မားဆေးဆိုဒ် ဒါဘီပြိုင်ဆိုင်မှု

မားဆေးဆိုဒ် ဒါဘီပြိုင်ဆိုင်မှု အဲဗာတန် Vs လီဗာပူးလ် [ 25 Apr 24 - 01:15 hrs]

မားဆေးဆိုဒ် ဒါဘီပြိုင်ဆိုင်မှု ဒီမာဆေးဆိုက်ဒါဘီက အဆင့်ဇယားရဲ့ အဆင့်နဲ့ရင်းပြီး ပြိုင်ကစားရမှာဖြစ်ပါတယ် အိမ်ရှင်အဲဗာတန်အသင်း အခုထိ အတန်းဆင်းမယ့်ဇုန်နဲ့ ဝေးအောင်ရှောင်နေရတုန်းပါ အနီရောင်ဇုန်ထက် ၅ မှတ်ပိုသာပေမယ့် မလုံလောက်ခြုံသေးပါဘူး လီဗာပူးလ်အသင်းကျတော့ ဇယားထိပ်ပိုင်းကအသင်းတေါကို ဖိအားပေးဖို့ ၄ မှတ်လိုချင်နေတယ် ပြီးရင် အာဆင်နယ်နဲ့ မန်စီးတီးတို့ ကိုယ့်အမှားနဲ့ကိုယ် လုပ်မိအောင် မျှော်လင့်နေကြတယ် အဲဗာတန်အသင်းက အိမ်ကွင်းနဲ့ပွဲတွေမှာ မဆိုးပါဘူး တစ်မြို့တည်းသောလီဗာပူးလ်နဲ့ ရင်ဆိုင်ရမှာဆိုတော့ ဂုဏ်သိက္ခာပြိုင်ပွဲဖြစ်နေတယ် ဒါပေမယ့် အဲဗာတန်အသင်းရဲ့ စွမ်းဆောင်ရည်က တည်ငြိမ်မှုမရှိသေးတော့ လီဗာပူးလ်ရဲ့မုန်တိုင်းကို ခံနိုင်မယ်မထင်ပါဘူး ကစားပွဲအနေအထားကတော့ လီဗာပူးလ်ဘက်က ကစားပွဲထိန်းချုပ်ပြီး တိုက်စစ်ဆင်ကစားမယ် အိမ်ရှင်အသင်းကျတော့ နောက်ဆုတ်ပြီး ခံစစ်ပိတ်ကစားမယ် ပြီးရင် တန်ပြန်တိုက်စစ်ဆင်ဖို့ ကြိုးစားမယ် အဲဗာတန်အသင်းက ကိုယ့်အိမ်ကွင်းဖြစ်ရင် အခြေနေကောင်းပါတယ် အဓိက ကွင်းလယ်ပိုင်းဆိုရင် ကစားပွဲ တော်တော်ဖန်တီးနိုင်တယ် ဒါပေမယ့် တိုက်စစ်ပိုင်းကတော့ အားနည်းနေတုန်းပါ နောက်ပြီး သူတို့ရဲ့ခြေစွမ်းကောင်း Dominic Calvert-Lewin ကလည်း ပါနိုင်မလားမသေချာသေးပါဘူး Beto နဲ့တစ်ယောက်ကတော့ မပါနိုင်မှန်း သေချာသွားပါပြီ အဲ့ဒါတွေကြောင့် လီဗာပူးလ်ရဲ့ခံစစ်ပိုင်းအတွက် သတင်းကောင်းဖြစ်သွားလိမ့်မယ် အစစအရာရာ လီဗာပူးလ်ဘက်က ပိုပြီး အဆင်သင့်ဖြစ်နေတော့ အဲဗာတန်ရဲ့အိမ်ကွင်းနဲ့ ၃ မှတ်ရသွားမယ်ထင်တယ်။

Everton : အဲဗာတန်အသင်း နောက်ဆုံး ၃ ပွဲကစားပြီး ၂ ပွဲနိုင်ထားတဲ့အတွက် စွမ်းဆောင်ရည်ကြည့်ကောင်းနေပါတယ် နောက်ဆုံးတစ်ပွဲတုန်းကဆိုရင်လည်း ဖောရက်စ်အပေါ် ၂-၀ နဲ့ အနိုင်ရရှိလာပါတယ် အခုလက်ရှိ လက်ထဲ အမှတ် ၃၀ ရှိပြီး အဆင့် ၁၆ မှာရပ်တည်နေတယ် အတန်းဆင်းမယ့်ဇုန်ထက် ၅ မှတ် ပိုသာပါတယ် ပြီးတော့ အခြားအသင်းတွေက သူတို့ထက် ၁ ပွဲ ပိုကစားထားပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Nathan Paterson, Dele Alli, Lewis Dobbin နဲ့ Beto တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Seamus Colman နဲ့ Dominic Calvert Levin တို့မှာလည်း အခြေနေစစ်ဆေးဖို့လိုနေသေးတယ် အဲဗာတန်အသင်းက ဒီပွဲ ၄-၅-၁ စနစ်နဲ့ ဂိုးသမားနေရာ Jordan Pickford ကို တာဝန်ပေးပြီး ညာခံစစ်နေရာမှာ Ashley Young ဘယ်ခံစစ် Vitaly Mykolenko တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်ခံစစ်ကျတော့ James Tarkovsky က Jarad Brantwaite နဲ့အတူ တွဲဆင်းမယ် အလယ်တန်းနေရာကျတော့ Jack Harrison, Andre Gomic, Abdoulaye Doucouré, Dwight McNeil တို့ကိုတာဝန်ပေးပြီး Striker နေရာမှာ Dominic Calvert-Lewin ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Liverpool : လီဗာပူးလ်အသင်းကျတော့ နောက်ဆုံးတစ်ပွဲကမှ ဖူဟမ်နဲ့တွေ့ပြီး ၁-၃ နဲ့ အနိုင်ရရှိလာပါတယ် အဲ့ဒီတော့ သူတို့ရဲ့ ချန်ပီယံဆုအတွက် ရင်ခုန်လို့ရပါသေးတယ် လီဗာပူးလ်အသင်းက အဆင့် ၂ မှာရှိနေပြီး အဆင့် ၁ မှာရှိတဲ့ အာဆင်နယ်နဲ့ ရမှတ်ချင်းတူပါတယ် ဒါပေမယ့် သွင်းဂိုးစံချိန်ကျတော့ ၈ လုံးပိုညံ့နေတယ် မန်စီးတီးထက် ၁ မှတ်ပဲ ပိုသာပါတယ် ဒါပေမယ့်လည်း မန်စီးတီးထက် တစ်ပွဲ ပိုကစားထားပါတယ် ဂျာဂင်ကလော့ပ်အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Joel Matip ကို ကိုင်တွယ်လို့မရသေးပါဘူး Thiago Alcantara က ပေါင်ဒဏ်ရာ Conor Bradley က ခြေချင်းဝတ်ဒဏ်ရာရထားတယ် ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲဖြစ်နေကြပါတယ် ဒီပွဲ လီဗာပူးလ်အသင်းက ၄-၃-၃ စနစ်လေးနဲ့ ဂိုးသမားနေရာ Alisson Becker ဖြစ်ပြီး Andrew Robertson က ဘယ်ဘက်ခံစစ် Virgil Van Dijk နဲ့ Jarrell Quansah တို့နှစ်ယောက်ကျတော့ ကွင်းလယ်ခံစစ်နေရာမှာ တာဝန်ယူထားမယ် Trent Alexander-Arnold က ညာဘက်ခံစစ်မှာတာဝန်ယူမယ် အလယ်တန်းနေရာကျတော့ Wataru Endo, Harvey Elliott, Ryan Krafenberg တို့ ၃ ယောက်ဖြစ်ပြီး တိုက်စစ်ပိုင်းနေရာကျတော့ Luis Diaz, Kodi Kakpo နဲ့ Darwin Nuñez တို့ပဲ ဖြစ်လိမ့်မယ်။

11 Players

Everton (4-4-1-1) : Pickford; Young, Tarkowski, Branthwaite, Mykolenko; Harrison, Onana, Gueye, McNeil; Doucoure; Calvert-Lewin

Liverpool (4-3-3) : Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Szoboszlai, Endo, Mac Allister; Salah, Nunez, Diaz

 

Missing Players

Everton – Dele Alli (Partial muscle tear), Nathan Patterson (Hamstring injury),S.Coleman (Groin Injury),D.Calver-Lewin (Knock Injury),Beto (Concussinon), Lewis Dobbin (Ankle Injury)

Liverpool – Thiago (Muscle injury), Ben Doak (Meniscus tear), Conor Bradley (Ankle injury), Joel Matip (Cruciate ligament tear)

Facebook

ဒီပွဲ စွမ်းဆောင်ရည်ညံ့တာချင်းတူတဲ့အသင်းတွေရဲ့ပြိုင်ပွဲဖြစ်ပါတယ် အဆင့်ဇယားမှာ မန်ယူဘက်က ပိုကြည့်ကောင်းပေမယ့် နောက်ဆုံး ၆ ပွဲစံချိန်ထဲမှာတော့ မိနစ် ၉၀ အတွင်း တစ်ပွဲမှမနိုင်ဖူးသေးပါဘူး ခြေစွမ်းညံ့ပြီး ဇယားအလယ်ပိုင်းအသင်းတွေနဲ့ လိဂ်အဆင့် ပိုနိမ့်ထဲ ကိုဗင်းထရီတို့ကိုတောင် မိနစ် ၉၀ အတွင်း နိုင်အောင် မလုပ်နိုင်ခဲ့ပါဘူး အဲ့ပွဲ ၃-၀ နဲ့ အရင်ဦးနိုင်ခဲ့တာတောင် သရေကျသွားသေးတယ် ရှက်ဖီးလ်အသင်းကျတော့ တစ်နေ့တစ်ခြား ပိုဆိုးလာပါတယ် နောက်ဆုံး ၉ ပွဲကစားပြီး တစ်ပွဲမှမနိုင်သေးပါဘူး အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ မားဆေးဆိုဒ် ဒါဘီပြိုင်ဆိုင်မှု  ပွဲအရှုံးဖြစ်ပါတယ် ဒီပွဲ မန်ယူအသင်းက အောက်ဆုံးအဆင့်ဖြစ်တဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဆိုတော့ အစစအရာရာ ပိုသာပြီးသာဖြစ်ပါတယ် ဒါပေမယ့်လည်း ပရိသတ်တွေဆီက ယုံကြည်မှုတွေကိုတော့ သိပ်ရထားတယ်မထင်ပါဘူး ကစားသမားတွေကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရင် ပိုဆိုးလိမ့်မယ် တန်ဟက်က ဒီပွဲ မဖြစ်မနေ အနိုင်ရအောင်တော့ တိုက်တွန်းလောက်ပါတယ်။

Manchester United : အိမ်ရှင်မန်ယူအသင်း FA ဖလားတုန်းက ချန်ပီယံရှစ်မှ ကိုဗင်းထရီအသင်းကို ပင်နယ်တီနဲ့ အနိုင်ရရှိလာပါတယ် အဲ့ပွဲ မိနစ် ၁၂၀ အထိကစားပြီး ၃-၃ သရေကျသွားလို့ ပင်နယ်တီနဲ့ ဆုံးဖြတ်ခဲ့ရပါတယ် မန်ယူအသင်းကျတော့ ပရီးမီးယားလိဂ် အဆင့် ၇ မှာရပ်တည်နေပြီး လက်ထဲ အမှတ် ၅၀ ကိုင်ဆောင်ထားတယ် ဒီရာသီ ၃၂ ပွဲ ကစားလို့ပြီးသွားပါပြီ အဆင့် ၄ မှာရှိတဲ့ အက်စတွန်ဗီလာအသင်းကျတော့ ၃၄ ပွဲကစားပြီး အဆင့် ၄ မှာ ရပ်တည်နေတယ် မန်ယူထက် ၁၆ မှတ်တောင်သာနေတယ် မန်ယူအသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ Luke Shaw, Anthony Martial, Lisandro Martinez, Tyrell Malasia နဲ့ Victor Lindelof တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Raphael Varane နဲ့ Jonny Evans တို့လည်း ဒီပွဲ မပါနိုင်လောက်သေးပါဘူး ဒါ့အပြင် FA ဖလားနဲ့ပွဲတုန်းက ဒဏ်ရာရသွားတဲ့ Mason Mount, Willy Kumbvala, Sofiane Amrabat တို့ကိုလည်း အသုံးပြုနိုင်မလားမသိသေးပါဘူး ဒီပွဲ ကွင်းလယ်ခံစစ်နေရာ Harry Maguire နဲ့ Casemiro တို့အတွဲကို ထပ်မြင်ရမယ်ထင်တယ် ဘယ်-ညာခံစစ်ကျတော့ Diogo Dalot နဲ့ Aaron Wan-Bissaka တို့ပဲ ဖြစ်မယ် Kobbie Mainoo နဲ့ Scott McTominay တို့ကျတော့ ကွင်းလယ်နေရာမှာ တာဝန်အတူယူပြီး တိုက်စစ်ပိုင်းနေရာမှာ Alejandro Carnacio, Bruno Fernandes, Marcus Rashford တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် Striker နေရာမှာ Hojlund ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

Sheffield United : ရှက်ဖီးလ်အသင်းကျတော့ အခုမှ ဘန်လေကို ၁-၄ နဲ့ ရှုံးနိမ့်လာပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ Max Lowe, Rhys Norrington-Davies, John Egan, Chris Basham, George Baldock, Tom Davis နဲ့ Daniel Jebbison တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Rhian Brewster နဲ့တစ်ယောက်ကတော့ ဒီပွဲအတွက် အဆင်သင့်ပြန်ဖြစ်သွားပါပြီ ဒီပွဲ ရှက်ဖီးလ်တို့ ၃-၅-၂ စနစ်နဲ့ ခံစစ်နေရာမှာ With Jayden Bogle, Anel Amedhodzic, Auston Trusty တို့ကို တာဝန်ပေးပြီး အလယ်တန်းနေရာမှာ James McAtee, Vinicius Souza, Oliver R.Blaster, Gustavo Hamer နဲ့ Ben Osborne တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် တိုက်စစ်ပိုင်း နှစ်ယောက်ကျတော့ Oliver McBurnie နဲ့ Ben Brereton Diaz တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Manchester United (4-2-3-1) Onana, Dalot, Casemiro, Maguire, Wan-Bissaka, Mainoo, Eriksen, Garnacho, Fernandes, Diallo, Hojlund

 

Sheffield United (3-5-2) : Grbic; Bogle, Ahmedhodzic, Trusty, Osborn; Souza, Arblaster; McAtee, Norwood, Brereton; Diaz

Missing Players

Manchester United – Jonny Evans (Muscle injury), Raphaël Varane (Muscle injury), Tyrell Malacia (Knee injury), Luke Shaw (Muscle injury), Victor Lindelöf (Hamstring injury), Lisandro Martínez (Calf strain),Mason Mount (Muscle Injury)

Sheffield United – Chris Basham (Leg injury), John Egan (Foot injury),Jack Robinson (Ankle Injury)G.Baldock (Thigh Injury),Max Lowe (Ankle Injury),Tom Davies(Knock Injury),R.Brewser(Hamstring Injury),R.Norrington-Davies (Hamstring Injury),Daniel Jebbison (Groin Injury)

Facebook