်း ကွင်းထဲကို ဝင်နိုင်ပါတယ်။ ဒီပွဲ Roberto de Zerbi နည်းပြက ၄-၂-၃-၁ စနစ်နဲ့ပဲ စီစဉ်ထားမယ်ထင်တယ် ဂိုသမားနေရာ Bart Verbruggen ကိုပဲ တာဝန်ပေးပြီး နောက်ခံ ၄ ယောက်ကိုကျတော့ Yoel Feltman၊ Jan Paul van Hecke၊ Lewis Dunk နဲ့ Sully March တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် ကွင်းလယ်ပိုင်းမှာကျတော့ Pascal Gross နဲ့ Carlos Baleba တို့နှစ်ယောက်ကို တွဲဆင်းခိုင်းပြီး တိုက်စစ်ပိုင်းမှာ Attack: Simon Adinkra, Joao Pedro နဲ့ Kaoru Mitoma တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် ပြီးရင် Striker နေရာ Ferguson ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Manchester City (4-2-3-1) : Ederson; Walker, Stones, Dias, Gvardiol; Rodri, Kovacic; Foden, Alvarez, Grealish; Haaland

Brighton & hove albion (4-2-3-1) : Steele; Veltman, Dunk, Webster, March; Baleba, Gross; Adingra, Pedro, Mitoma; Ferguson

Missing Players

Manchester City – Kevin De Bruyne (Partial muscle tear), John Stones (Hip injury), Zack Steffen (Knee surgery)

Brighton & hove albion – Julio Enciso (Meniscus tear), Jakub Moder (Cruciate ligament tear)

Facebook

ဒီလန်ဒန်ဒါဘီတိုက်ပွဲကို မဖြစ်မနေ ကြည့်ဖြစ်အောင်ကြည့်ရမယ် နှစ်သင်းစလုံးရဲ့လက်ရှိစွမ်းဆောင်ရည်က ကောင်းတာချင်းတူတူပဲ ချယ်လ်ဆီးက သူတို့စတိုင်လ်ကို ရှာဖွေတွေ့ရှိသွားပြီး ၃ ပွဲဆက်တိုက် အနိုင်ရရှိသွားပါပြီ အာဆင်နယ်တို့မှာလည်း လောလောဆယ် ယုံကြည်မှုအပြည့် ရှိနေကြတယ် မန်စီးတီးကို နိုင်သွားတော့ စိတ်ဓာတ်တွေ တော်တော်ပဲကောင်းနေကြလိမ့်မယ် ဒီပွဲမှာတော့ နှစ်သင်းစလုံးပဲ တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ်။ ဒါပေမယ့်လည်း အခြေနေအရာ ထိန်းကစားပြီး ပြိုင်ဘက်ရဲ့အမှားကို စောင့်ကြည့်ကြလိမ့်မယ် အချင်းချင်းရင်ဆိုင်ခဲ့ဖူးတဲ့ အခုနောက်ပိုင်း အာဆင်နယ်ဘက်က ပိုသာပါတယ် မောင်းထိုးမယ် နောက်ပြီး ချယ်လ်ဆီးအသင်းမှာ လောလောဆယ် အဆင်သင့်သိပ်မဖြစ်ပါဘူး ဒါပေမယ့် အာဆင်နယ်မှာလည်း William Saliba နဲ့ Bukayo Saka ကို အသုံးပြုနိုင်မလားမသိသေးပါဘူး ဒီပွဲကတော့ မနိုင်မရှုံးလေးနဲ့ တော်တော်ကြည့်လို့ကောင်းလိမ့်မယ် သရေကျရုံနဲ့လည်း ပြီးဖို့တော်တော်များတယ် ဒါပေမယ့် အနိုင်ရရှိသူကို ခန့်မှန်းရမယ်ဆိုရင်တော့ အာဆင်နယ်ဘက်က ကပ်နိုင်သွားလောက်ပါတယ်။

Chelsea : ချယ်လ်ဆီးအသင်း ခြေစွမ်းတွေပြန်ကောင်းပြီး ၃ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ် လိဂ်ပွဲစဉ်ဖြစ်တဲ့ နောက်ဆုံးတစ်ပွဲ ဘန်လေကို ၁-၄ နဲ့ အနိုင်ရလာတယ် ဒါပေမယ့်လည်း လက်ထဲမှာ ၁၁ မှတ်လေးပဲရှိပြီး အဆင့် ၁၁ မှာရပ်တည်နေတယ် ၈ ပွဲကစားပြီး အဲ့လောက်လေးပဲလုပ်နိုင်ကြတယ် ချယ်လ်ဆီးအသင်းမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေတယ် Christoph Nkunku, Wesley Fofana, Romeo, Lavia, Trevoh Chalobah, Carney Chukwuemeka နဲ့ Ben Chilwell တို့အားလုံး ဒီပွဲ မပါနိုင်မှန်းသေချာသွားပါပြီ Bernoit Badilcheil, Reece James, Nicolas Jackson, Armando Broya, Axel Disasi နဲ့ Cole Palmer တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ်။

Arsenal : အာဆင်နယ်အသင်းကျတော့ နည်းနည်းပါးပါ ထစ်ခနဲ့ဖြစ်လာတာတွေ့ရပါတယ် ချန်ပီယံလိဂ်ပွဲစဉ်တုန်းက လန်းစ်ကိုရှုံးလာတယ် ဒါပေမယ့် ပရီးမီးယားလိဂ်ထဲမှာကျတော့ အခြေနေအရမ်းပဲကောင်းနေတုန်းဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက မထင်မှတ်ပဲ အိမ်ကွင်းလေးနဲ့ မန်စီးတီးကို ကပ်နိုင်သွားတယ် အခုတလော လက်ထဲမှာ အမှတ် ၂၀ ကိုင်ဆောင်ထားပြီး အဆင့် ၂ မှာရပ်တည်နေတယ် အဆင့် ၁ မှာရှိတဲ့စပါးနဲ့ အမှတ်ချင်းတူပေမယ့် စပါးဘက်က သွင်းဂိုးစံချိန် ပိုသာပါတယ် အာတီတာမှာ ဒီပွဲ Jurrien Timber ကိုအသုံးမပြုနိုင်သေးပါဘူး သူ့မှာ အကြာကြီးပဲ အနားယူဖို့ရှိနေတယ် ဒဏ်ရာရသွားတဲ့ William Saliba, Leandro Trossard နဲ့ Bukayo Saka တို့ရဲ့ အခြေနေကိုလည်း အနီးကပ်စောင့်ကြည့်နေကြပါတယ်။

11 Players

Chelsea (4-3-3) : Sanchez; Gusto, Disasi, Silva, Colwill; Fernandez, Caicedo, Gallagher; Palmer, Jackson, Sterling

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Partey; Saka, Nketiah, Martinelli

Missing Players

Chelsea – Trevoh Chalobah (Thigh problems), Ben Chilwell (Hamstring injury), Armando Broja (Knee problems), Benoît Badiashile (Fitness), Marcus Bettinelli (unknown injury), Wesley Fofana (Cruciate ligament tear), Christopher Nkunku (Knee injury)

Arsenal – Bukayo Saka (Thigh problems), Jurrien Timber (Cruciate ligament tear)

Facebook

ဒီပွဲ မန်ယူရဲ့ပြိုင်ဘက်က လိဂ်ထဲမှာ အညံ့ဆုံးအသင်းဖြစ်တဲ့အတွက် မန်ယူဖန်တွေ အရမ်းမျှော်လင့်တဲ့ပွဲတစ်ပွဲ ဖြစ်ပါလိမ့်မယ် ရှက်ဖီးလ်အသင်းက ဒီရာသီ ၁ ပွဲပဲ သရေကျပြီး ကျန်တာ အရှုံးတွေချည်းဖြစ်ပါတယ် ကစားပွဲအခြေနေကတော့ မန်ယူဘက်က ဘောလုံးပိုင်ဆိုင်ပြီး တိုက်စစ်ဆင်မယ် ရှက်ဖီးလ်တို့ကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ် ရှက်ဖီးလ်တို့က ခံစစ်ပိတ်ကစားပေမယ့် မောင်းထိုးမယ် သူတို့ရဲ့ခံစစ်ပိုင်းက ဂိုးအများဆုံး သွင်းခံထိတဲ့အသင်းဖြစ်နေတယ် သူတို့တိုက်စစ်ပိုင်းတွေကလည်း အခွင့်ရေးသိပ်မဖန်တီးနိုင်ကြပါဘူး ဒါပေမယ့်လည်း မန်ယူအသင်း လောလောဆယ် ဒဏ်ရာရထားတဲ့ကစားသမားတွေနဲ့ ပြသာနာအသီးသီးတွေ ရှိနေတယ် ဒါပေမယ့်လည်း ပြသာနာ ဘယ်လောက်ပဲ များနေပါစေ တန်ဟက်အဆင်ပြေအောင် လုပ်နိုင်မှာပါ နောက်ပြီး သူ့ရဲ့ရွေးချယ်မှုက အနိုင်ပဲရှိပါတယ် ဖြစ်နိုင်ရင် ပိုးစိုးပက်စက်နိုင်စေချင်တယ် မထင်မှတ်ပဲ သရေကျသွားတာတို့ ရှုံးသွားတာတို့ဆိုရင်တော့ တန်ဟက်မှာ ထိုင်ခုန်နဲ့ မကပ်နိုင်လောက်တော့ပါဘူး အချင်းချင်းရင်ဆိုင်ခဲ့ဖူးတဲ့ ၉၇ ပွဲထဲမှာ မန်ယူညက်က ၄၆ ပွဲ နိုင်သွားခဲ့ဖူးပါတယ် ၁၆ ပွဲသရေကျပြီး ရှက်ဖီးလ်ဘက်က ၃၅ ပွဲ အနိုင်ရရှိသွားတယ် အခုနောက်ပိုင်း ရင်ဆိုင်ခဲ့ဖူးတဲ့စံချိန်ထဲမှာ မန်ယူဘက်က တော်တော်ပဲ ပိုသာခဲ့ပါတယ် နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် မန်ယူဘက်က ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ရှက်ဖီးလ်ကို ၁ ပွဲလေးပဲ ရှုံးသွားပါတယ် ဒီပွဲ တန်ဟက်က သူ့ရဲ့အကောင်းဆုံးကစားသမားတွေကိုပဲ အသုံးပြုမယ်ထင်တယ် ၃ မှတ်ရအောင်တော့ ကြိုးစားလိမ့်မယ်။

Sheffield united : ရှက်ဖီးလ်အသင်း စွမ်းဆောင်ရည်တွေအရမ်းပဲညံ့နေပါတယ် ဒီရာသီ ၈ ပွဲကစားပြီး ၁ မှတ်လေးပဲ ပိုင်ဆိုင်ထားတယ် ရာသီစတင်လာကတည်းက နိုင်ပွဲလုံးဝမရှိသေးပါဘူး နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ဖူဟမ်ကို ၃-၁ နဲ့ရှုံးနိမ့်လာတယ် အခု ၄ ပွဲဆက်တိုက် ရှုံးနိမ်ြထားပြီဖြစ်ပါတယ် အဲံဒီတော့ ပွဲမစခင် ပြိုင်ဘက်ကို သေသေချာချာလေ့လာထားဖို့လိုလိမ့်မယ် အနိင်လိုချင်ရင်တော့ လုပ်သင့်ပါတယ် ဒီပွဲကတော့ ဘယ်လိုနေမလဲမသိသေးပါဘူး အသင်းရဲ့အဆင်သင့်ပိုင်း ဒီပွဲ Chris Basham, George Baldock, Williams Osula, Norrington Davis, Max Lowe, Ben Osborne နဲ့ John Egan တို့အားလုံး ဒဏ်ရာရထားကြပါတယ် Tom Davey နဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ်။

Manchester United : မန်ယူအသင်းကျတော့ စွမ်းဆောင်ရည်သိပ်မကောင်းပဲ ကောင်းလိုက်ဆိုးလိုက်ဖြစ်နေပေမယ့် နောက်ဆုံးတစ်ပွဲတုန်းကကျတော့ မထင်မှတ်ပဲ ဘရန်ဖိုတ့်ကို တကျောပြန် အနိုင်ရရှိလာပါတယ် ဒီရာသီ ၈ ပွဲကစားပြီး ၁၂ မှတ်လေးနဲ့ အဆင့် ၁၀ မှာရပ်တည်နေတယ် အမှတ်တွေတော့ တောက်လျှောက်လိုအပ်နေတုန်း ဖြစ်ပါတယ် Top4 နေရာအတွက် ကြိုးစားဖို့လို့လိမ့်မယ် တန်ဟက်ရဲ့အသင်းက ဒီပွဲ Ahmad Traore, Tyrell Malasia နဲ့ Lisandro Martinez တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် Cobby Mainu, Luke Shaw, Raphael Varan,e Sofiane Amrabat, Sergio Reguilon နဲ့ Aaron Wan-Bissaka တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ် ဆန်ချိုနဲ့တစ်ယောက်ကျတော့ ကိုယ်ရေးကိုယ်သာပြသာနာနဲ့ မပြီးနိုင်သေးပါဘူး ပါဝင်ကစားဖို့လည်း မရှိလောက်သေးပါဘူး။

11 Players

Sheffield united (3-5-2) : Foderingham; Trusty, Ahmedhodzic, Robinson; Bogle, Norwood, Souza, Thomas; Hamer, McAtee; Archer

Manchester United (4-2-3-1) : Onana; Dalot, Varane, Lindelof, Reguilon; Amrabat, McTominay; Fernandes, Mount, Rashford; Hojlund

Missing Players

Sheffield united – John Egan (Foot injury), Rhian Brewster (Hamstring injury), Chris Basham (Foot injury)

Manchester United – Amad Diallo (Knee injury), Aaron Wan-Bissaka (Hamstring injury), Luke Shaw (Muscle injury), Kobbie Mainoo (Ankle injury), Lisandro Martínez (Foot injury), Tyrell Malacia (unknown injury)

Facebook